Background
တောင်ကိုရီးယားနိုင်ငံမှာ ကာလရှည်အအေး လွန်ကဲတာကြောင့် ဈေးကွက်များမှာ လတ်ဆတ် သီးနှံဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ အချိန်ဟာ နှစ်တစ်နှစ်ရဲ့အအေးဆုံးအချိန်ဖြစ်သလို ၁၀ စုနှစ်များစွာအတွင်းမှာလည်း အအေးအပိုဆုံး ဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက် အရ တစ်ဧကတင်း ၂၀၀ ကျော်ထွက် ရှိမယ့် ပုလဲသွယ်စပ်မျိုးစပါး ဧက ၁၀၀ မျိုးစေ့ထုတ်မြေနေရာအား ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပျဉ်ချ ဆိပ်ကျေးရွာတွင်ပြုလုပ်ရန် ရွေးချယ် ထားရာ ဧရာဝတီတိုင်းဒေသကြီး
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ NSIC Complex, Okhla Indl. Estate တွင် Media Today Pvt.Ltd ၏ဦးဆောင်မှုဖြင့် ၂၀၁၂ ခုနှစ် မတ် ၃ရက်မှ ၅ရက်အထိ ကျင်းပပြုလုပ်မည့် 4th International Horti Expo 2012 ၊ India Potato Expo 2012 နှင့် 7th International Flora Expo 2012 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြင့်မား တိုးတက်ရန်နဲ့ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အတားအဆီးများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားပြီး လစဉ်လာ ရောက်ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း
စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားလမ်းပေါ် ဘော်ဂါရပ် ကွက်မှာ ဆိုင်ခန်းပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်ပေါ်လျက်ရှိပါတယ်။ ကျောက်စိမ်းပုတီးဈေး ကွက်အတွင်းကို တရုတ်နိုင်ငံသား အများဆုံး လာရောက်ဝယ်ယူမှုရှိပြီး၊ ဈေးနှိမ်ဝယ်ယူနေတာကြောင့်အရောင်း အဝယ် ပြုလုပ်သူများက စည်းလုံးညီ ညွတ်မှုနဲ့ ရောင်းချမှသာ အမြတ်ရပြီး ဈေးကွက် ရေရှည်တည်တံ့နိုင်မှာဖြစ် ကြောင်း၊ ကျောက်စိမ်းပုတီးရောင်းဝယ် လုပ်ကိုင်သူ ဒေါ်အေးစိုးက ပြောပါ တယ်။ ကျောက်စိမ်းပုတီးဈေးကွက်အတွင်း အရောင်းအဝယ်ပြုသူ ၂၀၀ ကျော်ရှိပြီး၊ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဈေးကွက် ဖြစ်တည်လျက်ရှိပါတယ်။ ယခုနှစ် တန်ခူးလနောက်ပိုင်းမှစပြီး ဈေးကွက် အေးလျက်ရှိတာကြောင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာအရောင်းအဝယ် ပြုလုပ်ရကြောင်း သိရ ပါတယ်။ စစ်ကိုင်းမြို့ ကျောက်စိမ်းအသား ကျောက်၊ ပန်းပု၊ ပုတီးလုပ်ငန်းကော် မတီအဖွဲ့ဝင် ဦးကျော်သန်းက " ဒီမှာ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်နေတာ ၅ နှစ်ရှိပြီး ဈေးကွက်စဖြစ်စက တစ်ပိုင် တစ်နိုင်လုပ်တော့ ဈေးကွက်ကောင်း တယ်။ တဖြည်းဖြည်းနဲ့ ဒီလုပ်ငန်းလုပ်တဲ့သူများလာတဲ့အတွက် ဝယ်ရောင်း သမားများလာပြီး ဝယ်တဲ့သူကလည်း ဈေးနှိမ်ပြီး ဝယ်ယူတယ်" လို့ ဦးကျော်သန်းက ပြောပါတယ်။ ကျောက်စိမ်းပုတီးကိုလက်ကောက် ပြုလုပ်တဲ့ ဘေးထွက်ပစ္စည်းမှထွက်တဲ့ အရိုင်းကျောက်ကို လက်မှုဖြင့် ပြန်လည် လုပ်ကိုင်လျက်ရှိရာ ယခုအခါ ကုန် ကြမ်း ရှားသွားခြင်းကြောင့် ပစ္စည်း အထွက် နည်းလာကြောင်း သိရပါ တယ်။ ဒေါ်အေးစိုးက " ဈေးကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုမရှိတော့ တရုတ်က ဈေးနှိမ်ဝယ်မှာပဲ၊ ကျောက် စိမ်းကို ဟင်းသီးဟင်းရွက် အပုံလိုက် ရောင်းချသလို ကျောက်စိမ်းအပုံလိုက် ရောင်းချနေတဲ့ အကောက်စနစ်ကို ပျောက်ကွယ်သင့်ပြီး ကိုယ့်ဘက်က ဈေးကိုတင်းခံပြီး မရောင်းနိုင်ဘူး။ စား ဝတ်နေရေး ရှိသေးတော့ ရတဲ့ဈေးနဲ့ ရောင်းနေကြတာ။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းအသင်းခွဲဖွဲ့တာ နှစ်လ ရှိပြီ၊ အဖွဲ့အစည်းနဲ့အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ စည်းရုံးနေတယ်။ သူတို့ဘက်က ကျောက်စိမ်းအပုံလိုက် ဈေးဖြတ်ပြီး၊ မကြိုက်တဲ့အလုံး ဖယ်ထား ပြီး ဈေးဖြတ်တယ်။ ကော်မရှင်လည်း ၅ ရာခိုင်နှုန်း ပြန်ပေးရတယ်။ ဒါ့အပြင် ဖယ်ထားတဲ့ပစ္စည်းလည်း အပိုယူသွား တယ်"လို့ ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ကျောက်မျက် ရောင်းဝယ်ရေးစခန်း တရားဝင်ဝိုင်းကို ဆင်များရှင်ဘုရားဝင်းအတွင်းမှာ အခု နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ရန္တပိုရွာဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ အိုးလုပ်ငန်းပြုလုပ်တဲ့ ကျေးရွာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းများမှာ အိုးအရွယ်အစား ဆိုဒ်မျိုးစုံ၊ ပန်းစိုက်အိုး ကရားညောင်ရေအိုး၊ မီးဖိုတို့ဖြစ်ပါတယ်။ အိုးတစ်လုံးကို ဝယ်ယူသူအနေနဲ့ မသိသာသော် လည်း အမှန်တစ်ကယ် လုပ်ကိုင်ပုံ ကိုကြည့်ပါက အနုစိပ်ကာ အနုပညာဆန်လှပါတယ်။ " ကျွန်တော်တို့ရွာမှာ အိုးလုပ်ငန်းကို မိရိုးဖလာမိသားစု လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြရာမှ အိုးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးရှိပါတယ်။ မိသားတစ်စုမှာ တစ်နေ့ကို အိုးစိမ်း ၇၀-၁၀၀ လုံးထိ လုပ်နိုင်ပါတယ်။ အိုးစိမ်းတစ်လုံး ကုန်ကျစရိတ် ၁၁၀ ကျပ်ရှိပြီး၊ မီးဖုတ်ခကတော့ တစ်လုံးကို ၈၀- ၁၀၀ ကျပ်ကြားရှိကာ ဒေါင်ဒေါင်မြည်အိုးတစ်လုံးရရန်ကုန်ကျစရိတ်မှာ ၂၀၀-၂၅၀ ကျပ်ကြားရှိ နေပါတယ်။ မြေကိုသမအောင် နင်းနယ်သူများက အိုး ၃၅ လုံးစာအတွက် နင်းခ ၅၀၀ ကျပ်နှုန်းနဲ့ ကျွမ်းကျင်မှုလိုက်ပြီး တစ်နေ့ကို ၁၀၀၀ ကျပ် ၁၅၀၀ ကျပ် အိုးစိမ်းကျွမ်းကျင်သူအနေနဲ့ ရာသီဥတု မိုးလေဝသမှန်မှ တစ်နေ့ ၁၅၀၀-၂၅၀၀-၃၀၀၀ ကျပ်ရရှိပါတယ်။ ဈေးကွက်ကတော့ ၁၂ လရာသီပွဲ တော်ဖြစ်တဲ့ ကျောက်ရစ်၊ ပရိမ္မ၊ မြောင်စတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့သို့ တင်ပု့ိရောင်းချရပါတယ်" လို့ လုပ်ငန်းရှင် ဦးခင်မောင်ကြည်က ပြောပြပါတယ်။ ဒါကြောင့် မြစ်ညာတစ်ကြော စုန်၊ ဆန်မျောတဲ့ ဒေါင်ဒေါင်မြည် ရန္တပိုအိုးကို ဝယ်ယူလိုက ထုတ်လုပ်တဲ့နေရာမှာ အထိုင်ရောင်းဈေးတစ်လုံးကို ၃၃၀ ကျပ်နှုန်းဖြင့် လက်လီ၊ လက်ကား ဝယ်ယူ ရရှိနိုင်ပါကြောင်း။ အောင်မြိုင်
မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင် ပစ္စည်းများကို နိုင်ငံတကာအဆင့်မီ၊ အရည်အသွေးမီထုတ်လုပ်ပြီး၊ နိုဝင်ဘာ ၁ ရက်မှစ၍ ပြည်တွင်းတွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင်ပစ္စည်းများကို သြစတြေးလျနိုင်ငံ Windec တံဆိပ်ပြိုင်ပွဲဝင်ကုန်း (Race Saddle) နည်းပညာကို အခြေခံပြီး ရန်ကုန်မြို့မှာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်ထားတဲ့ ပစ္စည်း များမှာ ဒုန်းစီးကုန်းနှီး၊ တန်းခုန်ကုန်းနှီး၊ အလှစီးကုန်းနှီး၊ အထွေထွေသုံးကုန်းနှီး၊ ကုန်းခံ၊ အုတ်ခွက်၊ ဇက်ကြိုး၊ ဝမ်းပတ်ကြိုး၊ ခြေနင်းကြိုး၊ ရင်သိုင်းကြိုး၊ ခြေနင်းကွင်း၊ ခြေပတ်၊ အာဒေါက်များ ကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ထုတ်ထားကြောင်း သိရပါတယ်။ မြင်းတန်ဆာပစ္စည်းများ တီထွင် ထုတ်လုပ်သူ ဦးဝင်းအောင်က " မြင်း တန်ဆာပစ္စည်းတွေ ကိုလိုချင်ရင် နိုင်ငံခြားထိ လှမ်းမှာရတယ်။ ဒါတောင် ကိုယ်လိုချင်တဲ့ပစ္စည်း အဆင်သင့်ရှိမှ ရမှာ။ ပစ္စည်းလိုချင်တဲ့အချိန် အခက် အခဲဖြစ်တယ်။ ဈေးလည်း များတယ်။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ လိုချင်တဲ့အချိန်မှာ ဝယ်ယူလို့ရအောင် ထုတ်လုပ်ရခြင်းဖြစ်တယ်။ လောလောဆယ် ပြည်တွင်းမှ မြင်းစီးကလပ်တွေ က အမှာရထားတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံအထိ ရောင်းဖို့ ရည်ရွယ်ထားတယ်။ ခုမှစ အခြေတည် လို့ အဆင်သင့်မဖြစ်သေးဘူး။ ဒီနှစ် ကုန်မှာ Website တင်ပြီးရောင်းမယ်။ သူတို့နိုင်ငံတွေကလည်း စင်ကာပူနိုင်ငံ ထိသွားဝယ်ရတာဆိုတော့ လိုချင်တဲ့ ပစ္စည်းမရဘူး" လို့ ပြောပါတယ်။ မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင် ပစ္စည်းများကို မြင်းစီးသမားများ လုံခြုံ မှုရှိစေရန်နဲ့ မြင်းသက်သောင့်သက်သာ ဖြင့် သွားလာနိုင်ရန် ဦးစားပေးထုတ် လုပ်ထားကြောင်း သိရပါတယ်။ နိုင်ငံ ခြားမှဝယ်ယူရသည့် တန်ဖိုးထက် ထက် ဝက်ဈေးသက်သာပြီး၊ အရည်အသွေးမီ အောင် ထုတ်လုပ်ထားပါတယ်။ ပစ္စည်း မှာယူလိုပါက အမှတ် ၄၉၈၊ အောင်မာဃလမ်း၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံနဲ့ အမှတ် (၁၀၀/၁၀၂)၊ ၅ လွှာ၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၉၁၇၄၇၊ ၀၁ - ၂၄၀၅၃၅ တို့နဲ့ မန္တလေးမြို့၊ ရန်ကင်းတောင်နဲ့ ဆည်မြောင်းချောင်းဝင်း အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်ရှိ Nature's Life မြင်းစီးကလပ် ဖုန်း၊ ၀၉ ၉၁၀၀၆၃၇၁ တို့တွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ တိုက်ဖုန်းမုန်တိုင်းတွေကြောင့် မိုးသည်းထန်ပြီး မဲခေါင်မြစ်မှာ ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန် ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးနေပါသေးတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ထောင်ချီပျက်စီးပြီး လူခုနှစ်သိန်းခန့်ထိခိုက်ကာ သေဆုံးသူ ၄၉ ဦးရှိခဲ့ရာ အများစုဖြစ်တဲ့ ၄၃ ဦးမှာ ကလေးတွေဖြစ်ပါတယ်။ အဆိုးဝါးဆုံးခံစားရတဲ့ ပြည်နယ်က အန်ဂျန်းပြည်နယ်ဖြစ်ပါတယ်။ အိမ် ၁၉၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ပါတယ်။ ကျောင်းပေါင်း ၅၄ ကျောင်းရေမြုပ်လို့ ကလေး ၁၃၀၀လောက်စာသင်ပျက်ခဲ့ရပါတယ်။ မဲခေါင်ရေလွှမ်းမိုးမှုအတွင်း ကလေးငယ်သေဆုံးမှု အဆမတန်များပြားလျက်ရှိပြီး အများစုက ရေနစ် သေဆုံး ကြတာဖြစ်ပါတယ်။ ကလေးတွေရင်ဆိုင်နေတဲ့ အခြားအန္တရာယ် တွေကတော့ ရေကြီးလို့သန့်ရှင်းရေးမဆောင်ရွက်နိုင်လို့ဖြစ်တဲ့ ရောဂါတွေဖြစ်ပါတယ်။ကလေး ငယ်တွေ ကျောင်းတွေကို အမြန်ဆုံးပြန်မတက်နိုင်ရင် ရေရှည်မှာတွေ့ကြုံရမဲ့အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဉာဏ်တင်၊ Source.unicef.org ်
မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁ဝဝ သို့ ဆိုလာမီး တပ်ဆင်ပေးမည် မန္တလေးတိုင်းဒေသကြီး ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေး ရွာ ၁ဝဝ သို့ ဆိုလာမီး တပ်ဆင်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ် နှင့် စက်မှုရေးရာဝန်ကြီး ဒေါက်တာ မြင့်ကြူမှ ''မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျေးလက်မှာ ဆိုလာ မီးလင်းဖို့ဆောင်ရွက်နေတယ်။ ညမီး လာရင် အိမ်တွင်းမှုလုပ်ငန်း လုပ်နိုင် တော့ စီးပွားရေးတိုးတက်မယ်။ ဝင် ငွေတိုးမယ်။ ကျေးလက်မှာမီးအတွက် ဖယောင်းတိုင်သုံးရတော့ တစ်ရက်ကို ကျပ် ၂၅ဝ ကျပ်နဲ့ ၃ဝဝကျပ်ကြား ကုန် ကျတာလျော့သွားမယ်။ ကျေးလက်နေ ထိုင်သူတွေအတွက် ဝင်ငွေတိုးပြီး ကုန် ကျငွေ လျော့သွားတော့ အဆင်ပြေနိုင်မယ်။ ကနဦးအနေနဲ့ ကျေးရွာ ၁ဝဝ ကို စတင်ဆောင်ရွက်ပေးမှာဖြစ်ပြီး နောင်နှစ်မှာ ကျေးရွာ ၂ဝဝ ကို ဆောင် ရွက်ပေးနိုင်အောင်စီစဉ်မယ်။ ဆိုလာမီး မလိုချင်တဲ့ရွာက အင်ဂျင်နဲ့မီးလင်းလိုရင် လည်း ဆောင်ရွက်ပေးမယ်။ ကုန်ကျ စရိတ်ကို လစဉ် မီးကြေးကောက်ခံပြီး တစ်နှစ်အတွင်း ပေးဆပ်နိုင်အောင် ကျေးရွာမီးလင်းရေးကော်မတီကိုဆောင် ရွက်စေမယ်'' လို့ ပြောကြားပါတယ်။ ဆိုလာမီး တပ်ဆင်မယ့်ကျေးရွာမှ ကနဦးကျပ် ၄ဝဝဝဝ ကျပ်ပေးသွင်းပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ချေးငွေ ကျပ် ၄ဝဝဝဝ ကျပ်ကို တစ်လလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းအတိုးနှုန်းနဲ့ အရင်း ငွေကျပ် ၁၁ဝဝဝ ကျပ်ပေးသွင်းရ မှာဖြစ်ပါတယ်။Solar ကုမ္ပဏီမှ ကျပ်၈ဝဝဝဝ ဖြင့်အတိုးမဲ့ဆိုလာပြား တပ် ဆင်ပေးမည်ဖြစ်ရာ ကနဦးငွေပေးချေ ပြီးပါက ကျန် ၈ လတွင် တစ်လလျှင် ၁ဝဝဝဝ ကျပ် ပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈ဝ ရွာရှိရာ ကနဦးတွင် ကျေးရွာ ၁ဝဝ အတွက် တစ်မြို့နယ်လျှင် ၅ ရွာ နှုန်းဖြင့် တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဆိုလာပြားတပ်ဆင်ပါက LED 5 ဝပ်ရှိ မီးချောင်း နှစ်ချောင်းစီ တပ်ဆင်နိုင်မှာ ဖြစ်ပြီး၊ တန်ဖိုးငွေကျပ် ၁၆ဝဝဝဝ ကျပ် ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။ အင်ဂျင်မီးတပ်ဆင်လိုပါကလည်း ကုန် ကျစရိတ်အားလုံးကို တစ်နှစ် အတွင်း ပေးဆပ်ရမှာဖြစ်ကြောင်း၊ အြွေကးကျေ ပြီးပါက လစဉ်ရငွေများအား မိမိကျေး ရွာအတွင်း အတိုးနည်းဖြင့် ငွေချေးခြင်း နဲ့ ရပ်ရွာဖွံ့ဖြိုးရေးကိစ္စများအတွက် အများသဘော တူညီချက်ဖြင့် ဆောင် ရွက်နိုင်ကြောင်းသိရပါတယ်။ ဇူးဇူး
ပိန်းရိုးခြောက်လုပ်ပြီး တစ်တန်ကို ဒေါ်လာ ၁ဝဝဝနဲ့ ကိုရီးယားကို ပို့ရအောင် မြန်မာပိန်းရိုးခြောက်များ ဝယ်ယူလိုကြောင်း ကိုရီးယား ကုမ္ပဏီတစ်ခုမှ ကမ်းလှမ်းထားတယ်လို့ ရွှေသဇင်ကုမ္ပဏီမှ ပြောပြပါတယ်။ ကိုရီးယားဝယ်လက်အနေနဲ့ တစ်နှစ်ကို ပိန်းရိုး တန် ၂ဝဝဝ မှ ၃ဝဝဝ အထိ ဝယ်ယူလိုကြောင်းနဲ့ ပိန်းရိုးခြောက် တစ် တန်ကို ကန်ဒေါ်လာ ၁ဝဝဝ မှ ၁၁ဝဝ အထိပေးဝယ်ဖို့ ကမ်းလှမ်း ခဲ့ပြီး ၎င်းတို့ဝယ်ယူမယ့် ပိန်းရိုးခြောက်လုပ်နည်းတို့ကိုပါ ထည့် သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ အလေ့ကျပေါက်တဲ့ ပိန်းရိုင်းရော စိုက်ပျိုးထားတဲ့ ပိန်းကိုပါ အခြောက် ခံနိုင်ကြောင်း၊ ပိန်းရိုးကို ရေသန့်စင်ပြီး အရှည် ၂ဝ စင်တီမီတာမှ ၆ဝ စင်တီမီတာအထိ ဖြတ်ရပါမယ်။ ၎င်းတို့အနေနဲ့ ပိန်းရိုးခြောက်အရှည် ၂ဝ စင်တီမီတာ၊ ၃ဝ ၊ ၄ဝ၊ ၅ဝ၊ ၆ဝ စင်တီမီတာတို့ကို လက်ခံမှာဖြစ်ပါတယ်။ ဖြတ်တောက်ပြီးပါက အခွံ ခွာပြီး နေသာတဲ့ရက်မျိုးမှာ တစ်ရက်သို့မဟုတ် နှစ်ရက်ခန့် အခြောက်လှန်းရပါမယ်။ အခြောက်လှန်းတဲ့အခါ နေနဲ့ တိုက်ရိုက်မထိစေဘဲ အရိပ်အောက်မှာ လေသလပ်ရမယ်လို့ဆိုပါတယ်။ အခြောက်ခံပြီး ပိန်းရိုးများကို ထုပ်ပိုးတဲ့အခါ ပုံပါအတိုင်း ပိန်းရိုးခြောက်နဲ့သာ ထုပ်ပိုးချည်နှောင်ရမှာဖြစ်ပြီး ပလတ်စတစ်ကြိုးကို (လုံးဝ) အသုံးမပြုရ ဘူးလို့ ဆိုပါတယ်။ အခြောက်လှန်းပြီး ပိန်းရိုးများဟာ အစိမ်းရောင် သို့မဟုတ် အဖြူရောင် ဖြစ်နေရမှာဖြစ်ပြီး အညိုရောင်ဖြစ်နေတဲ့ ပိန်းရိုးခြောက် ကိုဝယ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဖြူရောင် ပီပီအိတ် တစ်လုံးကို ၂၅ ကီလိုထည့်ရမှာဖြစ်ပြီး ပေ ၂ဝ ရှိတဲ့ ကွန်တိန်နာမှာ ၁၄ တန်ထည့်သွင်းတင်ပို့ရမယ်လို့ ပြောကြားထားပါတယ်။ လယ် ယာထွက်ကုန်များ တင်ပို့ရာမှာ ထုံးစံအတိုင်းပါဝင်ရမယ့် ပိုးသတ်မှိုင်းတိုက်နဲ့ အပင်ပိုးမွှားရောဂါ သန့်စင်ကြောင်း (Fumigation & Phytosanitary) လက်မှတ် လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ကိုရီးယား ဝယ်လက်များ ဝယ်ယူမယ့် ပိန်းရိုးခြောက်ဟာ ပိန်းရိုးခုတ်၊ အခွံနွှာပြီး အခြောက်ခံရုံ သက်သက်သာဖြစ်လို့ ရိုးရှင်းလွယ်ကူတဲ့နည်းနဲ့ မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရမယ့် လုပ် ငန်းပဲ ဖြစ်ပါတယ်။ ရွှေသဇင်ကုမ္ပဏီအနေနဲ့လည်း အမယ်သစ် အနေနဲ့တင်ပို့ဖို့ စိတ်ဝင်စားလျက်ရှိ တာကြောင့် ဒေသအသီးသီးက ပိန်းရိုးခြောက် ပြုလုပ်ရောင်းဝယ်လိုသူများ ရွှေသဇင်ကုမ္ပဏီ ဖုန်း- ဝ၁-၂၂၄၅၈၁၊ ၂၂၃၄၅၃ တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။MIRT
