Background
ဓာတ်မြေသြဇာ အဝင်ပိုခဲ့ ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၆ ရက်ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၇၅၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာ တွေက ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၇၂၅ တန်၊ ထိုင်းနိုင်ငံမှ ဆာလဖိတ်အမိုျးအစား ဓာတ်မြေသြဇာတန်ချိန် ၁ဝ၂ဝ နဲ့ ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေသြဇာ ၇ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ထောင့်နှစ်ရာကျော် တင်သွင်းနိုင်ခဲ့တဲ့ ဓာတ်မြေသြဇာက ဒီသီတင်းပတ်မှာ ယခင် တစ်ပတ်တန်ချိန်ထက် တန်ငါးရာကျော်ပိုမိုတင်သွင်း နိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၂၂ဝဝဝ ကျော်အသွင်းရှိ သြဂုတ် ၃ ရက်မှ ၉ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ မောင်တောနဲ့ ကော့သောင်းနယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၄၅၁ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၂၂၁၂၁ တန်ကျော် အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် တန်ချိန် ၄ဝဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ စစ်တွေနဲ့ တာချီလိတ်စခန်းများမှ ဓာတ်မြေသြဇာ အသွင်းမရှိသော် လည်း မူဆယ်၊ ရိဒ်၊ မောင်တော နယ်စပ်စခန်းများမှ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ ရပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၂၁၅၂၄ တန်၊ ရိဒ်မှ ၂၁၇ တန်ကျော်၊ ကော့သောင်းမှ ၁၉၄ တန်နဲ့ မောင်တောမှ ၁၈၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းကြတဲ့ ဓာတ်မြေသြဇာ တွေကတော့ မူဆယ်မှ ယူရီးယား၊ ကွန်ပေါင်း(၁ဝး၁ဝး၅)၊ Single Super Phosphate ၊ကွန်ပေါင်း (၁၅း၅း၅)နဲ့ (၁၃း၅း၇)တို့ဖြစ်ပြီး မောင်တောမှ ယူရီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယား၊ ကော့သောင်းမှ ကွန်ပေါင်းတို့ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်းဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ပိုတက် (ထိုင်း) - ၃၃၅ဝဝ - ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ တီဆူပါ (သံကွင်း-တရုတ်) - ၃၁၅ဝဝ -မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၇ဝဝ ၂ဝ၇ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈၅ဝဝ ၃၈ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၁၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၂ဝဝ ၂၂ဝဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂ဝ၅ဝဝ ၁၉ဝဝဝ ကုလားအုတ် (တရုတ်) ၂၄ဝဝဝ ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁၅ဝဝ ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ ၃၇၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၅ဝဝဝ ၁၄၅ဝဝ ပိုတက် (တရုတ်) ၂၁ဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၈ဝဝဝ ၁၇၈ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅ဝဝ ၃၁၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၅ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
ဘိလပ်မြေ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၂၆၆၅၇ ဒသမ ၅၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၂ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ ကိုရီးယားနိုင်ငံမှ တန်ချိန် ၃ဝ၉ဝ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်အပါအဝင် အခြားတံဆိပ်ဘိလပ်မြေ မျိုးစုံတန်ချိန် ၂၃၅၆၇ ဒသမ ၅၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန်လေးသောင်း ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ်ဘိလပ်မြေတင်သွင်းမှုနဲ့ယှဉ်ရင် အဝင် လျော့ခဲ့ပါတယ်။MIRT (DOT) ယခုအပတ် ဘိလပ်မြေ ကန်ပိုက်တီးနဲ့ တာချီလိတ်မှ အသွင်းသာရှိ သြဂုတ် ၃ ရက်မှ ၉ ရက်ထိကာလအတွင်း ကန်ပိုက်တီးနဲ့တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၁ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁ဝ၁၁ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅၅၄ တန် အသွင်းလျော့ ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးစခန်းမှ တင်သွင်းမှု တန် ၁ဝဝဝ ကျော်၊ တာချီလိတ်မှ ၂၄၂ တန် လျော့နည်းတင်သွင်းခဲ့တဲ့အပြင် ယခင်အပတ်က တင်သွင်း မှုရှိခဲ့တဲ့ မြိတ်နဲ့ မောင်တောစခန်းများမှာ ယခုအပတ်အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ မိုးတွင်းကာလ ဆောက်လုပ်ရေးလုပ်ငန်းများ နည်းတဲ့ကာလဖြစ်တာကြောင့် ယခုအပတ်နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု လျော့ကျခဲ့တာ ဖြစ်ပါတယ်။ နယ်စပ် အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ တန် ၄၁ဝနဲ့ တာချီလိတ် မှ တန် ၆ဝဝ ဝန်းကျင်ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိူးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၅ဝ ၄၈၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၇၅ဝ ၄၇၅ဝ ဘိလပ်မြေ (မောင်းတိန်း) ၄၇ဝဝ ၄၇ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၂ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ၄၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၄၈ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၃ဝဝ ၆၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၄ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁၅ဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၈ဝဝ ၃၇၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၃ဝဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၂ဝဝ ဘိလပ်မြေ(AAA) - ၆၅ဝဝ - ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆၅ဝဝMIRT (MAPT)
DAWN နို့ဆီတန်ချိန် နှစ်ရာကျော် တင်သွင်း သြဂုတ်လ ပထမပတ်ဖြစ်တဲ့ ဒီသီတင်းပတ်မှာ နို့ဆီ၂၄၃ ဒသမ ၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်း ရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ DAWN တံဆိပ်နို့ဆီဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်မရှိခဲ့ပါဘူး။နို့ဆီက ယခင်သီတင်း ပတ် တန်ချိန် ၈၇ဝ ကျော် တင်သွင်း နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အဝင် တန်ချိန်လေးဆလောက် လျော့ နည်းခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၂ဝ၁ ဒသမ ၆ဝ တန်၊ ဗီယက်နမ်နိုင်ငံမှ သုည ဒသမ ၂တန်နဲ့ စင်ကာပူနိုင်ငံမှ ၅ ဒသမ ၅၈ တန် စုစုပေါင်းတန်ချိန် ၂ဝ၇ ဒသမ ၃၈ တန် အသီးသီး မှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ၇ဝ ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်နို့မှုန့်တင်သွင်းမှုနဲ့ ယှဉ်ရင် အဝင် တန်ချိန်သုံးဆလောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းလျော့ သြဂုတ် ၃ ရက်မှ ၉ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၂ဝ သန်း တန်ဖိုးရှိ နို့ဆီ တန် ၂ဝကျော် (၁၁ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၈ သန်း တန်ဖိုးရှိ နို့စိမ်း တန် ၈ဝ ခန့် (၄၂ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၄၈ တန်နဲ့ နို့စိမ်း ၁၂၇ တန် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် ၈တန် ဒေါ်လာ ၂၂၇၇၈ဖိုးသာ အသွင်း ရှိခဲ့ပြီး ယခင်အပတ်ကထက် ၂၅ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈ဝဝဒွန်း( နို့စိမ်း) ၆၅ဝ ၇ဝဝFalcon နို့ဆီ ၆ဝဝ -Falcon နို့စိမ်း ၅၁ဝ -ဝမ်းတီးနို့ဆီ ၆၅ဝ ၇ဝဝအိုကေ( နို့ဆီ) ၇ဝဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၆ဝ ၇ဝ၅MIRT(DOT)
မျှော်သူမောပြီ ဒီနှစ်ကုလားပဲဖြူလုံးကြီးဟာ ဖေဖော်ဝါရီလလယ်က တစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့စတင်ထွက်ပေါ်ခဲ့ပြီး မတ်လလယ်မှာ ၁၈၂ဝဝ ကျပ်၊ ဧပြီလ လယ်မှာ ကျပ် ၁၉ဝဝဝ ၊ မေလလယ်မှာ ကျပ် ၁၈၇ဝဝ နဲ့ ဇွန်လလယ်မှာ တော့ ကျပ် ၁၅၈ဝဝ ထိကျခဲ့ပြီး ဇူလိုင်လလယ်မှာ ကျပ် ၁၉ဝဝဝ ထိ ပြန် ရောက်လာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာရော ပြည်ပဝယ်လိုအားတွေ မှာ မြင့်တက်လာတာကြောင့် ဇူလိုင်တတိယပတ်ကစပြီး ကျပ် ၂ဝ၆ဝဝ ထိရောက်ရာမှ လကုန်နေ့မှာတော့ ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ကို ကျပ် ၂၂၂ဝဝ ထိ အမြင့်ဆုံး တက်လာခဲ့ပါတယ်။ ဒီနှစ်ပဲမျိုးစုံ တာဝေးအပြေးပြိုင်ပွဲမှာတော့ ပေါ်စဈေးထက် ၁၆ ဒသမ ၈၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တော့ ရွှေတံဆိပ်ဆုချသင့်တဲ့ ကုလားပဲဖြူလုံးကြီး ပါတဲ့။ လှောင်လက်တွေကို သတိပေးလိုတာက ပုစွန်အသာထား၊ လက်အရ ပြန်နုတ်ဖို့ပါပဲ။ အရင်ရဘူးခဲ့တဲ့ ပုစွန်လုံးကြီးတွေကို ဆက်မျှော်မနေဘဲ ငါးသေးငါးနုတ် ပုစွန်ဆိပ်ကလေးတွေ ပလိုင်းထဲမှာ အိတ်ဝင် သပိတ်ဝင် ဟင်းစားအတွက် ရနေပါပြီ။ မနှစ်ကနဲ့ ဒီနှစ်အတွေ့အကြုံများအရ မျှော်သူ မောရပါတယ်။ ပါးပါးမြတ်ရင်ရောင်းလိုက်ပါ။ နောက်တစ်မယ် ထပ်ကူဝယ်ပါ၊ ရောင်းပါလို့ သတိပေးလိုက်ပါရစေ။ မောင်မောင်အေး
မျှော်လင့်လျက်ပါ နှမ်း Buyer ဒီနှစ်တော့ အထွက်အရမ်းကောင်းမယ်လို့ မျှော်လင့်နေကြတဲ့ သီးနံှက နှမ်းပါပဲ။ တောင်သူတွေကလည်း နှမ်း ကို အများကြီး မျှော်လင့်ကြပါတယ်။ အထွက်ကော ဈေးကော မျှော်လင့်ကြ တာပါ။ ဒီနှစ်အညာမှာ ရွာတဲ့မိုးက စောပါတယ်။ မေလ၊ ဇွန်လတွေမှာ မိုးကောင်းခဲ့လို့ မိုးနှမ်းတွေအစောစိုက် ကြပါတယ်။ စိုက်ပြီးတော့ မိုးရွာနေပူက အချိန်ကိုက်လေးဖြစ်နေလို့ နှမ်းကြိုက် တဲ့ရာသီဥတုလို့ အညာမှာ ပြောကြ ပါတယ်။ အထူးသဖြင့် မကွေးတိုင်းက နှမ်း စိုက်များပုံဟာ ကြောက်စရာတောင် ကောင်းတယ်လို့ တချို့ပြောကြပါ တယ်။ မျက်စိတစ်ဆုံး နှမ်းခင်းကြီးတွေ မြင်နေရပါတယ်။ အခုလဲ နှမ်းတွေရိတ် ကြ ပေါ်ကြပါပြီ။ အခုအချိန်မှာတော့ မန္တလေးကထိန်တော်အသင်းမှာ နှမ်းဖြူ တစ်ပိဿာ ၁၂၆၇ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၁၄၄၄ ကျပ်၊ နှမ်းနီ/ညို တစ် ပိဿာ ၁၁၄၄ ကျပ် ဖြစ်ပါတယ်။ ဆီဈေးကျလို့ နှမ်းဈေးလည်း အဆင်း မှာရှိပါတယ်။ ဧပြီ၊ မေလတွေတုန်းက နှမ်းဆီဈေးက တစ်ပိဿာ ၃၃ဝဝ- ၃၄ဝဝ ကျပ်၊ လက်လီဈေးရှိရာကနေ ယခုဈေးက ၂၅ဝဝ ကျပ် ဖြစ်ပါတယ်။ နှမ်းဖတ်ကလည်း အလားတူပါပဲ။ မေလက တစ်ပိဿာ ၅၇ဝ-၆ဝဝ ကျပ် ကနေ ဈေးဆင်းလာပြီး ယခုဈေးက တစ်ပိဿာကို ၄၄ဝ ကျပ်ဖြစ်ပါတယ်။ ယခုနှမ်းက သိပ်ဖြစ်ထွန်းပြီး မြင်သာ လာတဲ့အချိန်မှာတော့ တောင်သူတွေ ရော၊ ကုန်သည်တွေရော စိုးရိမ်လာတာ က ဈေးသိပ်ကျဆင်းသွားမှာကို စိုးရိမ် နေကြပါပြီ။ တရုတ်လိုင်းဘက်ကို ကြည့်ရင် လည်း နှမ်းအဝယ်က ယခင်နှစ်လောက် မဆွဲပါဘူး။ အရောင်းအဝယ် အေး ဈေးအေးနေရင် အရည်အသွေးပိုင်း ကစကားပြောတတ်လို့ တောင်သူရော၊ ကုန်သည်ရော နှမ်းအရောအနှော ကင်း ကင်းနဲ့ အရည်အသွေးကောင်းအောင် လုပ်ကြဖို့လိုမယ်လို့ မန္တလေးကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒီနှစ်မှာ ပဲဈေးမကောင်းလှတာ ကြောင့် ယခုထွက်မဲ့ နှမ်းက အညာ တောင်သူတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်ပါ။ ပြောရရင်တော့ မျှော်လင့်လျက်ပါ နှမ်း Buyer ပေါ့ဗျာ။ မျိုးသူ
DAWN နဲ့ MARIGOLDတံဆိပ် နို့ဆီများ တင်သွင်း ဇူလိုင်လ နောက်ဆုံးပတ်ဖြစ်တဲ့ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၈၇၄ ဒသမ ၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း မှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး DAWN တံဆိပ်နဲ့ MARIGOLD တံဆိပ်နို့ဆီများဖြစ်ပါတယ်။ ယခင်သီ တင်းပတ်နို့ဆီအဝင်မှာ တန်ချိန် နှစ်ရာ့ ငါးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင်တန်ချိန်နဲ့ယှဉ်ရင် နှစ်ဆ ကျော်လောက ် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ဒီသီတင်းပတ်မှာ နို့စိမ်းက တင် သွင်းခြင်းမရှိခဲ့ပါဘူး။ ဇူလိုင်လတစ်လရဲ့ နို့ဆီအဝင်တန်ချိန် စုစုပေါင်းမှာ ၁၇၃၅ ဒသမ ၆၄ တန်ရှိခဲ့ပြီး၊ ဇွန်လရဲ့ နို့ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် ၁၅ဝ၄ ဒသမ ၂၈ တန်ရှိခဲ့တာကြောင့် ဇူလိုင်လ မှာ တန်ချိန် နှစ်ရာ့သုံးဆယ်ကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နို့စိမ်း တင်သွင်း မှုမှာ ဇူလိုင်လမှာ တန်ချိန် သုံးရာ့ ခြောက်ဆယ်ကျော်ရှိခဲ့ပြီး ဇွန်လမှာ ခြောက်ရာ့ခြောက်ဆယ်ကျော် ရှိခဲ့တာ ကြောင့်ဇူလိုင်လမှာအဝင်တစ်ဆလောက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ နယူးဇီ လန်နဲ့ မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၅ တန် နီးပါးတင်သွင်းခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ တော့ ၇၅ တန်နီးပါးတင်သွင်းနိုင်ခဲ့တာ ကြောင့် ဒီသီတင်းပတ်မှာ နို့မှုန့်အဝင် ပို့ခဲ့ပါတယ်။ MIRT (DOT) မူဆယ်နယ်စပ်မှ နို့မှုန့်အသွင်းရှိ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက် ထိကာလအတွင်း ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၂ သန်း တန်ဖိုးရှိ နို့ဆီ ၆၈တန်(၃၆ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၂ သန်း တန်ဖိုးရှိ နို့စိမ်း ၂ဝ၇ တန် (၁ဝ၉ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၉တန်(၄၅၉သေတ္တာ) လျော့နည်း တင်သွင်းခဲ့သော်လည်း နို့စိမ်း ၁၂၂ တန် (၆၄ဝဝ သေတ္တာ) တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်စခန်း များမှ ဇူလိုင်လမှာ နို့ဆီ ၂၉၅ တန်ခန့် (၁၅၅၄၆ သေတ္တာ)နဲ့ နို့စိမ်း ၅၂၅ တန် ကျော် (၂၇၇ဝဝ သေတ္တာ) တင်သွင်း ထားပြီးဖြစ်ပါတယ်။ နို့ဆီ ၁ သေတ္တာ ကို တစ်ဖက်နိုင်ငံပေါက်ဈေး ၆၂ဝ ဘတ် (၂၁ ဒေါ်လာခန့်) နဲ့ နို့စိမ်း ၁ သေတ္တာ ကို ၆၄ဝ ဘတ် (၂၂ ဒေါ်လာခန့်) ဈေး ပေါက်လျက်ရှိပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံမှ ကန်ဒေါ်လာ ဝဒသမ ဝ၉၄ သန်းတန်ဖိုးရှိတဲ့ နို့မှုန့် ၃၃ တန်ကျော် ယခုအပတ်မှာ အသွင်းရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန်ကျော် ပိုမိုတင် သွင်းခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံး မူဆယ်နယ်စပ်မှ နို့မှုန့် ၁၁၅တန်အသွင်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူမှာ ၇၅ တန် ခန့်သာ အသွင်းရှိခဲ့တာမို့ ယခုနှစ်မှာ တန် ၄ဝ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)
ဘိလပ်မြေတန်ချိန် လေးသောင်းကျော်တင်သွင်း ဇူလိုင်နောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ၄ဝ၉၁၉ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ် မြေတန်ချိန် ၃၁ဝ၁၉ ဒသမ ၆ဝ တန်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၉၉ဝဝ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းကျော်သာ တင်သွင်း ခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် ၃ ဆကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လ တစ်လရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆို ရင် တန်ချိန်စုစုပေါင်း တစ်သိန်းလေးသောင်းကျော်တင်သွင်းနိုင်ခဲ့ပြီး ဇွန်လရဲ့ ဘိလပ် မြေအဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လ ထက် ဘိလပ်မြေအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၂၅၆ဝ ကျော် ယခုအပတ်မှာအသွင်းရှိ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၆၆ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၃၈ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုများ ကတော့ ကန်ပိုက်တီးမှ ၁၄၃၂ တန်၊ တာချီလိတ်မှ ၈၄၃ တန်ခန့်၊ မြိတ်မှ ၁၃၈ တန်ကျော်နဲ့ မောင်တောမှ ၁၅၃ တန်ဖြစ်ပါတယ်။ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောစခန်းများမှတင်သွင်းမှုဟာ ယခင်အပတ်က တင်သွင်းမှုထက် ၄၇၅တန် ပိုမိုခဲ့သော်လည်း မြိတ်နယ်စပ်မှ ၁ဝ၉၉ တန် လျော့နည်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ဇူလိုင်လအတွင်း ဘိလပ်မြေတန် ၁၃၃ဝဝ ကျော် တင်သွင်းထားပြီးဖြစ် ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၅ဝ ၄၈၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၇၅ဝ ၄၇၅ဝ ဘိလပ်မြေ (မောင်းတိန်း) ၄၇ဝဝ ၄၇ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ၄၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅ဝဝ ၆၃ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၅ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅ဝဝ ၅၁၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၁၅ဝ ၃၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၃ဝဝ ၅၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
ထိုင်း၊ စင်ကာပူနဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများတင်သွင်း ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၃၂ ဒသမ ဝ၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာမှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၁၁၇၆ တန်၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၅ဝ တန်နဲ့ စင်ကာပူနိုင်ငံမှ မြေသြဇာတန်ချိန် ၆ ဒသမ ဝ၉ တန် အသီးသီး မှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ရှစ်ရာကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်အဝင် နဲ့ယှဉ်ရင် ၁ ဆခွဲလောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လတစ်လရဲ့ ဓာတ်မြေသြဇာအဝင် တန်ချိန် စုစုပေါင်းမှာ ၄၅၄ဝ ဒသမ ၂၉ တန်ရှိခဲ့ပြီး ဇွန်လရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန် စုစုပေါင်းမှာ ၉၉၃၆ ဒသမ ၅၈ ရှိခဲ့တာကြောင့် ဇူလိုင်လမှာ အဝင်ထက်ဝက်ကျော်လျော့နည်းပြီး တင် သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၈ဝဝဝ ကျော် အသွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ရိဒ်၊ မောင်တော၊ စစ်တွေ၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၆၈၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၈ဝ၃၇ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ၁၇၁၉၆တန်၊ ရိဒ်မှ ၂၁၆ တန်ကျော်၊ မောင်တော မှ ၁၃၉ တန်ကျော်၊ စစ်တွေမှ ၅၆ တန်၊ ကော့သောင်းမှ ၄၁၂ ဒသမ ၅ တန်နဲ့ တာချီလိတ်မှ ၁၆ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၂၅၇ တန် ပိုမိုတင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ တီစူပါ ဖော့စဖိတ်၊ ကွန်ပေါင်း (၁၅ ပတ်လည်) ၊ ကွန်ပေါင်း (၁၅း၅း၅) တို့ပဲဖြစ်ပါတယ်။ မောင်တောမှ ယူရီးယား ၊ ရိဒ်မှ ပိုတက်ရှ်၊ တာချီလိတ်မှ အမိုနီယမ်းနိုက်ထြိတ်၊ ကော့သောင်းနဲ့ စစ်တွေမှ ယူရီးယားတို့ တင်သွင်းလျက်ရှိကြပါတယ်။ ဇူလိုင်လအတွင်း နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာ ၈ဝ၅၆၈ တန်ခန့် တင်သွင်းထားပြီးဖြစ်ပါတယ်။ ယခင် နှစ်ကာလတူမှာ ၁၃ဝ၉၃ တန်သာ အသွင်းရှိခဲ့တဲ့အတွက် ယခုနှစ်မှာ တန် ၆၇၄၇၅ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ပိုတက် (တရုတ်) - ၃၂၅ဝဝ - ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၇ဝဝ ၂၁၇ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈၅ဝဝ ၃၈၅ဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ကုလားအုတ် (တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ တီစူပါ-(တရုတ်) 12% ၉၈ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁၅ဝဝ ၁၁၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃၅ဝဝ ၁၅ဝဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၂ဝဝဝဝ ၁၈ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅ဝဝ ၃၁၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃၁ဝဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၅ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝMIRT (MAPT)