Main menu

Background

Tuesday, 31 Aug 2010

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှု နှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းပါ ပြန်လည်မြင့်တက်လာသော်လည်း  ကမ္ဘာ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျော်လွန်မှု မရှိသောကြောင့် ယင်းဈေးနှုန်းမှာ ပုံမှန် သာရှိကြောင်း ရွှေရောင်းဝယ်သူတစ်ဦး ကပြောကြားသည်။''ရွှေဈေးက ကျပ် ခြောက်သိန်းငါး သောင်းအထက်မှာပဲရှိမယ်။ ကျဖို့မရှိ ဘူး။ ကျဖို့မရှိဘူးဆိုတာက  ကမ္ဘာ့ရွှေဈေးက အရမ်းမြင့့််နေတယ်။ ကမ္ဘာ့ရွှေ ဈေးကလည်း နိုင်ငံရေး အခြေအနေ ပေါ်မူတည်ပြီး ပြောင်းလဲနေတာ။ အခု အရှေ့အလယ်ပိုင်းပြဿနာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီထက်တောင် မြင့် တက်လာနိုင်တယ်။ ပြည်တွင်းရွှေဈေးနဲ့ တွက်ကြည့်မယ်ဆိုရင်လည်း  ကမ္ဘာ့ရွှေ တစ်အောင်စကို  ပြည်တွင်းရွှေက တစ် ကျပ်သားနဲ့ ၁၃ ပဲဝန်းကျင်ရှိတယ်။ ဒါနဲ့ပျမ်းမျှပြန်တွက်ကြည့်ရင် ပြည်တွင်း ရွှေဈေးက  ကမ္ဘာ့ရွှေဈေးနှုန်းထက် မကျော်သေးဘူး။ ဒါကို ပုံမှန်ဈေးကွက် လို့ပြောလို့ရတယ်။ ကမ္ဘာ့ဈေးထက် ကျော်မှ ဖောင်းပွတယ်လို့ သတ်မှတ်လို့ ရတယ်''ဟု ယင်းကပြောကြားသည်။၎င်းအပြင် ရွှေဝယ်စုသူများအနေ ဖြင့်  အခေါက်ရွှေများကို  ဝယ်ယူစု ဆောင်းခြင်းဖြင့် အလျော့တွက်၊ လက်ခ များ    သက်သာစေမည်ဖြစ်ကြောင်း၊ အရောင်းအဝယ်ကောင်းမှုပေါ် မူတည် ၍ ဝယ်သူများမှ အခေါက်ရွှေ အမိုျး အစားများကို ပိုမိုကြိုက်နှစ်သက်ဝယ်ယူ ကြကြောင်း၊ ပြည်တွင်းရှိ ရွှေချွတ်ခန်း များ နည်းနေသေးပြီး နောက်ထပ် ရွှေ ချွတ်ခန်းများပေါ်လာရန်  မျှော်လင့်ရ ကြောင်းနှင့် ရွှေဈေးနှုန်းများမှာ ၂၅-၈-၂ဝ၁ဝ ရက်နေ့ဈေးနှုန်းအရ ကမ္ဘာ့ရွှေ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၂၃ဝ၊  ပြည်တွင်းအခေါက်ရွှေ တစ် ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ် ဈေးရှိ ကြောင်း သိရသည်။                                                                                                                                         မင်းသန့်

Tuesday, 31 Aug 2010

မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ၉၂ ဂရိတ်ရှိ အော့တိန်းဆီကို စက်တင်ဘာလမှစ၍ရောင်းချပေးနိုင်ရန် ဆီလှောင်ကန်များ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။၉၂ ဂရိတ် အော့တိန်းဆီမှာ မော်ဒယ်မြင့်ကားများအသုံးပြုပါက အင်ဂျင် ဆွဲအားကောင်းပြီး ပေါက်ကွဲအားကောင်းသောကြောင့် သုံးစွဲကြပါတယ်။'' ၉၂ ဆီကိုစက်တင်ဘာလကစပြီး ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ ဆီ လှောင်ကန်လုပ်နေတာပြီးမယ်ဆိုရင် ရောင်းပေးနိုင်မှာပါ။ရန်ကုန်မှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးနေပြီ။ မန္တလေးဈေးကွက်မှာတော့ ရန်ကုန်ကဈေးထက် ၁ ဂါလန်ကို ၂ဝဝ ကျပ်လောက်ကွာနိုင်တယ်။ လမ်းသယ် ယူစရိတ်ကြောင့် ဈေးနည်းနည်းမြင့်နိုင်တယ်။ ရန်ကုန်ကတစ်ဆင့် သယ်ယူရတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ၁ ဂါလန်ကို ၂၉ဝဝ ကျပ် ၃ဝဝဝ ကျပ်နဲ့ ရောင်းနိုင် ပေမယ့် မန္တလေးမှာ ဒီဈေးမရနိုင်ပါဘူး။ ၉၂ ဂရိတ်အော့တိန်းဆီ ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းနေတဲ့ ၇ဝ  ဂရိတ်ဆီကိုလည်း ဆက်လက်ရောင်းချပေး မှာဖြစ်တယ်။ ဝယ်ယူမယ့်သူက ကိုယ်သုံးချင်တဲ့ဆီကိုပြောပြီး ဝယ်နိုင်မယ်။ ၇ဝ ဂရိတ်ဆီက ၁ ဂါလန်ကို ၂၅ဝဝ ကျပ်နဲ့ရောင်းချမှာဖြစ်ပြီး ၉၂ ဂရိတ်ဆီက ၁ ဂါလန်ကို  ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ ၃၂ဝဝ ကျပ်ဈေးနဲ့ ရောင်းချနိုင်မယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးမတူနိုင်ဘူး''လို့ တမ္ပဝတီစက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှပြောပါတယ်။ ၉၂ ဂရိတ်အော့တိန်းဆီကို မန္တလေးမြို့ရှိ ပုဂ္ဂလိကစက် သုံးဆီအရောင်းဆိုင်များဖြစ်တဲ့ မြမေတ္တာမွန်၊ နီလာရိုးမ၊ DENKO၊ ရွှေဗိုျင်းဖြူ၊ New Day သာ၊ ဌေးဌေးြွကယ် အရောင်းဆိုင်များနှင့် ရွှေကျင်စက်သုံးဆီ အရောင်းဆိုင်များတွင် လိုသလောက်ရောင်းချပေးမယ်လို့ သိရပါတယ်။                                                                                                                                                ဇူးဇူး

Tuesday, 31 Aug 2010

ယခုလတ်တလော စိန်ဈေးကွက်မှာ ရာသီအေးသောကာလသို့ ရောက်ရှိနေ သောကြောင့် ဈေးကွက်ခပ်အေးအေး ဖြင့် ပုံမှန်သာ အရောင်းအဝယ်ရှိနေ ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေ ကြည်က ပြောကြားသည်။''ဆိုင်သမားတွေက အခုနေ ကျား ကန်နေရတယ်။ ဈေးကွက်အေးတယ်ဆိုပေမဲ့ လုံးဝရပ်ဆိုင်းနေတာတော့ မဟုတ်ဘူး။ ဖြည်းဖြည်းနဲ့ ပုံမှန်လို့ပြောလို့ရတယ်။ အမှာကတော့ တော်တော်လေးနည်းသွား တယ်။ ဒီရာသီမှာ ဒါကဖြစ်နေကျပါ။ ပုံမှန်လို့ပြောလို့ရတယ်။ နိုင်ငံခြားငွေလဲလှယ် နှုန်းက မတက်တဲ့အတွက် စိန်ဈေးကလည်းမတက်ဘူး။ နောက်ပြီး အဝယ်သိပ်မရှိ တော့ မှာစရာ လည်းမလိုတဲ့အတွက် ဈေးကမတက်ဘူး။ ဒီလိုရာသီမှာ ဘယ်ဆိုင် သမားမှ ဈေးမတင်ရဲဘူး။ လူတွေကပွဲတော်တွေဘက်ကို မလှည့်နိုင်သေးဘူး။ ပွဲတော်ရာသီကျမှ ဈေးကွက်ကပြန်စဖို့ရှိတယ်''ဟု ဦးရွှေကြည်က ပြောသည်။   ယခုကဲ့သို့ ဈေးကွက်အေးခြင်းမှာ အခိုျ့သောသူများမှ ရွေးကောက်ပွဲနီးလာ သောကြောင့် ဈေးကွက်အေးခြင်းဟု ပြောဆိုကြ သော်လည်း အမှန်တကယ်တွင်မူ ယခုရာသီ၌ ပုံမှန်အရောင်းအဝယ်အေးနေကြဖြစ်ကြောင်း၊ ပွင့်လင်းရာသီ၊ ပွဲတော် ရာသီ၊ မင်္ဂလာဆောင်ရာသီနှင့် ခရီးသွားလုပ်ငန်းများအပေါ်မူတည်၍ ဈေးကွက်ပြန် ကောင်းလေ့ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။                                                                                                                                                                                                                                      မင်းသန့်

Thursday, 1 Apr 2010

     ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ အိုပက်အဖွဲ့ရဲ့ (၁၅၆)ကြိမ်မြောက် အစည်းအဝေးမှာ လက်ရှိထုတ်လုပ်မှု ကိုတာကို မပြောင်းလဲဘဲ ဆက်ထုတ်ဖို့ သဘော တူညီခဲ့ပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ ရေနံဝယ်လိုအားကို လေ့လာရင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးနာလန်ထူလာမှုတို့ကြောင့် ရေနံဈေးကွက်မှာ ဝယ်လိုအားတိုးလာမှာလို့ တွက်ဆ ကြပါတယ်။

Thursday, 1 Apr 2010

     ယခုလတ်တလော ရွှေဈေးနှုန်းများထပ်မံကျဆင်းလာပြီး အရောင်းအဝယ်မှာလည်း အေးလျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။

Thursday, 1 Apr 2010

     ယခုတစ်ပတ် စိန်ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပြီး၊ ဈေးနှုန်းမှာလည်း ပြည်ပနိုင်ငံတွင် ဈေးတက်သော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကြေး ခိုင်မာမှုကြောင့် ဈေးငြိမ်နေကြောင်း စီအမ်စိန်ရောင်းဝယ်ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။

Thursday, 1 Apr 2010

     တာချီလိတ်နယ်စပ်စခန်းက ယခုတစ်ပတ်မှာ ဒီဇယ်ဆီ ၇၇၃၃၃ ဂါလန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၁၅၆ သန်းဖိုး၊ ဓာတ်ဆီ(နီ) ၇၈၂၂၂ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုး တာချီလိတ်ဒေသသုံးစွဲရန် တင်သွင်းခဲ့ပါတယ်။

Thursday, 1 Apr 2010

     ပြည်တွင်းဒေသများရဲ့ တစ်ဂါလန် လက်လီအရောင်းအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-၂ဝ၁ဝ   ဓာတ်ဆီ(ဂါလန်/ကျပ်)   ဒီဇယ်(ဂါလန်/ကျပ်) မတ်   ရန်ကုန်   မန္တလေး       ရန်ကုန်     မန္တလေး ၂၂     ၃၅ဝဝ     ၃၇ဝဝ         ၃၂ဝဝ       ၃၄ဝဝ ၂၃     ၃၅ဝဝ     ၄ဝဝဝ         ၃၂ဝဝ       ၃၃ဝဝ ၂၄     ၃၅ဝဝ     ၄ဝဝဝ         ၃၂ဝဝ       ၃၃ဝဝ ၂၅     ၃၅ဝဝ     ၃၈ဝဝ         ၃၁ဝဝ       ၃၃ဝဝ ၂၆     ၃၅ဝဝ     ၃၈ဝဝ         ၃၁ဝဝ       ၃၃ဝဝ

Thursday, 1 Apr 2010

     ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးမှာ ဈေးမာလျက်ပင်ရှိနေပါ တယ်။ ဒီဇယ်ဈေးကတော့ ယခင်ဖေဖော်ဝါရီလက ရောင်းချခဲ့တဲ့ ဈေးဖြစ်တဲ့ တစ်ပေပါလျှင် ကျပ် ၁၅ဝဝဝဝ မှ ၁၅၅ဝဝဝ ဝန်းကျင်အတွင်းမှာပင် ဈေးကွက်တွင် ရောင်းချနေပါတယ်။ ဓာတ်ဆီဈေးက ယခင်လရောင်းဈေးထက် ဈေးပိုမိုကာ တစ် ပေပါလျှင် ကျပ် ၁၇ဝဝဝဝ မှ ၁၈၅ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပြည်တွင်းမြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကနေ အက်ဖ်အီးစီဖြင့် ရောင်းချပေးနေသော စက်သုံးဆီဈေးမှာ ယခုအပတ် အတွင်း ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန်လျှင် အက်ဖ်အီးစီ ၃ ဒသမ ၂ ဒေါ်လာဝန်းကျင်ဖြင့် ဈေးတန်းငြိမ်ငြိမ်ရောင်းချနေပါတယ်။ ဒါပေမဲ့ ပြင်ပ ဈေးကွက်မှာတော့ သြင်္ကန်ကာလနီးကပ်လာပြီဖြစ်တဲ့အတွက် ယခင်နှစ်များကဲ့သို့ ဈေးအတက် မကြမ်းနိုင်ပေမဲ့ အဝယ်အဆွဲကောင်းမှာဖြစ်တဲ့အတွက် တက်ရိပ်ရှိနေကြောင်း ဈေးကွက်ဝယ်လက်များက မှန်းဆပြောဆိုခဲ့ပါတယ်။

Thursday, 1 Apr 2010

     နေ့အလိုက် နယ်စပ်စခန်းများရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ လက်လီဈေးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-၂ဝ၁ဝ     ဓာတ်ဆီ(ဂါလန်/ကျပ်)     ဒီဇယ်(ဂါလန်/ကျပ်)   မတ်         တရုတ်   ထိုင်း           တရုတ်   ထိုင်း ၂၂           ၃၂ဝဝ   ၃၂ဝဝ            ၃၄ဝဝ    ၃၂ဝဝ  ၂၃           ၃၂ဝဝ   ၂၉ဝဝ            ၃၄ဝဝ    ၂၉ဝဝ ၂၄           ၃၂ဝဝ   ၂၉ဝဝ            ၃၄ဝဝ    ၂၉ဝဝ ၂၅           ၃၂ဝဝ   ၂၉ဝဝ            ၃၄ဝဝ    ၂၉ဝဝ ၂၆           ၃၂ဝဝ   ၂၉ဝဝ            ၃၄ဝဝ    ၂၉ဝဝ

Pages