Background
နယ်စပ်က ဓာတ်ဆီတင်သွင်းမှု ပိုသြဂုတ်လ ၁၈ရက်မှ ၂၄ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၇၃၁၁ဝ ဂါလန်နှင့် တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၃၄၆၁ဝ ဂါလန်၊ တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃၇၁၉၈ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ ဒီဇယ်ဆီ ၄၄၇၂၃ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ဒီဇယ်တင်သွင်းမှု ဂါလန် ၁ဝဝဝဝ ကျော် လျော့နည်းခဲ့သော် လည်း ယခင်အပတ်က ဓာတ်ဆီမတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်၌ ဓာတ်ဆီတင် သွင်းမှုကတော့ ၁၇၃၁၁ဝ ဂါလန် ပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန် မိမိဘက် ၃၂ဝဝကျပ် ရှိပြီး တစ်ဖက်နိုင်ပေါက်ဈေးက ၈၈ ဘတ်(၁ ဒသမ ၂၅ ဒေါ်လာ)ရှိပါတယ်။ တာချီလိတ်နယ်စပ်မှာတော့ မိမိဘက်မှာ ဓာတ်ဆီ ၁ ဂါလန် ၃၁ဝဝ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၁ဝ၂ဘတ်(၃ ဒသမ ၂၄ဒေါ်လာ)၊ ဒီဇယ်ဆီ ၁ ဂါလန်ကို ၃၂ဝဝ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၁ဝ၅ဘတ် ( ၃ ဒသမ ၃၃ ဒေါ်လာ) ဈေးပေါက်လျက်ရှိပါတယ်။ MIRT (DOBT)
ဟင်္သာတပဲဈေးကွက်တွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၇၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသြဂုတ်လ စတုတ္ထပတ် တွင် မတ်ပဲဈေးမှာ ၂၇၁ဝဝ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ ယခုအပတ် အရောင်းအဝယ်အနေနဲ့ ခရိုင်အတွင်း မြို့နယ်များမှ ဟင်္သာတပဲဈေးကွက်သို့ ဝင်ရောက်မှု နည်းသွားပြီး ဒေသခံကုန်သည်ကြီးများရဲ့ ရောင်းအားကြောင့်သာ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ရုရှားနဲ့ ဘူလ်ဂေးရီးယားကဝင််ပင်လယ်ရေကြောင်းလမ်းကနေ စိုက်ပိုျးရေးသုံးကွန်ပေါင်းမြေသြဇာတန်ချိန် ၆၆၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂၁၂၆၆ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ယခုရက် သတ္တပတ်ဓါတ်မြေသြဇာတင်ပို့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ရုရှားနိုင်ငံဘက် ကကွန်ပေါင်းတန်ချိန် ၄၁၈ တန်နဲ့ ဘူဂေးရီးယားနိုင်ငံဘက်က ဓါတ်မြေသြဇာ ၂၄၆ တန်ကိုတင်သွင်းခဲ့ပါတယ်။ မိုးရာသီစိုက်ချိန်အမှီဈေးကွက်တန်းဝင်မြေဆီမိုျး စုံကို ဇူလိုင်လကတည်းက အချိန်ယူဆက်တိုက်ဝင်လာတာတွေ့ရပါတယ်။ MIRT(DOT)
ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှု နှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းပါ ပြန်လည်မြင့်တက်လာသော်လည်း ကမ္ဘာ့ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျော်လွန်မှု မရှိသောကြောင့် ယင်းဈေးနှုန်းမှာ ပုံမှန် သာရှိကြောင်း ရွှေရောင်းဝယ်သူတစ်ဦး ကပြောကြားသည်။''ရွှေဈေးက ကျပ် ခြောက်သိန်းငါး သောင်းအထက်မှာပဲရှိမယ်။ ကျဖို့မရှိ ဘူး။ ကျဖို့မရှိဘူးဆိုတာက ကမ္ဘာ့ရွှေဈေးက အရမ်းမြင့့််နေတယ်။ ကမ္ဘာ့ရွှေ ဈေးကလည်း နိုင်ငံရေး အခြေအနေ ပေါ်မူတည်ပြီး ပြောင်းလဲနေတာ။ အခု အရှေ့အလယ်ပိုင်းပြဿနာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီထက်တောင် မြင့် တက်လာနိုင်တယ်။ ပြည်တွင်းရွှေဈေးနဲ့ တွက်ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ရွှေ တစ်အောင်စကို ပြည်တွင်းရွှေက တစ် ကျပ်သားနဲ့ ၁၃ ပဲဝန်းကျင်ရှိတယ်။ ဒါနဲ့ပျမ်းမျှပြန်တွက်ကြည့်ရင် ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ရွှေဈေးနှုန်းထက် မကျော်သေးဘူး။ ဒါကို ပုံမှန်ဈေးကွက် လို့ပြောလို့ရတယ်။ ကမ္ဘာ့ဈေးထက် ကျော်မှ ဖောင်းပွတယ်လို့ သတ်မှတ်လို့ ရတယ်''ဟု ယင်းကပြောကြားသည်။၎င်းအပြင် ရွှေဝယ်စုသူများအနေ ဖြင့် အခေါက်ရွှေများကို ဝယ်ယူစု ဆောင်းခြင်းဖြင့် အလျော့တွက်၊ လက်ခ များ သက်သာစေမည်ဖြစ်ကြောင်း၊ အရောင်းအဝယ်ကောင်းမှုပေါ် မူတည် ၍ ဝယ်သူများမှ အခေါက်ရွှေ အမိုျး အစားများကို ပိုမိုကြိုက်နှစ်သက်ဝယ်ယူ ကြကြောင်း၊ ပြည်တွင်းရှိ ရွှေချွတ်ခန်း များ နည်းနေသေးပြီး နောက်ထပ် ရွှေ ချွတ်ခန်းများပေါ်လာရန် မျှော်လင့်ရ ကြောင်းနှင့် ရွှေဈေးနှုန်းများမှာ ၂၅-၈-၂ဝ၁ဝ ရက်နေ့ဈေးနှုန်းအရ ကမ္ဘာ့ရွှေ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၂၃ဝ၊ ပြည်တွင်းအခေါက်ရွှေ တစ် ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ် ဈေးရှိ ကြောင်း သိရသည်။ မင်းသန့်
မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ၉၂ ဂရိတ်ရှိ အော့တိန်းဆီကို စက်တင်ဘာလမှစ၍ရောင်းချပေးနိုင်ရန် ဆီလှောင်ကန်များ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။၉၂ ဂရိတ် အော့တိန်းဆီမှာ မော်ဒယ်မြင့်ကားများအသုံးပြုပါက အင်ဂျင် ဆွဲအားကောင်းပြီး ပေါက်ကွဲအားကောင်းသောကြောင့် သုံးစွဲကြပါတယ်။'' ၉၂ ဆီကိုစက်တင်ဘာလကစပြီး ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ ဆီ လှောင်ကန်လုပ်နေတာပြီးမယ်ဆိုရင် ရောင်းပေးနိုင်မှာပါ။ရန်ကုန်မှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးနေပြီ။ မန္တလေးဈေးကွက်မှာတော့ ရန်ကုန်ကဈေးထက် ၁ ဂါလန်ကို ၂ဝဝ ကျပ်လောက်ကွာနိုင်တယ်။ လမ်းသယ် ယူစရိတ်ကြောင့် ဈေးနည်းနည်းမြင့်နိုင်တယ်။ ရန်ကုန်ကတစ်ဆင့် သယ်ယူရတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ၁ ဂါလန်ကို ၂၉ဝဝ ကျပ် ၃ဝဝဝ ကျပ်နဲ့ ရောင်းနိုင် ပေမယ့် မန္တလေးမှာ ဒီဈေးမရနိုင်ပါဘူး။ ၉၂ ဂရိတ်အော့တိန်းဆီ ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းနေတဲ့ ၇ဝ ဂရိတ်ဆီကိုလည်း ဆက်လက်ရောင်းချပေး မှာဖြစ်တယ်။ ဝယ်ယူမယ့်သူက ကိုယ်သုံးချင်တဲ့ဆီကိုပြောပြီး ဝယ်နိုင်မယ်။ ၇ဝ ဂရိတ်ဆီက ၁ ဂါလန်ကို ၂၅ဝဝ ကျပ်နဲ့ရောင်းချမှာဖြစ်ပြီး ၉၂ ဂရိတ်ဆီက ၁ ဂါလန်ကို ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ ၃၂ဝဝ ကျပ်ဈေးနဲ့ ရောင်းချနိုင်မယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးမတူနိုင်ဘူး''လို့ တမ္ပဝတီစက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှပြောပါတယ်။ ၉၂ ဂရိတ်အော့တိန်းဆီကို မန္တလေးမြို့ရှိ ပုဂ္ဂလိကစက် သုံးဆီအရောင်းဆိုင်များဖြစ်တဲ့ မြမေတ္တာမွန်၊ နီလာရိုးမ၊ DENKO၊ ရွှေဗိုျင်းဖြူ၊ New Day သာ၊ ဌေးဌေးြွကယ် အရောင်းဆိုင်များနှင့် ရွှေကျင်စက်သုံးဆီ အရောင်းဆိုင်များတွင် လိုသလောက်ရောင်းချပေးမယ်လို့ သိရပါတယ်။ ဇူးဇူး
ယခုလတ်တလော စိန်ဈေးကွက်မှာ ရာသီအေးသောကာလသို့ ရောက်ရှိနေ သောကြောင့် ဈေးကွက်ခပ်အေးအေး ဖြင့် ပုံမှန်သာ အရောင်းအဝယ်ရှိနေ ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေ ကြည်က ပြောကြားသည်။''ဆိုင်သမားတွေက အခုနေ ကျား ကန်နေရတယ်။ ဈေးကွက်အေးတယ်ဆိုပေမဲ့ လုံးဝရပ်ဆိုင်းနေတာတော့ မဟုတ်ဘူး။ ဖြည်းဖြည်းနဲ့ ပုံမှန်လို့ပြောလို့ရတယ်။ အမှာကတော့ တော်တော်လေးနည်းသွား တယ်။ ဒီရာသီမှာ ဒါကဖြစ်နေကျပါ။ ပုံမှန်လို့ပြောလို့ရတယ်။ နိုင်ငံခြားငွေလဲလှယ် နှုန်းက မတက်တဲ့အတွက် စိန်ဈေးကလည်းမတက်ဘူး။ နောက်ပြီး အဝယ်သိပ်မရှိ တော့ မှာစရာ လည်းမလိုတဲ့အတွက် ဈေးကမတက်ဘူး။ ဒီလိုရာသီမှာ ဘယ်ဆိုင် သမားမှ ဈေးမတင်ရဲဘူး။ လူတွေကပွဲတော်တွေဘက်ကို မလှည့်နိုင်သေးဘူး။ ပွဲတော်ရာသီကျမှ ဈေးကွက်ကပြန်စဖို့ရှိတယ်''ဟု ဦးရွှေကြည်က ပြောသည်။ ယခုကဲ့သို့ ဈေးကွက်အေးခြင်းမှာ အခိုျ့သောသူများမှ ရွေးကောက်ပွဲနီးလာ သောကြောင့် ဈေးကွက်အေးခြင်းဟု ပြောဆိုကြ သော်လည်း အမှန်တကယ်တွင်မူ ယခုရာသီ၌ ပုံမှန်အရောင်းအဝယ်အေးနေကြဖြစ်ကြောင်း၊ ပွင့်လင်းရာသီ၊ ပွဲတော် ရာသီ၊ မင်္ဂလာဆောင်ရာသီနှင့် ခရီးသွားလုပ်ငန်းများအပေါ်မူတည်၍ ဈေးကွက်ပြန် ကောင်းလေ့ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။ မင်းသန့်
ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ အိုပက်အဖွဲ့ရဲ့ (၁၅၆)ကြိမ်မြောက် အစည်းအဝေးမှာ လက်ရှိထုတ်လုပ်မှု ကိုတာကို မပြောင်းလဲဘဲ ဆက်ထုတ်ဖို့ သဘော တူညီခဲ့ပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ ရေနံဝယ်လိုအားကို လေ့လာရင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးနာလန်ထူလာမှုတို့ကြောင့် ရေနံဈေးကွက်မှာ ဝယ်လိုအားတိုးလာမှာလို့ တွက်ဆ ကြပါတယ်။
ယခုလတ်တလော ရွှေဈေးနှုန်းများထပ်မံကျဆင်းလာပြီး အရောင်းအဝယ်မှာလည်း အေးလျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
ယခုတစ်ပတ် စိန်ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပြီး၊ ဈေးနှုန်းမှာလည်း ပြည်ပနိုင်ငံတွင် ဈေးတက်သော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကြေး ခိုင်မာမှုကြောင့် ဈေးငြိမ်နေကြောင်း စီအမ်စိန်ရောင်းဝယ်ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။
တာချီလိတ်နယ်စပ်စခန်းက ယခုတစ်ပတ်မှာ ဒီဇယ်ဆီ ၇၇၃၃၃ ဂါလန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၁၅၆ သန်းဖိုး၊ ဓာတ်ဆီ(နီ) ၇၈၂၂၂ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုး တာချီလိတ်ဒေသသုံးစွဲရန် တင်သွင်းခဲ့ပါတယ်။