Background
March - 2010 (USD/OZ)Date NY London Zurich 1 1111 1114 1114 2 1125 1129 1133 3 1131 1134 1135 4 1126 1130 1131 5 1126 1130 1130
ယခုလတ်တလော ဒီဇယ်ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သြင်္ကန်ပွဲတော်ရက်အတွင်း နှစ်စဉ်ဒီဇယ် ဈေးနှုန်းများ တက်ခဲ့ သော်လည်း ယခုနှစ် သြင်္ကန်ပွဲတော်တွင် ဒီဇယ်ဈေးများ မတက်နိုင်ဟု ဒီဇယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
ကမ္ဘာ့ရွှေဈေးပြန်လည်၍ မြင့်တက်လာသော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး သြင်္ကန်ပွဲတော်ကာလ နီးကပ်လာသည့်အတွက် အရောင်းအဝယ်အေးနေကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ဟောင်ကောင်တွင်ပြုလုပ်မည့် ကျောက်မျက်ပြပွဲကို ကမ္ဘာ့စိန်ကုန်သည်များနှင့် ပြည်တွင်းစိန်ကုန်သည်များ တက် ရောက်၍ စိန်ဈေးကွက် လှုပ်ရှားမှုကိုစောင့်ကြည့်နေကြကြောင်း စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။
ကမ္ဘာ့ရေနံစိမ်းသိုလှောင်မှုပမာဏတိုးလာသလို ဒီတစ်ပတ်အတွင်း ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၈၁ ဒေါ်လာ ဝန်းကျင်ကို ချဉ်းကပ်လာပါတယ်။
ဒီအပတ်အတွင်း ပြည်တွင်းစက်သုံးဆီ အရောင်းအဝယ်အနေနဲ့ ဈေး အပြောင်းအလဲသိပ်မများခဲ့တာကို တွေ့ရပါတယ်။
နယ်စပ်ဒေသအသီးသီးရဲ့ ဒီတစ်ပတ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေကို ဖော်ပြလိုက်ပါတယ်-
မြန်မာ-ထိုင်း နယ်စပ်စခန်းဖြစ်တဲ့ တာချီလိတ်စခန်းကနေ ဒီဇယ်ဆီ ၁၃၆ဝဝ ဂါလန် ကန်ဒေါ်လာ သုညဒသမ ၂၅၈ သန်း ဖိုးနဲ့ ဓာတ်ဆီဂါလန် တစ်သိန်းခြောက်ထောင်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်းဖိုး ဝင်လာပါတယ်။ ယခင် အပတ်တွေက နယ်စပ်စခန်းများကနေ စက်သုံးဆီတင်သွင်းလာမှုမရှိဘဲ အဝင်ကဲျခဲ့ပေမယ့် အခုအပတ်မှာ ပြန်လည်ဝင်လာ ပါတယ်။
ယခင်လထက် တန်ချိန်နည်းနည်းလျော့ဝင် ယခုအပတ်အတွင်း ဆိပ်ကမ်းအသီးသီးက ဒီဇယ်ဆီအဝင်ကတော့ တန်ချိန် သုံးသောင်းကျော် (ပီပါနှစ်သိန်း နှစ်သောင်းငါးထောင်) ကျော် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းက တင်သွင်းမှုစုစုပေါင်း က တန်ချိန် ကိုးသောင်း ခုနစ်ထောင်ကျော်ကို လုပ်ငန်းရှင်အသီးသီးက တင်သွင်းခဲ့သလို ယခင်လ ဇန်နဝါရီလက တန်ချိန်တစ်သိန်း တစ်သောင်းကျော် တင်သွင်းခဲ့လို့ ယခု ဖေဖော်ဝါရီလမှာတော့ တန်ချိန်သုံးသောင်းခန့် လျော့နည်းပြီး ဆိပ်ကမ်းကနေ တင်သွင်းလာပါတယ်။
