Main menu

Background

Monday, 6 Sep 2010

 လှောင်လက်များဝယ်ယူမှုကြောင့် အိန္ဒိယမတ်ပဲဈေး မာလာလှောင်လက်များဝယ်ယူသိုလှောင်မှုကြောင့် လက်ငင်းဈေးကွက်အတွင်း မတ်ပဲဈေးတစ်တန်ကို ရူပီး ၁ဝဝဝ ခန့် မြင့်တက်ပြီး ရူပီး ၅၁ဝဝဝ-၅၂ဝဝဝ  (ကန် ဒေါ်လာ ၁၁ဝဝ-၁၁၂၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေးမြင့်တက်လာပေမဲ့ ပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ကုန်သည်များက ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကုလားပဲ လှောင်လက်များဟာ လက်ထဲမှာရှိတဲ့ ကုလားပဲတွေထုတ်ရောင်းပြီး မတ်ပဲနဲ့ ပဲတီစိမ်း တွေ ပြန်လည်ဝယ်ယူသိုလှောင်မှုတွေ ရှိလာလို့  ဈေးမြင့်တက်လာခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်ပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅) မြင့်တက်ပြီး ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၁၇) နဲ့ ဈေးပိတ်ခဲ့ တယ်လို့ သိရပါတယ်။                                                                                                    ယမင်းခင်Sources: P T I

Monday, 6 Sep 2010

မတ်ပဲတင်ပို့မှု မြင့်တက်လာ  ယခုတစ်ပတ် သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၁၅၅ဝဝ ခန့်ထိ တင်ပို့မှုမြင့်တက် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁ဝ ရက်ခန့်က အိန္ဒိယဝယ်လက်များ တောက်လျှောက် အဝယ်ရှိနေတာကြောင့် ယခုလအတွင်းမှာ တင်ပို့မှုတွေ ဆက်ရှိအုံးမယ်လို့ ကုန်သည်များက ဆိုပါတယ်။ အိန္ဒိယမတ်ပဲအသစ်က ပုံမှန်အားဖြင့် သြဂုတ်လ ကုန်မှာ ထွက်ရှိတာဖြစ်ပေမဲ့ ယခုရက်ပိုင်း မိုးများနေတာကြောင့် ဈေးကွက် အတွင်းကို ပဲဝင်ရောက်မှု တစ်ပတ်ခန့်နောက်ကျနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                                                                                                                                ဒေါ်လာ/တန်                             မတ်ပဲ(FAQ)     (SQ)၂-၉-၁ဝ                      ၉၅ဝ-၉၆ဝ    ၁ဝ၈ဝ-၁ဝ၉ဝ၂၆-၈-၁ဝ                    ၉ဝဝ-၉၁ဝ    ၁ဝဝဝ-၁ဝ၁ဝ                                                                      MIRT(MAPT)

Friday, 3 Sep 2010

AFTA  ရင်ဆိုင်နိုင်ရေး ဖိလစ်ပိုင်သကြားဈေးကွက် ကြိုတင်ပြင်ဆင်လျက်ရှိ      ဖိလစ်ပိုင်လယ်ယာစိုက်ပိုျးရေးဌာန  အကြီးအကဲProceso Alcala   နဲ့ Negros Occidental ကုမ္ပဏီဥက္ကဌ  Alfredo Maranon Jr.  တို့က သကြားလုပ်ငန်း (ဈေးကွက်) မှာ ပါဝင်သူအားလုံးဟာ လက်တွဲ လုပ်ဆောင်ကြဖို့လိုကြောင်း ပြောကြားလိုက်ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ အကောက်ခွန်မရှိဘဲ ပြည်တွင်းဈေးကွက်ထဲကို သကြားတွေ ဝင်ရောက်လာချိန်မှာ ရင်ဆိုင်ရမယ့် သကြားဈေးကွက်အတွက် စိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့ စီမံကိန်းချဆောင် ရွက်ရမှာဖြစ်ကြောင်း ဆက်လက်ပြောကြားပါတယ်။       အာဆီယံလွတ်လပ်တဲ့ကုန်သွယ်မှုဒေသ  (ASEAN Free Trade Area-AFTA) သဘောတူညီ ချက်အရ ၂ဝ၁၅ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ဈေးနှုန်းသက်သာတဲ့ သကြားတွေ ဝင်ရောက်လာတာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီဝင်ရောက်လာတဲ့သကြား အများစုဟာ သက်ဆိုင်ရာအစိုးရတွေက ထောက်ပံ့ ကြေးများစွာပေးပြီး တင်ပို့စေတဲ့သကြားတွေဖြစ်ပါ လိမ့်မယ်။လက်ရှိအချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ တင်သွင်းလာတဲ့ ဝင်ရောက်လာတဲ့သကြားအပေါ် အကောက်ခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါ တယ်။ ''ဒီပြဿနာကို ဖြေရှင်းဖို့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဒီပြဿနာကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး''လို့  Maranon က ပြောကြားလိုက်ပါတယ်။      Negros Occidental  ကုမ္ပဏီဟာ ဖိလစ်ပိုင်နိုင်ငံကထုတ်လုပ်တဲ့ သကြားစုစုပေါင်းရဲ့ ၆ဝ ရာခိုင် နှုန်းကို ထုတ်လုပ်လျက်ရှိပါ တယ်။''ကျွန်တော်တို့ရဲ့ သကြားဈေးကွက်ကို ဦးဆောင်သူတွေဟာ ကြိုတင် ပြင်ဆင်ထားသင့်ပါပြီ။ ဒီပြဿနာကို ကျော်လွှားနိုင်မယ်လို့ အများကြီးမျှော်လင့်ပါတယ်'' လို့ Maranon    က ပြောကြားပါတယ်။      သကြားလုပ်ငန်းခေတ်မီဖို့၊ သကြားဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့၊ ထုတ်လုပ်မှုစရိတ်လျှော့ချဖို့တို့ အတွက် အရင်းအနှီးနဲ့  နည်းပညာပိုင်းကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါမှသာ ဒေသတွင်း ထုတ်လုပ်နေတဲ့ နိုင်ငံတွေရဲ့ သကြားနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ် ပါတယ်။ ''ကျွန်တော်တို့မှာ သွင်းအားစုတွေ (resources) ရှိနေပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို အတူလက်တွဲ  ရင်ဆိုင်ဖြေရှင်းကြပါစို့'' လို့လည်း Maranon   က ပြောကြားလိုက်ပါတယ်။     ''နိုးနိုးကြားကြားနဲ့ ကျွန်တော်တို့အားလုံး အတူတကွ ဆောင်ရွက်ကြပါစို့''လို့ Alcala က ထောက်ခံ ပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီး သကြားထုတ်လုပ်မှုစရိတ်လျော့နည်းရေးကို Alcala   က အလေး ထားပြောကြားပါတယ်။ သမ္မတအကွီနို (Aquino)   အစိုးရဟာ လူမှုရေးကိစ္စတွေကိုလည်း ဖြေရှင်းသွားမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် လယ်ယာအထွက်နှုန်းတွေတိုးဖို့ လယ်သမားငယ် တွေကို ကူညီသွားမှာ ဖြစ် ကြောင်း သူက ဆက်လက်ပြောကြားပါတယ်။ လယ်သမားငယ်တွေအတွက် နည်းပညာရရှိရေး၊ လယ်ယာ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများနဲ့ ဆည်မြောင်းတာတမံများ စသည်ဖြင့် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။                                                                                                                                                                             သိန်းမြင့်ဝေ၊Source:Phnom Penh Post.com

Thursday, 2 Sep 2010

 ကကတစ်သားပေါက် ၃ သန်းခန့် သဘာဝရေပြင်သို့ မိုျးစိုက်ထည့်ရန်စီစဉ်မြန်မာနိုင်ငံရှိ သဘာဝရေပြင်များအနက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝရေပြင်များသို့ ကကတစ် သားပေါက် ၃ သန်းခန့် မိုျးစိုက်ထည့်ရန်စီစဉ်နေပြီဖြစ်ပါသည်။ '' ရာသီဥတုပြောင်းလဲမှု၊ လူတွေရဲ့စည်းကမ်း ပျက်မှုတွေကြောင့် ငါး၊ ပုစွန်တွေ လျော့နည်းလာပြီး သဘာဝက ငါးထုတ်လုပ်မှုတွေ လျော့ကျလာတဲ့အတွက်  ငါးသားပေါက် တွေကို သဘာဝရေပြင်တွေထဲမှာ မိုျးစိုက်ထည့်ဖို့စီစဉ်ခဲ့တာပါ။ အဲဒီလိုလုပ်ကိုင်ဖို့အတွက် ရခိုင်ပြည်နယ်ရဲ့သဘာဝရေပြင်မှာ ငါးသားပေါက် ၁ ဒဿမ ၄ သန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ သန်း မိုျးစိုက်ထည့်မှာပါ။ ကကတစ်သားပေါက်ကို ရွေးပြီးထည့်တာက အချိန်တန်လို့ရေလုပ်သားတွေ ပြန်လည်ဖမ်းဆီးတဲ့အခါရရှိတဲ့ငါးတွေဟာ တန်ဖိုးမြင့်ငါးတွေဖြစ်ပြီး ဝင်ငွေ ကောင်းအောင်ပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။        အဆိုပါကိစ္စနှင့်ပတ်သက်၍ ''အခုဆိုရင် ပင်လယ်ပြင်ကနေ ဖမ်းဆီးထုတ်လုပ်မှုတွေ ဆုတ်ယုတ်လာတာကို ရေလုပ်သား တွေက လက်ခံ လာကြပါပြီ။ သဘာဝရေပြင်ထဲကို ငါးမိုျးစိုက်ထည့်တာနဲ့ပတ်သက်ရင် ဂျပန်ကိုအတုယူဖို့ ကောင်းပါတယ်။ ကမ်းနီးငါးဖမ်း လုပ်သားသမားတွေက ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က ကျေးရွာတွေမှာ နေရာ ၅၇ ခု  တည်ဆောက်ပြီး သဘာဝရေပြင်တွေ ထဲကို ငါးမိုျးစိပ် ရာချီပြီးလွှတ်ပေးကြပါတယ်။ ပြီးရင် လွှတ်လိုက်တဲ့ငါးတွေရဲ့ အဖတ်တင်မှုကို ပြန်လေ့လာ ကြတယ်။ ငါးအရွယ်နည်း နည်းကြီးအောင်မွေးပြီးမှ လွှတ်ရင် ၆ဝ ရာခိုင်နှုန်း အဖတ်တင်ကျန်တယ်လို့သိရပါတယ်''ဟု ြၤၤ မှ ဦးဟန်ထွန်းက ပြောပြသည်။ အဆိုပါကိစ္စကို ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်အသင်းနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း      သိရသည် ။                                                                                                                                                                             ခင်မိုျးသွယ်

Thursday, 2 Sep 2010

        ပြည်ပသို့တင်ပို့ ရောင်းချနေသည့် ငါးမျိုးစိပ် ၂၆၂ မျိုးရှိနေ မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့ရောင်းချနေသည့် ငါးမိုျးစိပ်အမိုျးအစားပေါင်း ၂၆၂ မိုျး ရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။       '' မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်တဲ့ငါးတွေရော ပင်လယ်ပြင်ကဖမ်းဆီးရမိတဲ့ ငါးကိုရော အရှင်ပုံစံ၊ အေးခဲပုံစံ၊ ကြပ်တိုက်ပုံစံ၊ ဆားနယ်ပုံစံ၊ ငါးကြိတ်သားပုံစံ၊ တန်ဖိုးမြှင့်ပြုပြင်ပုံစံ၊ ဠေူကန ဗိနိ ွှပစန စသည့်ဖြင့် ပုံစံအမိုျးမိုျးကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ရော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ပါ တင်ပို့ရောင်းချခဲ့ပါတယ်။ နှစ်အလိုက် တင်ပို့နိုင်မှုကို လေ့လာကြည့်ရင် ၂ဝဝ၅-၂ဝဝ၆ မှာ ရေထွက်ကုန်မက်ထရစ်တန် ၂၇၁ ဒသမ ဝ၇တန်၊  ၂ဝဝ၆-၂ဝဝ၇ မှာ ရေထွက်ကုန် ၃၄၃ ဒသမ ၄၂၇ တန်၊ ၂ဝဝ၇-၂ဝဝ၈ မှာ ရေထွက်ကုန် ၃၅၁ ဒသမ ၆၅၂ တန်၊ ၂ဝဝ၈-၂ဝဝ၉ မှာ ရေထွက်ကုန် ၃၂၄ ဒသမ ၅၆၈ တန်၊  ၂ဝဝ၉-၂ဝ၁ဝ မှာ ၃၇၅ ဒသမ ဝ၉၂ မက်ထရစ်တန် တင်ပို့ခဲ့ရပါတယ်။ အဲဒီတင်ပို့မှု တွေကိုကြည့်ရင် တစ်နှစ်ထက်တစ်နှစ် ရေထွက်ကုန်တွေ တိုးမြှင့် တင်ပို့နေရတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီလို တင်ပို့နေရာ တာဟာ သန့်ရှင်းလတ်ဆတ်မှုတွေကြောင့် နိုင်ငံတကာကလက်ခံ ဝယ်ယူလာကြတာပါ'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားသည်။       မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို အီးယူအဖွဲ့ဝင် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃ဝ ကျော်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး ယင်းသို့တင်ပို့ရောင်းချရာတွင် ဆယ်စုနှစ်အတွင်း ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်က တင်ပို့မှု မက်ထရစ်တန် အများဆုံးဖြစ်ကြောင်း သိရသည်။                                                                                                                                                                                          ခင်မိုျးသွယ်

Thursday, 2 Sep 2010

 ယခုအပတ်ပြောင်းဖူးတင်ပို့မှု လျော့    သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း  မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ် စခန်းများမှ  ပြောင်းဖူးစေ့  ၃၅၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၉၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် က မူဆယ်နယ်စပ်မှ  တန်ချိန် ၅၂၃ဝ ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၆၄ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်ကထက် နံှစားပြောင်းဈေး အနည်းငယ်ကျပြီး ပြောင်းဖူးစေ့ဈေး အနည်းငယ်တက်လျက် ရှိပါတယ်။  မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                  မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                    ယခု    ယခင်        ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု     %ပြောင်းဖူးစေ့       ၂၉၉၂၈၆    ၃၁၁၅၁ဝ     ၁၂၂၂၄        ၄    ၃ဝ၇      ၃၁၁             ၄       ၁ .၃နံှစားပြောင်း       ၃၂၆၈၇၅    ၃၅၅ဝဝဝ     ၂၈၁၂၅        ၈     ၃၅၄      ၃၅၅             ၁       . ဝ၃                                                                                              MIRT (DOBT)

Thursday, 2 Sep 2010

 တရုတ်နိုင်ငံ စွမ်းအားသစ်အတွက် အခက်တွေ့                   တရုတ်နိုင်ငံမှာ ပြောင်းမှထုတ်လုပ်တဲ့ အီသနောလောင်စာဟာ မော်တော် ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကို လျော့ကျ စေပေမဲ့ထုတ်လုပ်မှု စရိတ်မြင့်မား ခြင်းနဲ့ လူဦးရေများပြားခြင်းက အီသနော ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေ ကြောင်း   သိရပါတယ်။မော်တော်ယာဉ်တွေက ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဟန့်တားဖို့ အတွက် ၂ဝဝ၄ ခုနှစ်ကတည်းက အီသနောထုတ်လုပ်တဲ့ အထူးစီမံကိန်းတွေချမှတ် ဆောင်ရွက်နေပြီး အစဉ်အလာအရ သုံးစွဲတဲ့ လောင်စာဆီနဲ့ စွမ်းအင်အသစ်တွေ ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မူတည်ကြောင်းသိရပါတယ်။ အီသနောတစ်တန်ထုတ်ဖို့ အတွက် ပြောင်း (၃) တန်လိုအပ်ပြီး ကုန်ကျစရိတ် ယွမ် ၈ဝဝဝ (ဒေါ်လာ ၁၇ဝ) လောက်တဲ့အတွက် လောင်စာဆီရဲ့ ကုန်ကျစရိတ်ကပိုပြီး သက်သာကြောင်း စင်ဒါ ကုမ္ပဏီရဲ့ သုတေသီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြောင်းကနေ အီသနော အဖြစ် ပြောင်းလဲခြင်းဟာ တရုတ်ရဲ့ အစားအစာလုံခြုံရေးကို အထူးသဖြင့် သဘာဝ ဘေးအန္တရာယ် ကြောင့်သီးနံှအထွက်နှုန်း ထိခိုက်နေတဲ့အတွက် ခြိမ်းခြောက် နေကြောင်း ရှင်းယန် စိုက်ပိုျးရေးတက္ကသိုလ်မှ ပါမောက္ခရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာတွေ့ရပါတယ်။ မိုးခေါင်ခြင်းနဲ့ ရေလံျှခြင်း တို့ မြင့်တက်နေပြီး သီးနံှ ဝယ်လိုအားနဲ့သိုလှောင်မှု အကြပ်အတည်းတွေ ကြုံတွေ့နေရ ပေမယ့်  တရုတ် အနေနဲ့ အီသနောထုတ်လုပ်ရေးကို ခွင့်ပြုသင့်တယ်လို့ 0x158င်းကဆက်လက် ပြော ကြားခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်း၊ ကမ္ဘာ့စိုက်ပိုျးဧရိယာရဲ့ ၇ ရာခိုင် နှုန်းရှိတဲ့ တရုတ်နိုင်ငံဟာ လူဦးရေ ၁ ဒဿ ၃ ဘီလီယံရဲ့ အစားအစာ အတွက် သောကရောက်နေရပြီး စက်မှုလုပ်ငန်းထွန်းကားမှုနဲ့ မြို့ပြစနစ်ထွန်းကားမှု က စိုက်ပိုျးဧရိယာတွေကို တစ်ဖြည်းဖြည်း ဝါးမိုျနေ ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံ ရဲ့ ပြောင်းထွက်ရှိမှု (၂) ဆ ဖြစ်လာတဲ့အချိန်မှာတော့ အီသနောဟာ ကြီးမားတဲ့ ထုတ်လုပ်ရေး ဖြစ်လာလိမ့်မယ်လို့ ပါမောက္ခပြောခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံး ပုဂ္ဂလိကလောင်စာစက်ရုံအသင်းနဲ့ အမိုျးသားစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) တို့ အီသနောစီမံကိန်း ရပ်ဆိုင်းရန်အ တွက် အငြင်းပွားပြီးနောက်ပိုင်း ပါမောက္ခက အထက်ပါအတိုင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်က အခိုျ့ဒေသမှာ သီးနံှအထွက်နှုန်းကျဆင်းနေပြီး အခြား တစ်ဖက်က  အီသနော ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ဝယ်လိုအားကြောင့် ပြောင်းဈေး နှုန်း မြင့်တက်လျက် ရှိတယ်လို့ ၎င်းက ဆက်လက်ပြောကြား ခဲ့ပါတယ်။ အီသနော စက်ရုံများမှာ သီးနံှမဟုတ်တဲ့ ကုန်ကြမ်းသုံးပြီး ထုတ်လုပ်ဖို့ကတော့ တရုတ်ရဲ့ စွမ်းအင်သစ်ဖွံ့ဖြိုးရေးကဏ္ဍမှာ ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ပြောင်းထုတ်လုပ်မှုနဲ့ သုံးစွဲမှုအများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် ထုတ်လုပ်မှုနဲ့ သုံးစွဲမှု တန်ချိန် သန်း (၁၅ဝ) ကျော်ရှိကြောင်း သတင်းရရှိပါတယ်။                                                                                                                            Sources:Sity news.com,KZW

Thursday, 2 Sep 2010

နှမ်းရောင်စုံတင်ပို့မှုပို သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ နှမ်း ၇၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၉၉၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၆၃၃ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁ဝ၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမိုျးအစားအလိုက် တင်ပို့နိုင်မှု တွေကတော့နှမ်းဖြူ ၁၉၅ ဒဿမ ၇၅ တန်၊ နှမ်းဖြူ (အခွံချွတ်) ၃ဝ၄ တန်၊ နှမ်းနက် ၂၃၈ ဒဿမ  ၂၅ တန်အသီးသီး ဖြစ်ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် နှမ်းမြေပြင်ပေါက်ဈေး များကို ဖော်ပြပေးလိုက်ပါတယ်။ ယခုအပတ်မှာ မိမိဘက်မှာ ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းဈေးများ မြင့်တက်လျက် ရှိပါတယ်။                                         မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                     ယခု          ယခင်         ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု          %   နှမ်းဖြူ(နိမ့်)      ၁၁၆ဝ၇၄၇    ၁၁၆၅၇၆၇        ၅ဝ၂ဝ       ဝ .၄    ၁၁၅၁    ၁၁၅၈         ၇              ဝ .၆         (မြင့်)      ၁၂၈၉၃၉၄    ၁၂၈ဝ၉၅၃        ၈၄၄၁      ဝ .၇     ၁၂၇၉    ၁၂၇၂         ၇              ဝ .၅နှမ်းနက်(နိမ့်)       ၁၃၇၄၈ဝ၉    ၁၂ဝ၉၈၆၈    ၁၆၄၉၄၁       ၁၂      ၁၃၆၄    ၁၂၆၂     ၁ဝ၂                   ၇         (မြင့်)      ၁၅၄၂၄၈ဝ    ၁၄၁၈၉၈၁    ၁၂၃၄၉၉          ၈      ၁၅၃ဝ    ၁၅၁ဝ       ၂ဝ               ၁ .၃                                                                                                                                            MIRT (DOBT)

Thursday, 2 Sep 2010

စစ်ကိုင်းတိုင်းမှာ မိုးပဲပုပ် ၈၂ ရာခိုင်နှုန်းကျော်စိုက်ပျိူးပြီး    ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် စစ်ကိုင်းတိုင်း မိုးပဲပုပ်စိုက်ပိုျးရန် လျာထားဧက ၂၅၅၉ အနက် ၂၁ဝ၄ ဧကစိုက်ပြီးလို့ ၈၂ ရာခိုင်နှုန်းကျော်စိုက်ပိုျးပြီး ဖြစ်ပါတယ်။ ကလေး၊ ခန္တီး၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်၊ ကောလင်းမြို့နယ် များမှာ စိုက်ပိုျးကြပြီး ယခုအရောင်း အဝယ် ပြုလုပ်နေတာကတော့ ယခင်နှစ်ထွက်ရှိတဲ့ ပဲပုပ်မှ တောင်သူကုန်သည်များလက်ဝယ်လက်ကျန် အနည်းငယ်ကိုသာ အရောင်းအဝယ်ပြုလုပ် နေကြခြင်း ဖြစ်ပါတယ်။ ရေဦးနဲ့ တန့်ဆည်မြို့နယ်များမှ ပဲပုပ်များ မုံရွာ မြို့သို့ဝင်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခု သြဂုတ် လမှာ တစ်ပိဿာ ၇၇၈ ကျပ်မှ ၈၃၃ ကျပ်အတွင်းသာ ဈေးပေါက်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ဈေးမှာလည်း ၈ဝ၆ ကျပ်မှ ၈၃၃ ကျပ် အတွင်းသာ ဈေးဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝခုနှစ်သြဂုတ်လအတွင်း မုံရွာမှ မန္တလေးသို့ တစ်တင်းခွဲဝင် ပဲပုပ်၂၅၂ အိတ်စီးထွက်ခဲ့ပြီး မုံရွာ ကုန်စည်ဒိုင်မှာနေ့စဉ် ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။                                                                                                                             သန်းသန်းတင်

Thursday, 2 Sep 2010

မိုးမြေပဲသစ်များပေါ်ချိန် ပြည်ဈေးကွက်တွင်ဈေးငြိမ်          မိုးမြေပဲအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ ကုန်သည်ပွဲစားများမှ ပြည်ဈေးကွက်ကို ဆီကြိတ်မြေပဲဆံ တစ်နေ့ကို အိတ် ၅ဝဝ ခန့် လာရောက်ရောင်းချကြပါတယ်။ ဆီကြိတ်မြေပဲဆံ အများအပြား ဝင်ရောက်လာသဖြင့် ပြည်ဈေးကွက်တွင် ဈေးသိသာစွာကျသွား ခြင်းမရှိဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၉ဝဝ ကျပ် နဲ့လုံးဆံတစ်ပိဿာကို ၂၂ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီးအရောင်း အဝယ်ဖြစ် နေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲ ဆံအသစ် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                                                                                            ဝေဝေမင်း

Pages