Background
မန်ကျည်းအပို့ပျောက် သြဂုတ်လ တတိယပတ်အတွင်း ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့တာ ကာလ အတွင်း ပင်လယ်ရေကြောင်း ဂိတ်မှနေ မန်ကျည်း တင်ပို့မှုမရှိဘဲ အပို့ ပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ် က အိန္ဒိယကိုတန်ချိန် ၆ဝ တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်မှာတော့ တင်ပို့နိုင် ခြင်းမရှိခဲ့ပါဘူး။ ပင်လယ်လမ်းနဲ့ တင်ပို့မှု ဘက်မှာ ကျဆင်းနေပေမဲ့ ဒေသ ထွက် ကုန်မန်ကျည်းကို နယ်စပ်ဘက် ကုန်သွယ်မှု အသီးသီးကနေ တင်ပို့မှု ကတော့ အားသာလျက်ရှိနေပါတယ်။ MIRT (DOT)
နနွင်းအထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် နနွင်းဈေးကျဆင်း နနွင်းစိုက်ပိုျးတဲ့ ဒေသများမှာ နနွင်းပိုမိုစိုက်ပိုျးလာကြလို့ နနွင်း အထွက်မြင့်တက်မယ့် မျှော်လင့်ချက်များနဲ့ နနွင်းဆက် တိုက်ရောင်းထုတ် မှုတွေ ရှိလာ ကြတာကြောင့် နနွင်းဈေးသိသိသာသာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ NCDEX မှာ စက်တင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၂ ဒသမ ၅၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရူပီး ၁၂၈၁၄ဝ (ကန်ဒေါ်လာ ၂၇၅၁) ကိုကျဆင်းခဲ့ပြီး အောက်တိုဘာလ စာခုျပ်ဈေးမှာလည်း ၂ ဒသမ ၆၃ ရာခိုင်နှုန်းကျဆင်းကာ တစ်တန်ကို ရူပီး ၁၂၁၄ဝဝ (ကန်ဒေါ်လာ ၂၆ဝ၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ လက်ငင်းဈေးကွက်များမှာလည်း ဈေးကျဆင်းလျက်ရှိရာ ပုဂ္ဂလိကဈေးကွက်မှာ ယခင်တစ်ပတ်ထက် တစ်တန်ကို ရူပီး ၂ဝဝဝ လျော့ကျပြီး ရူပီး ၁၃၇ဝဝဝ-၁၃၈ဝဝဝ ( ကန်ဒေါ်လာ ၂၉၄၁-၂၉၆၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဈေးနှုန်းထိန်းခုျပ်မှုရှိတဲ့ ဈေးကွက်မှာလည်း finger အမိုျးအစား နနွင်း တစ်တန်ကို ယခင်တစ်ပတ်ထက် ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၆ဝ ) လျော့ကျပြီး ရူပီး ၁၃၈၈၆ဝ-၁၄ဝ၁၄ဝ (ကန်ဒေါ်လာ ၂၉၈၁-၃ဝဝ၈) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Sources: P T I 2751)
အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်း ရှမ်းနနွင်းက ဒီတစ်ပတ်အောင်ပန်းဈေးမှာ ဈေးအနည်းငယ်ပြန်တက်လာ ပါတယ်။ နနွင်းအဝင်ကလည်း မရှိသလောက် ဖြစ်နေပြီး လှောင်လက်တွေကသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာ ပစ္စည်းအရည်အသွေး ပေါ် မူတည်ပြီး တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၃၂ဝဝ ကျပ်ဈေးထိရှိပါတယ်။ နနွင်း ကလည်း ချင်းလိုပါဘဲ။ ပြည်ပနိုင်ငံတွေရဲ့ ဘာသာရေးကာလဖြစ်နေလို့ ဝယ်လက် တွေ ရပ်နေတယ်လို့ သိရပါတယ်။ ယခုလောလောဆယ်မှာတော့ နနွင်းခေါင်းလို့ ခေါ်တဲ့ ပစ္စည်းညံ့တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းခေါင်းအခြောက် တွေကို ပြည်တွင်းသုံး နနွင်းမှုန့်နဲ့ ခြင်ဆေးခွေတွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းဝယ်လက် တွေက ပ-+*ုံမှန်ဝယ်ယူ နေကြပါတယ်။ နနွင်းခေါင်းက တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံက သိရပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတက်တစ်ပိဿာ ၃၃ဝဝ ကျပ်ရှိတယ် လို့သိရ ပါတယ်။ ဧဧခိုင်
ဝယ်လက်အဆွဲကောင်းသြဂုတ်လ တတိယပတ် ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း ပင်လယ်ရေ ကြောင်းလမ်းကနေ နနွင်းတန်ချိန် ၃၁ ဒသမ ၅ တန် တန်ဖိုး ကန်ဒေါ်လာ ၄၅၇၅၇ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်း နိုင်ငံကို တန်ချိန် ၁၆ ဒသမ ၅ တန်၊ အာရပ်စော်ဘွားများနိုင်ငံဘက်ကို တန်ချိန် ၁၅ တန်ဈေးကွက်နှစ်ခုခွဲပြီး တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ ယခအပတ်တင်ပို့မှုပို သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်နှင့် စစ်တွေနယ်စပ်စခန်းများမှ နနွင်းတက် ၃၆ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၂၉၈ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေနယ်စပ်မှ ၄ တန် သာတင်ပို့နိုင်တဲ့ အတွက် ယခုအပတ်မှာ ၃၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှာ နနွင်းတက်ဈေးဟာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး ၁၄ဝ၇၆ဝဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှ ၁၂၃၇၁ဝ တာကာဈေး ပေါက်လျက်ရှိပါတယ်။ တင်တင်ထွန်း(MIRT )
ရှမ်းတောင်သူရောင်းတဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်ရောင်းအားအကောင်းဆုံးကတော့ ကြက်သွန်ဖြူပါပဲ၊ ဝယ်လိုအားကောင်းနေပြီး ဈေးကလည်းကောင်းနေပါတယ်။ ထိပ်စတွေ ဖြစ်တဲ့ (ထူး -၃)၊ (ထူး-၄)တွေကလည်း ဝယ်လိုအား ကောင်းနေတာ ကြောင့် ဈေးကွက်မှာပစ္စည်းလက်ကျန်အတော်နည်းသွားပြီလို့ သိရပါတယ်။ ဒီနှစ် ပစ္စည်းအထွက်ကလည်းနည်းပြီး တောင်သူတွေကလည်း ထိန်းပြီး ရောင်းတာကြောင့် လှောင်လက်တွေကလည်း အရင်နှစ်တွေကလို များများဝယ်ပြီး မလှောင်နိုင်ခဲ့ပါဘူး။ ရှမ်းကြက်သွန်ဖြူတွေကို ရန်ကုန်၊ မန္တလေး ဝယ်လက်တွေက အဆွဲများနေပါတယ်။ ဒီတစ်ပတ်ကြက်သွန်ဖြူဈေးက တောင်ကြီးဈေးကွက်မှာ လတ်ခြား တစ်ပိဿာ ၂၅ဝဝ ကျပ်၊ ကြက်သွန်ဖြူ (ထူး-၁) ၂၆၅ဝ ကျပ်၊ (ထူး -၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၂၉ဝဝ ကျပ်၊ (ထူး-၄) ၃ဝဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ ကြက်သွန်ဖြူ (လတ်ခြား) ၂၆ဝဝ ကျပ်၊ (ထူး-၁) ၂၇ဝဝ ကျပ်၊ (ထူး-၂) ၂၈ဝဝ ကျပ်၊ (ထူး-၃) ၃ဝဝဝ ကျပ်၊ (ထူး-၄) ၃၃ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန်ပေါင်း ၁ ဒသမ ၇ သိန်း စီ ဆင်းသွားတယ်လို့ ကြက်သွန်ဖြူပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
အဝယ်ပုံမှန်ရှိနေတဲ့ ရှမ်းချင်း ဒီတစ်ပတ် ချင်းစိုဈေးက တစ်ပိဿာကို ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပင်လောင်းနယ်က အဝင်နည်းသွားပြီး ကလောနယ် တစ်ဝိုက်ကသာ ပုံမှန်ဝင်နေတယ်လို့ သိရပါတယ်။ အဝင်ကလည်း ပုံမှန်ရှိသလို အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေကတော့ အဝယ်ရပ် နေပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တွေ ဘာသာရေးလ ဖြစ်နေတဲ့အတွက် အဝယ်ခေတ္တရပ်နေပြီး လောလောဆယ်ပြည်တွင်းသုံးအဖြစ်နဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ၃ ပုံ ၁ ပုံလောက် သာကျန်တော့တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက် ဈေးက အနည်းငယ်ပြန်တက်လာပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိလာပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ၉၂ ဂရိတ်ရှိ အော့တိန်းဆီကို စက်တင်ဘာလမှစ၍ရောင်းချပေးနိုင်ရန် ဆီလှောင်ကန်များ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ၉၂ ဂရိတ် အော့တိန်းဆီမှာ မော်ဒယ်မြင့်ကားများအသုံးပြုပါက အင်ဂျင် ဆွဲအားကောင်းပြီး ပေါက်ကွဲအားကောင်းသောကြောင့် သုံးစွဲကြပါတယ်။ '' ၉၂ ဆီကိုစက်တင်ဘာလကစပြီး ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။ ဆီ လှောင်ကန်လုပ်နေတာပြီးမယ်ဆိုရင် ရောင်းပေးနိုင် မှာပါ။ရန်ကုန်မှာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးနေပြီ။ မန္တလေးဈေးကွက်မှာတော့ ရန်ကုန်ကဈေးထက် ၁ ဂါလန် ကို ၂ဝဝ ကျပ်လောက်ကွာနိုင်တယ်။ လမ်းသယ် ယူစရိတ်ကြောင့် ဈေးနည်းနည်းမြင့်နိုင်တယ်။ ရန်ကုန်ကတစ်ဆင့် သယ်ယူရတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ ၁ ဂါလန်ကို ၂၉ဝဝ ကျပ် ၃ဝဝဝ ကျပ်နဲ့ ရောင်းနိုင် ပေမယ့် မန္တလေးမှာ ဒီဈေးမရနိုင်ပါဘူး။ ၉၂ ဂရိတ်အော့တိန်းဆီ ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းနေတဲ့ ၇ဝ ဂရိတ်ဆီကိုလည်း ဆက်လက်ရောင်းချပေး မှာဖြစ်တယ်။ ဝယ်ယူမယ့်သူက ကိုယ်သုံးချင်တဲ့ဆီကိုပြောပြီး ဝယ်နိုင်မယ်။ ၇ဝ ဂရိတ်ဆီက ၁ ဂါလန်ကို ၂၅ဝဝ ကျပ်နဲ့ရောင်းချ မှာဖြစ်ပြီး ၉၂ ဂရိတ်ဆီက ၁ ဂါလန်ကို ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ ၃၂ဝဝ ကျပ်ဈေးနဲ့ ရောင်းချနိုင်မယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးမတူနိုင်ဘူး''လို့ တမ္ပဝတီစက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်မှပြောပါတယ်။ ၉၂ ဂရိတ်အော့တိန်းဆီကို မန္တလေးမြို့ရှိ ပုဂ္ဂလိကစက် သုံးဆီအရောင်း ဆိုင်များဖြစ်တဲ့ မြမေတ္တာမွန်၊ နီလာရိုးမ၊ DENKO ၊ ရွှေဗိုျင်းဖြူ New Day၊ သာ၊ ဌေးဌေးြွကယ် အရောင်းဆိုင်များနှင့် ရွှေကျင်စက်သုံးဆီ အရောင်းဆိုင်များတွင် လိုသလောက်ရောင်းချပေးမယ်လို့ သိရပါတယ်။ ဇူးဇူး
ပြည်တွင်းဒေသများရဲ့ လက်လီအရောင်းဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- သြဂုတ် ၂ဝ၁ဝ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၃ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၂၄ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၂၅ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၂၆ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ၂၇ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၉ဝဝ MIRT-DOT
ဒီဇယ်တန်ချိန် တစ်သောင်းကျော်ဝင်ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် သြဂုတ်လ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့ ကာလအတွင်း စက်သုံးဆီအနေနဲ့ ဒီဇယ်ဆီ ၇၈၉၃ဝ ပီပါ တန်ချိန်အားဖြင့် ၁ဝ၅၂၄ တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ် တန်ချိန် ၅၅၇၁ တန် ဝင်ခဲ့တာမို့ ဒီအပတ်အဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် လေး ထောင့်ကိုးရာကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT