Main menu

Background

Thursday, 2 Sep 2010

စစ်ကိုင်းတိုင်းမှာ မိုးပဲပုပ် ၈၂ ရာခိုင်နှုန်းကျော်စိုက်ပျိူးပြီး    ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် စစ်ကိုင်းတိုင်း မိုးပဲပုပ်စိုက်ပိုျးရန် လျာထားဧက ၂၅၅၉ အနက် ၂၁ဝ၄ ဧကစိုက်ပြီးလို့ ၈၂ ရာခိုင်နှုန်းကျော်စိုက်ပိုျးပြီး ဖြစ်ပါတယ်။ ကလေး၊ ခန္တီး၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်၊ ကောလင်းမြို့နယ် များမှာ စိုက်ပိုျးကြပြီး ယခုအရောင်း အဝယ် ပြုလုပ်နေတာကတော့ ယခင်နှစ်ထွက်ရှိတဲ့ ပဲပုပ်မှ တောင်သူကုန်သည်များလက်ဝယ်လက်ကျန် အနည်းငယ်ကိုသာ အရောင်းအဝယ်ပြုလုပ် နေကြခြင်း ဖြစ်ပါတယ်။ ရေဦးနဲ့ တန့်ဆည်မြို့နယ်များမှ ပဲပုပ်များ မုံရွာ မြို့သို့ဝင်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခု သြဂုတ် လမှာ တစ်ပိဿာ ၇၇၈ ကျပ်မှ ၈၃၃ ကျပ်အတွင်းသာ ဈေးပေါက်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ဈေးမှာလည်း ၈ဝ၆ ကျပ်မှ ၈၃၃ ကျပ် အတွင်းသာ ဈေးဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝခုနှစ်သြဂုတ်လအတွင်း မုံရွာမှ မန္တလေးသို့ တစ်တင်းခွဲဝင် ပဲပုပ်၂၅၂ အိတ်စီးထွက်ခဲ့ပြီး မုံရွာ ကုန်စည်ဒိုင်မှာနေ့စဉ် ပျမ်းမျှတင်း ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။                                                                                                                             သန်းသန်းတင်

Thursday, 2 Sep 2010

မိုးမြေပဲသစ်များပေါ်ချိန် ပြည်ဈေးကွက်တွင်ဈေးငြိမ်          မိုးမြေပဲအသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ ကုန်သည်ပွဲစားများမှ ပြည်ဈေးကွက်ကို ဆီကြိတ်မြေပဲဆံ တစ်နေ့ကို အိတ် ၅ဝဝ ခန့် လာရောက်ရောင်းချကြပါတယ်။ ဆီကြိတ်မြေပဲဆံ အများအပြား ဝင်ရောက်လာသဖြင့် ပြည်ဈေးကွက်တွင် ဈေးသိသာစွာကျသွား ခြင်းမရှိဘဲ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၉ဝဝ ကျပ် နဲ့လုံးဆံတစ်ပိဿာကို ၂၂ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီးအရောင်း အဝယ်ဖြစ် နေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲ ဆံအသစ် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                                                                                            ဝေဝေမင်း

Thursday, 2 Sep 2010

မန်းဈေးကွက်သို့ မိုးမြေပဲဆံအသစ်များ ဆက်လက်ဝင်ရောက်    မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းအတွင်းမှထွက်ရှိတဲ့ မြေပဲဆံများ ဝင်ရောက်သလို လှောင်လက် များကလည်း ထုတ်ရောင်း နေပါတယ်။ စက်တင်ဘာလအတွင်း မိုးမြေပဲဆံများ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လာတော့ မှာဖြစ်တဲ့ အတွက် ပစ္စည်း အဟောင်းလက်ကျန်သမားများမှ ထုတ်ရောင်းနေသော် လည်း ပဲဆီဈေးအေးနေတဲ့အတွက် ဆီစက်သမားများမှ ဝယ်လိုအားနည်းကာ ဈေးအေးနေပါတယ်။     အသစ်ဝင်ရောက်လာတဲ့ မြေပဲဆီဆံက တစ်ပိဿာကို ၁၇၈ဝ ကျပ်၊ ၁၈ဝဝ ကျပ်ဝန်းကျင်ရှိပြီး၊ မြေပဲဆံ အဟောင်းတွေက ရှမ်းဆီဆံက ၁၉၃ဝ ကျပ်၊ အညာဆီဆံက ၁၉၂ဝ ကျပ်နဲ့ ရောင်းဝယ်နေပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၅ဝဝ ကျပ်မှ ၃၇ဝဝ ကျပ်၊ မြေပဲဖတ်ကတော့ ၉ဝဝ ကျပ်မှ ၉၁ဝ ကျပ်ဈေးရှိပြီး၊ ဈေးကွက်အတွင်းသို့ မိုးမြေပဲဆံ အသစ်များ ဝင်ရောက်လာသော်လည်း ယခုပေါက်ဈေးနဲ့ သိပ်ကွာဟမှု မရှိနိုင်ကြောင်း သိရပါတယ်။                                                                                                                             ကျော်ကျော်မိုး

Thursday, 2 Sep 2010

မိုးနှမ်းစစ်ကိုင်းတိုင်းမှာ ၉၁ ရာခိုင်နှုန်းကျော်စိုက်ပျိူးပြီး            ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် စစ်ကိုင်းတိုင်းရဲ့ မိုးနှမ်းလျာထားစိုက်ဧက ၄ ဒသမ ၉ သိန်းအနက် ဧက ၄ ဒသမ ၄၈ သိန်းကျော် ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၃၅ ရာခိုင်နှုန်းစိုက်ပိုျးပြီးဖြစ်ပါတယ်။ မိုးနှမ်းကို မေလနဲ့ ဇွန်လတွင် စိုက်ပိုျးပြီး သြဂုတ်လ၊ စက်တင်ဘာလများမှာ ထွက်ပေါ်မှာဖြစ်ပါတယ်။ တန့်ဆည်၊ ရေဦး၊ ဘုတလင်၊ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ နှမ်းများမုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ ၂ဝဝ၉ ခု သြဂုတ်လမှာ တစ်ပိဿာ အနိမ့်အမြင့်ဈေး နှမ်းညို ၁၃၈၇ ကျပ်၊ ၁၅၈ဝ ကျပ်၊ နှမ်းဝါ ၁၄၆၇ ကျပ်၊ ၁၇၆၈ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၂ဝ၆၇ ကျပ်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂ဝ၁ဝ ခု သြဂုတ်လမှာ နှမ်းညို ၁၃၆၇ ကျပ်၊ ၁၅၅၃ ကျပ်၊ နှမ်းဝါ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၆၃၃ ကျပ်၊ ၁၈ဝဝကျပ် ဈေးအသီးသီးနဲ့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း ၈ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု သြဂုတ်လ ၂၅ ရက်အတွင်း မုံရွာမှ မန္တလေးသို့ တစ်တင်းခွဲဝင်အိတ် ၃၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာကို လက်ကား ၂၆၅ဝ ကျပ်၊ လက်လီ ၂၈ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေပါတယ်။                                                                                                                                                                                                  သန်းသန်းတင်

Thursday, 2 Sep 2010

ဈေးအနည်းငယ်ကျပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း    ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များကို ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ နတ်တလင်းနဲ့ ပြည်မြို့အနီး တစ်ဝိုက်ရှိ ကျေးရွာများမှနေ့စဉ်အိတ် ၅ဝဝ-၆ဝဝ ခန့်အထိ ဝင်ရောက်လာသဖြင့် ယခင်အပတ်ထက်စာရင် ဝင်ရောက်မှုမှာ ထက်ဝက် နီးပါးတက်လာခဲ့ပါတယ်။ မိုးနှမ်းအသစ်များအဆက်မပြတ် ထွက်ပေါ်လာ တာကြောင့် ပြည်နှမ်းဈေးကွက်တွင် နှမ်းဈေးအနည်းငယ် ကျဆင်းလာခဲ့ပါတယ်။ မိုးနှမ်းနက် (၄၅) ပိဿာ တစ်အိတ်ကို ၈၆ဝဝဝ ကျပ်နဲ့ မိုးနှမ်းနီ (၄၅ ) ပိဿာ တစ်အိတ်ကို ၆၅၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်စာရင် ဈေးအနည်းငယ် ကျသွားကြောင်း သိရပါတယ်။ ဈေးအနည်းငယ် ကျပေမဲ့ တစ်နေ့ကို နှမ်းအိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                                                                 ဝေဝေမင်း

Thursday, 2 Sep 2010

ဒီတစ်ပတ် နှမ်းတင်ပို့မှုလျော့ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၇ဝဝ ထိ တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (သြဂုတ်လ ၁၆ ရက်မှ ၂၂ ရက်)အတွင်းမှာတော့ တန်ချိန် ၂ဝဝ ကျော်ကို ပြန်လည်လျော့ကျလာတာ တွေ့ရပါတယ်။ ဒီတစ်ပတ် မှာတော့ ကိုရီးယား တစ်နိုင်ငံထဲကို သွားတာတွေ့ရပါတယ်။ ရန်ကုန် ၤဥြ ဈေး အနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၅ဝ-၁၄ဝဝ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                                                                                MIRT - MAPT

Thursday, 2 Sep 2010

 ပြည်တွင်း နို့ဆီ၊နို့စိမ်းဈေးကွက်နို့ဆီအမိုျးမိုျးနဲ့ ပြည်တွင်းဖြစ် နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက် ကားဈေးတွေကတော့ အောက်ပါ အ တိုင်း ဖြစ်ပါတယ် -ပြည်တွင်းလက်ကားဈေး    တစ်ဘူး/ကျပ်                             ရန်ကုန်    မန္တလေးဒွန်း(နို့ဆီ)                     ၆၆ဝ    ၆၈ဝဒွန်း(နို့စိမ်း)                    ၆၁ဝ    ၆၂၅မာရီဂိုး(နို့ဆီ)                  ၅၈ဝ    ၅၉၅လပ်ကီးကောင်း(နို့စိမ်း)       ၅၆၅    ၅၈ဝ                         MIRT (DOT)  နို့ဆီအမိုျးမိုျးနဲ့ ပြည်တွင်းဖြစ် နို့ဆီတွေရဲ့ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအ တိုင်း ဖြစ်ပါတယ် - ပြည်တွင်းလက်လီဈေး        တစ်ဘူး/ကျပ်                            ရန်ကုန်    မန္တလေးဒွန်း(နို့ဆီ)                  ၇ဝဝ    ၇၁၅ဒွန်း(နို့စိမ်း)                 ၆၅ဝ    ၆၁၅ၤေူခသည (နို့ဆီ)            ၅၈ဝ    ၅၉၅ံစေစပ ဃသတ (နို့စိမ်း)   ၆၆ဝ    ၆၇၅ယူကေ နို့ဆီ                ၆ဝဝ    ၆၁၅                       MIRT (DOT)

Thursday, 2 Sep 2010

 နယ်စပ်ကလည်းအဝင်ပို သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနဲ့ကော့သောင်း နယ်စပ်များမှ ပြ သြပ တံဆိပ်နို့စိမ်း ၅ဝဝဝ ကာတွန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၂၂ဝဝ ဖိုးတင်သွင်း ခဲ့ပါတယ်။ ယခင်အပတ်က ၄၇၈၃ ကာတွန်းတင်သွင်းခဲ့တဲ့ ယခုအပတ်မှာ ကာတွန်း ၂၁ဝ ကျော်ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ မြဝတီမှာ နို့စိမ်း ၁ ကာတွန်းကို မိမိဘက်ဈေး ကျပ် ၁၇ဝဝဝ ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးမှာ ၁၅ ဒဿမ ၅ မှ ၁၆ ဒဿမ ၄ ဒေါ်လာ ဖြစ်ပါတယ်။                                                                                                                                                                      Mirt (dobt)

Thursday, 2 Sep 2010

 နို့မှုန့်အဝင်ပို  သြဂုတ်လ တတိယ အပတ် အ တွင်း ပင်လယ်ရေကြောင်းက နို့စိမ်း တန်ချိန် ၁၈၆ တန် တန်ဖိုးကန်ဒေါ်လာ ၁၈၄ဝ၅၄ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခု သီတင်းပတ်အတွင်း နို့စိမ်းသာ တင် သွင်းပြီး နို့ဆီအဝင်မရှိခဲ့ပဲ တင်သွင်းမှု ပမာဏကလည်း ယခင် အပတ်အဝင် တန်ချိန် ၃ဝ၉ တန်နဲ့ ယှဉ်ရင်တန်ချိန် ၁၂၃ တန်လျှော့သွင်းခဲ့တာ တွေ့ရပါ တယ်။ အလားတူ နို့မှုန့် အဝင်မှာလည်း သြစတြေးလျနိုင်ငံက နို့မှုန့် ၄ တန်၊ နယူးဇီလန် နိုင်ငံက နို့မှုန့် ၃၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁၆ဝ၁၇ဝ ဒေါ် လာဖိုး တင်သွင်းခဲ့ပါတယ်။ ဒီရက်သတ္တ ပတ်မှာတော့ နို့မှုန့်အဝင်က ယခင် အပတ် ထက် ၇ ဒသမ ၆ တန်လျှော့ ကာ တင်သွင်းဖြန့်ချိခဲ့ပါတယ်။                                                                                                     MIRT (DOT)

Thursday, 2 Sep 2010

 မလေးရှား၌ ရော်ဘာပိုျးပင်ဌာနခုျပ် ဖွင့်လှစ်မည်  မလေးရှားနိုင်ငံဟာ ရော်ဘာစိုက်ပိုျးရေးအတွက် အရည်အသွေးပြည့်ဝတဲ့  ကုန်ကြမ်းတွေ လုံလောက်စွာ ရောင်းချ ပေးဖို့ရှိပြီး ဆာရာဝပ်ဒေသမှာ ရော်ဘာပိုျးပင်ဌာနခုျပ်ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ မလေးရှား ရော်ဘာအသင်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာအီလီလူဟတ်က စိုက်ပိုျးမြေသစ်ခဲျ့ထွင်ခြင်းနဲ့ ပြန်လည်စိုက်ပိုျးရေးတွေအတွက် ပိုျးပင် သန်းဂဏန်း လောက် လိုအပ်ကြောင်းလာမယ့် အသင်းရဲ့အစည်းအဝေးမှာ အကြံပြုမှာဖြစ်ကြောင်း သိရပါတယ်။ မလေးရှားကျွန်းဆွယ်မှာ မြေနေရာအကန့်အသတ်ကြောင့် ပြန်လည်စိုက်ပိုျးရေးကိုသာ အမြဲလုပ်ဆောင်ခဲ့ပြီး ဆာရာဝပ် မှာတော့ ပြန်လည်စိုက်ပိုျးခြင်းထက် စိုက်ပိုျးမြေသစ်ခဲျ့ထွင်မှာဖြစ်တာကြောင့် ပိုျးပင်ပေါက်တွေ ပိုလိုအပ်ကြောင်း 0x158င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီဒေသဟာ စိုက်ပိုျးသူတွေ မြေယာအသစ်ခဲျ့ထွင်စိုက်ပိုျးဖို့အတွက် မြေလွတ်မြေရိုင်း အဖြစ်ရှိ နေတာဖြစ်ပါတယ်။ မိမိတို့ရဲ့ရော်ဘာ စိုက်ပိုျးရေးသမားတွေ ဝင်ငွေတိုးပွားဖို့အတွက် မျှော်လင့်ထားပြီး စိုက်ပိုျးရေး အကောင် အထည်ဖော်ဖို့ အရည်အသွေးမြင့်မိုျးစိတ်တွေကို သုံးစွဲမှာဖြစ်ကြောင်း 0x158င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ နောက်ဆုံးရရှိထားတဲ့ မိုျးစိတ်ကတော့ မလေးရှားမိုျးစိတ်တစ်မိုျးပဲဖြစ်ကြောင်း ဒေါက်တာအီလီက ပြောကြားခဲ့ပါတယ်။ မလေးရှား ဒုတိယဝန်ကြီးခုျပ်ကတော့ ရော်ဘာအသင်းအနေနဲ့ မိုျးစိတ်မိုျးကို ဖွံ့ဖြိုးအောင်ဆောင်ရွက်မှာဖြစ်ကြောင်း သိရ ပါတယ်။ ဒီမိုျးစိတ်တွေက အရွယ်ရောက်တဲ့ကာလ လျှော့ချပြီး စိုက်ပိုျးပြီး လေးနှစ်အကြာမှာ ရော်ဘာစေး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရော်ဘာစေးထုတ်လုပ်မှု အလားအလာကတော့ တစ်နှစ်ကို တစ်ဟက်တာမှာ ၃ဝဝဝ ကီလိုဂရမ်ကျော် ထုတ်ယူ နိုင်မှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။                                                   Sources: The star.com KZW

Pages