အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းများ ရုတ်ချည်းမြင့်တက်ခဲ့သဖြင့် ငွေလဲစင်တာများတွင် ဒေါ်လာများ အရောင်းပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာဈေးကွက်သတင်း
တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ အာရှနိုင်ငံများစွာရဲ့ နှစ်သစ်ကူးပွဲတော် အား လပ်ရက်တွေကြောင့် ဖေဖော်ဝါရီ ၁၁ ရက် WTO oil ရေနံစိမ်းဈေးနှုန်းများ အနည်းငယ် ကျဆင်းလာတယ်။ မတ်လအရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) က တစ်စည်ကို ၇ ဆင့်ကျဆင်းကာ ၉၅ ဒသမ ၆၅ ဒေါ်လာနဲ့ နယူး ယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၈၃၄ သန်းတန်ဖိုး ရှိ အချိုမှုန့် ၈၃၃ တန်ကျော်ကို ဇန်န ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၁၈၂ တန်နဲ့ ချင်းရွှေဟော်မှ ၆၅၁ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ အချိုမှုန့် ၁၀၂ တန် ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပြည် တွင်းမှစားသုံးမှုများပြီး ဝယ်လိုအားအမြဲ ကောင်းနေတဲ့ အိမ်ရှင်မတို့အကြိုက် ပစ္စည်းအမယ်တစ်မျိုး ဖြစ်တာကြောင့် လည်း သွင်းအားကောင်းနေတာ ဖြစ်ပါ တယ်။
