Background
မဟာသြင်္ကန်ကာလအပြီးတွင်အခေါက်ရွှေများရောင်းလိုအားများပြားလာမှုကြောင့်ရွှေဈေးများ ကျဆင်းလာခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သြင်္ကန်မကျမီကာလကတည်းကရောင်းလိုအားများပြားခဲ့သဖြင့်အကျဖက်သို့ဦးတည်ခဲ့သည့်ရွှေဈေးသည်သြင်္ကန်အပြီး တွင် ထပ်မံကျဆင်းလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေဈေးကသြင်္ကန်မတိုင်မီက တည်းက ကျရိပ်ပြနေတာ။အဲဒီတုန်းကတော့အရောင်းအဝယ်မကောင်းဘဲနဲ့ကို ကျနေ တာ။ခုကတော့ အရောင်း အဝယ်ကောင်းတယ်။ကောင်းတယ်ဆိုတာကရောင်းလိုအားတွေများလာတာ။အဓိကကေ တာ့ အခေါက်ရွှေမှာ ပိုပြီး ရောင်းလိုအားများလာတယ်။ အဲဒီ လိုရောင်းလိုအားများ လာတဲ့အခါ ကျတော့ ရွှေဈေးက ကျသွား တာပဲ။ဒီရက်ပိုင်း လေးမှာ ဝယ်လိုအားက တော်တော် လေးကို နည်းပါ တယ်။ ရောင်းလိုအား များပြီး ဝယ်လိုအားနည်းတဲ့အခါကျတော့ဈေးကကျသွားတာပဲ။အရမ်းကြီးမကျပေမယ့်လေးငါးထောင်လောက်တော့ကျသွား တယ်''ဟု ရွှေ ကုန်သည် ဦးစံမြင့်က ပြောသည်။
မြန်မာ့ရွှေဈေးသည် သြင်္ကန် ကာလအပြီး ဧပြီလ ၁၈ရက်နေ့တွင် ၆၆၅၅၀၀ ကျပ်ရှိခဲ့သော်လည်း ဧပြီလ ၂၁ ရက်နေ့တွင် ကျပ် ၆၆၁၀၀၀ သို့ ကျဆင်းသွားခဲ့သည်။ ဧပြီလ ၂၃ရက် နေ့တွင် ကျပ် ၆၆၁၅၀၀ သို့ ထပ်မံကျ ဆင်းခဲ့ပြီး ဧပြီလ ၂၄ရက်နေ့တွင် ကျပ် ၆၅၈၇၀၀ သို့ ကျဆင်းခဲ့သည်။ သို့သော် ဧပြီလ ၂၅ရက်နေ့တွင် ကျပ် ၆၆၂၅၀၀ သို့ အနည်းငယ်ပြန်လည်မြင့်တက်လာ ခဲ့သည်။
''အရင်နေ့တွေတုန်းက သြင်္ကန် အပြီး ပြန်ရောင်းကြတာတွေများလို့ ဈေးကျသွားပေမယ့် ဒီနေ့(ဧပြီလ ၂၅ ရက်)မှာေ တာ့နည်းနည်းပြန်တက်သွားတယ်။ဒါကလည်းယူကရိန်းအရေးကြောင့်ကမ္ဘာ့ရွှေဈေးကလည်းတက်လာတော့မြန်မာ့ေ ရွှေ ဈး လည်း နည်းနည်းပြန် တက်လာတယ်''ဟု တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် ဧပြီလ ၂၂ ရက်နေ့တွင် ၁၂၉၆ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင် ၁၂၈၃ဒေါ်လာသို့ကျ ဆင်းခဲ့ပြီး ဧပြီလ ၂၅ရက်နေ့တွင် ၁၂၉၁ဒေါ်လာသို့ ပြန်လည်မြင့်တက် လာခဲ့သည်။
ယခုတစ်ပတ်အတွင်း မြန်မာ့ ရွှေဈေးသည် အတက်အကျအနည်း ငယ်ဖြင့်သာလှုပ်ရှားလျက်ရှိနေကြောင်း ရွှေဈေးကွက်စောင့်ကြည့် နေသူတစ်ဦး က သုံးသပ်ပြောကြားသည်။မြန်မာ့ရွှေဈေးသည်ကမ္ဘာ့ရွှေ ဈေးပေါ်တွင် တည်မှီလျက်ရှိနေရာ ကမ္ဘာ့ ရွှေဈေးအတက်အကျပေါ်တွင် မူတည်၍ ဈေးဖွင့်နေသဖြင့် ဈေး အတက်အကျအနည်းငယ်ဖြင့် ရှိနေ ကြောင်း သိရသည်။ ကမ္ဘာတွင် ယူကရိန်းအရေးမှာ တည်ငြိမ်စပြုနေသဖြင့် ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျဆင်းလာခဲ့သော်လည်း ဥရောပဗဟိုဘဏ်၏အတိုးနှုန်းပြောင်း လဲမှုမရှိသောကြောင့် ကမ္ဘာ့ရွှေဈေး တက်လာကြောင်း တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ပြောကြားခဲ့သည်။
ဒီတစ်ပတ် ဓာတ်ဆီတန်ချိန် တစ်သောင်းခြောက်ထောင့်ခြောက်ရာ ခုနှစ်ဆယ်ကျော်နဲ့ ဒီဇယ်တန်ချိန် နှစ်သောင်းကျော်ဝင်ခဲ့
၂၀၁၄ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက် သီတင်းပတ်အတွင်း ဓာတ်ဆီ တန်ချိန် ၁၆၆၇၈ ဒသမ ၆၀၅ တန်နဲ့ ဒီဇယ်တန်ချိန် ၂၀၀၂၁ ဒသမ ၂၂၃တန်၊စုစုပေါင်းတန်ချိန်သုံးသောင်းခြောက်ထောင့်ခြောက်ရာကိုးဆယ့်ကိုး တန်ကို ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီကဒီတစ်ပတ်မှာတန်ချိန် ကိုးရာရှစ်ဆယ်ကျော် အဝင်ပိုခဲ့ပြီး ဒီဇယ်မှာ တန်ချိန် နှစ်သောင်းတစ်ထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
Energy NYMEX
Energy NYMEX 24-1-2014
Price
Change
Change%
Brent Crude Futr (USD/bbl)
107.73
0.15
0.14
Gasoline Rbob Fut (Cent/gal)
266.34
0.16
0.06
Heating Oil Futr (Cent/gal)
308.23
0.56
0.19
Natural Gas Futr (USD/MMBtu)
4.88
0.15
3.15
WTI Crude Future (USD/bbl.)
97.58
0.850
0.88
World Metal Price (US$) | |||||
Date | Sliver/Oz | Zinc/Ton | Aluminum/Tom | Copper/Ton | Platinum/Oz |
20-January |
20.31 | 2112.10 | 1793.79 | 7486.08 | 1457.00 |
21-January | 20.17 | 2104.48 | 1780.35 | 7459.87 | 1461.00 |
22-January | 19.79 | 2119.26 | 1774.53 | 7473.09 | 1451.00 |
23-January |
19.70 | 2096.85 |
1747.20 |
7424.26 | 1444.00 |
နယ်စပ်ငွေလဲလှယ်နှုန်း | ||||
ဇန်နဝါရီလ ၂၀၁၄(1US$) |
||||
ရက် | တရုတ် | ထိုင်း | ဘင်္ဂလားဒေ့ရှ် | အိန္ဒိယ |
(ယွမ်) | (ဘတ်) | (တာကာ) | (ရူပီး) | |
20 |
6.06 |
32.89 | 77.75 | 61.61 |
21 | 6.05 | 32.81 | 77.56 | 61.52 |
22 | 6.05 | 32.87 | 77.70 | 61.90 |
23 | 6.05 | 32.97 | 77.58 | 61.97 |
World Gold Price
Jan, 2014 (USD/OZ)
Date
NY
Landon
Zurich
20
1257
1257
1256
21
1252
1252
1250
22
1236
1236
1237
23
1237
1237
1235
24
1259
1259
1257
Domestic Gold Price
Kyats(Thousand)
Date
Yangon
Mandalay
20-1-2014
661.50
651.50
21-1-2014
662.00
661.30
22-1-2014
659.30
659.45
23-1-2014
657.50
657.30
24-1-2014
662.50
662.40
Currency Exchange Rate
January 24, 2014
Base Currency is
United States Dollar - USD
Currency Unit Units per
USD
AUD Australia Dollars
1.15
BDT Bangladesh Taka
77.54
CAD Canada Dollars
1.11
CNY China Yuan Renminbi
6.05
EUR Euro
0.73
HKD Hong Kong Dollars
7.76
INR India Rupees
62.22
IDR Indonesia Rupiahs
12090.82
JPY Japan Yen
103.27
MYR Malaysia Ringgits
3.33
PKR Pakistan Rupees
105.41
PHP Philippines Pesos
45.42
RUB Russia Rubles
34.25
SGD Singapore Dollars
1.28
KRW South Korea Won
1080.13
LKR Sri Lanka Rupe
130.75
THB Thailand Baht
32.87
GBP United Kingdom Pounds
0.60
VND Vietnam Dong
21070.38ss
Source : xe.com
ယခုတစ်ပတ်အတွင်းမြန်မာ့ရွှေ ဈေးသည် အတက်အကျများရှိနေခြင်း ကြောင့်ရွှေဈေးကွက်အတွင်း အရောင်း အဝယ်အေးလာပြီးဈေးကွက်ကို စောင့် ကြည့်လျက်ရှိနေကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေ ဈေးကို လိုက်ပြီး အတက်အကျများဖြင့် အပြောင်းအလဲများရှိတတ်သော်လည်း ယခုတစ်ပတ်တွင်မူ အတက်အကျများ နေ့စဉ်လိုလိုရှိနေသဖြင့် ရွှေဝယ်ရောင်း သမားများကဈေးကွက်ကို စောင့်ကြည့် နေကြခြင်းဖြစ်ကြောင်း ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။
မြန်မာ့ရွှေဈေး ကျဆင်းသော် လည်း ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ကို ၁၂၀၀ ဝန်းကျင်ရှိနေခြင်းကြောင့် ရွှေအဝယ်မကျခြင်းဖြစ်ကြောင်း၊မန္တလေး မြို့ရှိ ရွှေအရောင်းဆိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။