Background
DVD ကူးနိုင်တဲ့အပြင် Multi Function သုံးနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ပုံစံဗီဒီယိုများကို ကူးယူပေးနိုင်တဲ့စက်ပါ။ ကင်မရာ , Memory Stick, Memory Card တို့ကနေလည်း ကူးယူထားနိုင်ပါတယ်။ တိတ် ခွေ သုံးပြီး ရိုက်ထားတာတွေကို DVD ပုံစံ ပြောင်း ပြီး ကူးယူနိုင်တာက ဒီစက်ရဲ့ အကောင်းဆုံး အားသာချက်ပါပဲ။ AVGHD format အထိ ပံ့ပိုးပေးနိုင်ပါတယ်။ Sony Showroom မှာ တစ်လုံးကို ကျပ်နှစ်သိန်းငါးသောင်းဝန်းကျင်ဈေးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ပေါ့ပေါ့ပါးပါး ကိုင်တွယ် ရိုက်ကူးနိုင်တဲ့ Sony ရဲ့ Handy Camera တစ်မိုျးပါ။ မော်ဒယ်က DCR SR47 ဖြစ်ပါတယ်။ ယခု Camcorder မှာ Resolution က 0.34 mega pixel ရှိပြီး built in memory က 60G ရှိတဲ့အတွက် ခရီးဝေးသွားတဲ့အခါမိုျးတွေမှာ ဓာတ်ပုံတွေကို စိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ်။ Output ထုတ်ပေးနိုင်ဖို့ အတွက် Flash Card နဲ့သုံးလို့ ရမယ့် Port တွေလည်းပါဝင်ပါတယ်။ Screen က ၃လက်မ LCD ဖြစ်လို့ အနေတော် အရွယ်အစားပါပဲ။ Lithium Battery ပါပါတယ်။ ပရို ဂရမ် အခု ၂ဝ ကျော် ပါဝင်ပါတယ်။ အဝေးမြင်ကွင်းတွေကို အကောင်းဆုံးခဲျ့ပြီး ရိုက်ကူးနိုင်ပါတယ်။ built in microphone လည်းပါပါတယ်။ ကျပ်လေးသိန်း ငါးသောင်းဝန်းကျင်ဈေးနဲ့ ကျောက်တံတားမြို့နယ်က မြန်မာ့အလှဆိုင်မှာ ဝယ်လို့ရပါတယ်။
ငွေစက္ကူမှာပါတဲ့ငွေကြိုးပေါ်က အမှတ်အသားကို စစ်ဆေးခွဲခြား တဲ့စက်ပါ။ စစ်ဆေးလိုတဲ့ငွေစက္ကူကို စက်ကလေးထဲထည့်ပြီး ငွေစက္ကူထဲက ငွေကြိုးအမှတ်အသားကို စက်ကနေ တစ်ဆင့်ကြည့်တာဖြစ်ပါတယ်။ စက်ရဲ့ အရွယ်အစားက 190 x 130 x 140မီလီမီတာပဲရှိပါတယ်။ လျှပ်စစ်မီးနဲ့ချိတ် ဆက်ပြီး သုံးရပါတယ်။ မီးအားက ၁၅ ဝပ်ပါ။ တရုတ်နိုင်ငံလုပ်ဖြစ်ပါတယ်။ တစ်လုံးကို ကျပ် ၁၁၇ဝဝ ဈေးနဲ့ အနော်ရထာလမ်းနဲ့ ဗိုလ်အောင်ကျော် လမ်းထောင့်က Central Supermarket အ မှာဝယ်လို့ရပါတယ်။
CDMA 450 စနစ်နဲ့ CDMA 800 စနစ်နှစ်မျိုးစလုံးကို သုံးနိုင်ပါတယ်။ မော်ဒယ်က C 7201 ပါ။ Single sim အမျိုးအစားဖြစ်ပါ တယ်။ လိုင်းဆွဲအား သိပ်ကောင်းပြီး ဘယ်နေရာကပဲဖြစ်ဖြစ် လက်ခံခေါ်ယူပြောဆိုနိုင်တဲ့ ဟန်းဆက်ပါ။ အကြမ်းလည်းခံပါတယ်။ Internal Memory 5MB ပါရှိတဲ့အပြင် Micro SD 2GB ပါရှိပါတယ်။ 2 Mega Pixel ကင်မရာလေးပါပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးနိုင် ပါတယ်။ MP3, FM နဲ့ Voice Recording သုံးလို့ရတာကြောင့် ဖန်ရှင်တွေ စုံတယ်လို့ပြောလို့ရပါတယ်။ ကမာရွတ်၊ လှည်းတန်းက Do Co Mo ဆိုင်မှာ တစ်လုံးကို ကျပ်နှစ်သိန်းနဲ့ ဝယ်လို့ရပါ တယ်။
BLACK BERRY Bold 9700 650000 Ks BLACK BERRY Curve 6920 360000 Ks LG Chocolate BL-20V 285000 Ks LG GD 510 220000 Ks SONY ERICCSON X2 710000 Ks SONY ERICCSON Satio 850000 Ks NOKIA X6 660000 Ks NOKIA N900 620000 Ks NOKIA 2830 73000 Ks CDMA 800 Motorola K2 89000 Ks
အသစ်ဝင်လာတဲ့ ကွန်ပူျ တာတင် စားပွဲလေးတွေပါ။ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးနဲ့ ပုံဖော်ထားပါတယ်။ ကြိတ်သားနဲ့ လုပ်ထားတာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ အောက် ကဒီဇိုင်း နီညိုရောင်အလုံးက F1.12 ဖြစ်ပြီး ကျပ်နှစ်သောင်းကိုး ထောင်ပါ။ အပေါ်ဆုံးက ဒီဇိုင်းလှလှနဲ့ အလုံးက တော့ F1.103 ကျပ် လေးသောင်းငါးထောင် ဖြစ်ပြီး အပေါ်ဒီဇိုင်း ကတော့ F1.122 ကျပ် လေးသောင်း ခြောက် ထောင့်ငါးရာဈေး ရှိပါတယ်။ KMDအရောင်း ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။
အီတလီနိုင်ငံလုပ် Police တံဆိပ် ဖြစ်ပြီး မော်ဒယ်က 2940 ပါ။ ဈေးနှုန်းက ကျပ် တစ်သိန်းလေးသောင်း ဖြစ်ပါတယ်။ Polarize ပါတဲ့အတွက် ညဘက်မှာ မီးရောင်တွေ အလင်းမပြန်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ရာနှုန်းပြည့် ကာကွယ် ပေးနိုင်ပါတယ်။ ပြင်သစ်နိုင်ငံလုပ် LAGERFELD 4533 မျက်မှန်က တစ်လက်ကို ကျပ် တစ်သိန်းဈေးဖြစ်ပါတယ်။ ပြည်လမ်းမပေါ်က စိန် ဂေဟာစူပါမားကတ် မှာ ဝယ်ယူရရှိနိုင်ပါတယ်။
Police 8005B - 130000 KsRayban RB3148 (singapore) - 25000 KsOKELEY - 48000 KsPolice 8179 - 105000 Ks
ဆွစ်ဇာလန်နိုင်ငံလုပ် OMEGA Deville နာရီမှာ တပ်ဆင်ထားတဲ့ မှန် က Spphire မှန်ဖြစ်လို့ ပွန်းတာတွေ အစင်းတွေမထင်ပါ ဘူး။ နာရီစက်တွေကို ရွှေသားအစစ်နဲ့ ပြုလုပ်ထားတာကြောင့် တန်ဖိုးမြင့်သလောက် စိတ်ကျေနပ်မှု ဖြစ်စေမယ့် နာရီပါပဲ။
OMEGA မိန်းမပတ် 6498000 Ks (ရွှေ ၆ ကာရက်နဲ့ စိန်ပွင့်၅ဝ ပါ)OMEGA SEA MASTER(Auto) 2619000 Ks OMEGA SPEED MASTER 3659000 Ks RADO COUPLE 558500 Ks RADO CERAMICE 180000 Ks