Main menu

Background

Tuesday, 11 May 2010

   ခရီးသွားနေတဲ့ အခါမှာဖြစ်ဖြစ်၊ တခြားအလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ် မိမိရဲ့ မိုဘိုင်းဖုန်း အားကုန်သွားလို့ အားသွင်းဖို့ လိုလာရင်  ဒီ Portable Charger လေးက ကူညီပေးပါလိမ့်မယ်။  ပါဝါSource ရှာစရာမလိုတော့တဲ့အတွက် သိပ်အဆင်ပြေလှပါတယ်။    i Phone, i Pod နဲ့  i Pod touch Screen တွေကို အားသွင်းပေးနိုင်တဲ့ Charger  လေးပဲ ဖြစ်ပါတယ်။ 3 G မှာဆိုရင် လေး နာရီ စကားပြောလို့ရအောင် အားသွင်းနိုင်ပါတယ်။    အားသွင်းချိန်က သုံးနာရီပဲကြာပါတယ်။ တစ်လုံးကို ကျပ်ခြောက်သောင်းလေးထောင်ဈေးနဲ့ KMD စင်တာတွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။

Tuesday, 11 May 2010

   လျှပ်စစ်မီး ရှိတဲ့အချိန်မှာ လျှပ်စစ်အားသွင်းထားနိုင်တဲ့ ပန်ကာပါ။  AC ရော DC ပါ နှစ်မျိုးလုံးသုံးနိုင်ပါတယ်။ လျှပ်စစ်မီးရှိတဲ့ အချိန်မှာ အသုံးပြုနိုင်သလို လျှပ်စစ်မီးမရှိတဲ့အချိန်မှာလည်း အားသွင်းထားတဲ့ပါဝါနဲ့ ပန်ကာကို ပြန်ပြီးလည်ပတ်နိုင်တာကြောင့် အစဉ်ပြေလှပါတယ်။    တရုတ်နိုင်ငံလုပ်ဖြစ်ပြီး တစ်လုံးကို ကျပ်နှစ်သောင်းငါးထောင်ဈေးနဲ့ Central Supermarket မှာ ဝယ်ယူနိုင်ပါတယ်။

Tuesday, 11 May 2010

   Apple မှ ဒီဇိုင်းဖော်ပြီး ပုံဖော်ထုတ်လုပ်လိုက်တဲ့ Tablet Computerအမိုျးအစားပါ။ i Padနဲ့ Ebookဖတ်ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ ဗီဒီ ယိုဖိုင်တွေ ဖွင့်ကြည့်ခြင်း ဂိမ်းကစားခြင်း စတာတွေ လုပ်လို့ရပါတယ်။ ယခုနှစ် ဧပြီလမှာ နိုင်ငံတကာဈေးကွက်ထဲ စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။Screen9.7'' အရွယ်ရှိ 1024 x 798 pixel အရည်အသွေးရှိတဲ့  multi touch screen ပါ။ ရောင်စုံဂိမ်းတွေကစားတဲ့အခါ အရည် အသွေးကောင်းတဲ့ ပုံရိပ်တွေ တွေ့နိုင်ပါတယ်။Memory16 GB, 32 GB, 64 GBProcessor1 GHz, Apple A4 ProcessorBatteryLithium ဘက်ထရီကို သုံးထားပါ တယ်။ ၉ နာရီနဲ့ ၁ဝ နာရီကြား အသုံးခံပါတယ်။WiFi902.11 a/b/gin အဆင့် WiFi ဆက်သွယ်မှု ပါဝင်ပါတယ်။Keyboardအလူမီနီယံနဲ့   လုပ်ထားတဲ့ ကီး ဘုတ်ပါတဲ့ Dook Contect ကို သုံး ထားပါတယ်။iPad တစ်လုံးကို  16 GB  ကျပ် ၇၇ဝဝဝဝ၊ 32 GB ကျပ် ၈၈ဝဝဝဝ၊ 64 GB ၉၉ဝဝဝဝ ကျပ်ဈေးနဲ့ ဗိုလ်တထောင်ဘုရားလမ်းက SSS Digital Store မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Tuesday, 11 May 2010

   Hard Disk ပေါ်က High Definition Movie တွေ၊ သီ ချင်းတွေ၊ ဓာတ်ပုံတွေကို မိမိရဲ့ အိမ်က တီဗွီပေါ်မှာ ချိတ်ဆက်ကြည့် နိုင်ဖို့အတွက်သုံးရတဲ့ Media Player လေးပါ။

Thursday, 6 May 2010

   Panasonic Inverter Deluxe အဆင့်မြင့်  အဲယားကွန်းဟာ ကွန်ပကွန်ပရက်ဆာရဲ့ လည်ပတ်နှုန်းအားကို ထိန်းချုပ်နိုင် တာကြောင့် စက်လည်ပတ်သုံးစွဲနေချိန်တစ်လျှောက်လုံးမှာ စရိတ်စခကုန်ကျမှုသက်သာပြီး စွမ်းအင်သုံးစွဲမှု ချွေတာရေးကို ဖြစ်စေ ပါတယ်။ Eco Patrol စနစ်ကြောင့် အခန်းအတွင်းမှာရှိတဲ့ လူဦးရေနဲ့ လှုပ်ရှားမှုအနေအထားအပေါ်မူတည်ပြီး အကောင်းဆုံး အအေးစွမ်းအားနဲ့ စွမ်းအင်အနည်းဆုံး အသုံးပြုနိုင်ဖို့အတွက် စက်ကနေအလိုအလျောက် ထိန်းညှိလုပ်ဆောင်ပေးပါတယ်။

Thursday, 6 May 2010

   ပုံစံသစ် portable DVD ဟာ MRTV ၊MRTV-4၊ မြဝတီတို့ဖမ်းယူ ကြည့်ရှုနိုင်တဲ့အပြင် EVD ၊DVD၊ VCD ၊ CD နဲ့ MP3 တို့ပါ ကြည့်လို့ ရပါတယ်။ USB port ပါတဲ့အပြင် SD ကတ်လည်းသုံးလို့ရပါတယ်။ ဂိမ်းလည်း ကစားလို့ရပါတယ်။ AC ရော DC ပါ သုံးလို့ရပါတယ်။ AV in နဲ့ out ပါတဲ့ အတွက် တခြား ပလေယာစက်တွေနဲ့ လည်း တွဲပြီးကြည့်လို့ရပါတယ်။ တရုတ်နိုင်ငံလုပ်ဖြစ် ပြီး၊ ဈေးနှုန်းက ကျပ် တစ် သိန်းငါးသောင်းရှိပါတယ်။ ပြည်လမ်း စိန်ဂေဟာ စူပါမားကက်မှာ ဝယ်လို့ရပါတယ်။

Thursday, 6 May 2010

   i Tune ကတစ်ဆင့် အင်တာနက်နဲ့ တိုက်ရိုက်ဆက်ပြီး သီချင်းတွေကို Download ရယူနိုင်ပါတယ်။ i Pod tab ပါတဲ့ တီဗွီ၊ ပရိုဂျက်တာနဲ့ ဗီဒီယိုစက်တွေမှာ ချိတ်ဆက်ပြီး သုံးလို့ရပါတယ်။ Screen အရွယ်အစားက ၁ ဒသမ ၈ လက်မရှိတာကြောင့် ဓာတ် ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်ပါတယ်။

Thursday, 6 May 2010

   ဧပြီလအတွင်း  ဝင်ရောက်လာတဲ့ စကူတာ (scooter) အသစ်ပါ။ ဒီ စကူတာအသစ်မှာ ခြေတင်ခုံကို လေယာဉ်ပံျတောင်ပံ ပုံစံ    ပုံဖော်ထားတဲ့အတွက် ခြေနှစ်ဖက်စလုံး တင်စီးလို့ရပါတယ်။ wriggle တံဆိပ်ဖြစ်ပြီး၊ မော်ဒယ်က scooter 68 ဖြစ်ပါ တယ်။ တစ်ခုကို ကျပ်နှစ်သောင်းငါးထောင်နဲ့ ပြည်လမ်းက စိန်ဂေဟာ စူပါမားကက်မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Thursday, 6 May 2010

   Bluetooth စနစ်မပါရှိတဲ့ pc တွေမှာ Bluetooth စနစ်တပ်ထားတဲ့ မိုဘိုင်းဖုန်းနဲ့ တခြား gdget တွေနဲ့ ချိတ်ဆက်သုံးနိုင် အောင် ဒီကိရိယာလေးက ကူညီပေးပါတယ်။ မိမိကွန်ပူျတာရဲှ့ USB port မှာ ဒီ  bluetooth USBလေးကို ထိုးပြီး Driver CD နဲ့  install  လုပ်လိုက်ရင်  မိမိကွန်ပျူတာဟာ bluetooth သုံးလို့ရသွားပြီ ဖြစ်ပါတယ်။ အဲဒီမိုဘိုင်းဆက်သွယ်ရေး လမ်းကြောင်း တစ်ခုနဲ့  ကြိုးမဲ့ အင်တာနက်  ဆက်သွယ်သုံးလို့ ရသွားပြီပေါ့။  တစ်ခုကို  ကျပ် လေးထောင့်ငါးရာ ဝန်းကျင်နဲ့ လင်းသူဇာ ကွန်ပျူ တာဆိုင်မှာ ဝယ်လို့ရပါတယ်။

Wednesday, 5 May 2010

   Fountain Type သောက်ရေ သန့်စက်ဟာ ခေတ်မီလှပတဲ့ ဒီဇိုင်းပုံစံ သစ်ရှိတဲ့အပြင် ပေါ့ပေါ့ပါးပါးရှိအောင် လည်း လုပ်ထားပါ တယ်။ Fountain Type ရေသန့်စက်ရဲ့ ထူးခြားချက်က တော့ အရည်အသွေးမြင့်အဆင့် ၅ ဆင့် ပါတဲ့ ရေစစ်တွေကို စက်အတွင်း မှာ  5 in 1 Filter Catridge တစ်ခုတည်းနဲ့ ထည့်သွင်း တပ်ဆင်ထားပါတယ်။ ဒါ့ အပြင် Filterအသစ်လဲဖို့လိုအပ်လာတဲ့ အခါမှာ ရေစက်ကနေအလိုအလျောက် အချက်ပေးမှာ ဖြစ်တဲ့အပြင် ပြုပြင် ထိန်းသိမ်းရတာလဲ အလွန်လွယ်ကူလှပါတယ်။ ရေအဖွင့် အပိတ် ဘားကိုလည်း စက်မှာပူးတွဲတပ်ဆင်ထားပါတယ်။ ဈေးနှုန်းကကျပ် နှစ်သိန်း ရှစ်သောင်းရှစ်ထောင်ဖြစ်ပြီး ကမာရွတ်မြို့နယ် ဘုရင့် နောင်လမ်းမကြီးက Ever Seiko မှာ ဝယ်လို့ရပါတယ်။

Pages