Main menu

Background

Thursday, 6 May 2010

   ဧပြီလအတွင်း  ဝင်ရောက်လာတဲ့ စကူတာ (scooter) အသစ်ပါ။ ဒီ စကူတာအသစ်မှာ ခြေတင်ခုံကို လေယာဉ်ပံျတောင်ပံ ပုံစံ    ပုံဖော်ထားတဲ့အတွက် ခြေနှစ်ဖက်စလုံး တင်စီးလို့ရပါတယ်။ wriggle တံဆိပ်ဖြစ်ပြီး၊ မော်ဒယ်က scooter 68 ဖြစ်ပါ တယ်။ တစ်ခုကို ကျပ်နှစ်သောင်းငါးထောင်နဲ့ ပြည်လမ်းက စိန်ဂေဟာ စူပါမားကက်မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Thursday, 6 May 2010

   Bluetooth စနစ်မပါရှိတဲ့ pc တွေမှာ Bluetooth စနစ်တပ်ထားတဲ့ မိုဘိုင်းဖုန်းနဲ့ တခြား gdget တွေနဲ့ ချိတ်ဆက်သုံးနိုင် အောင် ဒီကိရိယာလေးက ကူညီပေးပါတယ်။ မိမိကွန်ပူျတာရဲှ့ USB port မှာ ဒီ  bluetooth USBလေးကို ထိုးပြီး Driver CD နဲ့  install  လုပ်လိုက်ရင်  မိမိကွန်ပျူတာဟာ bluetooth သုံးလို့ရသွားပြီ ဖြစ်ပါတယ်။ အဲဒီမိုဘိုင်းဆက်သွယ်ရေး လမ်းကြောင်း တစ်ခုနဲ့  ကြိုးမဲ့ အင်တာနက်  ဆက်သွယ်သုံးလို့ ရသွားပြီပေါ့။  တစ်ခုကို  ကျပ် လေးထောင့်ငါးရာ ဝန်းကျင်နဲ့ လင်းသူဇာ ကွန်ပျူ တာဆိုင်မှာ ဝယ်လို့ရပါတယ်။

Wednesday, 5 May 2010

   Fountain Type သောက်ရေ သန့်စက်ဟာ ခေတ်မီလှပတဲ့ ဒီဇိုင်းပုံစံ သစ်ရှိတဲ့အပြင် ပေါ့ပေါ့ပါးပါးရှိအောင် လည်း လုပ်ထားပါ တယ်။ Fountain Type ရေသန့်စက်ရဲ့ ထူးခြားချက်က တော့ အရည်အသွေးမြင့်အဆင့် ၅ ဆင့် ပါတဲ့ ရေစစ်တွေကို စက်အတွင်း မှာ  5 in 1 Filter Catridge တစ်ခုတည်းနဲ့ ထည့်သွင်း တပ်ဆင်ထားပါတယ်။ ဒါ့ အပြင် Filterအသစ်လဲဖို့လိုအပ်လာတဲ့ အခါမှာ ရေစက်ကနေအလိုအလျောက် အချက်ပေးမှာ ဖြစ်တဲ့အပြင် ပြုပြင် ထိန်းသိမ်းရတာလဲ အလွန်လွယ်ကူလှပါတယ်။ ရေအဖွင့် အပိတ် ဘားကိုလည်း စက်မှာပူးတွဲတပ်ဆင်ထားပါတယ်။ ဈေးနှုန်းကကျပ် နှစ်သိန်း ရှစ်သောင်းရှစ်ထောင်ဖြစ်ပြီး ကမာရွတ်မြို့နယ် ဘုရင့် နောင်လမ်းမကြီးက Ever Seiko မှာ ဝယ်လို့ရပါတယ်။

Wednesday, 5 May 2010

   တရုတ်နိုင်ငံလုပ်ဖြစ်ပြီး ရေခဲ သေတ္တာလို့ဆိုပေမယ့်  အအေးဓာတ် သာမက အပူဓာတ်ထိန်းပေးတဲ့ ပစ္စည်းအနေနဲ့လည်း သုံးလို့ ရပါတယ်။ ပလတ် စတစ်နဲ့ ပြုလုပ်ထားတာပါ။ အမြင့်က တစ်ပေခွဲလောက်ရှိပြီး  အလွယ်တကူ သယ်ယူသွားနိုင်ပါတယ်။    ရေခဲသေတ္တာလို   သုံးရာကနေ အနွေးဓာတ်ထိန်းတဲ့ပစ္စည်းလို  ပြောင်း သုံးချင်ရင် နောက်မှာပါတဲ့ ခလုတ်လေး ကို ပြောင်းနှိပ် လိုက်ရုံပါပဲ။ ဈေးနှုန်းက ကျပ် ရှစ်သောင်းရှစ်ထောင့်ငါးရာရှိပြီး ပြည်လမ်းက စိန်ဂေဟာ စူပါမားကတ်မှာ ဝယ်လို့ရပါတယ်။

Saturday, 1 May 2010

   ဂျပန်နိုင်ငံလုပ် Brother အမှတ်တံဆိပ် ပရင်တာ ဟာ Print, Fax, Copy, Scan, Pc Fax နဲ့ Internet Fan စတဲ့ လုပ်ငန်းခြောက် မျိုးကို လုပ်ဆောင်နိုင်ပါတယ်။ ကာလာလေဆာပရင်တာ ဖြစ်ပါတယ်။ Wirless Network ချိတ်ပြီး သုံးနိုင်ပါတယ်။ Memory က 128 MB နဲ့ အမြန်နှုန်းက 300 MHz ရှိတဲ့ processor ပါပါတယ်။ ရောင်စုံမင်ကုန်သွားရင် အဖြူအမည်း မင်ဘူးကို အစားထိုး သုံးနိုင်ပါတယ်။ ပရင့် resolution က 2400 x 600 dip ရှိပြီး ပရင့်ထုတ်ပေးနိုင်တဲ့နှုန်းက တစ်မိနစ်ကို A4 အရွက် ၂ဝ နှုန်း ထုတ်ပေးနိုင်ပါတယ်။ Network ချိတ်ပြီး သုံးတဲ့နေရာမှာ Lock, Colour Usage ပါရှိပါတယ်။ ကင်မရာနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တိုက်ရိုက် ပရင့် ထုတ်နိုင်တဲ့အပြင် USB Drive ထဲက ဖိုင်တွေကိုလည်း တိုက်ရိုက်ပရင့်ထုတ်လို့ရပါတယ်။  ဈေးနှုန်းက  ကျပ် တစ်ဆယ့်ခြောက်သိန်း ကျော် ဝန်းကျင်ဈေးရှိပြီး  ပုဇွန် တောင်မြို့နယ် ၅၁ လမ်းက Alliance Star Co,.Ltd မှာ ဝယ်လို့ရပါတယ်။

Saturday, 1 May 2010

    Acer Aspire Timeline 4810TG               890000    ks    Acer Aspier Timeline 4810 T                740000    ks    Acer Aspier 4740 G                            725000    ks            Acer Aspier 4736 Z                            540000    ks    Lenovo Ideapd Y450                         850000    ks    Lenovo Ideapd U450                         790000    ks    Lenovo Ideapd B450                         600000    ks    MSI CR 400                                      557000    ks    MSI GT 628                                     1185000   ks    MSI U 135                                       435000    ks    Toshiba Satellite L 510 (PSL F 8L)       545000    ks    Toshiba Portete M900 (PSU7LL)         869000    ks    ASUS K401J vx245D                         709000    ks    Samsung N150                                395000    ks    Samsung N210                                460000    ks

Saturday, 1 May 2010

   Notebook ကို အချိန်ကြာကြာသုံးတဲ့အခါ အပူသက်သာစေဖို့ Notebook ရဲ့အောက်မှာ ခံထားပေးရတဲ့ အအေးခံကိရိယာပါ။ Notebook အပူလွန်ပြီး ပျက်စီးမသွားရအောင် ကာကွယ်ပေးပါတယ်။ Notebook Cooling Pad DX 604  ဟာ ပါးပါးလျလျ ပုံဖော် ထားပြီး အအေးပေးပန်ကာ သုံးလုံးပါပါတယ်။ ပန်ကာတစ်ခု ချင်းစီရဲ့ လည်ပတ်နှုန်းက 1800 rpm ရှိပါတယ်။ အသံဆူညံမှုလည်း မရှိလှပါ ဘူး။ လျှပ်စစ်အားကို Notebookု ရဲ့ USB ပို့ကနေ ရယူနိုင်ပါတယ်။ Cooling Pad ရဲ့အရွယ်အစားက  300 x 230 x 13.8mm ပဲရှိပါတယ်။ တစ်ခုကို ကျပ်နှစ်သောင်းဝန်းကျင်ဈေးနဲ့ ပန်းဆိုး တန်းလမ်းက KMD ဆိုင်မှာဝယ်လို့ရပါတယ်။

Saturday, 1 May 2010

   ALTECLANSIN တံဆိပ်ဖြစ်ပြီး Built-in အမ်ပလီ  ဖိုင်ယာပါတဲ့အပြင် PC ကွန်ပျူတာ၊ MP3တို့နဲ့တွဲပြီးဖွင့်လို့ရ ပါတယ်။ စပီကာရဲ့ output ပါဝါက 3 watt ရှိပြီး အသံကို အမြင့်ဆုံး တင်ထားရင်တော့ 6 watt ရှိပါတယ်။ စပီကာရဲ့ တစ်ဖက်မှာ အသံအတိုးအကျယ် ညှိလို့ရတဲ့ Built-in ကွန်ထရိုး ခလုတ်ပါပါတယ်။King Service Wisdom မှာ တစ်စုံကို ကျပ် ၈၅ဝဝ နဲ့ ဝယ်လို့ရပါတယ်။

Saturday, 1 May 2010

    Genius SPS-110                   -     6,700     Ks    Genius SP-HF260 X-Wood     -     28,300    Ks    Genius SW-F2 1300             -     31,500    Ks    Microlab CDCD SPK002         -     29,000    Ks    Microlab CDCD SPK004         -     26,000    Ks

Saturday, 1 May 2010

    Canon ip6320 withview Screen    47000     ks    Canon Lbp3100                         250000   ks    Canon ix4000                            320000   ks    HP Laserjet 2055d                     348000   ks    HP Laserjet 1522N                     359000   ks    Samsung ML 1640 (Mono Laser)  99000     ks    Samsung CLP 3175 (Color)         335000    ks    FUJI xerox PE 220                    420000     ks    FUJI xerox Phaser 3124             140000     ks    Epson LQ 300                          200000     ks   

Pages