Background
ရုပ်သံလိုင်းအစီအစဉ်တွေကို ကွန်ပျူတာနဲ့ ကြည့်လို့ရမယ့် USB Hybrid DVB-T Stick & USB 2.0 DVB-T Stick ရုပ်သံလိုင်းအစီအစဉ်တွေကို ကွန်ပျူတာနဲ့ ဖမ်းယူကြည့်ရှုလို့ရမယ့် USB DVB -TStick လေးတွေပဲဖြစ် ပါတယ်။ USB Hybrid DVB-TStick က Analoge System အတွက်ဖြစ်ပြီး USB 2.0 DVB-TStick ကတော့ Digital System အတွက် ဖြစ်ပါတယ်။ အဲဒီ DVB-TStick ု လေးတွေဟာ ရုပ်မြင်သံ ကြားဖမ်းစက်မလိုဘဲ ကွန်ပျူတာနဲ့တွဲပြီး MRTV, MRTV- 3, MRTV-4 မှာ Free Line ပေးထားတဲ့လိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် FM ရေဒီယိုလိုင်းတွေကိုလည်း ဖမ်းယူ နားဆင်နိုင်ပါသေးတယ်။ ဒါ့အပြင် အဲဒီ T stick တွေဟာ တစ်နေ့တာ မိမိနားမဆင်လိုက်ရတဲ့ အစီအစဉ်တွေကို ပြန်လည်ကြည့်ရှုနိုင်အောင်လည်း Record လုပ်ပေးထားနိုင်ပါ တယ်။ အဲဒီ USB TStick တွေနဲ့ တွဲပြီးသုံးရမယ့် ကွန်ပျူ တာဟာ P4 Patinum 1.7 ရှိပြီး Memory ဟာ 512M နှင့်အထက်ရှိရပါမယ်။ VGA Card က 32Mရှိရမှာဖြစ်ပါတယ်။ USB Port ကလည်း 2.0 အပြည့်ထွက်တဲ့ Port ဖြစ်ရပါမယ်။ Window XP, 7, Bista, စတဲ့ Window တွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ် ဆိုရင်တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆)တို့မှာUSB Hybrid DVB -T Stick က ကျပ် ၂၉၈ဝဝ ဝန်းကျင်နဲ့USB 2.0 DVB-T Stick က ကျပ် ၁၈၈ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
သံဃာတော်တွေအတွက် အလွယ်တကူ သယ်သွားလို့ရတဲ့ အိတ်ဆောင် တိပိဋက စာဖြေသံဃာတွေ၊ ကျမ်းပြု သုတေသီတွေအတွက် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်မူရင်းကျမ်းတွေကို ကိုယ် နဲ့မကွာ သယ်ဆောင်သွားသည့်အလား ပေးစွမ်းဖြည့်စွမ်းပေးမယ့် အိတ်ဆောင်တိပိဋက ကွန်ပျူတာ အသေးစား လေးပဲဖြစ်ပါတယ်။ စာသားတွေ ဖတ်ရှုရာမှာ အဆင်ပြေ စေနိုင်မယ့် ထောင့်ဖြတ် ၄ x ၃ လက်မအရွယ် LCD Touchscreen ပါဝင်ပါတယ်။ သုတ္တန်ဒေသနာတော်တွေ ကို လွယ်လွယ်နဲ့ မြန်မြန်ရှာနိုင်ဖို့ Processor ရဲ့ပါဝါ ကိုလည်း မြှင့်ပေးထားပါတယ်။ အမြန်နှုန်း 533 MHz နဲ့ လုပ်ဆောင်ပေးနိုင်တဲ့ AKM 1136JF-S Processor ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Memory 128MB နဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 4GB ရှိပါတယ်။ အဲဒါ ကို ဆောင်ထားတဲ့အတွက် ဆဋမူပါဠိတော်ကျမ်းအားလုံး ကို ဖတ်ရှုနိုင်ပါတယ်။ ဒါပြင့် တွေ့သမျှကျမ်းတွေမှာပါတဲ့ စာလုံးတွေရဲ့ အဓိပ္ပာယ်ကိုလည်းရှာလို့ရနိုင်တဲ့ အဘိဓာန် ကိုလည်း ထည့်သွင်းထားပါတယ်။ သုတ္တန်ဒေသနာတော် တွေကိုလည်း လိုသလို ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာလိုအဖွင့်ရေးပြီး မူရင်းကျမ်းသွားလို့ရတဲ့ ဝတ္ထုလမ်း ညွှန်လည်း ပါဝင်ပါတယ်။ English-Myanmar, Myanmar- English အဘိဓာန်ပါဝင်ပါတယ်။ မြန်မာပါဠိတော်သာမက အား လုံးကို အင်္ဂလိပ်လို romanize လုပ်ထားတာကြောင့် ပါဠိရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ရိုက်သွင်းရှာဖွေမှုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သံဃာတော်တွေ ကျမ်းပြုပညာရှင်တွေ လိုအပ်လို့ဝယ်ယူချင်တယ်ဆိုရင်တော့ ဆိပ်ကမ်းသာ လမ်းက Life Mark ကွန်ပျူတာအရောင်းဆိုင် ဖုန်း- ၃၉၁၆၉ဝ၊ ၃၉၁၆၉၁မှာ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။ တစ်နှစ်အာမခံပေးထားတဲ့အတွက် အသုံးပြုရာမှာ အဆင်ပြေစေနိုင်ပါတယ်။ တစ်လုံးကို ကျပ် ၁၆ဝဝဝဝ ဝန်းကျင်ရှိပါတယ်၊
ရုပ်ထွက်ကောင်းတဲ့ SSK High Definition Camera 027 ကင်မရာရဲ့ အရည်အသွေးဟာ တခြားကင်မရာတွေနဲ့မတူဘဲ Mega Pxiel ပါဝင်မှုပမာဏ များတဲ့အတွက် ရုပ်ထွက် ကောင်းမွန်ပါတယ်။ သွားလေရာနေရာကို သယ်ယူသွား လို့ရအောင် လုပ်ထားတဲ့ Portable Webcam လေးပါ။ ခေါက်သိမ်းနိုင်သလို မိမိလိုချင်တဲ့ ပုံစံမျိုးစုံ ပြုလုပ်နိုင်ပါတယ်။ ဒါပြင့်Focus ပါဝင်တဲ့အတွက် ရုပ်ပုံတွေကို ကြည်လင်ပြတ်သားမှုရှိမရှိ ကြည့်ရှုပြီး လိုအပ်သလို အနီးအဝေး ချိန်ထားနိုင်ပါတယ်။USB Cable ပါဝင်ပေမယ့်လည်း မည်သည့် USB Cable ကြိုး မည်မျှရှည်ရှည် အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂- ၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကိုကျပ် ၁၂၈ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
အာရှစမတ်ဖုန်း ဈေးကွက်ပွင့်လန်း စတ်ဖုန်းအရေအတွက်တွေဟာ ကမ္ဘာ့ စုစုပေါင်းတင်ပို့မှုရဲ့ ၁ဝ ရာခိုင်နှုန်း ရှိတယ်လို့ တချို့ ကျွမ်းကျင်သူတွေက ပြောပြီး တချို့ကတော့ ၃၅ ရာခိုင်နှုန်း ရှိတယ်လို့ တောင်ခန့်မှန်းကြပါတယ်။ နောင်လာမယ့် သုံးနှစ်ငါးနှစ်အတွင်းမှာ အာရှပစိဖိတ်ဒေသဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် လျင်မြန်စွာ ကြီးထွားပြီး အကြီးဆုံးဈေးကွက်တစ်ခုဖြစ် လာနိုင်ပါတယ်။ အာရှဒေသကတော့ အဲဒီလိုဖုန်းမျိုးတွေ တင်ပို့ရာမှာ ကမ္ဘာ့ တင်ပို့မှုရဲ့လေးပုံတစ်ပုံရှိတယ်လို့ သုတေ သနလုပ်ငန်းတွေဖြစ်တဲ့ Canalys, Frost & Sullivan နဲံ့ ABI သုတေသနတွေက ခန့်မှန်းပါတယ်။ ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်မှာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှု စုစုပေါင်းရဲ့တစ်ဝက်က အာရှဆိပ်ကမ်း တွေကို ရောက်လာလိမ့်မယ်လို့ လေ့ လာသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်လိုနိုင်ငံတွေ မှာ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက် လာတဲ့အတွက် စမတ်ဖုန်းသုံးသူတွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွမ်းကျင် သူတွေက ခန့်မှန်းကြပါတယ်။ ထိုမျှမက စမတ်ဖုန်းလုပ်ငန်းကြီးနှစ်ခုက ယခုနှစ်အတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှုက ရလာမဲ့ အသီးအပွင့်တွေကိုရယူခံစားဖို့ ကြိုးပမ်း နေပါတယ်။ ဒီကုမ္ပဏီကြီးနှစ်ခုကတော့ သုံးလပတ် တစ်ကြိမ်မှာ ပျှမ်းမျှဖုန်း သုံး သန်းတင်ပို့နေတဲ့ နိုကီယာနဲ့ မိုဘိုင်း ဆော့ဝဲကိုအဆင့်မြင့်အောင် ထုတ်လုပ် ဖို့ ကြိုးစားနေတဲ့ ဝင်းဒိုးကုမ္ပဏီတို့ ဖြစ် ပါတယ်။ ''သူတို့ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုက မရေရာမှုပါပဲ။ စမတ်ဖုန်း ထုတ်လုပ် သူတွေက စမတ်ဖုန်းတွေ ဈေးသက် သာအောင် ထုတ်လုပ်နေကြတယ်။ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်းတစ်ခုကို ပျှမ်းမျှ ၂၉၄ ဒေါ်လာနှုန်းပေးခဲ့ရပေမဲ့ ယခုနှစ် မှာတော့ ၂၅၅ ဒေါ်လာပဲ ပေးရတော့မယ်''လို့ ABI သုတေသနအဖွဲ့က ပြောပါတယ်။ Source:CNA
မွှေးရနံ့သင်းသင်းလေးနဲ့ အရည်ပါခြင်ပြေးစက် Mosquito Hacker မွှေးရနံ့ သင်းသင်းလေးနဲ့ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်တဲ့ ခြင်ပြေးစက် Mosquito Hacker လေးပဲ ဖြစ်ပါတယ်။ အနံ့သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး လိမ္မော်ရနံ့၊ ကြာပန်းရနံ့၊ ပန်းရနံ့အနက် မိမိကြိုက်နှစ်သက်ရာ ရနံ့လေးကို သုံးစွဲနိုင်ပါတယ်။ မီးခိုးမထွက်၊ ပြာမကျွေတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်တဲ့အပြင် အနံ့ ကြောင့်လည်း လူတွေကိုအန္တရာယ် မဖြစ်စေနိုင်ပါဘူး။ အရည်တစ်ဘူးကို နာရီ ၃ဝဝ ကြာ အသုံးပြုနိုင်ပါတယ်။ ခြင်ဆေးရည် တစ်ဘူးဟာ ၁၅ မီတာအကျယ်ရှိတဲ့ အခန်း တွင်းကို ခြင်တွေမလာနိုင်အောင် တားဆီးပေးမှာ ဖြစ်ပါတယ်။ အိမ်မီးနဲ့တိုက်ရိုက်အသုံးပြုလို့ရပြီး လျှပ်စစ်သုံးစွဲ မှုမှာ ၅ ဝပ်သာရှိတဲ့အတွက် စွမ်းအင်ကို ချွေတာရာလည်း ရောက်ပါတယ်။ အရည်ပါဝင်မှုပမာဏမှာ ၄၅မီလီလီတာ ပါဝင်ပြီး အရည်ကုန်သွားတဲ့အခါမှာလည်း အရည်သီးသန့် ဝယ်ယူလို့ရတဲ့အတွက် သုံးစွဲသူတိုင်းကို အဆင်ပြေစေနိုင်ပါတယ်။ လိုအပ်တဲ့သူတိုင်းအတွက် အနော်ရထာ လမ်းမ ပေါ်မှာရှိတဲ့ အဲဗားဖိုင်း အီလက်ထရွန်းနစ်စတိုး ဖုန်း- ၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ အရည်ပါ တစ်စုံကို ကျပ် ၃၅ဝဝ၊ အရည်တစ်ဘူးကို ကျပ် ၂ဝဝဝနဲ့ မေးမြန်းစုံစမ်း ဝယ်ယူရ ရှိနိုင်ပါတယ်။
ရေဖျန်းပန်ကာ Mist Stand Fan မိုးရာသီရောက်နေပေမယ့် ပူအိုက်နေတဲ့ အချိန်ဖြစ်တာကြောင့် အဲယားကွန်းလိုမျိုး အအေးဓာတ်ကို ပေးစွမ်းနိုင်တဲ့ ရေဖျန်းပန်ကာ Mist Stand Fan လေးပဲဖြစ်ပါတယ်။ အဲဒီရေဖျန်းပန်ကာလေးဟာ အဝေးထိန်း စနစ်ပါဝင်တဲ့အပြင်Timer လည်း ပါဝင်ပါတယ်။ ပန်ကာရဲ့ ရှေ့ဘက်မှာ ရေထည့်ဖို့ခွက်တစ်လုံး ပါဝင်ပြီး အမြန်နှုန်းအဆင့် သုံးဆင့်နဲ့ မိမိလိုအပ်တဲ့ လေပမာဏကို အသုံးပြုနိုင်ပါတယ်။ ရေဖျန်းပန်ကာရဲ့ Mist Button ကို နှိပ်ခြင်းဖြင့် ပန်ကာမှ ရေမှုန်လေးများဟာ နှင်းများသဖွယ် ထွက်လာပြီး ပတ်ဝန်းကျင်ကို အေးမြစေနိုင်ပါတယ်။ ဖြုတ်ရ တပ်ရ လွယ်ကူတဲ့အပြင် ဆေးရကြောရတာလည်း လွယ်ကူပါတယ်။ ရေခွက်အတွင်းသို့ ရေတစ်ခါဖြည့်ထားပါက ၁ဝ နာရီကြာအသုံးပြုနိုင် ပါတယ်။ ပန်ကာတပ်ဆင်မှုအပိုင်းမှာ Screw Type ဖြစ်ပြီး ပေါ့ပါးတဲ့အတွက် သယ်ဆောင်ရ လွယ်ကူပါတယ်။ အေးမြမှုကို ခံစားလိုသူတိုင်းအတွက် စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗား ဖိုင်း အီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာတစ်လုံးကို ကျပ် ၅ဝဝဝဝ နဲ့ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။
Auto Back up System yg0ifwJU SATA HDD Docking Station BS-HD 004 မိမိသိမ်းထားချင်တဲ့အရာတွေကို သီးသန့် Back up လုပ်စရာမလိုဘဲ ခလုပ်နှိပ်ရုံနဲ့ Back up လုပ်ပေးနိုင်တဲ့ SATA HDD Docking Station လေးပါ။Laptop တွေမှာလည်း External HDD အနေနဲ့အသုံးပြုနိုင်ပါတယ်။ USB Port နှစ်ပေါက်နဲ့ E SATA Port တွေလည်း ပါဝင်ပါတယ်။ ဒါ့ပြင် Card Reader အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ AC Power Adaptor နဲ့အသုံးပြုရမှာ ဖြစ်ပါတယ်။ PC အတွက်ရော Laptop အတွက်ပါ အသုံးပြု နိုင်ဖို့ အတွက် ကြိုးတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ အသုံးမပြုခင်မှာ Driver ကို Install လုပ်ပေးရမှာ ဖြစ်ပါတယ်။ Auto Back System ပါဝင်တဲ့အတွက် Back up လုပ်ရဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ F@X ကွန် ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃ လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း-ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၂၁၈ဝဝ ဝန်းကျင် နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။
နာရီ ၁ဝ၈ဝ စာ အသံသွင်းလို့ရတဲ့ HQ - 10 Digital Voice Recorder အသံအား ကောင်းကောင်းနဲ့ အချိန် ၁ဝ၈ဝ နာရီစာ အသံဖိုင်တွေကို ဖမ်းယူပေးထားနိုင်တဲ့HQ-10 Digital Vocie Recorder လေးပဲဖြစ်ပါတယ်။ အသံကို ကောင်းစွာ ဖမ်းယူနိုင်ပြီး Build-in 2G Memory ပါဝင်ပါတယ်။MP-3 ပုံစံမျိုးနဲ့ သီချင်းပါ နားထောင်လို့ရပါတယ်။ ဒါ့အပြင် ကြိုးဖုန်း နဲ့တွဲပြီးတော့လည်း အသံကို Record လုပ်လို့ရပါသေးတယ်။ LED Display Screen ပါဝင်တဲ့အတွက် မိမိအသံဖမ်း ယူထားတဲ့ အသံဖိုင်တွေကို ပြန်လည် နားထောင်လိုတဲ့အခါ ရွေးချယ်ပြီး ပြန် လည် နားထောင်နိုင်ပါတယ်။ Speaker, Mic, External Earphone တို့ပါဝင်တဲ့အတွက် အသုံးပြု သူတိုင်း အဆင်ပြေစေမယ့် Recorder လေးပဲဖြစ်ပါတယ်။ အေသုံးလုံး ဘက်ထရီနှစ်လုံးကို အသုံးပြုရမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း- ၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃ လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း-ဝ၂- ၆၉၃၈၉၊ ဝ၉- ၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၄၉၅ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင် ပါတယ်။
HP တံဆိပ်ကို နှစ်သက်သူများအတွက် ပရင်တာ၊ စကင်နာ၊ မိတ္တူနဲ့ ဖက်(စ်)ပို့တဲ့ အလုပ်တွေကို စက်တစ်လုံးတည်းနဲ့ သုံးလို့ရ အောင် စီစဉ်ထားတဲ့ All in One ပရင်တာပါ။ ပရင့်ထုတ်နှုန်းက တစ်မိနစ်ကို A4 ၁၈ ရွက်နှုန်း ထုတ်ပေးနိုင်ပါ တယ်။ Resolution ကလည်း 600 dots per inch(dip) ရှိလို့ ထွက်လာမယ့် ပရင့်ပုံရိပ်တွေ ကောင်းမွန်ပါတယ်။ တစ်လုံးကို ကျပ်သုံးသိန်းသုံးသောင်း ဝန်းကျင်ဈေးနဲ့ KMD အရောင်း စင်တာတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
ခရီးသွားနေတဲ့ အခါမှာဖြစ်ဖြစ်၊ တခြားအလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ် မိမိရဲ့ မိုဘိုင်းဖုန်း အားကုန်သွားလို့ အားသွင်းဖို့ လိုလာရင် ဒီ Portable Charger လေးက ကူညီပေးပါလိမ့်မယ်။ ပါဝါSource ရှာစရာမလိုတော့တဲ့အတွက် သိပ်အဆင်ပြေလှပါတယ်။ i Phone, i Pod နဲ့ i Pod touch Screen တွေကို အားသွင်းပေးနိုင်တဲ့ Charger လေးပဲ ဖြစ်ပါတယ်။ 3 G မှာဆိုရင် လေး နာရီ စကားပြောလို့ရအောင် အားသွင်းနိုင်ပါတယ်။ အားသွင်းချိန်က သုံးနာရီပဲကြာပါတယ်။ တစ်လုံးကို ကျပ်ခြောက်သောင်းလေးထောင်ဈေးနဲ့ KMD စင်တာတွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။