Main menu

Background

Thursday, 25 Aug 2016

      စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်သည် ကုန် သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက်  သြဂုတ်လ ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၇၈ လမ်းမပေါ်ရှိ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းအသင်းရုံး၌ ကျင်းပပြုလုပ်သော ကုန်သည်လုပ်ငန်း ရှင် များနှင့် တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

Wednesday, 24 Aug 2016

       ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ နေ့စဉ်မြင့်တက်လာမှုများ  ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိ ရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် ကတည်းက ပြည်တွင်းရွှေဈေး များ မြင့်တက်ခဲ့ သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်ခဲ့သည့်နည်းတူ ယခင် တစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့သဖြင့် ဈေးကွက်တွင် အရောင်းအဝယ် များ အေးသည်ထက်အေးစက် လာခဲ့ကြောင်း ေ ရွှဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

Wednesday, 24 Aug 2016

       သြဂုတ် ၇ ရက်မှ ၁၃ ရက်  သီတင်းပတ်အတွင်းအဆင့်မြင့်ဒီဇယ် ၆ ဒသမ ၃၂၂ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင် စုစုပေါင်းမှာ ၇၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အဆင့်မြင့် ဒီဇယ်နဲ့ စက်ဆီ၊ ချောဆီ၊ ရေနံကတ္တရာစေးနဲ့ အင်ဂျင်ဝိုင်တို့  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ် တဲ့ မြဝတီ စခန်းမှ  ကန်ဒေါ်လာ ၂၉၂၉၈ တန်ဖိုးရှိ ဓာတ်ဆီ ၅၀ ဒသမ ၅ တန်တင်သွင်းခဲ့သလိုမြိတ်စခန်းမှ ကန်ဒေါ်လာ ၅၉၉၄၈၂ တန်ဖိုးရှိ ဒီဇယ် ၁၂၆၀ တန်၊ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ၁၄၈၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၈၄ ဒသမ ၂၈၁ တန်နဲ့

Wednesday, 24 Aug 2016

     မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အစိုးရသစ်တာဝန်ယူပြီးနောက် အမေရိကန်ပြည်သူများ၊ အမေရိကန် စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုများ ပိုမိုလာခဲ့ပါသည်။ ယင်းနှင့်ဆက်စပ်လျက် ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများအသင်းစသည့် စီးပွားရေးအဖွဲ့အစည်းကြီးများသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍများနှင့် ထိတွေ့လျက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေပါသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု လုပ်ငန်းများ

Wednesday, 24 Aug 2016

       ရှမ်းနနွင်းကတော့ ဒီတစ်ပတ်မှာ ဝယ်လက်ပျောက်နေပါတယ်။ အဝင်လည်း မရှိဘူးလို့ သိရပါတယ်။ လက်ကျန်လည်းနည်းပြီး ပိဿာချိန် နှစ်သိန်းခန့်သာ ကျန် ရှိတော့တယ်လို့လည်း သိရပါတယ်။ အရောင်းအဝယ်ကတော့ ပွဲရုံ လက်ကျန်တွေ နဲ့သာ ရောင်းဝယ်နေရပါတယ်။ ဝယ်လက်ကြီးတွေ  ရှိတဲ့နေရာတွေမှာ ရေကြီးနေ တာကြောင့် အရောင်းအဝယ်တွေက တန့်သွားတယ်လို့လည်း ဈေးကွက်က သိရ ပါတယ်။

Wednesday, 24 Aug 2016

        ပခုက္ကူကုန်စည်ဒိုင်မှာ အခုတစ်လော အရောင်း အဝယ် အေးနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ အထူး ပြောချင်တာက ပဲစင်းငုံသီးနှံပါ။  ရာသီဥတုကြောင့်  အထွက်နည်းတာရယ် နိုင်ငံခြားက နှစ်စဉ်အဝယ်လိုက် တာတွေေ ကြာင့် အထင်တကြီးနဲ့ တစ်တင်းကို ကျပ် ၅၀၀၀၀ ပတ်လည်ကနေ ကျပ် ၅၂၀၀၀-၅၃၀၀၀ အထိ ဈေး မြှင့်ပြီးအရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဈေးဆက်တက်မယ်ထင်တာနဲ့ အခုပဲ ကျပ် ၆၀၀၀၀ ဖြစ်မှာလိုလို ကျပ် ၇၀၀၀၀  ဈေးြ ဖ စ်မှာလိုလိုနဲ့ မလွှတ် ဘူး ကိုင်ထားမယ်၊  လှောင်ထားမယ်ဆိုပြီး ရဲရဲဝံ့ဝံ့ လှောင်ခဲ့ ကြတယ်။ ယခုနောက်ပိုင်း  ဖြစ်ပေါ်နေဆဲ ဈေးတွေအရ တစ်တင်းကျပ် ၃၅၃၀၀ ဈေးနဲ့  အရောင်းအဝယ်ဖြစ်နေ လေတော့ တစ်တင်းအပေါ် ကျပ် ၁၇၀၀၀-၁၈၀၀၀ အရှုံး ပေါ်နေတာက

Wednesday, 24 Aug 2016

       ပြည်ပဲမျိုးစုံဈေးကွက်အတွင်း သြဂုတ်လ တတိယပတ်မှာ ပဲဈေးအားလုံးလိုလို ဈေးလျော့နည်းခဲ့တာကြောင့် ပြည်ပ ဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများအပြင် ကုလားပဲမှာလည်း ဈေးလျော့နည်းကျဆင်းခဲ့တာ ကို တွေ့ရ ပါတယ်။ ကျန်လက်လီပဲများကတော့ ဈေးငြိမ်သလို အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ပဲကြီးသီးနှံမှာ ဈေး လျော့မသွားဘဲ ယခင်ရက်သတ္တပတ်အတိုင်း ဈေးဆက်ငြိမ်နေကာ လက်လီဝယ်လက်သမားများ အပြင် ပဲကြော်ဖိုလုပ်ငန်း သမားများလည်း ပုံမှန်အဝယ်ရှိနေခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းအတွင်း  ပဲအဝင်သိပ်မရှိ တော့လို့ လက်ကျန်ပဲများဖြင့် ရန်ကုန်ဝယ်လက်ဝယ်ယူတဲ့ အပေါ်မူတည်ပြီး တစ်ရက်အိတ် ၄၀၀ ကျော် ၅၀၀ အရောင်း အဝယ်ဖြ

Tuesday, 23 Aug 2016

        ရန်ကုန်မြို့၊ ဝါးတန်း ကုန်စည်ဒိုင်ရဲ့ ဆန်ချောလက်ကား ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန်  ထိပ်စ တစ်အိတ် ကျပ် ၃၆၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ မြောင်းမြပုသိမ် ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၅၀၀၊ လတ်စ တစ် အိတ် ကျပ် ၃၄၅၀၀၊ နယ်စုံ ကျိုက်လတ်ပေါ်ဆန်းဆန် တစ် အိတ် ကျပ် ၃၅၅၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၃၀၀၀၊ ရွှေဘို ပေါ်ဆန်းတစ်အိတ်  ကျပ် ၄၃၀၀၀ မှ ကျပ် ၄၆၀၀၀ အထိရှိ ပြီး၊ ယခင်တစ်ပတ်ဈေးအတိုင်း အတက်အကျမရှိဘဲ ဈေးငြိမ် နေပါတယ်။ ကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန်ရှိနေပြီး ယခင် တစ်ပတ်ထက်  အဝယ်နည်းနည်းအေးလာတယ်လို့ ဝါးတန်း ကုန်စည်ဒိုင်မှ သိရှိရပါတယ်။

Tuesday, 23 Aug 2016

         သြဂုတ်လ ဒုတိယပတ်ဖြစ်တဲ့ ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၃၄၆၉ တန်တင်ပို့ခဲ့ရာ မူဆယ် ( ၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၉၃၄ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၁၃၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၁၁ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၇၀၂၃ တန် တင်ပို့ခဲ့ပါတယ်။   ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်း ယှဉ်ပါက ၂၇၇၈ တန် လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။ ဆန်တင်ပို့မှု လျော့နည်းသော်လည်း ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ပိုမိုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သုညဒသမ ၈၂၈ သန်း တန်ဖိုး ရှိ  ဆန်ကွ

Thursday, 18 Aug 2016

     မြန်မာနိုင်ငံတွင် ကော်ဖီပင်၊ လက်ဖက်ပင်များအား အအေးပိုင်း ဒေသဖြစ်သည့် ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲနဲ့ ပြင်ဦးလွင်မြို့တို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး၊ ယခင်က ပြင်ဦးလွင် ခြင်္သေ့ကော်ဖီမှုန့်သည် အေ ရာအနှောမပါသဖြင့် (PureCoffee) ဟု နာမည်ရခဲ့ပါသည်။ ယခုအခါနည်းညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စားသုံးကုန်များသည် ရောင်းလိုအား မြှင့်တင်သကဲ့သို့ ဝယ်လိုအားလည်း အရှိန် မြင့်လာခဲ့ပါသည်။ ယခင်က ပို့ကုန်တင်ပို့ရာတွင် ကော်ဖီစေ့သာ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ Coffee Mix အသင့်ပြုလုပ်နိုင်သော Raw For Instant Coffee Powder အား ပြည်ပနိုင်ငံများမှ ဈေးကွက်ဝယ်လိုအားရှိသဖြင့် စင်ကာပူနိုင်ငံသို့

Pages