Main menu

Background

Wednesday, 17 Aug 2016

ယခုတစ်ပတ်တွင်  သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်းလာခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့ သည့်အနိမ့်ဆုံးနှုန်းထားအောက်သို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ် ပြန်ချက်များအရ သိရသည်။ သီလဝါ ရှယ်ယာဈေးများကျဆင်း ခဲ့သော်လည်း အက်ဖ်အမ်အိုင်၏ ရှယ် ယာဈေးများမှာမူ ပုံမှန်အတိုင်းရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။

Wednesday, 17 Aug 2016

      ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေတစ်ကျပ်သားလျှင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးဆောင်ရမည်ဟူသည့် သတင်းထုတ်ပြန် ချက်ကြောင့် ဈေးကွက်အတွင်း ဂယက်ရိုက်ခတ်မှုများရှိနေကြောင်း သိရသည်။ ရွှေဆိုင်များအနေဖြင့် မူလရွှေရောင်းချသူထံမှ ရွှေဝယ်ယူသည်နှင့် ကုန်သွယ် လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးဆောင်ပြီးသော ပြေစာအား တောင်းခံရမည်ဖြစ်သည်။ ရွှေတစ်ကျပ်သားတန်ဖိုး၏ ငါးရာခိုင်နှုန်းအား ကုန် သွယ်လုပ်ငန်းခွန်အဖြစ် ပေး ဆောင်ရမည်ဆိုသောကြောင့် ရွှေလုပ်ငန်းရှင်အများစု အခက်ကြုံနေရကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

Wednesday, 17 Aug 2016

       ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက်ငြိမ်သက်နေခဲ့သည့် ပြည်တွင်း ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ငွေလဲနှုန်းမြင့် တက် လာခဲ့မှုကြောင့် ဈေး ကွက်အတွင်း လှုပ်လှုပ်ရှားဖြစ်လာခဲ့ပြီး အရောင်းအဝယ် ပြန်လည်သွက်လာခဲ့ သည်ဟု ဆိုသည်။

Tuesday, 16 Aug 2016

ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်း နနွင်း ၃၈၂ ဒသမ ၃၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံသို့  ၁၅၈ ဒသမ ၃၃ တန်၊ဘင်္ဂလားဒေ့ရှ်သို့ ၁၁၂ တန် နဲ့ အိန္ဒိယသို့ ၁၁၂ တန်တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူသို့ အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က နနွင်း ၁၄၈တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် ၂၃၄ တန်ကျော် ပိုမိုတင်ပို့နို င်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၉၄၈၈၂ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း

Tuesday, 16 Aug 2016

      မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ရပ်သွားပေမယ့် ပြည်တွင်းသုံး ဝယ်လိုအား မြင့်နေဆဲမို့ ပဲလက်ကျန်နည်းသလို ဈေးလည်း ဆက်လက် မာခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် အတွ င်းမှာ ကုလားပဲ ဖြူလုံးကြီး တစ်တင်း ၄၁၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၄၀၃၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၉၇၀၀ ကျပ်အထိ ဈေး အသီးသီးမာနေပြီး၊ ဒေသတွင်းနဲ့ မန်းဝယ်လက် အဝယ်ပုံမှန် အဆွဲရှိလို့ တစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

Tuesday, 16 Aug 2016

     သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းအသစ်များ ဆက်လက်ဝင်ရောက်လျက်ရှိရာ တစ် ရက်လျှင်အိတ် ၄၀၀ ကျော်အထိ ပဲအဝင် များလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင် ကျီးသဲ၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နယ်စုံသလောက် ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသများက အဝင်ရှိသလောက် ဝယ်ယူနေတဲ့ အတွက် အရောင်းအဝယ် သွက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲဈေးနှုန်းကတော့ ပဲပေါ်စ အ ဖွင့်ဈေးထက် ဈေး အနည်းငယ်လျော့သွားခဲ့တာကြောင့် တစ်တင်းကျပ် ၂၃၅၀၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ပြည်ပဝယ်လို အားရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနဲ့  နှိုင်းယှဉ်လျှင်လည်း ပဲတီစိမ်း ဈေးအေးနေေ ကြာ င်း လေ့ လာသိရှိရပါ

Tuesday, 16 Aug 2016

   သြဂုတ်လ ပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၂၄၆ တန် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၅၈၅ တန်နဲ့ ဧည့်မထ ဆန် တန် ၁၂၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစန်းမှ ငစိန်ဆန် ၁၅၄ တန်ကျော် နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၃၀၇ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံးပတ်က တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၂၉၁၅ တန် ပိုမိုတင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲပါ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

Tuesday, 16 Aug 2016

    ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့်  ရေဘေးအတွက် အဆိုပါဒေသရှိ မြို့နယ်အသီးသီးမှ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များက ဆန်အိတ် စုစုပေါင်း ငါးသောင်းကို ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ နတ် တလင်း၊ မိုးညို၊ လက်ပံတန်း၊ သာယာဝတီ မြို့များမှ ရေကြီးနစ်မြုပ်ဒေသများသို့ သွားရောက် လှူဒါန်းလိုသည့် မည်သည့်အလှူရှင်များမဆို နီးစပ် ရာမြို့နယ်များတွင် ဆန်အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်နှင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ  စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်က

Tuesday, 16 Aug 2016

      ရန်ကုန် ဝါးတန်းဆန်ဈေးကွက်မှာ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၃၅၀၀ ခန့်ဈေးတက် ပြီးကျန်တဲ့နယ်စုံပေါ်ဆန်းဖြစ်တဲ့  ဖျာပုံ၊ ပုသိမ်၊  ကျိုက်လတ် ကတော့ တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ  ဈေးတက်ေ ကြာင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခုတစ်ပတ်မှာ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကို ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၅၀၀၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၃၇၅၀၀နဲ့ လတ်စ တစ်အိတ်ကို ကျပ် ၃၄၅၀၀၊ နယ်စုံ(ကျိုက်လတ်) ထိပ်စတစ် အိတ်ကိုကျပ် ၃၅၅၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ဈေးထက်တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ ဈေးတက်လာပါတယ်။

Monday, 15 Aug 2016

       ကသာခရိုင်အင်းတော်မြို့နယ်မှ  တောင်သူများအနေ ဖြင့် ၎င်းင်းတို့အကျိုးအမြတ်ရရှိတဲ့ ဆင်း-၃ စပါး မျိုးကောင်းမျိုး သန့်များကို ပြောင်းလဲစိုက်ပျိုးနေပြီဖြစ်ပါတယ်။ အင်းတော်မြို့နယ်မှာရှိတဲ့ မိုးစပါးစိုက် ဧကများအနက် ၅၀ ရာခိုင်နှုန်းကျော်က ဆင်း-၃ စပါးများကို စိုက်ပျိုးကြပါတယ်။ ဆင်း-၃ ဆန်ကို ဗန်းမော်မှတစ်ဆင့်  တရုတ်ပြည်သို့ တင်ပို့ ရောင်းချနေတဲ့အတွက် ဈေးကွက်ခိုင်မာမှုရှိတာကြောင့် တောင်သူတွေအများအပြား စိုက်ပျိုးနေကြတာဖြစ်ပါ တယ်။

Pages