Main menu

Background

Wednesday, 31 Aug 2016

      ပခုက္ကူဈေးကွက်အတွင်းသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းက မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ  စတင်ဝင်ရောက်ခဲ့ပြီး  တစ်ပိဿာလျှင် အမြင့် ဈေး ကျပ်၂၅၀၀၊ အနိမ့်ဈေး ကျပ် ၁၄၀၀ ဈေးဖြင့် ဈေးကောင်းရရှိခဲ့ပြီး၊ ကြက်သွန်နီစိုက် တောင်သူများမှာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြသည်။ သို့သော် ဆောင်းစိုက်(ပင်စိုက်) များကို ပိုမို စိုက်ပျိုး၍ ဖြစ်ထွန်းအောင်မြင်ခဲ့ သော်လည်း ကြက်သွန်နီစိုက်တောင်သူများ မျှော်မှန်းသလို  ဈေးကောင်း မရဘဲ ေ ဆာင်းစိုက် (ပင်စိုက်)များ ပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့် ကျပ် ၆၀၀၊ အနိမ့် ကျပ် ၅၀၀ ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာခဲ့သည်။

Wednesday, 31 Aug 2016

  ယခုတစ်ပတ်တွင် ပြည်တွင်း ငွေ လဲနှုန်းများသည် ကျပ် ၁၃၀၀ နီးပါး အထိ မြင့်တက်ခဲ့ပြီးမှ ကျပ် ၁၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်းဈေးကွက်အတွင်းမှ သိရှိရသည်။သြဂုတ် ၂၃ ရက်တွင်  အတက် ပြလာခဲ့သည့် ငွေ လဲနှုန်းများသည် သြဂုတ်လ ၂၄ ရက်တစ်ရက်တည်းမှာပင် အမြင့်ဆုံး ၁၂၂၈ ကျပ်သို့ ရောက်ရှိခဲ့ သည်။ သို့သော် ထိုနေ့ညနေပိုင်းတွင် ၁၂၁၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ သည်။ နောက်ရက်များတွင် ဆက်လက် ကျဆင်းခဲ့ပြီး ရက်သတ္တတစ်ပတ်၏ဈေး ပိတ်ရက်ဖြစ်သည့်သောကြာနေ့တွင် ၁၂၀၈ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

Wednesday, 31 Aug 2016

           ပဲခူးတိုင်းဒေသကြီး  ပြည်ပဲမျိုးစုံ  ဈေးကွက်အတွင်း သြဂုတ်လ  တတိယပတ်မှစ၍  ပြည်ပဝယ်လက် ပဲအားလုံး ဈေးဆက်လက် ကျဆင်းနေသလို ပြည်တွင်းဝယ်လက် ပဲအချို့ လည်း ဈေးလျော့နည်းနေခဲ့တာကိုတွေ့ရပြီး ပဲတီစိမ်းသီးနှံသာ ယခုတစ်ပတ်ဈေး အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။ ပဲတီစိမ်းသစ်များမှာ သြဂုတ်လဆန်းမှစ၍  ပေါင်းတလည်၊ ပေါက်ခေါင်းဘက်မှ ဝင်ရောက်ခဲ့ပြီး မန္တလေး ဝယ်လက်သမား များက ဝင်လာသမျှ ပဲတီ စိမ်းသစ်များအား ဝယ်ယူလျက် ရှိပါ တယ်။

Wednesday, 31 Aug 2016

        ရန်ကုန်မြို့ ဆန်ဈေးကွက်မှာ ဝါးတန်းကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းအရ သြဂုတ် ၂၆ရက်အထိ တစ်ပတ်အတွင်း ဆန်ချော တစ်အိတ်လျှင် ကျပ် ၅၀၀ခန့် ဈေးကျကြောင်းသိရပါတယ်။ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကို ကျပ် ၃၅၅၀၀၊ လတ်စ တစ်အိတ်ကို ကျပ် ၃၃၀၀၀၊ မြောင်းမြ ပုသိမ်ပေါ်ဆန်း ထိပ်စတစ်အိတ်ကို ကျပ် ၃၇၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၄၀၀၀၊ နယ်စုံ ကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၅၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၅၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ကျပ် ၅၀၀စီ ဈေး ကျလာပါတယ်။ ဈေးကျပေမယ့် အဝင်ပုံမှန်ရှိပြီး အရောင်း အဝယ်လည်း ပုံမှန်ရှိကြောင်း သိရပါတယ်။

Tuesday, 30 Aug 2016

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ မော် တော်ယာဉ်ဥပဒေ ပြင်ဆင်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာ အစိုးရဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်းနှင့် တရားဝင်အသိအမှတ်ပြု မော်တော် ယာဉ်ဖြန့်ဖြူးေ ရာင်းချ သူများအသင်းတို့မှ ဥက္ကဋ္ဌများကို ဖိတ်ကြားထားကြောင်း သိရသည်။

Thursday, 25 Aug 2016

        ကသာခရိုင် မိုးရာသီထွက်ကုန် မျှစ်များကို အဝယ်ဒိုင်များမှ ကုန်ကြမ်းအလိုက်ဝယ်ယူပြီး မန္တလေး ရွှေဘို၊ မုံရွာ မြို့ကြီးများကို တင်ပို့ ရောင်းချလျက် ရှိပါတယ်။ ကချင်ပြည်နယ် နယ်စပ် ကျေးရွာများဖြစ်တဲ့ မော်လူးဒေသကထွ က်ရှိတဲ့ မျှစ်များကို မျှစ်အစိုအတိုင်း မရောင်းဘဲ တန်ဖိုးမြှင့်ထုတ်ကုန် မျှစ်ခြောက် ပြုလုပ်ရောင်းချလို့ ပိုမိုအကျိုးအမြတ် ရှိနေတယ်လို့ သိရပါတယ်။

Thursday, 25 Aug 2016

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်   သြဂုတ်လ ဆန်းပိုင်းက ကားတန်ဆာခ ဆန်တစ်အိတ်လျှင် ၄၀၀ ကျပ်မှ သြဂုတ်လ (၅၊၆) ရက်မှစ၍  ပုသိမ်-ရန်ကုန် ကားလမ်းမ ပေါ်တွင် ရေကြီးလျက်ရှိရာ ယခင်တန်ဆာခ ၄၀၀ ကျပ်မှ ၄၅၀-၅၀၀ ကျပ်သို့ တဖြည်းဖြည်း    မြင့်တက်လျက်  ယခု လက်ရှိအချိန်တွင် ဆန်တစ်အိတ်လျှင်   ၆၀၀ ကျပ်နှုန်း မြင့် တက်သွားကြောင်း ပုသိမ်မြို့၊ မြတ်လေးလမ်း  ကိုကျော်လွင် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ ဂိတ်မှူး ဦးကျော်လွင်က ပြောပါတယ်။

Thursday, 25 Aug 2016

      မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ  မြေပဲလုံးဆန်အနေနဲ့ နယ်အဝင်ပါးလို့ ပစ္စည်း လက်ကျန်နည်း၊ ပစ္စည်းကောင်းလည်း နည်းတဲ့အတွက် တရုတ်ဝယ်လက် ပါးသွားခဲ့တယ်လို့ ဈေးကွက်မှ  သိရပါတယ်။ ယခုတစ်ပတ်အတွင်း မြေပဲလုံးဆန် (နီ) တစ်ပိဿာ ၂၆၅၀ ကျပ်၊ လုံးဆန် (ဖြူ) တစ်ပိဿာ ၂၆၀၀ ကျပ်နဲ့ ဆီဆန်တစ်ပိဿာ ၂၁၂၅ ကျပ်အထိ ဈေးအမြင့်ဆုံးပေါက်ခဲ့ပြီး၊ ဒေသတွင်း ဆားလှော်သမားနဲ့ လက်လီပုံမှန် ဝယ်လို အားရှိလို့ တစ်ရက်တင်း ၃၀၀ မှ ၅၀၀အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက်က တစ်ရက် အိတ် ၁၅၀ခန့် ရှိခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ဆီဆန်ကတော့ ဝယ်လိုအား ကောင်းကာ တစ်ရက် အိတ် ၃၀၀၀ ခန့် ဖြစ်ခဲ့ပြီး၊ လိုအပ်ခ

Thursday, 25 Aug 2016

    တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုကြောင့် ဖြစ်ပေါ်ရသော တင်းမာမှုများကို    လျော့ပါးစေရန် အတွက်  Code Of Conduct မူဘောင် ကို ၂၀၁၇ ခုနှစ် အလယ်ပိုင်းမှာ အပြီး သတ်ဆောင်ရွက်ဖို့ တရုတ်နဲ့  အာဆီ ယံ တို့က ဆောင်ရွက်နေကြတယ်လို့ သြဂုတ် ၁၇ ရက်က နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြထားကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံနဲ့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့က မဟာဗျူဟာရေကြောင်း လမ်းမှာ ပဋိပ က္ခဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်လာမှာကို ရှောင်ရှားနိုင် ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ချမှတ် ဖို့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင် ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အချုပ်

Thursday, 25 Aug 2016

        ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ် ၆ ရက်မှ ၁၂ ရက် အထိ ပို့ကုန် တင်ပို့နိုင်မှုအခြေအနေမှာ  အမေရိကန်ဒေါ်လာ ၃၄၈ ဒသမ ၉၂ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၄၃ ဒသမ ၄၈၈ သန်း ဖြစ်ပြီး၊ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၂ ဒသမ ၄၀၈ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၄၃၂ သန်းဖြစ်ပြီး ထိုသို့ ပိုမိုရခြင်းမှာပြောင်း၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ လို့ ဖြစ်ပါတယ်။

Pages