Main menu

Background

Thursday, 18 Aug 2016

       ပြည်ခရိုင် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ဩဂုတ်လ ၈ ရက်က ပဲခူးတိုင်းဒေသကြီး  (အနောက်) ပြည်မြို့၌ အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့ကြောင်း သိရသည်။အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ခေ တ်မီ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံး နိုင်အောင်ဆောင်ရွက်ရန် ၊ စက်ကိရိယာများကို စုပေါင်းဝယ်ယူအသုံးပြု နိုင်ရန်၊ မှန်ကန်သော အရည်အသွေးရှိသည့် သွင်းအားစုများကို စုပေါင်းဝယ်ယူ သုံးစွဲနိုင်ရန်၊ ငွေကြေးအရင်းအနှီးများ ရရှိအောင် စုပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်သူများအကျိုးအမြတ်များ ပိုမိုရရှိစေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။အသင်းဖွဲ့စည်းခြင်းအခမ်းအနားသို့ မြန်မာနိုင

Thursday, 18 Aug 2016

     ဒီတစ်ပတ်ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေး  ဆက်လက်ကျ ဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးဈေးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ကတစ်ပိဿာကျပ် ၂၀၇၀ ရှိခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ် ပတ်မှာ ဈေးဆက်လက်ကျဆင်းခဲ့ပြီး တစ်ပိဿာ ၂၀ဝ၅ ကျပ် (တစ် တန်ကို ၁၂၂၇၈၄၁ ကျပ်) နဲ့ ဈေးဖွင့်ခဲ့ပြီး တစ်နေ့ကို အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲဖြူ လုံးကြီးကတော့ ယခင်တစ်ပတ်မှာ တစ်ပိဿာ ၂၁၆၀ ကျပ်ရှိခဲ့ပေမယ့် ယခု တစ်ပတ်မှာ တစ်ပိဿာ၂၁၈၅ကျပ်(တစ်တန်ကို၁၃၃၈၀၇၂ကျပ်) ဖြစ်ခဲ့တာကြောင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးတစ်နေ့ကို အိတ်၅၀ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းလည်း သိရပြီး ကုလား ပဲဟော်လန်က

Thursday, 18 Aug 2016

    ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးပြန်တက်ခဲ့ပြီး ပဲတီစိမ်းဈေးကတော့ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ယခင်တစ် ပတ်မှာ မတ်ပဲဈေးတစ်ပိဿာ ၂၄၇၀ ကျပ်သာရှိခဲ့ပေမယ့် ယခု တစ်ပတ်မှာ တစ်ပိဿာကို ၂၇၅၀ ကျပ် (တစ် တန်ကို ၁၆၈၄၀၇၂ ကျပ်ဖြစ်ခဲ့တာမို့ ယခင်တစ်ပတ်ထက်  ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ပဲခွဲစက်တွေက အဝယ်ရှိပြီး တစ်နေ့ကို သုံးတင်း အိတ် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲတီစိမ်းအညာ ကတော့ ယခင်တစ် ပတ်မှာ တစ်ပိဿာ ၁၄၈၅ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာတော့  တစ်ပိဿာ ၁၃၆၉ ကျပ်(တစ်တန်ကို ၈၃၈၃၆၁ ကျပ်) သာရှိခဲ့တာမို့ ယခင်တစ်ပတ်ထက်ဈေး ကျဆင်းခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်နေ့ကို သုံးတင်းအိတ် ၂၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြေ

Thursday, 18 Aug 2016

      ဧရာဝတီတိုင်း  ဒေသကြီး၏ ထွက်ကုန်များတွင် ပြည်ပ ဈေးကွက်ဝင် ငါးရှဉ့်များကို နှစ်ပတ်လည် တင်ပို့ ရောင်းချလျက် ရှိသော်လည်း ပွင့်လင်း  ရာသီထက် ယခုလိုမိုးတွင်းတွင် ငါးရှဉ့် များ ပိုမိုဝင်ရောက်လျက် ရှိကြောင်း ဈေး ကွက်မှ သိရပါတယ်။ ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှာ တင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်း ငါးရှဉ့်အဝင် နည်းသွား ကြောင်း၊ ပုသိမ်ဈေးကွက်မှ တင်ပို့ သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွဲ နှစ်မျိုး သာ Export ဈေးကွက်တင်ပို့လျ က်ရှိ ကြောင်း၊ ကျန်းမာရေးအတွက် သွေး အားကောင်းပြီး ဆေးဖက်ဝင် အစား အစာအဖြစ် ပြည်ပနိုင်ငံများတွင် လူ ကြိုက်များမှု ရှိကြောင်း၊ ပြည်တွင်းတွင် ပြည်တွင်းစားသုံးမှုနှင့် ဟိုတယ်စာ အဖြ

Thursday, 18 Aug 2016

    မန္တလေးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပ မည့် အိမ်ခြံမြေအရောင်းပြပွဲတွင် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် ဖိုးခန့်ရောင်းချ ရမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါပြပွဲကို စီစဉ်သူဖြစ်သည့် iMyanmar House ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Thursday, 18 Aug 2016

      အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏နိုင်ငံ ရပ်ခြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနကို မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသံရုံးတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယင်းဌာနစတင်ဖွင့်လှစ်ခြင်းကို သြဂုတ် လ ၈ ရက်က မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၌ ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံရပ် ခြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန၏ အုပ်ချုပ်ရေးမှူး ဖီးလ်ကာစတင်က "မြန်မာနို င်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ပိုမိုပူးပေါင်းပါဝင်လာစေရေးနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူ တွေ လက်တွေ့ခံစားနိုင်မယ့် စီးပွားရေးအကျိုးရလဒ်တွေကို ဆောင် ကြဉ်းပေးနိုင်ရေး

Thursday, 18 Aug 2016

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် သွင်းကုန်လိုင်စင် လျှောက်ထားရယူ ဆောင်ရွက်ရ မည့် ကုန်စည် ၄၄၀၅ လိုင်းအနက် ကုန်စည်လိုင်း ၂၆၇ လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းများအဖြစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ဖြေလျှော့မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ WTO ၏ Agreement on Impo rt Licensing Procedures နှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန်အတွက် လိုင်စင်လျှောက်ထားရန်လိုသည့် သွင်းကုန်အမယ်များစာရင်းကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စ

Wednesday, 17 Aug 2016

     ယခုတစ်ပတ် ပြည်ဈေးကွက်သို့ မိုးမြေပဲသစ်များ ဝင်ရောက်မလာပေမယ့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်မြို့ အတွင်း ကျေးရွာများမှာ ရေများဝင် ရောက်သဖြင့် မြေပဲဆန် ဝင်ရောက်မှုမရှိတာတွေ့ရပါတယ်။ လက်ကျန်ေြ မပဲဆန် များကို မိုးထဲရေထဲဖြစ်ပေမယ့်လည်း ရန်ကုန်ဆီစက်နဲ့ မြို့တွင်းဆီစက်များက အဝယ်ရှိသဖြင့် ဆီဆန်ဈေးအနည်းငယ်တက်ပြီး လုံးဆန် ဈေးမှာ ပုံမှန်ဖြစ်လျက်ရှိ ပါတယ်။ မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျ ပ် ၁၈၀၀၊ လုံးဆန်တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် တစ်နေ့လျှင် အိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။

 

Wednesday, 17 Aug 2016

   ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ၅၂၀၆၇၇၇ တန်ဖိုးရှိ မြေသြဇာ၂၄၅၀၄ ဒသမ ၀၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ပိုတက်ဆီယမ်၊ ယူရီးယား၊ အမိုးနီး ယမ်းဆာလဖိတ်၊ ရွှေနဂါး တော့(ပ်)ဝမ်းမြေသြဇာ၊နိုက်တြိုဂျင်၊ ကွန်ပေါင်း၊ မဂ္ဂနီဆီယမ်ဆာလဖိတ်၊ ဓာတ်ဆား၊  ပိုတက်ဆီယမ် စတဲ့မြေသြဇာများတင်သွင်းခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ ကနေဒါမှ တန်ချိန် ၂၂၀၀၊ တရုတ် မှ၁၂၉၃၇ဒသမ၂၁၇ တန်၊ ဒိန်းမတ်မှ ၂၁၀၉ ဒသမ ၆ တန်၊ ဂျာမနီမှ ၁၉၇၅တန်၊ ကိုရီးယားမှ ၄ ဒသမ ၈၀၄ တန်၊ မလေးရှားမှ ၅၁၇ ဒသမ ၆၀တန်၊ ရုရှားမှ ၃၈၄ ဒသမ ၆၇ တန်၊ ထိုင်းမှ၃၃၇၄ ဒသမ ၂၀တန်နဲ့ ဗီယက်နမ်မှ ၁၀၀၁ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒ

Pages