Main menu

Background

Thursday, 4 Aug 2016

      ဇူလိုင်တတိယပတ်အတွင်း တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၀၆၂ သန်း တန်ဖိုးရှိ ဂျုံမှုန့် တန် ၁၃၀ ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် ဇူလိုင်ဒုတိယပတ်ထက်  တန် ၆၀ ကျော် ပိုမို တင်သွင်းတာေ တွ့ရပါတယ်။  အိန္ဒိယမှ တင်သွင်းလာတဲ့ ဂျုံမှုန့်များရဲ့ လိုင်စင်ဈေးမှာ တစ်ကီလိုလျှင် ၅၂၈ ကျပ် ဖြစ်ပြီးShree Brand ဖြစ်ပါက  တစ်အိတ်လျှင် ၄၅ ကီလိုပါရှိတယ်လို့ ကုန်သွယ် ရေးစခန်းမှ သိရပါတယ်။

Thursday, 4 Aug 2016

          အိန္ဒိယဗဟိုအစိုးရသည် ပြည် နယ်အစိုးရများနှင့်ပူးပေါင်း၍ ကျေးရွာပေါင်း ၁၂၅၀၀၀ အား  ဆက်သွယ်ချိတ်ဆက်နိုင်ရန် မီနီ ဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင် ရွက်ခြင်းသည် Tata Motors Ltd နှင့် Mahindra and Mahindra Ltd ESifh Ashok Leyland Ltd ကဲ့သို့သော အိန္ဒိယနိုင်ငံအတွင်း မီနီဘတ်(စ်) ထုတ်လုပ်သူများအတွက် မမျှော်လင့်ဘဲ ရရှိလာသည့် ဈေးကွက် အခွင့်အလမ်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေး၊ အလုပ် အကိုင်ရရှိမှုနှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ စေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့်   နိုင်ငံ၏ စီးပွားရေး အချက် အချာဒေသ

Thursday, 4 Aug 2016

       ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မိုးနှမ်းနီအသစ်များကို မြန်အောင်နှင့် နတ်တလင်းဘက်မှ တစ်နေ့လျှင် အိတ် ၁၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ နှမ်းမှာ နှမ်းနက်များဖြစ်သဖြင့်  အောင်လံဘက်မှ စမုံနက်နှမ်း ဈေး အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဈေးမှာ အသစ်ရော အဟောင်းပါ ဈေးတူနေတာ တွေ့ရပါတယ်။  ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ၂၆၆၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၃၃၀၀၀ ကျပ် ဖြင့် ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ်နေပြီး စမုံနက် နှမ်းတစ်တင်းလျှင် ၅၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဆီဈေး ကတော့ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေး ငြိမ်နေတာ တွေ့ရပါတယ်။

Thursday, 4 Aug 2016

      ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၇၂၃၉တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင်မှာ ၃၅၈၈၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၈၆၀၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၁၁၇၃၇ တန်ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၈၅၁၇ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၃၂၁၀ ကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်ပိုခဲ့ပါ တယ်။

Wednesday, 3 Aug 2016

         ဇူလိုင် ၁၇ ရက်မှ   ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၄၇၀၇၁ တန်ဖိုးရှိ   နို့မှုန့်  ၁၂၄ ဒသမ ၁၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားမှ ၂၄ ဒသမ ၈၀၄ တန်နဲ့  စင်ကာပူမှ ၉၉ ဒသမ ၃၆ တန်ဝင်လာခဲ့ပါတယ်။  ယခင်သီတင်း ပတ် နို့ဆီအဝင်မှာ တန်ချိန် ၈၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၃၅ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။

Wednesday, 3 Aug 2016

         ယခုတစ်ပတ်အတွင်း  သီလဝါ ရှယ်ယာဈေးနှုန်းများသာမက ရောင်းချ ရသည့် အရေအတွက်ပါ ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ရှယ်ယာအမြတ်ရရှိရန် ရှယ်ယာ များကို  အရောင်းအဝယ်လုပ်ရန်သတ် မှတ်ထားသည့် ရက် ကျော်လွန်သွား သဖြင့်MTSH ၏ ရှယ်ယာဈေးနှုန်းများ နှင့် အရောင်းအဝယ်ပါ  ကျဆင်းသွားခဲ့ ကြောင်း  ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။ အဆိုပါ  MTSHကုမ္ပဏီ၏ အမြတ်ခွဲဝေရရှိမှုစာရင်းတွင်ပါဝင်နိုင် ရန် ရှယ်ယာ အရောင်းအဝယ်  ပြုလုပ် မည့်ရက်ကို ဇူလိုင်၂၇ ရက်ဟု  သတ် မှတ်ထားရာ အဆိုပါရက် ကျော်လွန် သွားသည့်အချိန်တွင်  ရှယ်ယာဈေး နှုန်းရော၊ အရောင်းအဝယ်ပါ ကျဆင်း သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Wednesday, 3 Aug 2016

        ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေ ဈေးပါ လိုက်ပါမြင့်တက်ခဲ့ရကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၃၃၅ ဒေါ်လာအထိမြင့် တက်လာ သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၄၁၀၀၀ သို့  မြင့်တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်ခဲ့သည့် ပြည် တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်ခဲ့ သဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်များပါးလျက်ရှိကြောင်း သိရသည်။

Wednesday, 3 Aug 2016

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင်မူ ငြိမ်သက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်း သိရှိရသည်။ ဈေးငြိမ်သက်နေမှုကြောင့် ဈေးကွက်အတွင်း အေ  ရာင်းအဝယ်များ  သွက်လက်လာခဲ့ကြောင်း အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။ "ဈေးအတက်အကျနည်းတဲ့အတွက်  အရောင်းအဝယ်က တော်တော်လေးကို သွက်ပါတယ်။ အရောင်းအဝယ်သွက် လာပေမယ့် ဈေး ကတက်မသွားဘူး။ အရင် တုန်းကဆိုရင် အရောင်းအဝယ်သွက်လာပြီဆိုတာနဲ့ ဈေးကတက်သွားတတ်တာ။ အခုတော့ ဈေးကတစ်ပတ်လုံးမှာ တစ်ကျပ် နှစ်ကျပ်လောက်ပဲ တက်တဲ့အတွက် ဈေးငြိမ်တယ်လို့ပြောရမှာပါ"ဟု ဈေး ကွက်အတွင်းဝယ်ရောင်း လုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Wednesday, 3 Aug 2016

ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်  သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၅၅၉၀၃၂၈တန်ဖိုးရှိ ဒီဇယ် ၁၁၅ ဒသမ ၉၃၅တန်နဲ့ကန်ဒေါ်လာ ၁၃၂၈၁၀၇ တန်ဖိုးရှိ ဓာတ်ဆီ ၂၁ ဒသမ ၃၀၇တန်ကို တင် သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ အဆင့်မြင့်ဒီဇယ်၊ ၉၂ နဲ့ ၉၅ တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဓာတ်ဆီအဝင်မှာ တန်ချိန် ၃၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၂၉၀ ေ ကျာ်တင်သွင်းမှုလျော့ခဲ့သလို ယခင်တစ်ပတ် ဒီဇယ်အဝင်မှာ တန်ချိန်၂၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၁၀၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ် ရော ဓာတ်ဆီပါ တင်သွင်းမှုလျော့ခဲ့တယ်လို့

Wednesday, 3 Aug 2016

       ပြည်ကြက်သွန်နီ ဈေးကွက်သို့ ကျောက်ပန်းတောင်း၊  ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ ပခုက္ကူ  စသည့် နယ်စုံမှ ယခင်တစ်ပတ်အတိုင်း ကြက် သွန်နီ ပုံမှန်ဝင်ရောက်နေပြီး ဇူလိုင် ဒုတိယပတ်မှစ၍ အဝင်ဆက်တိုက်  များပြားနေတဲ့အတွက်  ကြက်သွန်နီများ ပေါများနေမှုကြောင့် လက်လီရောင်းချ သူများမှ အပြိုင်အဆိုင် ဈေးလျော့ပြီး  ရောင်းချလျက်ရှိတာ တွေ့ရပါတယ်။ နယ်စုံမှ ကြက်သွန်နီများ   ဝင်ရောက် လာတဲ့အတွက်  အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်  ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။

Pages