Main menu

Background

Tuesday, 26 Jul 2016

ဟင်္သာတ  မတ်ပဲဈေးကွက်မှာ ယခုဇူလိုင်လ    တတိယပတ်အတွင်း မတ်ပဲဈေးများ ကျဆင်းလာခဲ့ပါတယ်။    ဇူလိုင်လ ၁၈ ရက်က  မတ်ပဲတစ်တင်း လျှင်ကျပ် ၅၅၀၀၀ အထိရှိနေရာမှ ၂၀ ရက်တွင်ကျပ် ၅၄၀၀၀ သို့ကျဆင်းခဲ့ ပါတယ်။ဇူလိုင်လဆန်းပိုင်းက ပိဿာ ၂၀ ဝင်တစ်တင်းလျှင်   ကျပ် ၅၇၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြသော်လည်း   ဒုတိယ ပတ်မှာ ကျပ် ၅၇၃၀၀ နဲ့   အရောင်း အဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဈေးကျဆင်းနေမှုကြောင့်   မတ်ပဲလှောင် လက်များနဲ့    မတ်ပဲလက်ကျန်ရှိတဲ့ စိုက်ပျိုး    ထုတ်လုပ်သူများအနေနဲ့ ရောင်းဝယ်မှုနည်းပါးလာခဲ့ကာ တက် ဈေးကို မျှော်လျက်ရှိကြောင်း  သိရပါ တယ်။
 လှိုင်ထွဋ် ( ဟင်္သာတ )

 

Tuesday, 26 Jul 2016

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဝါးတန်းကုန်စည် ဒိုင်မှာ ဆန်ချောများအဝင်နည်းပြီး  ဈေးနှုန်းမြင့်တက်ခဲ့ပေ မယ့် ဆန်ကြမ်းဈေးတွေကတော့  ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပါတယ်မူဆယ်ဆန်ဈေးကွက်မှာ ဆန်ကားအဝင်နည်း ပြီး အရောင်းအဝယ်ပါးနေတာကို တွေ့ရပါတယ်။လူကြိုက်များတဲ့ မြန်မာ့ဆန်ပေါ်ဆန်း(ရှယ်) အရောင်း အဝယ်ဖြစ်ပြီး အဝင်နည်းလို့ ဈေးအနည်းငယ်တက်သွားတယ် လို့ ရန်ကုန်မြို့ရဲ့ ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဇူလိုင်  ၂၁ ရက်ဈေးနှုန်းများအရ ဖျာပုံ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်    ကျပ် ၃၅၅၀၀ နဲ့ လတ်စ တစ်အိတ်  ကျပ် ၃၃၀၀၀ ၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ်၃၅၀၀၀၊ နယ်စုံပေါ်ဆန်

Thursday, 21 Jul 2016

ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ချောဖျာများ ရက်လုပ် ပြီး မုံရွာနဲ့ မန္တလေးဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ကုန်ကြမ်းအဖြစ်သုံးတာကတော့ သင်ပင်နဲ့ အနားကွပ် တဲ့ ကတ္တီပါစ ပါ။ သင်ပင်ကို ကသာ၊ မော်လိုက်၊ ဖောင်းပြင်ကနေ ဝယ်ပါတယ်။ သုံး ထောင့်ထွာရှိတဲ့ အပင်၄၀၀ပါ တစ်စည်းကို ကျပ် ၃၅၀၀ကနေကျပ် ၅၀၀၀ ထိ ပေးဝယ်ရပါတယ်။ အနားကွပ်ပါတဲ့ ကတ္တီပါတစ်ကိုက်ကို ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀အထိ ပေးရပါတယ်လို့ ဆားခါးကျေးရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောပါတယ်။သင်ချောင်းရေ ၄၀၀ပါတစ်စီးကို ရက်လုပ်ရင် ဖျာတစ်ချပ်ရကြောင်း၊ ရောင်းဈေးက (၆ပေ ထ ၄ပေ) (၆ပေ ထ ၄ပေခွဲ) တစ်ချပ်ကို ကျပ် ၂၀၀၀၀ နဲ့ အသေး (၆ပေ ထ ၃ပ

Thursday, 21 Jul 2016

ဒီတစ်ပတ် မုံရွာဈေးကွက်မှာ  ပဲတီစိမ်းနဲ့  ပဲစင်းငုံနီဈေး ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း  ဆက်လက်ရှိနေ ပြီး၊ ကုလားပဲဖြူလုံးကြီးကတော့ ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး ကတော့ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း တစ်ပိသာ ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့ ဈေးဖွင့်ခဲ့ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်ကြောင်း သိရပါ တယ်။  ပဲစင်းငုံနီဈေးကလည်း   ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိသာ ကျပ် ၂၃၉၀ (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်) နဲ့ဈေးဖွင့်ခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ကုလားပဲဖြူလုံး ကြီးက ယခင်တစ်ပတ် က တစ်ပိဿာ ၂၀၄၂ ကျပ်ရှိနေရာက ယခု တစ်ပတ်မှာ

Thursday, 21 Jul 2016

ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက် တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်က တစ်ပိသာ ၂၃၇၅ ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိသာ ၂၃၉၀ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်)နဲ့ဈေးနဲ့အဝယ် ဖွင့်ပြီး  တစ်ပတ် အတွင်း အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ နှမ်းမျိုးစုံ အနေနဲ့ နှမ်းနက် စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိသာ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိသာ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံ တစ်ပိသာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ် အတွင်း နှမ်းမျိုးစုံ အိတ် ၇၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

Wednesday, 20 Jul 2016

မြစ်ကြီးနားဒေသမှထွက်ရှိတဲ့ ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့  တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ ဒညင်းသီးပွဲရုံများကို ဖွင့်လှစ်လျက်ရှိရာ ရန်ကုန်မှ ပွဲရုံတစ်ရုံ၊ ပဲခူးမှ ပွဲရုံတစ်ရုံ ၊ မန္တလေး မှ ပွဲရုံလေးရုံ လာရောက်ဖွင့်လှစ်ကာ မြစ်ကြီးနားဒညင်းသီးများကို ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။လက်ရှိအချိန်တွင် ဒညင်းသီးအခွံနွှာပြီးစီးမှုအပေါ်  မူတည်၍ ရထားနဲ့သာမက ၁၀ဘီး၊ ၁၂ဘီးကားတို့နဲ့လည်း ရန်ကုန်၊ မန္တလေးရှိ ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ရထားနဲ့တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင် အိတ် ၅၀ တင်ပို့ရပြီး၊ ကားဖြင့်တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင်

Monday, 18 Jul 2016

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့   အမေရိကန်ပြည် ထောင်စု  ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။

Monday, 18 Jul 2016

မက်ခါသီးကို  ကယားပြည်နယ် မှာ ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ  ယခုအခါ  ဧည့်သည် များက  အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြရာမှတစ်ဆင့်  ဈေးကွက် ဝင်ပစ္စည်းတစ်ခု    ဖြစ်လာတာ ကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက  ကယား လူမျိုးတို့ရဲ့  ရိုးရာဟင်းလျာတွေထဲမှာ  မက်ခါသီးဟာ  မပါမဖြစ်  အသုံးပြု လျက်ရှိနေပါတယ်။  မက်ခါသီးလို့ ဆို လိုက်တာနဲ့  ကယားလူမျိုးတို့ရဲ့ ရိုးရာ အမှတ်  တံဆိပ်တစ်ခု

Friday, 15 Jul 2016

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လောကတွင် အရေးအပါဆုံးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာမည့်Myanmar Connect 2016 ဖိုရမ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း ယူရိုငွေကြေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကြီး၏ဌာနခွဲ တစ်ခုဖြစ်သည့် Capacity Media  ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။Capacity Media  သည် အဆို ပါ Myanmar Connect 2016 ဖိုရမ်ကို စက် တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ပြီး ယင်းဖိုရမ်သည် စတုတ္ထ အကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Friday, 15 Jul 2016

ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီသည် ဝင်ငွေ ကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိခဲ့ကြောင်းFMI  ကုမ္ပဏီ ၏သတင်းထုတ်ပြန်ချက်များအရ သိရ သည်။FMI ကုမ္ပဏီသည် ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနှင့်ကျန်းမာ ရေး  ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံလျက်ရှိရာယင်းကဏ္ဍကြီးသုံးခု အနက် ဘဏ္ဍာရေးဝနဆောင်မှုကဏ္ဍတစ်ရပ် ဖြစ်သည့် ရိုးမဘဏ်နှင့် ကျန်းမာ ရေး ဝန်ဆောင်မှုကဏ္ဍတစ် ရပ်ဖြစ်သ ည့် ပန်းလှိုင်စီလုံဆေးရုံတို့မှ ခိုင်မာသော ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pages