Main menu

Background

Wednesday, 3 Aug 2016

          ပြည်မန်ကျည်းမှည့်  ပွဲရုံများတွင် (လက်ကျန် ဒါးလှီးမန်ကျည်းမှည့်) ဈေး အနည်းငယ် ကျလာတာ တွေ့ရပါ တယ်။ အရောင်းအဝယ်အေးပြီး လက်ကျန်များနေတာကြောင့် မန်ကျည်းမှည့် အသစ်များမပေါ်ခင် မန်ကျည်းမှည့် အဟောင်း  အရောင်းအဝယ် သိပ်မတွင်ဘူးလို့ သိရပါတယ်။ ဂွေးသီး၊ မန်ကျည်း သီးစိမ်း၊ ကင်ပွန်းချဉ်ရွက်၊  မျှစ်ချဉ်၊ ချဉ်ပေါင်ရွက် စတဲ့  ဟင်းသီးဟင်းရွက် (အချဉ်ဓာတ်ပါ) များ ဈေးကွက်အတွင်း ပေါများပြီး ဈေးနှုန်းများ ချိုသာတဲ့ အတွက် မန်ကျည်းမှည့် ရောင်းအားကျ ဆင်းနေပါတယ်။ နယ်တင်ပို့မှုမှာလည်း မရှိကြောင်း သိရပါတယ်။

Wednesday, 3 Aug 2016

        ဇူလိုင် ၁၇ ရက်မှ ၂၃ရက် သီတင်း ပတ်အတွင်း မန်ကျည်း ၆၃ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ  တင်ပို့ခဲ့ပါ တယ်။သီတင်းသုံးပတ် တင်ပို့မှုပျောက် ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မြှ ပန်လည်  တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၅ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်းမှာလည်း မန်ကျည်းတင်ပို့မှုမှာ ၉၉တန်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ   ကန် ဒေါ်လာ ၂၆၈၈၇ ဝင်ငွေရရှိခဲ့တယ်။

Wednesday, 3 Aug 2016

         ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်အတွင်း နနွင်း၁၁၈ တန်ကို စင်ကာပူ နိုင်ငံသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၁၈၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပ တ် တင်ပို့မှုနဲ့ယှဉ်ရင် ၆၂ တန်ခန့် တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် နနွင်းတင်ပို့မှုမှာ တန်ချိန် ၂၄၀ ကျော်ရှိခဲ့တာကြောင့် ဒီနှစ်မှာ နနွင်းတင်ပို့မှု လျော့နည်းခဲ့တယ် လို့ သိရပါ တယ်။  ဒီတစ်ပတ် နနွင်းတင်ပို့ မှုမှ ကန်ဒေါ်လာ ၉၁၄၅၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း

Wednesday, 3 Aug 2016

       ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း (ဥမ)များ လှိုင်လှိုင်ထွက်ပေါ်နေပါတယ်။ ယခင်က ချင်း(ဥမ) တစ်ပိဿာကို ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိရှိပြီး ယခုတစ်ပတ်မှာတော့ ချင်းအထွက်လှိုင်ပြီး ေ ဈးကျ လာတဲ့အတွက် ပြည်ဈေးကွက်မှာလည်း တစ်ပိဿာကို ၄၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးကျလာပါတယ်။ ပစ္စည်းအရည်အသွေးကောင်းနေတဲ့အတွက် နယ်ဝယ်လက် များ အဝယ်လိုက်နေပါတယ်။ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင် အိတ် ၃၀၀ခန့် အဝင် ရှိပြီး လက်လီ၊ လက်ကား ရောင်းဝယ်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် ပိဿာချိန် ၅၀၀ခန့် တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။

 

Wednesday, 3 Aug 2016

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောကုန်သွယ်ရေးစခန်း များမှ ဇူလိုင်တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၈၄၈၅ တန်ဖိုးရှိ ချင်းစို ၄၅၃ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်  တင်ပို့ခဲ့တာကတော့ စစ်တွေ မှရှစ်တန်နဲ့ မောင်တောမှ ၄၄၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က မောင်တောမှ ချင်းအပို့ မရှိဘဲ စစ်တွေမှ ၂၃ တန်တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်း စစ်တွေမှ ချင်းစို ၅၁ တန် အထိတင်ပို့ခဲ့ပြီး မောင်တောမှ ဇွန်လတွင် ချင်းတင်ပို့ မှုမရှိခဲ့ပါ။

 

မော်မော်အောင်

Tuesday, 2 Aug 2016

     အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေ  အဝင်လှိုင်လာပါတယ်။ ချင်းတက် တွေက လက်ကျန်နည်းနေပေမယ့် နယ်အစုံက ဝင်နေတဲ့ ချင်း(ဥမ)တွေကြောင့်သာ ဈေးကွက်မှာ လှိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ကြီး သမားတွေဖြစ်တဲ့ တပ်ကုန်း၊ စစ်တွေ၊ ပြည်၊ မုံရွာ စတဲ့မြို့တွေကလည်း အဝယ်ရှိနေသလို ဈေးပတ် သမားတွေကလည်း အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ပေါင်း နှစ်သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လ ည်း သိရပါတယ်။ ဟိုပုံးဈေး ကွက်ကိုဝင်တဲ့ ချင်း(ဥမ)ကတော့ ဒေသတွင်းစားသုံးဖို့အတွက်သာ ဝယ်ယူနေပါ တယ်။ မိုးကလည်းကောင်းနေလို့ အရောင်းအဝယ်ကလည်း အေးနေတယ်လို့ သိရ ပါတယ်။ ရှမ်းပြည်နယ် (တောင် ပိုင်း)ကထွက်တဲ့ ချင်းတွေကတော့ အောင်ပန်းဈေ

Tuesday, 2 Aug 2016

        မြန်မာနိုင်ငံမှ ပြည်ပသို့  ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ကုန်အပြင်  ရေထွက်ကုန်များလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ပြည်ပသို့တင်ပို့ခဲ့တဲ့  ရေထွက်ပစ္စည်းများကို စစ်ဆေးကာ စားသုံးရန်သင့်လျော်ပြီး ကျန်းမာရေးနှင့် ညီ ညွတ်သော အစားအစာဖြစ်ကြောင်း အတည်ပြုထောက်ခံချက်ရရှိမှသာ ပြည်ပသို့ တင်ပို့ရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင် ၂၆ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် (၃/၂၀၁၆) နဲ့ ထုတ်ပြန် ထားပါ တယ်။ "တရုတ်နိုင်ငံနဲ့  အီးယူ (ဥရောပသမဂ္ဂနိုင်ငံများ) က ကျန်းမာရေးထောက်ခံချက် တောင်းတော့ ငါးလုပ်ငန်းဦးစီးကို လာလျှောက်ရင် စစ်ဆေးပြီးထုတ်ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံနဲ့ တချို့နိုင်ငံတွေက  မတောင်းတော့ ဒီ

Tuesday, 2 Aug 2016

        ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပြည်ပ ဝယ်လက် မတ်ပဲသီးနှံ ဈေးလျော့ အရောင်းအဝယ်ဖြစ်နေပြီး ပဲစင်းငုံသီးနှံ ယခင်တစ်ပတ်က ဈေးလျော့ခဲ့ပေမယ့် ယခုတစ် ပတ်မှာ ဈေးပြန်လည်လှုပ်လာသလို ကုလားပဲ သီးနှံမှာ ဈေး အမြင့်နဲ့ ဈေးဆက်ငြိမ်နေကာ ပဲကြီးသီးနှံကတော့ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေခဲ့တယ်လို့သိရပါတယ်။ ပဲဝင်ရောက်မှုအနေဖြင့် မတ်ပဲသီးနှံ၊ ကုလားပဲနဲ့ ပဲကြီး သီးနှံများ နေ့စဉ်အဝင်ရှိနေသလို အရောင်းအ ဝယ် ကလည်း ပုံမှန်ဖြစ်နေခဲ့ပါတယ်။ ကျန်ပဲများကတော့ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများအား   လက်လီသမားများနဲ့   ပုံမှန်အိတ် အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Tuesday, 2 Aug 2016

          မုံရွာကုန်စည်ဒိုင်ရဲ့ ဇူလိုင်စတုတ္ထပတ်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ၊ ပဲတီစိမ်းနဲ့မတ်ပဲတို့ ဈေးငြိမ်နေ ပေမယ့် ငုံနီကတော့ တစ်တင်းကျပ် ၄၂၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ် ခဲ့တာတွေ့ ရပါတယ်။ ပေါက်ဈေးအရ   ဝယ်လက် နှစ်သက်ဖွယ်ဖြစ်ခဲ့ပေမယ့်  ရောင်းလို အားရှားတဲ့အတွက်  တစ်ရက် အိတ် ၃၀၀၊ ၄၀၀ ဝန်းကျင်သာ  အရောင်းအဝယ် ဖြစ်နိုင်တယ်လို့   ဈေးကွက်မှ သိရပါတယ်။

Tuesday, 2 Aug 2016

         ယခုတစ်ပတ်အတွင်းရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်ချော (ရှယ်) နဲ့ ဆန်ကြမ်း(ရှယ်) ကြီးတွေ အဝယ်လိုက် လို့ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ မူဆယ် ဆန်ဈေးကွက်ကတော့ ဆန်ကားတွေအဝင် နည်းပြီး အရောင်းအဝယ်လည်း  ပါးနေတယ်။ အရောင်းအဝယ်ပြန်ဖြစ်တာ တစ် ပတ်လုံးမှာ နှစ်ရက်လောက်ပဲရှိသေးတယ်လို့ မူဆယ်ဆန်ဈေး ကွက်မှ  သိရှိရပါတယ်။ ဇူလိုင် ၂၈ ရက် ဝါးတန်းကုန်စည်ဒိုင်ရဲ့ လက်ကားဈေး နှုန်း အရ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀၀၊ လတ်စတစ်အိတ်  ကျပ် ၃၃၀၀၀၊   မြောင်းမြ ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၇၀၀၀၊ လတ်စတစ် အိတ် ကျပ် ၃၄၅၀၀၊ နယ်စုံပေါ်ဆန်းထိပ်စ  တစ် အိတ် ကျပ် ၃၅၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃

Pages