Main menu

Background

Thursday, 7 Jul 2016

မုံရွာကုန်စည်ဒိုင်  ဇွန်လလကုန်ပတ် ပဲမျိုးစုံဈေး ကွက်မှာ ပြည်ပဝယ်လိုအားရှိတဲ့ ငုံနီ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ ဆက်လက်ဈေးမာနေသလို   လုပ်ငန်းသုံးဝယ်လိုအား အနည်းငယ်သွက်လာလို့ ကုလားပဲဈေး  တက်လာတာ တွေ့ရ ပါ တယ်။  မိုးရာသီဖြစ်ပေမယ့် မိုးရွာသွန်းမှုနည်းပြီး ရာသီ ပွင့်လင်းနေတာကြောင့် ကြာဆန်စက်သမားတွေ လုပ်ငန်းသွက်ကာ ပဲအဝယ်လိုက်ခဲ့သလို ခွဲစက်၊ အမှုန့် ကြိတ်စက်နဲ့  ပဲကြော်ဖိုလုပ်ငန်းသမားတွေ ဝယ်လိုအား ကောင်း တာကြောင့် အခုလို ကုလားပဲဈေးမြင့်လာတာဖြစ် တယ်လို့   ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်းမှာ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၈၀၀၀နဲ့  V2တစ်တင်း ကျပ် ၄၀၈၀၀ အထိ အမြင့်ဈေးဖြစ်ပေါ်ခဲ့ ကာ တစ်ရက် ကုလားပဲမျိုးစ

Thursday, 7 Jul 2016

ပြည်ပသို့ တင်ပို့နေတဲ့ မတ်ပဲ၊ပဲစင်းငုံနဲ့ ပဲတီစိမ်းဈေးနှုန်းများ ဈေးငြိမ်နေရာမှ ယခုတစ်ပတ်မှာ ဈေးအတက်အကျပြန်လည်လှုပ်ခတ်လာနေပါတယ်။အိန္ဒိယဈေးကွက်မှ အဝယ်လိုက်တဲ့ အတွက် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်နေတာဖြစ်ပါတယ်။ပဲတီစိမ်းဈေးကတော့ ရာသီစခါစဈေး ထက် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံ ရာသီပေါ်စဈေးဖွင့်ချိန်ကထက်ရော မနှစ်က ကာလတူထက်ပါ ဈေးမြင့်နေပါတယ်။

Wednesday, 6 Jul 2016

အရေးကြီးတဲ့    ဆေးဝါးများရဲ့ ဈေးနှုန်းတွေကို  ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်   မျှော်လင့်မထားတဲ့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း အသည်းဆေး၊  ကင်ဆာဆေး၊ ခွေးရူး ရောဂါ ကာကွယ်ဆေးနဲ့ မြွေဆိပ်ဖြေ ဆေး အပါအဝင် ဆေးဝါးအများအပြား နဲ့ နောက်ဆုံးIV Saline    ဓာတ်ဆားရည် အထိ  ဖြန့်ဖြူးမှုကျဆင်းခြင်း သို့မဟုတ် ဆေးရုံများနဲ့ ဆေးဆိုင်တွေမှာ   ဆေး များပြတ်လပ်ခဲ့ကြောင်းတိုင်းမ်အော့ အိန္ဒိယသတင်းမှာ    ဖော်ပြပါတယ်။

Tuesday, 5 Jul 2016

ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေများ အား နည်းခြင်းနဲ့ ရင်းဂစ်တန်ဖိုးပိုမိုမြင့်တက်မှုတို့ကြောင့် ဇွန် ၂၉ ရက်မှာ မလေးရှား စားအုန်းဆီဈေးတွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ကျရောက်ခ

Tuesday, 5 Jul 2016

ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူအိတ်တွေ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေပါတယ်။ အရောင်းအဝယ် အေး ပေမယ့်လည်း ဝင်လာတဲ့ ကြက်သွန်ဖြူဈေးကတော့ ယခုတစ်ပတ်မှာ တစ်ပိသာကို ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးထပ်မံမြင့် တက်နေပါတယ်။(ပွဲရုံဈေး) ကြူကုတ်တစ်ပိသာလျှင် ကျပ် ၃၄၀၀၊ လက်လီတစ်ပိဿသာကျပ် ၃၈၀၀ မှ ၄၀၀၀ အထိရောင်းချပြီး၊ (ရှမ်းစ) ပွဲရုံဈေး ကျပ် ၃၇၀၀ နှင့် လက်လီကျပ် ၄၀၀၀ တို့ရှိပါတယ်။ တရုတ်ပြည်ဘက်မှဝင်ရောက်လာတဲ့ ကြက်သွန်ဖြူ (ကြူကုတ်စ) တွေက အဝင်အနည်းအများကြောင့် မဟုတ်ဘဲ တရုတ်ငွေကြေး(ယွမ်) ဈေးတက်နေတာကြောင့် ဈေးနှုန်းတွေမြင့်နေတာဖြစ် ကြောင်းလည်း သိရပါတယ်။   

Tuesday, 5 Jul 2016

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊အိန္ဒိယသို့ တန်ချိန် ၅၀၊  မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါ တယ်။           

Tuesday, 5 Jul 2016

အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။  ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ  မရှိတော့ပါဘူး။ဒီနှစ်မှာတော့ အရောင်း အဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export  ကလည်းမရှိတာကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်း(ဥမ)  ၃၂၅ ကျပ်

Tuesday, 5 Jul 2016

ဟင်္သာတခရိုင်အနေဖြင့် မတ်ပဲကို ၂၀၁၅-၁၆ ခုနှစ် တွင် စိုက်ဧကပေါင်း ၄ ဒသမ ၁ သိန်းကျော်ရှိပြီး၊ ပျမ်းမျှအထွက်နှုန်းဖြင့် တွက်ချက်ကြည့်ပါက တင်း ၄၆ ဒသမ ၈ သိန်းခန့် မက်ထရစ်တန်အားဖြင့်၁ ဒသမ ၅ သိန်းထွက် ရှိနိုင်ပါ တယ်။ဟင်္သာတမတ်ပဲဈေးကွက်မှာ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ လအတွင်းက တစ်တင်းကို အနိမ့်ဈေးကျပ် ၄၅၃၂၀ မှ အမြင့်ဆုံး ဈေးအဖြစ် ကျပ် ၅၂၈၀၀ ရရှိခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ ဈေးပြန်လည်ကျဆင်း

Monday, 4 Jul 2016

ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။   မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ  ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။

Monday, 4 Jul 2016

ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။   မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ  ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။

Pages