Main menu

Background

Wednesday, 15 Jun 2016

         ဗဟိုဘဏ် ပင်မအတိုးနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းအတိုင်းမပြောင်း လဲဘဲ အိန္ဒိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး  ရာဟူးရမ်ရာဂျန်က ဇွန် ၇ ရက်က ဆက်လက်ထားရှိခဲ့ရာ လေ့လာဆန်းစစ်သူတို့ရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီခဲ့ကြော င်း တိုင်းမ်အော့အိန္ဒိယရဲ့ သတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာမှာ သူ့ရဲ့ရာထူးသက်တမ်း   ကုန်ဆုံးချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ သူရဲ့အနာဂတ်ရေးရာကို သူကပြောကြားခြင်းမရှိသေးပါဘူး။

Wednesday, 15 Jun 2016

        ချေးငွေလုပ်ငန်းများ ကျဆင်းလာခြင်းနဲ့ ငွေကြေးဈေး ကွက်လုပ်ငန်းများမှ  အခကြေးငွေရရှိမှု  ကျဆင်းလာတဲ့ အတွက် မလေးရှားဘဏ်လုပ်ငန်းကဏ္ဍမှာ   ယခုနှစ်အတွင်း ဖိအားပေး မှုအသစ်များနဲ့ ရင်ဆိုင်တွေ့ကြုံနိုင်ေ ကြာင်း စတား အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ မေ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ယခုနှစ်ချေးငွေဖွံ့ဖြိုးမှုနှုန်း က ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းပြီး စုစုပေါင်း အသားတင်အမြတ်က ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းသို့  ကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်း မေရင်းနှီးမြှုပ်နှံမှုဘဏ်သုတေသနဌာနက ပြော ပါတယ်။

Wednesday, 15 Jun 2016

           နယူးယောက်ရှိ အမေရိကန်ဗဟို ဘဏ်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ငွေစာရင်းကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၁ သန်း ခိုးယူခြင်းခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း လအနည်း ငယ်အကြာမှာ ကမ္ဘာ့ငွေပေးချေမှု ကွန်ရက်အတွင်းရှိ ငွေလွှဲများလိမ်လည်ခံရတာနဲ့ တခြားခြိမ်းခြောက်မှုခံရတာတွေကို ကာကွယ်ဖို့ ဆောင်ရွက်ထားတဲ့ ဆိုင် ဘာလုံခြုံရေးစနစ်တွေကို ပြန်လည် သုံးသပ်ဖို့   အမေရိကန်ကြီး ကြပ်သူတွေက ဘဏ်တွေကို နှိုးဆော်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Wednesday, 15 Jun 2016

           တစ်နိုင်ငံလုံးရှိ  ဈေးကွက်များ တွင် အဓိကအစားအစာများ အဆမတန် မြင့်တက်နေရသည့်  အဓိကအကြောင်းရင်းမှာ ကုမ္ပဏီစုကြီးများ ကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွား ရေးလုပ်ငန်းယှဉ်ပြိုင်မှုစွမ်းရည် ကြီး ကြ ပ် ရေးကော်မရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ဂျကာတာပို့စ်သတင်းမှာ ဖော်ပြပါတယ်။လယ်သမားတွေက  ဖြန့်ဖြူးသူ တွေကို ရောင်းချလိုက်တဲ့ဈေးနဲ့ ဖြန့်ဖြူးသူတွေက  ဈေးကွက်ထဲမှာ ရောင်းချခဲ့တဲ့ လက်လီလက်ကားေ ဈး နှစ်ခုကြား   ကွာဟချက်ကြီးမားနေတာကို တွေ့ရကြောင်း စီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်  ကြီးကြပ်ရေးကော်မရှင်KPPUအကြီးအကဲ ဆရာကာဝီရော့ က ဇွန် ၇ ရက်က ပြောပါတယ်။

Wednesday, 15 Jun 2016

              စင်ကာပူကုမ္ပဏီတစ်ခုက  အင်ဒိုနီးရှားနိုင်ငံမှာ အမေရိကန်ဒေါ်လာလေးသန်း ရင်းနှီးမြှုပ်နှံပြီး ဆေးဝါးစက်ရုံတည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်လို့ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့ (Indone -sian Investment Coordinating Board-BKPM) ကပြောကြောင်း အန်တာရာနယူးစ်သတင်း မှာ ဖော်ပြပါတယ်။ ငွေကြေးဖလှယ်နှုန်းကို  အမေရိကန်တစ်ဒေါ် လာလျှင် ရူပြား ၁၃၉၀၀ နှုန်းနဲ့ထားပြီးတွက်ရင် ဆေးဝါး စက်ရုံတန်ဖိုးက ရူပြား ၅၅ ဒသမ ၆ ဘီလီယံ ရှိမှာ ဖြစ်ပါတယ်။

Wednesday, 15 Jun 2016

          ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ဂျီ-၇ အုပ်စုဝင်  နိုင်ငံခေါင်းဆောင်များနဲ့  ဂျပန်နိုင်ငံမှာ  ဆွေးနွေးနိုင်ရေးအတွက် မေ ၂၆ ရက်မှာ လာအိုနဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှမှ  ခုနစ်နိုင်ငံခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အာဆီယံဒေသမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလိုအပ်ပုံကိုလည်း အစည်းအဝေးမှာ  အလေးပေးပြောကြားခဲ့ကြောင်း ကိုရီးယားတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ မေ ၂၃ ရက် ကလည်း အေ မရိကန်သမ္မတအိုဘားမား  ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံအား စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာကို အပြည့်အဝရုပ်သိမ်းပေးခဲ့ကာ ဗီယက်နမ်နဲ့ ပုံမှန်ဆက်ဆံမှုပြုလုပ်သွား မှာဖြစ်ကြောင်း ကြေ ညာခဲ့

Tuesday, 14 Jun 2016

             ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက်စက်သုံးဆီ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

Tuesday, 14 Jun 2016

          မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ  ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ

Tuesday, 14 Jun 2016

          မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်  သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။

Tuesday, 14 Jun 2016

          ယခုတစ်ပတ်အတွင်း  ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။

Pages