Main menu

Background

Tuesday, 28 Jun 2016

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း  အမေရိကန် ဒေါ်လာ   သုည ဒသမ ၇၇၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၁၃ တန် ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။  တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဆေး မြင်းခွာ၊ မာလာဥ၊  မာလာဥခေါင်း၊ စမုံ နက်၊ တောဂျင်း၊ ဂျင်းခြောက်၊ ဝဥ ခြောက်၊ ဖန်ခါးသီးခြောက်၊ ချဉ်ပေါင် ဖာလာ၊ ကြောင်လျာစေ့၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ နနွင်းခေါင်း၊ ေ တာင်လုံးကျော်၊ ဆီးဆန်၊ ကွမ်းစား ဂမုန်းနဲ့   ဒရင်ကောက်မြစ်တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က ၅၅၆ တန်သာ တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပရဆေး ၅၇ တန်ခွဲ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှ

Tuesday, 28 Jun 2016

         ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်က မိုးစောစောရွာလို့ ချင်းဥမတွေလည်း စောစောဖော်လို့ရပါတယ်။ ဒီတစ်ပတ်  အောင်ပန်းဈေးကွက်သို့ ချင်း(ဥမ) အသစ် တွေစပြီးဝင်လာပြီလို့ သိရပါတယ်။ ချင်း(ဥမ) တွေက ဇူလိုင်မှ သာစပြီးဝင်ရမှာဖြစ် ပေမယ့် ဒီနှစ်က  မိုးစောလို့ တစ်လစောပြီး ဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။ စပြီးဝင်ကာစဖြစ်လို့ အဝင်ကတော့သိပ်ပြီးမများသေးပါဘူး၊ အဟောင်းလက်ကျန် တွေကလည်း များနေသေးလို့ ဈေးကွက် မှာတော့ အဟောင်းတွေသာ အရောင်း အဝယ်ဖြစ်နေတယ်လို့လည်း ဈေးကွက်မှသိရပါတယ်။

Tuesday, 28 Jun 2016

         ပြည်ဈေးကွက်မှာ  ပြည်ပသို့တင်ပို့ရောင်းချနေတဲ့ ပဲဈေးမှာ ယခုနှစ်မှာ ဈေးကောင်းရပါတယ်။ ပြည်တွင်းဝယ်လက်များနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာလည်း ဈေး ကောင်းရကာ လက်လီ သမားများနဲ့အဓိကထား အရောင်းအဝယ်ဖြစ် ခဲ့တဲ့ပဲများဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲနီပြား၊ ဘိုကိတ်စသည်တို့မှာ ဈေးကောင်း မရပေမယ့်လည်း တစ်တင်း ကျပ်နှစ်သောင်းအထက်မှာ အရောင်း အဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Tuesday, 28 Jun 2016

     စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးတဲ့ ပဲစင်းငုံ သီးနှံက ၂၀၁၆-၂၀၁၇ ခုနှစ် မိုးသီးနှံလျာထားစိုက်ဧက ငါးသိန်းငါးသောင်းကျော်မှ  ဧကနှစ်သိန်းနှစ်သောင်းခန့် စိုက်ပျိုး ပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲစင်းငုံက ရန်ကုန် Export ဝယ်လက် ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်း  တစ်တင်းပေါက်ဈေး ကျပ် ၄၇၅၀၀ မှ ကျပ် ၄၉၅၀၀ ကြား ဈေးပေါက်သဖြင့် ကုန်သည်ပွဲစားနဲ့လှောင်လက်သမားများ က ထုတ်ရောင်းကြရာ တင်း ၅၀၀ မှ တင်း ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ သိရပါတယ်။

 

သန်းသန်းတင်-မုံရွာ

Tuesday, 28 Jun 2016

         ယခုတစ်ပတ် ရန်ကုန်မြို့ရဲ့ဆန်ချောဈေးကွက်က ပုံမှန် အခြေအနေရှိနေတယ်လို့ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၂၄ ရက်လက်ကားဆန်ဈေးနှုန်းများအရ သိရှိရပါတယ်။ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ်၃၂၅၀၀ ကျပ်၊မြောင်းမြ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊  လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အဝင်ပုံမှန် ရှိပြီး ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

Tuesday, 21 Jun 2016

          ဇွန် ၅ ရက်မှ ၁၁ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် မှာ ၄၆၁၀၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင် မှာ ၂၄၄၂၀ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၁၆၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၈၈၂၄ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ  တန်ချိန် ၂၈၀၆၃  ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၉၂၃၀ ကျော် အဝင်ေ လျာ့ခဲ့တယ်လို့ သိရ ပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါ တယ်။

Wednesday, 15 Jun 2016

        ကသာခရိုင်က ဆန်စပါးစိုက်ပျိုး မှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ် ငန်းကို အမှီပြုကာ  စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်း များ တည်ထောင်ခဲ့ကြပြီး  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်း မှာ စပါးခြွေလှေ့စက်၊ စက်ရုံ ၁၆ရုံရှိပြီး စပါးေခြွေလှေ့စက် ၁၈၁၇ လုံးရှိတယ် လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက် ပိုမိုအဆင် ပြေတဲ့ ရိတ်သိမ်းခြွေလှေ့စက်  Combine Harvester  ပြောင်းလဲသုံးစွဲလာ တဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်း ရှင်များ အရောင်းအဝယ်ပါးတယ်လို့ ခြွေလှေ့စက်လုပ်ငန်းရှင်များထံမှ သိရ ပါတယ်။

Wednesday, 15 Jun 2016

       ပြည်ဈေးကွက်သို့  မင်းတုန်း၊ ကံမနဲ့ရခိုင်ပြည်နယ် မာန်အောင်ဘက်မှ မြေပဲဆန် တစ်နေ့လျှင် အိတ် ၅၀၀ ခန့်သာ အဝင်ရှိတော့သဖြင့် အဝင်နည်းလာတာ တွေ့ရပါတယ်။ မြေပဲဆန်၊ ဆီဆန်ကို မြို့တွင်းဆီစက်နဲ့ မကွေးဆီ စက်များက အဝယ် ရှိနေသဖြင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် ၁၀၀ ဈေးမြင့်လာတာတွေ့ရပါတယ်။ စားသုံးသူများက နှမ်းဆီထက်မြေပဲဆီကို စားသုံးကြသဖြင့် မြေပဲဆီဈေးမှာ နှမ်းဆီဈေး ထက်ပိုမြင့်နေတာတွေ့ ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၃၀၀ ဖြင့် ယခင်တစ်ပတ်ထက်ဈေးပိုလာပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၅၂၀၀ဖြင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များက ဝယ်နေသော်လည်း

Wednesday, 15 Jun 2016

     မေ ၂၉ရက်မှ ဇွန် ၂ ရက်သီတင်းပတ်အတွင်း နနွင်း ၃၅၇ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလား ဒေရှ့်သို့ ၅၆ တန်၊ အိန္ဒိယသို့ ၅၆ တန်၊ မလေးရှားသို့ ၁၆၅ တန်နဲ့  စင်ကာပူသို့ ၈၀ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမှာ ၇ တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၁၃၈၆ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ နနွင်း တန်ချိန် ၁၁၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၅၀ ကျော်တင်ပို့နိုင်ခဲ့တ

Wednesday, 15 Jun 2016

          ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့်  CLMV ဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ဖိုရမ်ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရများနဲ့ ပုဂ္ဂလိက လုပ်ငန်းများမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ် ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေး သွားမှာဖြစ်ကြောင်း နေးရှင်းသတင်းမှာ  ဖော်ပြ ပါတယ်။ တစ်နိုင်ငံချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အတားအဆီးများကိုလည်း ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

Pages