Main menu

Background

Friday, 6 May 2016

သကြားထုတ်လုပ်မှုက   ငါးနှစ် အတွင်းအနိမ့်ဆုံးသို့  ရောက်ရှိလာလို့ သရေစာထုတ်လုပ်ရေး ကုမ္ပဏီများက သကြားဈေးနှုန်း  မြင့်တက်မှုကြောင့် အလူးအလဲရုန်းကန်နေရတဲ့အတွက် ချော့ကလက်၊ အချိုရည်၊ ရေခဲမုန့်နဲ့ ဘီစကွတ် တို့တွင်  သကြားကို  နိုင်နိုင် ထည့်နိုင်တော့မည်   မဟုတ်ကြောင်း တိုင်းမ်အော့      အိန္ဒိယဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြပါတယ်။FMCG  လို့ခေါ်တဲ့ဈေးနှုန်းချို သာစွာဖြင့်  အလျင်အမြန်သုံးစွဲမှုပြုတဲ့ သရေစာ ကို ထုတ်လုပ်တဲ့ ကုမ္ပဏီများ အနေဖြင့် ကုန်ပစ္စည်းများ ကိုလျှော့ဈေး ဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုး အမြတ်ကိုပြန်လည်ရယူကြရပါတယ်။ ဒါပေမယ့်  သကြားဈေးနှုန်းက   ယခင် အောက်တိုဘာကတစ်ကီလိုကို ရူပီး ၃၀ ဝန်း

Friday, 6 May 2016

တောင်ကိုရီးယားနိုင်ငံရဲ့   စီးပွား ရေးအခြေခံများ  အားနည်းနေခြင်းက စီးပွားရေးကျဆင်းရခြင်းရဲ့   အဓိက အကြောင်းတရားအဖြစ်   တောင်ကို ရီးယားနိုင်ငံမှ   စီးပွားရေးကျွမ်းကျင် သူတို့က ရည်ညွှန်းပြောကြားလျက်ရှိကြ ပြီးနိုင်ငံရဲ့စီးပွားရေးကျဆင်းမယ့် အနေ အထားကိုရောက်ရှိလာမှာကို   စိုးရိမ် လျက်ရှိကြကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့စစ်တမ်းတစ်ခုကို ကိုးကား ပြီး ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။မကြာသေးမီက ကိုရီးယားစက်မှု လုပ်ငန်းများဖက်ဒရေးရှင်းက   စီးပွား ရေးကျွမ်းကျင်သူ ၆၁ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ   လောလောဆယ်မှာ တောင်ကိုရီးယားစီးပွားရေးက ဖွံ့ဖြိုးမှု ကျဆင်းတဲ့အဆင့်ကို    ရောက်နေ ကြောင်း ၇၀ ရာခိုင်နှုန်းကပြော

Friday, 6 May 2016

ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့   ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့  စားအုန်းဆီ ထုတ် လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ  ဖော်ပြထားပါ တယ်။

Friday, 6 May 2016

ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၅၄၁ တန်ကျော်အဝင်ရှိခဲ့ပြီး ဧပြီ ၁၇ ရက်မှ ၂၃ အတွင်း ၅၈၇ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၅၀ ကျော် အဝင်လျော့ခဲ့တ ယ် လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာအဝင်မှာ ၅၉၁၂ တန် ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၅၄၆၂ တန်ကျော်ရှိခဲ့တာကြောင့်  ဒီတစ်ပတ်မှာ တန်ချိန် ၄၅၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။

Friday, 6 May 2016

ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၀၇၅၂ တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃ ရက်မှ ၉ ရက် သီတင်း ပတ် ဘိလပ်မြေအဝင်မှာ တန် ချိန်၇၃၂၉၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၆၂၅၀၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၅၅၉၆ ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၂၆၈ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန် ၄၃၂၇ ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။

Friday, 6 May 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၉ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း  ကန်ဒေါ်လာ သုည ဒသမ ၁၈၄  သန်းတန်ဖိုးရှိ ဆီးဆန် ၄၆ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

Tuesday, 3 May 2016

အိန္ဒိယနိုင်ငံ၏ အဓိကဆိပ်ကမ်းများသို့ ပဲဝင်ရောက်မှုမှာ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တန်ထောင် ၈၁ ဖြစ်ပြီး၊ ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ တင်သွင်းမှုတန်ထောင်  ၈၈ ထက် ၇% လျော့ကျပါသည်။ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲတီစိမ်း၊ ပဲဝါ၊ ပဲစိမ်း၊ မြေထောက်ပဲတို့တွင် ဝင်ရောက်မှုလျော့ကျပြီး၊ မတ်ပဲ၊ ပဲစင်းငုံတို့တွင် ဝင်ရောက်မှုပိုမိုကြောင်း ဖော်ပြထားပါသည်။ကုလားပဲလက်ကားကုန်စည်ဈေးနှုန်းမှာ ၁၀ ရက်အတွင်း ၁၅% မှ ၂၀% မြင့်တက်ခဲ့ ပါသည်။ မုတ်သုန်ရာသီဥတုကောင်းမွန်ခြင်း၊ စားသုံးသူများက နွေပဲသီးနှံကို ဈေးအမြင့်ပေးခြင်း တို့ကြောင့်ဖြစ်ပါသည်။

Tuesday, 3 May 2016

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာအိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံ ရာ သီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ)အတွင်း စံချိန် သစ်ဖြစ်သည့် တန်ချိန်၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာ သီ ကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလ အတွင်း  ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုး သားဥယျာဉ်ခြံ

Pages