Main menu

Background

Friday, 10 Jun 2022

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိကဏန်းပျော့ဈေးကွက်၌ ပြည်ပဝယ်လက်များကြောင့်အရောင်းအဝယ်တိုးတက်လျက်ရှိကြောင်းဒေသခံမွေးမြူရေးလုပ်ငန်းရှင်တွေထံကသိရသည်။အဆိုပါကဏန်းပျော့ များကို တရုတ်၊ထိုင်ဝမ်၊ဂျပန်၊စင်ကာပူ၊ မလေးရှားအပါအဝင် ဥရောပနိုင်ငံများသို့ပါ  တင်ပို့နေခြင်းဖြစ်ပြီး တစ်ကီလိုကို   အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြား ရရှိကြောင်း သိရသည်။လက်ရှိတွင် ဈေးကွက် လိုအပ်ချက်ကြောင့်  ကဏန်းပျော့များကို ပိုမိုတိုးချဲ့မွေးမြူလာကြပြီး ယခင်ကမွေးမြူလုပ်ကိုင်သူ၃၇ဦးခန့်ရှိရာမှ မေလအတွင်း ၅၅ ဦးခန့် ထပ်တိုးမွေးမြူလာ ကြကြောင်း သိရသည်။ထိုကဏန်းပျော့   မွေးမြူရေးလုပ်ငန်းတွင်   မ

Thursday, 9 Jun 2022

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသည်နှင့် ပြည်တွင်းသို့ ရွှေတင်သွင်းရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေ တင် သွင်းဖို့အတွက် ကမ္ဘာ့ဈေးအကျကို စောင့်နေကြတယ်။ ကမ္ဘာ့ဈေးလည်း ကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝ အောက်လောက် ရောက် တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု ၎င်းက ပြောသည်။YGEA အနေဖြင့် ဇွန်လအပါဝင် လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေ ကုန်ကြမ်း လုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ် ထားခ

Thursday, 9 Jun 2022

စားသုံးသူဈေးကွက်တွင်လူကြိုက်များလာသည့်စပျစ်စိုက်ပျိုးခြင်းကို နတ်မောက်မြို့ပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်မိသားစုဝင်ငွေရရှိ နေ ကြောင်းသိရှိရသည်။နတ်မောက်မြို့နှင့်နှစ်မိုင်ခန့်ဝေးကွားသည့်အနောက်လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလျက်ရှိ၍နတ်မောက်မြို့ ပေါ်သို့ဈေးကွက်တ င်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။စပျစ်များကိုစတင်စိုက်ပျိုးလာသည်မှာသုံးနှစ်ရှိပြီဖြစ်ကြောင်း၊စိုက်ပျိုးပြီးရှင်သန်ဖြစ်ထွန်းနေသေ စပျစ်ပင်များကိုဇန်နဝါရီလတွင်ကိုင်း ဖြတ် ပြီး ခြောက်လ အကြာမေလတွင်စပျစ်သီးများကိုခူးဆွတ်ရောင်းချ၍ ရပြီဖြစ်ကြောင်း၊ တစ်ပိဿာလက်ကားဈေး ကျပ် ၃၅၀ဝ၊

Thursday, 26 May 2022

ကယားပြည်နယ်တွင် စပါး ၊ ပြောင်းသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သည့်ထောပတ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာရာ လွိုင်ကော်မြို့နယ် အိုက်စပ်ကျေးရွာတွင်  Hass ထောပတ်မျိုးစိုက်ဧက ၁၀ဝ ခန့်ရှိ သည်။အဆိုပါ HSSထောပတ်မျိုးသည် နယူးဇီလန်မျိုးဖြစ်ပြီးပျိုးပင် တစ်ပင်လျှင် ကျပ်၁၅၀ဝ၀ နှုန်းရှိ၍ သက်တမ်းသုံးနှစ်တွင် အသီး စသီးကြောင်း၊ တစ်ဧကလျှင် အပင် ၁၀ဝ ခန့် စိုက်ပျိုးနိုင်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၂၂ သိန်းခန့်ကုန်ကျစရိတ်ရှိကြောင်း၊ထောပတ်ဈေးနှုန်းမှာ ယခင်နှစ် တစ်ကီလိုလျှင်ကျပ် ၆၀ဝ၀ ဈေးရှိပြီး ထိုင်းသို့ ကီလို ၅၀ဝ ခန့် တစ်နိုင်တစ်ပိုင် တင်ပို့ နိုင်ခဲ့က

Thursday, 26 May 2022

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် သီဟိုဠ်စိုက်ဧက၃၀ဝ ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ သီဟိုဠ်တစ်ဧကလျှင် အပင် ၆၀ အထိ  စိုက်ပျိုးနိုင်ပြီးအထွက်မှာ ပိဿာ ၃၀ခန့်ထွက်ရှိကြောင်းသိရသည်။  ယခင်နှစ်တွင်သီဟိုဠ်အထွက်နှုန်းမှာတစ်ဧကလျှင် ပိဿာ၆၀ခန့် ထွက်ရှိသဖြင့် ယခင်နှစ်ထက်ထက်ဝက်ခန့်အထွက်နှုန်း ကျဆင်း ကြောင်း သိရသည်။ထိုသို့ အထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင်အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းခြင်းကြောင့် ဖြစ်သည်။ယခုနှစ်တွင် သီဟိုဠ်စေ့အထွက်နှုန်း ကျ ဆင်းသော် လည်း ရန်ကုန်မှအဝယ်ရှိသဖြင့်ယခင်နှစ်ထက်ဈေးမြင့်လာသည်။သီဟိုဠ်စေ့ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်

Thursday, 26 May 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် တောင်ပေါ်ဒေသများဖြစ်သော လွယ်မွေအုပ်စု၊မိုင်းခွန်အုပ်စုနှင့် မိုင်းဇင်း အုပ်စု တို့တွင်နွေ၊မိုး၊ ဆောင်းရာသီမရွေးတစ်ပိုင်တစ်နိုင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အခြေအနေများကိုမေလပထမပတ်တွင်စိုက်ပျိုးသည့်တောင်သူကြီးများထံ တွေ့ဆုံ မေးမြန်းခဲ့ သည်။ဂေါ်ဖီထုပ်မျိုးစေ့များကိုSuperHAYA (ဒေသခေါ်ယိုးဒယားကမ္ဘာလုံး) အမှတ်တံဆိပ်ဖြင့်၅၀ ွနှစ်ဘူးလျှင်ငါးသောင်းကျပ်ဖြင့် ဝယ်ယူ၍တစ်လကြာသည် အထိ ပျိုး ထောင်ရပြီး ပျိုးထောင်ချိန်တွင်ဂေါ်ဖီထုပ်စိုက်ပျိုးမည့် မြေနေရာကို မြေပြုပြင်ခြင်းဆောင်ရွက်ရသည်။ မြေပြုပြင်ရာတ

Friday, 20 May 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဆံပင်ဈေးကွက်မှာ ယခင်ကမူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့သာ အဓိက တင်ပို့ရောင်းချမှုရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း  ဈေးကွက်မှာ ပြောင်းလဲ သွား၍ ပြည်တွင်း၌နေထိုင်သော ပြည်ပနိုင်ငံသားများ နှင့် ပြည်ပနိုင်ငံများမှလည်း  အဝယ်ဒိုင်သို့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူလျက်ရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ ယခင် (၄/၅)နှစ်ခန့်က တစ်ပိဿာကို ကျပ်တစ်သိန်းမှ ခြောက်သိန်း ဈေး ကွက်အတွင်း သာရှိပြီး ယခုပေါက်ဈေးမှာ ယခင်ထက်များစွာ မြင့်တက်လျက်ရှိကြောင်း၊ဝယ်ယူထားသော ဆံပင် ကုန်ကြမ်းကို ဆပ်ပြာနှင့် ရေသန့်စင်ဆေး နေပူလှန်း အတိုအရှည်ဆိုဒ်ခွဲ၍  ပြည်တွ

Friday, 20 May 2022

ရုရှား-ယူကရိန်းအကျပ်အတည်းကြောင့် ကားအစိတ်အပိုင်းများနှင့်ဆီမီးကွန်ဒတ်တာများပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ထိုင်းနိုင်ငံ၏မော်တော်ကားပြည်ပတင်ပို့မှုသည် မတ်လတွင်နှစ်အလိုက်၌ ၁၀ဒသမ၂ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစီးရေ ၉၃၈၉၀ သာ ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI)၏အဆိုအရသိရှိရသည်။အဆိုပါမော်တော်ကားပစ္စည်းများ ပြတ်လပ်မှုကြောင့်သြစတြေးလျနိုင်ငံ၊ဥရောပနှင့်အာရှဈေးကွက်များသို့ မော်တော် ကား မော်ဒယ်များစွာတင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း FTI ၏ဒုတိယဥက္ကဋ္ဌနှင့်မော်တော်ကားကလပ်အသင်း၏ပြောရေးဆိုခွင့်ရှိသူ Surapong  ပြောကြားခဲ့ကြောင်းသိရှိရသည်။ရှန်ဟိုင်း

Friday, 20 May 2022

 မေ ၂ ရက်မှ ၈ ရက်အထိ  စားအုန်းဆီရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ၆၀၂၅ကျပ်အဖြစ်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက     ထုတ်ပြန်ကြေညာသည်။လက်ရှိ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများဖြစ်သည့် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် စားအုန်းဆီဈေးနှုန်းများမြင့်တက်လာပြီးနောက် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများကို အခြေခံတွက်ချက်မှုအရ ယခု ကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ကော်မတီအနေဖြင့် လက်ရှိထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဖြစ်ပေါ်နေသည

Friday, 20 May 2022

၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ ဆန်တင်ပို့မှု အနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝခန့်တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့  တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်

Pages