Background
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်ရှိ မြို့နယ်အများစုတွင် မိုးဧည့်မထ စပါး၊ဆန်ဈေးနှင့် နွေသီး ထပ်ရင်စပါး ၊ဆန်ဈေးနှုန်းများ ယခင်တစ်ပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိရာ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ပျမ်းမျှဈေး ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ - ၆၀၀၀၀၀ ဈေးမှ ကျပ် ၅၉၀၀၀၀ - ၆၁၀၀၀၀ - ၆၂၀၀၀၀ မြင့်တက်၍ ဆန်ဈေးမှာ ယခင်တစ်အိတ်ကို ကျပ် ၂၄၅၀၀ - ၂၅၀၀၀ မှ ကျပ် ၂၅၀၀၀ - ၂၆၀၀၀ ဖြစ်သွားကြောင်း၊ နွေသီးထပ်ရင်စပါး ၄၆ပေါင်တင်း ၁၀၀ ကို ပျမ်းမျှဈေးကျပ် ၅၅၀၀၀၀ - ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ မြင့်တက်၍ နွေဆန်တစ် အိတ်ကို ကျပ် ၂၂၅၀၀ - ၂၃၀၀၀ မှ ကျပ် ၂၃၅၀၀ - ၂၄၀၀၀ နဲ့ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ ဝန်းကျင် မြင့်တက်သွာ
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေး ကွက်မှာ ဆန်အဝင်နည်းတဲ့အတွက် ဝယ်လိုအားများတဲ့ ဆန်ချောနဲ့ဆန် ကြမ်းဈေးတက်ပြီးအဝယ်ပုံမှန်ရှိတဲ့ ဆန်များကတော့ ဈေးငြိမ်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရ ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး စပါး၊ဆန် ပိုလျှံခရိုင်များဖြစ် ကြသော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူ ခရိုင်များရှိ ဇွန် ၈ ရက် ပထမပတ် စပါး၊ဆန်ဈေး အရောင်း အဝယ်ဖြစ်မှုမှာ ယခင်လ နောက်ဆုံးပတ် အတိုင်း အရောင်း အဝယ်အေးနေပြီး ပုံမှန်အတိုင်းသာ ဖြစ်နေပါတယ်။ ယခုလ ဇွန်လ ၈ ရက် ပထမပတ် ရွှေဘိုခရိုင်တွင် ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးတို့မှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀ - ၁၄၅၀၀၀၀ ၊ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ်၄၇၀၀၀ -၄၈၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း အပြောင်း အလဲမရှိဈေးငြိမ်နေပါတယ်။ ရွှေဘိုခရိုင် စပါး၊ဆန်ဈေးမှာ ယခင်လနောက်ဆုံး ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး အရောင်း အဝယ်အေးနေကြောင်းသိရပါတယ
ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုတစ်ပတ်၌လည်း ဝင်ရောက်မှုဆက်လက်နည်းသွားတာတွေ့ရပါတယ်။ ယခင် တစ်ပတ်မုန်တိုင်းမိုးကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ ကုန်ပစ္စည်းလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် အတွက် ယခုတစ်ပတ်တွင်လည်း ပစ္စည်းဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်သွားကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ဈေးကွက်ဖြစ်သော ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲသမားများနှင့်ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်တို့သို့ နယ်ကျော်တင်ပို့မှုဖြင့်အရောင်း အဝယ် ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။
မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၄၂ တန်ကို ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်စင်ကာပူနိုင်ငံသို့ ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံသို့ တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၂၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၅၀ ကျော် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(အသစ်)က တစ် တန်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၈၀-၄၀၀ ဝန်းကျင်ရရှိခဲ့ပြီး မန်ကျည်းသီး (အဟောင်း)က တစ်တန်ကိုပျမ်းမျှ အမေရိကန်ဒေါ်လာ၂၀၀၀န်းကျင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၅၂၆၀ ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။
ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ကျောက်ပန်းတောင်း၊ ကြံခင်း၊ ဟင်္သာတနှင့် ဒေသတွင်းမှ မန်ကျည်းမှည့်များ ဝင်ရောက်လျက်ရှိပါတယ်။ အရောင်းအဝယ် အနေဖြင့် နယ်တင်ပို့မှုများ ဆက်တိုက်ရှိနေတာကြောင့် မန်ကျည်းမှည့်ဈေးကောင်း ရလျက်ရှိကြောင်း သိရပါတယ်။
မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၆၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံသို့ ၁၄၄တန်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀နဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ၂၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာလည်း မလေးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်း ပတ်ကတင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန်၄၃၀ နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်း ၁၆၁ တန် တင်ပို့မှု လျော့နည်း ခဲ့တယ် လို့ သိရပါ တယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၉၄၂၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ကုန်ပစ္စည်းများကို ဝယ်ယူရန် အဆိုပြုထားသော အစီအစဉ် နှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ လိုငွေပြမှု ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့်လျှော့ချရန် အခြား အစီအမံများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်ဟု အဆိုပြုချက် နှင့် နီးစပ်သူများက ပြောကြောင်း ရိုက် တာသတင်းတွင် ဖော်ပြသည်။
မနှစ်ကတော့ ရှမ်းနနွင်းကအရောင်းအဝယ်သွက်ခဲ့ပြီး ချင်းက အရောင်း အဝယ် အေးခဲ့ပါတယ်။ ဒီနှစ်ကတော့ ချင်းက ရောင်းကောင်းနေပြီး နနွင်းကတော့ ပြန်ပြီးအရောင်းထိုင်းနေ ပါတယ်။ ပြည်ပဝယ်လက်တွေမရှိဘဲ ပြည်တွင်းသုံးမှာ တောင် အမှုန့်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်သာ ဝယ်ယူမှုရှိနေတယ်လို့လည်း ဈေးကွက်က သိရပါတယ်။ မနှစ်ကလို ပြည်ပဝယ်လက်တွေ အလုံးအရင်းနဲ့ ဝယ်ယူ တာမရှိပေမယ့် သူဟာနဲ့သူရောင်းနေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဝယ်လက်က တော့ ချင်းဝယ်ရင်း နနွင်းကိုလည်း လိုသလောက်ဝယ်ယူပြီး မော်လမြိုင်နဲ့ ပြည်က တော့ အမှုန်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက် ဝယ်ယူနေလို့ တစ်လလုံးမှာ တန်ချိန်ငါးရာခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၇၈၈၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) တန် ၂၈၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့၃၁၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈ တန် လျော့နည်းတင်ပို့ခဲ့ ပါတယ်။ရှမ်းစ နနွင်းက ပုံမှန်အရောင်းအဝယ်ရှိပြီး ဟိုပုံးနနွင်းကို အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေကသာ ဝယ်ယူကြတာလို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး နနွင်းဈေးတွေ ကွာခြားတယ်လို့ ပွဲရုံတွေက သတင်းရရှိ ပါတယ်။