Main menu

Background

Tuesday, 19 Dec 2017

     စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရတနာပုံကုန်သွယ်မှု ဗဟိုဌာနမှကြီးမှူးကျင်းပသည့် ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲ စိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေး နွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက အဖွင့်အမှာစကား ပြောကြား ရာတွင် မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး အသားတင် စိုက်ပျိုးမြေဧရိယာ ၇ ဒသမ ၃ သိန်းကျော်ရှိ ရာမှာ ယာမြေနှင့်ကိုင်းကျွန်းမြေ စုစုပေါင်း ဧရိယာဧက ၆ ဒသမ ၄ သိန်းန

Tuesday, 19 Dec 2017

      လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏  အဓိကအသက်သွေးကြော ဖြစ်သလို လူဦးရေ၏ အများစု (သုံးပုံနှစ်ပုံခန့်) သည်လည်း ကျေး လက်များတွင် နေထိုင်ကြပြီး လယ်ယာလုပ်ငန်းကိုသာ အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပို့ကုန်ကဏ္ဍကို လေ့လာကြည့်ရာတွင် မြန်မာနိုင်ငံသည် လယ်ယာ ထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့အဓိက တင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပသို့ဆန်နှင့်ဆန် ကွဲ တင်ပို့မှုသည် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုအနက် အများဆုံး တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအခြေအနေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (ဧပြီလ ၁

Friday, 15 Dec 2017

         ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုများအား တိုးချဲ့မြှင့်တင်မည်ဖြစ်ကြောင်း ခမာတိုင်းမ်သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည့်  မင်နီဘာအာ ကမ္ဘောဒီးယားကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်သည့်  မင်နီဘာအာမတ်ဆုမိကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ အခြားသော ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လျက် ရှိရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆၃သန်း တိုးမ

Friday, 15 Dec 2017

      ဗီယက်နမ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  စီးပွားရေးကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်မှု တို့ကို ဦး တည်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်က ပြောကြားခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်သည် ဗီယက်နမ် နိုင်ငံတွင်ကျင်းပသညSmart Industry World 2017 တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Thursday, 14 Dec 2017

         ယခုတစ်ပတ် ရွှေတောင်၊ ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ဝက်ထီးကန် ဘက်မှ တစ်နေ့လျှင် ဆောင်းမြေပဲအိတ် ၇၀၀ ခန့် ဝင်ရောက်နေတာတွေ့ရပါ တယ်။ ရွှေတောင်ဘက်မှ လာတဲ့ဆောင်းမြေပဲအတောင့်အစိုကို တစ်ပြည် လျှင် ၈၀၀ ဖြင့် ဈေးကွက်တွင် ရောင်းချနေတာ တွေ့ရပါတယ်။ မြေပဲဆန်ကိုတော့ ဆီစက်နှင့်ဝယ်လက်များကဝယ်ယူပြီး ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၂၁၀၅ကျပ်၊ (အနီ)တစ်ပိဿာလျှင်ကျပ် ၁၉၅၀ ဖြင့် ရန်ကုန်ဆီ စက်များက တစ်နေ့လျှင် အိတ်၅၀၀ခန့် ဝယ်ယူလျက်ရှိပါတယ်။ လုံးဆန်(အဖြူ) တစ်ပိဿာလျှင်ကျပ် ၂၄၀၀၊ လုံးဆန် (အနီ) တစ်ပိဿာလျှင်ကျပ် ၂၁၅၀ ဖြင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူလျက်ရှိပါတယ်။

 

ဝေေ၀မင်း

Pages