Main menu

Background

Friday, 28 Jul 2017

ဇူလိုင်လလယ် ပြည်ပဲဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လက်ပဲများ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို လက်လီ ပဲများလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။  ထောပတ်ပဲသီးနှံဟာ လက်ကျန်ပဲ အနည်းငယ်ဖြင့် လက်လီ သမားအချို့ နေ့စဉ်ဝယ်ယူလျက် ရှိခဲ့ ကာ တစ်ရက်လျှင် အိတ် ၂၀ ဝန်းကျင်  ရောင်းချခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၃၁၀၀၀ နဲ့ အခြား လက်လီပဲများဖြစ်သော ဘိုကိတ်၊ ပဲပုပ်၊ ပဲလွန်းဖြူ သီးနှံများထက် ဈေးကောင်း  ပိုရ ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ် ဇူလိုင်လက ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၅၀၀၀ သာရရှိခဲ့လို့ ယခုနှစ်ဈေးဟာ ယခင်နှစ်ရဲ့ဈေးထက်နှစ်ဆ ခန့် ပိုရနေခဲ့ တာကို တွေ့ရပါတယ်။                                

Friday, 28 Jul 2017

ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက် ပဲများဈေးအေးနေပေမယ့် ပြည်တွင်း ဝယ်လက် ကုလားပဲ၊ ပဲကြီး သီးနှံများနှင့် လက်လီသမား အဓိကအရောင်းအဝယ် ဖြစ်နေတဲ့ စားတော်ပဲသီးနှံဟာ ဈေးကောင်းရနေခဲ့တာကို တွေ့ရ ပါတယ်။ ပဲအဝင် မရှိပေမယ့် လက်ကျန်ပဲ အချို့ရှိလို့ လက်လီ ဝယ်ယူမှုအပေါ် နေ့စဉ်အိတ်အနည်း ငယ် ရောင်းချခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၄၄၀၀၀ဖြင့် ယခင်တစ်ပတ် ဈေး ထက် ကျပ် ၁၀၀၀ ခန့် ဈေးပိုရလာခဲ့ ပါတယ်။ ဒါကြောင့် ပြည်ပဲ မျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံပြီးလျှင် ဒုတိယအများဆုံးဈေးရခဲ့တဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရ ပါတယ်။                        

              ခင်ဆွေဝင်း

 

Tuesday, 18 Jul 2017

(ယခင်တစ်ပတ်မှအဆက်)
(ခ)    စစ်ဆေးရေးအဖွဲ့၏ လိုလားချက်အရ  ပစ္စည်းသို လှောင်ရုံသို့  သွားရောက်စစ်ဆေးနိုင်ရေး ကူညီပေး ရန်နှင့် နမူနာပစ္စည်းအတွက်လည်းကောင်း၊ ဓာတ်ပုံ မှတ်တမ်းရယူရန်အတွက်လည်းကောင်း ပံ့ပိုးကူညီ ပေးရန်။
(ဂ)    ဈေးနှုန်းစိစစ်ရန်   လိုအပ်မှုအတွက် တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏လိပ်စာ၊ Email Account တို့ကို တင်ပြ ပေးရန်။    
အရေးယူဆောင်ရွက်မှု

Wednesday, 12 Jul 2017

     MPT က စီးပွားရေးလုပ်ငန်းများအတွက် အထူးရည်ရွယ်ထားသညB2Bဒေတာအစီအစဉ်သစ်များကို ထုတ်ပြန်ကြေညာလိုက်သည်။အဆိုပါ B2B အစီအစဉ်တွင် ယခင်က အစီအစဉ်များထက် ဒေတာပမာဏ ပိုမိုများ ပြား၍ ဈေးနှုန်းပိုမိုချိုသာသော ပက်ကေ့ချ်အမျိုးအစား ခြောက်မျိုးဖြစ်သည့် 800 MB မှ 20 GB အထိကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။စီးပွားရေးလုပ်ငန်းများတွင် အင်တာနက်သုံးစွဲသူများအနေဖြင့် MPT  ၏ မြန်ဆန်သော ဒေတာကွန်ရက်ကို အသုံးပြုပြီး မိမိတို့လိုအပ်သည့် အစီ အစဉ်များကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။

Wednesday, 12 Jul 2017

     ပြည်ပသို့  နှစ်စဉ်ဆန်တန်ချိန် တစ်သန်းတင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံ၏ ရည်မှန်းချက်ကို ပြည့်မီရန်အတွက် လို အပ်နေသည့်စပါးသိုလှောင်မှုဆိုင်ရာကိစ္စရပ်အား ဖြည့်ဆည်း ပေးနိုင်ရန် ဆန်သိုလှောင်ရုံများနှင့် စပါးကျီ အမြောက်အများ ဆောက်လုပ်မည့် အဆိုပြုစီမံချက်သည်တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီနှစ်ခုအား ဆွဲဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်ဆန်တန်ချိန်တစ်သန်း ကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လက်ရှိတွင်အဆိုပါပမာဏ ၏ ဆန် ၄၀ ရာခိုင်နှုန်းအတွက်သာ သိုလှောင်ရုံများရှိပြီး ၆၀ ရာခိုင်နှုန်းခန့်လိုအပ်လျက်ရှိကြောင်းသိရှိရသည်။

Wednesday, 12 Jul 2017

       ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၈၇၄  သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန် ၁၄၉၀ ကို တင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေး ဇုန်RSS3  ၂၀၇ တန် RSS 5  ၃၅၆ တန်ကျော်၊MSR 20 ၁၅၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဃမနစန ျွကဘဘနမ ၁၀တန်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမRSS3  ၆၁၉ တန်၊RSS 1  ၁၉ တန်ကျော်၊MSR 20   တန် ၇၀ နဲ့ Crepe Rubber  ၁၅ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ရော်ဘာစေး ၃၆ တန် တင်ပို့ခဲ့ပါတယ်။

Tuesday, 11 Jul 2017

(ယခင်တစ်ပတ်မှအဆက်)
ဈေးနှုန်းစိစစ်ရေးလုပ်ငန်းစဉ်
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သည် အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည်-
(က) လိုင်စင်ခွင့်ပြုသောဌာနခွဲများမှ ဈေးနှုန်းပြန်လည် စိစစ်ရန် ပေးပို့လာသော ကုမ္ပဏီများအပေါ်  စစ်ဆေးရမည့် ကုန် ပစ္စည်းကို  စိစစ်ရွေးချယ်ပြီးကုမ္ပဏီအလိုက် လိုင်စင်အလိုက် စာရင်းကောက်ယူခြင်း။
( ခ ) ခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများ  စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊မြေပြင်တွေ့ရှိချက်နှင့်စစ်ဆေးခြင်း၊ ငွေပေးချေမှုဆိုင်ရာ အဝင်/အထွက်စာရင်းများကို စစ်ဆေးခြင်း၊ စစ်ဆေးမှုများအပေါ် ပြန်လည်သုံးသပ်၍ အစီရင်ခံစာရေးသား တင်ပြခြင်း။

Tuesday, 11 Jul 2017

       ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသညFMI ကုမ္ပဏီ သည် ၎င်းထံမှဝယ်ယူထားသော အစု ရှယ်ယာများအတွက် အမြတ်ဝေစုများ ကို သြဂုတ် ၉ရက်တွင် စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။အဆိုပါအမြတ်ဝေစုကို  ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့်အစုရှယ် ယာရှင်စာရင်းအတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြ စ်ကြောင်းFMI  ၏ကြေညာချက်  တွင် ဖော်ပြထားသည်။ထို့ပြင် ယခုတစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင်  မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares)  တစ်စု  ထုတ်ဝေပေးမည်ဖြစ် ကြောင်းFMI ၏  ကြေညာချက်တွင် ထည့်သွ

Thursday, 6 Jul 2017

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့်  ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန် လိုင်စင်များအား ဈေးနှုန်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့်  စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့်  Invoice နှင့်Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန် သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်သည်။

Tuesday, 4 Jul 2017

             ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၉၆ သန်း တန်ဖိုးရှိ  ကြက်သွန်နီ ၁၁၄၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၄၆ တန်နဲ့  နှိုင်းယှဉ်ပါက  ယခုတစ်ပတ်မှာ ၆၉၉ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၇၀၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန်၄၀ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၈၃၆၇ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန်ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က မြဝတီမှ တင်ပို့ခဲ့တဲ့ ၂၄ တန်၊

Pages