Main menu

Background

Monday, 7 Oct 2024

ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ရန်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းမှုကို   တိုးမြှင့်ရန်နှင့် သန့်ရှင်းစွမ်းအင်  သုံးစွဲမှုကို အထောက်အကူပြုရန်အတွက် ဒီဇယ်ဆီ၌ အုန်းဆီမှထုတ်လုပ်သည့် (Coconut Methyl Ester – CME)  ဇီဝဒီဇယ်ဆီအား လက်ရှိ ၂ ရာခိုင် နှုန်းမှ တိုးမြှင့်လျက် ၃ ရာခိုင်နှုန်းသို့ တိုးမြှင့်ရောစပ်  အသုံးပြုခြင်း ကို အောက်တိုဘာ ၁ ရက်မှစတင်၍   နိုင်ငံတစ်ဝန်း၌ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Monday, 7 Oct 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလတွင်းFX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၁၀ဝ ကျော်ထိရှိလာပြီဖြစ်ကြောင်း သိရ သည်။

Monday, 7 Oct 2024

ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင်  အထူးသဖြင့် ကျေးလက်ဒေသများရှိ ရေဘေး ဒဏ်သင့် လယ်မြေများတွင် သင့်လျော်သော သီးနှံများ ပြန် လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုး၊ သွင်းအားစု ငွေကြေးထောက်ပံ့မှုများအား မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Monday, 7 Oct 2024

မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးဒင်းလ်ပက်ဘလစ် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်အရ ဒါရိုက်တာအဖွဲ့မှ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၅၀ ကျပ်အား အစုရှယ်ယာရှင်များ သို့ ခွဲဝေပေးမည်ဖြစ်ပြီး  အမြတ်ဝေစု ထုတ်ပေးမည့် နေ့ရက်အား ထပ်မံကြေညာပေး မည်ဖြစ်ကြောင်း သိရသည်။

Monday, 7 Oct 2024

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း  စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၆၀ဝ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းYSX) မှ သိရသည်။ 
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၂၆၀၂၆၂ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၃၄ ဒသမ ဝ၆၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။ 

Monday, 7 Oct 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ် ၅၃ သိန်း ကျော်တွင်ရှိပြီဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။  YGEA မှ နေ့စဉ်ရောင်းချရ မည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရွှေရောင်းချ သည့်အခါတွင် သတ်မှတ်သည့်ဈေးနှုန်းအတိုင်း ရောင်းချပါရန် အသိပေးထားပြီး ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ပါရန် ပန်ကြားထား သည်။

Monday, 2 Sep 2024

အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့် ဘတ်ငွေ တန်ဖိုး အားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခု နှစ်တွင် မူလခန့်မှန်းထားသည့် ဆန်တန် ၇ဒသမ၅ သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈ဒသမ၂ သန်းကို ပြည်ပသို့တင်ပို့ နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာနအဆိုအရ သိရသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်Ronnarong Phoolpipet  က ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅ ဒသမ ဝ၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇ ဒသမ၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့ သည့်နှစ် တူညီသည့်ကာလကထက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်တင်

Monday, 2 Sep 2024

စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းလို အားလျော့ကျမည့် အလားအလာများ ရှိနေသော်လည်း ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းဝယ်ယူသူဖြစ်သည့်  အိန္ဒိယနိုင်ငံသည် ပိုမိုမြင့်မားသော သွင်းကုန် အခွန် စည်းကြပ်ကောက်ခံမည့် အခြေအနေရှိခြင်းက မလေးရှား ဈေးကွက်၌ သြဂုတ် ၂၈ ရက် ဈေးကွက်ပိတ်သိမ်းချိန်တွင် စားအုန်းဆီကြိုရောင်းဈေးနှုန်း များကို ကျဆင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

Monday, 2 Sep 2024

တညင်းကုန်းလက်ကားဈေးအား စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိသည့်  မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီ (MAEX)  မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာအပေါ် အမြတ်ငွေ များအား ၂၀၂၄ ခုနှစ် စက်တင်ဘာ  ၆ ရက်နေ့မှစတင်ကာ ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 
အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစုအား ကျပ် ၂၀ဝ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပြီး   ကုမ္ပဏီ၏ အမြတ်ဝေစု ခွဲဝေပေးကာလတစ်လျှောက် ပမာဏအများဆုံးဖြစ်လာကာ ခွဲဝေမှုအတွက် ကျပ်သိန်းပေါင်း ၄၇၆၁၀ ထုတ်ပေးသွားရန် MAEX  ဒါရိုက်တာအဖွဲ့မှ  ဆုံးဖြတ်ထားကြောင်း သိရသည်။ 

Monday, 2 Sep 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသည့် ဆန်သိုလှောင်ရုံမှတ်ပုံ တင်စနစ်တွင် အသေးစား၊ အလတ်စား ဆန်ဆိုင်များအား ထည့်သွင်းနိုင်ရေး စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သိရသည်။ 

Pages