Background
ပြည်ပသို့ နှစ်စဉ်ဆန်တန်ချိန် တစ်သန်းတင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံ၏ ရည်မှန်းချက်ကို ပြည့်မီရန်အတွက် လို အပ်နေသည့်စပါးသိုလှောင်မှုဆိုင်ရာကိစ္စရပ်အား ဖြည့်ဆည်း ပေးနိုင်ရန် ဆန်သိုလှောင်ရုံများနှင့် စပါးကျီ အမြောက်အများ ဆောက်လုပ်မည့် အဆိုပြုစီမံချက်သည်တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီနှစ်ခုအား ဆွဲဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်ဆန်တန်ချိန်တစ်သန်း ကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လက်ရှိတွင်အဆိုပါပမာဏ ၏ ဆန် ၄၀ ရာခိုင်နှုန်းအတွက်သာ သိုလှောင်ရုံများရှိပြီး ၆၀ ရာခိုင်နှုန်းခန့်လိုအပ်လျက်ရှိကြောင်းသိရှိရသည်။
ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၇၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန် ၁၄၉၀ ကို တင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေး ဇုန်RSS3 ၂၀၇ တန် RSS 5 ၃၅၆ တန်ကျော်၊MSR 20 ၁၅၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဃမနစန ျွကဘဘနမ ၁၀တန်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမRSS3 ၆၁၉ တန်၊RSS 1 ၁၉ တန်ကျော်၊MSR 20 တန် ၇၀ နဲ့ Crepe Rubber ၁၅ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ရော်ဘာစေး ၃၆ တန် တင်ပို့ခဲ့ပါတယ်။
(ယခင်တစ်ပတ်မှအဆက်)
ဈေးနှုန်းစိစစ်ရေးလုပ်ငန်းစဉ်
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သည် အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည်-
(က) လိုင်စင်ခွင့်ပြုသောဌာနခွဲများမှ ဈေးနှုန်းပြန်လည် စိစစ်ရန် ပေးပို့လာသော ကုမ္ပဏီများအပေါ် စစ်ဆေးရမည့် ကုန် ပစ္စည်းကို စိစစ်ရွေးချယ်ပြီးကုမ္ပဏီအလိုက် လိုင်စင်အလိုက် စာရင်းကောက်ယူခြင်း။
( ခ ) ခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊မြေပြင်တွေ့ရှိချက်နှင့်စစ်ဆေးခြင်း၊ ငွေပေးချေမှုဆိုင်ရာ အဝင်/အထွက်စာရင်းများကို စစ်ဆေးခြင်း၊ စစ်ဆေးမှုများအပေါ် ပြန်လည်သုံးသပ်၍ အစီရင်ခံစာရေးသား တင်ပြခြင်း။
ရန်ကုန် စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသညFMI ကုမ္ပဏီ သည် ၎င်းထံမှဝယ်ယူထားသော အစု ရှယ်ယာများအတွက် အမြတ်ဝေစုများ ကို သြဂုတ် ၉ရက်တွင် စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။အဆိုပါအမြတ်ဝေစုကို ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့်အစုရှယ် ယာရှင်စာရင်းအတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြ စ်ကြောင်းFMI ၏ကြေညာချက် တွင် ဖော်ပြထားသည်။ထို့ပြင် ယခုတစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင် မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares) တစ်စု ထုတ်ဝေပေးမည်ဖြစ် ကြောင်းFMI ၏ ကြေညာချက်တွင် ထည့်သွ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန် လိုင်စင်များအား ဈေးနှုန်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့် Invoice နှင့်Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန် သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်သည်။
ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၉၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၁၄၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၄၆ တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၆၉၉ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၇၀၉၂ တန်ဖိုးရှိ ကြက်သွန်နီ တန်၄၀ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၈၃၆၇ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန်ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က မြဝတီမှ တင်ပို့ခဲ့တဲ့ ၂၄ တန်၊
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဇွန်လ ကုန်ပတ်အတွင်း ပြည်တွင်း၊ ပြည်ပအရောင်းအဝယ်ဖြစ်လျက် ရှိတဲ့ ပဲများအားလုံး ဈေးမြင့်တက်လာခြင်းမျိုးမရှိဘဲ ပဲတော် တော်များများ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါ တယ်။ မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိပေမယ့်အရောင်း နည်းတာကြောင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲဈေးနှုန်းအေးနေတဲ့အတွက် လက်ဝယ်ရှိသူတောင်သူများ ကလည်း ရောင်းချမှုမရှိတာကြောင့် ပဲဝင် ရောက်မှု သိပ်မရှိဘဲ လက်ကျန်ပဲများသာ ဝယ်လိုအားရှိသ လောက် ရောင်းချနေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၂၀၀ ကျော် ၃၀၀ရောင်း ချခဲ့ရပ
ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၂ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နဲ့ ကောက်ညှင်း ဆန် ၁၀၅ တန်ခန့် ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၄၉ တန်ခန့်နဲ့ ဧည့်မထဆန် ၁၀၅ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၀၃၅ တန်၊ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်နဲ့ ကောက်ညှင်း ဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၈၂၂တန် လျော့နည်းခဲ့ပါတယ်။
ဗြိတိသျှနိုင်ငံမှ စစ်တမ်းကောက် ယူရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အီကောနော်မစ်က နိုင်ငံပေါင်း ၁၃၀ ကျော်ကို ကောက်ယူထားသော စစ်တမ်းအရ စင်ကာပူနိုင်ငံသည် နေထိုင်စရိတ် အကြီးမားဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေဆဲဖြစ်ကြောင်း အက်စ်ဘီအာ အွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ထိုကဲ့သို့ နေထိုင်စရိတ်ကြီးမား သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ရှိနေသော်လည်း ကုန်စည်များအတွက် သုံးစွဲရာတွင် မြင့်တက်လျက်ရှိနေသော ကုန် ကျစရိတ်ကို ရရှိနိုင်ရေးအတွက် အလုပ်အကိုင် ရှာဖွေသူများသည် စင်ကာပူတွင် လစာကောင်းကောင်း ရသော အလုပ်အကိုင်ကိုရရှိနိုင်စေရန် အသည်းအသန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်များတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော ကိုရီးယားခေတ်မီသိပ္ပံပညာနှင့် နည်းပညာတက္ကသိုလ် (Korea Advanced Institute of Scien -ce and Technology - KAIST) သည် အပြည်ပြည်ဆိုင်ရာရှိ တက္ကသိုလ်ဆရာများနှင့် ထူးချွန်ကျောင်းသားများကို ဆွဲ ဆောင်နိုင်ရန် ရည်ရွယ်လျက် အခမ်းအနားတစ်ခု ကို ဆိုးလ်မြို့တွင် ဇွန် ၂၃ ရက်က ကျင်းပခဲ့ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ဆိုးလ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဦးဦးဖျားဖျား ကျင်းပသော နိုင်ငံခြားသံတမန်တို့နှင့် တွေ့ဆုံပွဲတွင် တက္ကသိုလ်က ဆောင်ရွက်ထား သော ခေတ်မီနည်းပညာများနှင့် ကျောင်းသား များ အား သင်က