Main menu

Background

Wednesday, 18 Jan 2017

၂၀၁၆ ခုနှစ် ဧပြီလခန့်မှစ၍ တနင်္သာရီတိုင်းအတွင်းမှ ထွက်ရှိသည့် အုန်းသီး (အခွံချွတ်)အား တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကမ်းမှ အဝယ် လိုက်လာကြောင်း အုန်းသီး ဝယ်^ရောင်း ပြုလုပ်နေသည့် ကုန်သည် တစ်ဦးထံမှ သိရှိရပါတယ်။ တစ်ဖက်ထိုင်းနိုင်ငံမှ ဝယ်လို အားများလာသည့် အတွက် ကော့သောင်းဒေသရှိ ဒေသခံ အုန်းသီး ဝယ်^ရောင်း ပြုလုပ် နေသည့် ကုန်သည်များသည် ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာများ၊ မြိတ်နှင့် ထားဝယ်ခရိုင်များအတွင်းရှိ ကျေးရွာများအပြင် မော်လမြိုင်ခရိုင် အတွင်းရှိ ကျေးရွာများအထိပါ လိုက်လံဝယ် ယူစုဆောင်းလျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

Tuesday, 17 Jan 2017

ပြည်ဈေးကြီး(ပွဲရုံ)များတွင် လက် ကျန်အဟောင်းမန်ကျည်းမှည့်များဈေး ငြိမ်လျက်ရှိနေရာမှဇန်နဝါရီလဆန်း ပိုင်းမှစ၍နည်းနည်းချင်း ဈေးတက်လာ ပါတယ်။ ယခုတစ်ပတ် မန်ကျည်းသီး မှည့်အဟောင်းဈေးမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ကျပ်၃၈၀၀ဖြစ်နေပြီးလက်လီ ဈေးတစ်ပိဿာ ကျပ် ၄၅၀၀နဲ့ ရောင်း ဝယ်လျက်ရှိကြပါတယ်။ လက်ကျန် နည်းပါးတာကြောင့် ဈေးမြင့်တက်နေ တာဖြစ်ကြောင်းသိရပါတယ်။  ယခု (ဒုတိယပတ်)အတွင်း ဈေးကွက်များမှာ တော့ မန်ကျည်းမှည့်အသစ်တွေ (အစေ့ မပါ) စတင်ဝင်လာတာတွေ့ရပါတယ်။ တစ်ရက်ကို  ပိဿာအနည်းငယ်သာ ဝင်ရောက်ပြီး၊ အရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်းသိရပါတယ်။ရွှေတောင်၊ ကျီးသဲနဲ့ ပြည်အနောက်ဘက်ကမ်းတို့မှ ဝင်ရောက်နေခြင်းဖြစ်ပါတယ်။ဈေးနှုန်း ကတ

Tuesday, 17 Jan 2017

ဇန်နဝါရီလဆန်းပတ်မှာ  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အဝင်နည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ပွဲရုံသို့ကြက်သွန်နီဝင်ရောက်မှုမှာ တစ်ရက် လျှင်ပိသာ ၅၀၀၀ ခန့်သာ  အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ရန်ကုန်-မန္တလေးဝယ်လက် အဆွဲများအတွက် လုံလောက်မှုမရှိ၍ လက်လီသာ ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီေ ဈးနှုန်းမှာ ပွဲရုံ ဈေး(ကြီး)တစ်ပိသာကျပ်၁၀၀၀၊ (လတ်) ကျပ် ၉၀၀၊ (သေး) ကျပ် ၈၀၀၊ လက်လီ ဈေးနှုန်းမှာတစ်ပိသာ(ကြီး)ကျပ် ၁၂၀၀၊ (လတ်) ကျပ် ၁၁၀၀၊ (သေး) ကျပ်၁၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်နှ င့်နှိုင်းယှဉ်ပါက ဈေးမြင့် တက်ကြောင

Tuesday, 17 Jan 2017

ပြည်ပဲဈေးကွက်အတွင်း ပဲသစ်မျိုးစုံ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလလယ်မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံများ စတင်ဝင်ရောက်ခဲ့ပါတယ်။ ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့နယ်များမှ  ပဲအဝင်များလာတဲ့အတွက် တစ်ရက်လျှင် အိတ် ၇၀/၈၀ မှ ၁၀၀ ကျော်အထိ  ဝင်ရောက်လာတာကြောင့် ပဲဈေးနှုန်းမှာ တစ်တင်း ကျပ်၁၉၅၀၀ဖြင့် ဈေးနှုန်းအနည်းငယ် လျော့နည်းသွားခဲ့ပါတယ်။ ပဲသစ်အဖွင့်ဈေး စဖွင့်ချိန်က တစ်တင်းကျပ်၂၃၀၀၀ဖြင့် ပဲဟောင်းဈေးထက် အနည်းငယ်ပိုခဲ့ပေမယ့် ပဲဝင်ရောက်မှုများလာချိန်မှာတော့ ဈေးလျော့ လာတဲ့အတွက် ပဲအထွက်လှိုင်လာချိန် ဝင်ရောက်မှု သိသိသာသာ ပိုလာချိန်မှာလည်း ဈေးအတက်အကျ အခြေအနေ ကို စောင့်ကြ

Tuesday, 17 Jan 2017

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဇန်နဝါရီလဆန်းပိုင်းအတွင်း ပဲသစ်အမယ်စုံ ဝင်ရောက်လျက် ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ဘိုကိတ်ပဲ သီးနှံများနေ့စဉ်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲနီပြားသီးနှံများအနေဖြင့်  ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းလက်ကျန်များနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။မတ်ပဲသီးနှံမှာ ဒီဇင်ဘာလကုန်ပတ်မှစ၍ ပဲသစ်အချို့ ဝင်ရောက်ခဲ့ကာ ယခုဇန်နဝါရီ ဒုတိယပတ်အတွင်းမှာ အိတ် ၁၀၀/၁၅၀ ကျော်ထိ ပန်းတောင်း၊ ကံမမြို့နယ်မှ ဝင်ရောက် သလို ရန်ကုန်ဝယ်လက်မှလည်း နေ့စဉ်အဝယ်ရှိခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ လဆန်းရက်က ပဲဈေးပြန်လှုပ်လာလို့ တ

Tuesday, 17 Jan 2017

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးကုန်သွယ်ရေးစခန်း နှစ်ခုမှ ဇန်နဝါရီ ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၂၁ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၄၄၈၃ တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဆိုပါစခန်းသုံးခုမှ တစ်သျှူးငှက်ပျော ၁၇၄၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရပါတယ်။

Friday, 13 Jan 2017

ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၉ ဒသမ ၅ သန်းခန့်တင်ပို့ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၉ ဒသမ ၅ သန်းနှင့် ၁၀ သန်းအကြား တင်ပို့ရန် မျှော်မှန်းထားကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်းရှင် များ အသင်း၏ ပြောကြား ချက်အရ သိရှိရသည်။ရေနံဈေးနှုန်း မြင့်တက်လာမှု ကြောင့် အရှေ့အလယ်ပိုင်းဒေသကဲ့သို့ သော ဈေးကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာနိုင်သဖြင့် ၂၀၁၇ ခုနှစ် တွင် ပြည်ပသို့ ဆန်တင်ပို့ မှုမြင့် တက် လာ နိုင်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ ဆန် အထွက်နှုန်း အနည်းငယ် မြင့်တက် လာနိုင်မည်ဟု မျှော်လင့်ရသဖြင့် ယှဉ် ပြိုင်မှုများ မြင့်မားလာနိုင်ကြောင်း၊ ထို့ အပြင် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်င

Thursday, 12 Jan 2017

ပြည်သား၊ ငါးဒိုင်များတွင် ဇန်န ဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက် အတွင်းသို့ ရေချိုငါးသလောက်များ ပေါများစွာ ဝင်ရောက်လာတာ တွေ့ရ ပါတယ်။ ဝင်လာတဲ့ ငါးသလောက်များ ကတော့ လတ်ဆတ်မှုရော၊ ဈေးနှုန်းပါ သင့်တင့်တာကြောင့် အရောင်းသွက် လျက် ရှိပါတယ်။ အရွယ်အစားမှာ လည်း ပေါင်းစားစား၊ ရေချိုချက်စား စား၊ ၂၅ ကျပ်သား၊ ၃၀ ကျပ်သား အရွယ်ရှိတဲ့အတွက် လူတန်းစားမျိုးစုံ စားသုံးနိုင်တာကြောင့် အရောင်းရ သွက်ကြောင်း သိရပါတယ်။ ရန်ကုန် မြို့မှ နေ့စဉ် ငါးသလောက် ပိဿာချိန် ၅၀၀ မှ ၇၀၀ ထိဝင်ရောက်လျက်ရှိပါ တယ်။ ငါးကြင်း၊ ငါးမြစ်ချင်းများလည်း ပုံမှန် ဝင်ရောက်နေပါတယ်။ ဈေးတွင် ငါးသလောက်ဈေးမှာ (ပွဲရုံဈေး) တစ်ပိဿာ ကျပ် ၃၈၀၀ နှင့် ကျပ် ၄၀၀၀ ဖြစ

Friday, 6 Jan 2017

 ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော Agri Watch ပဲမျိုးစုံ အစီရင်ခံစာတွင် ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးမှုအခြေနေ ပြည်ပမှ တင်သွင်းမှုအခြေနေနှင့် ပဲမျိုးစုံ ဈေးနှုန်းများကို သုံးသပ်ဖော်ပြထားသည်။ ယခု သီတင်းပတ်အတွင်းတွင် ပဲမျိုးစုံကုန်သေတ္တာဝင်ရောက်မှုရှိပြီး၊ ဝမ်းပုံ စနစ်ဖြင့် တင်သွင်းလာသည့် ပဲမျိုးစုံလည်း ရောက်ရှိလာမည်ဖြစ်သည်၊ ဆောင်းရာသီစိုက်ပျိုးမှုကိုကြည့်ပါက ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုတက်နေသည်ကို ကြည့်ပါက ယခင်နှစ်ကာတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုးတက်နေသည်ကိုတွေ့ရသည်။ ဈေးနှုန်းအခြေနေမှာလည်း အများ

Friday, 6 Jan 2017

ဟိုပုံးမြို့နယ်အတွင်းရှိ ကျောက် တန်းရွာသည် ထောပတ်သီးပင်များကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြ သော်လည်း ထောပတ်သီးများ အများ အပြားထွက်ရှိသည့် ရွာအဖြစ်နာမည် ကျော်ကြားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ထော ပတ်ပင်များအား ခြံစည်းရိုးတွင် ရိုးရာ ဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ် များတွင်စိုက်ပျိုးသည့် အလေ့အထသို့ ကူးပြောင်းခဲ့ရာ ကျောက်တန်းရွာသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။

Pages