Main menu

Background

Sunday, 20 Mar 2011

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးငြိမ်                    ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတည်ငြိမ်နေပြီး၊ မြေပဲဆီဈေးမှာ ဈေးအနည်းငယ်ကျသွားတာ တွေ့ရပါတယ်။ ကံမနဲ့ မင်းတုန်းဘက်မှ မြေပဲဆံအိတ် တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ရန် လုံလောက်ခြင်း မြေပဲဆီကို စားသုံးသူနည်းခြင်းကြောင့် မြေပဲဆီဈေးမှာ ဈေးကျသွားခြင်းဖြစ်ပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၆၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကိုအိတ် ၁ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၉ဝဝ ကျပ်-၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးကျသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို ၃ ပေပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။           ဝေဝေမင်း

Sunday, 20 Mar 2011

ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများ အရောင်းအဝယ်ဖြစ်              ပြည်ဈေးကွက်ကို မင်းတုန်း၊ ကံမမြို့နယ်များမှ ကျွန်းမြေပဲများ တစ်နေ့ကို အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ရိုးရိုးဆီကြိတ်မြေပဲဆံများမှာ အဝင်နည်းနေသဖြင့် ပြည်ဈေးကွက်တွင် ကျွန်းမြေပဲများသာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ ကျွန်းမြေပဲတစ်ပိဿာကို ၁၆၂၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ဈေးထက် ကျလာခဲ့တာ ကို တွေ့ရပါတယ်။                                 ဆွေဆွေမင်း

Sunday, 20 Mar 2011

ဆီစက်သမားများ ပုံမှန်အဝယ်ရှိနေတဲ့ ပြည်နှမ်းနီ                     ပြည်ဈေးကွက်တွင် ဆီကြိတ်နှမ်းနီဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး နှမ်းနက်ဈေးမှာ ယခင်အပတ်ထက် ဈေးထပ်ကျလာတာတွေ့ရပါတယ်။ နှမ်းနီမှာ အဝင်မရှိပေမဲ့ မြို့တွင်းလှောင်နှမ်းများကို ဆီကြိတ်နေသဖြင့် ဆီဈေးမှာလည်း ယခင်အပတ်အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ နှမ်းနက်မှာ အဝင်မရှိ အထွက်မရှိသဖြင့် ဈေးဆက်ကျနေတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဆီတစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၅ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Sunday, 20 Mar 2011

ယခုအပတ်နယ်စပ်မှ နှမ်းပို့                မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၁၃ ဒသမ ၂၅ တန်နဲ့ နှမ်းဖြူအခွံချွတ် ၄ တန် စုစုပေါင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ နှမ်းတင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာ ပြန်လည်တင်ပို့လာနိုင်ခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးနှုန်းမှာ နှမ်းနက် တစ်တန်ကို ၁၁၈၈၇ဝ၂ ကျပ်၊ နှမ်းဖြူတစ်တန်လျှင် ၉၈ဝဝဝဝ ကျပ်မှ ၉၉၃၆၁၁ ကျပ်ထိရှိနေပါတယ်။ တစ်ဘက်နိုင်ငံ ရွှေလီဝယ်ဈေးမှာ ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ ၁ တန်ယွမ် ၈၃၈ဝ မှ ၉ဝ၈ဝ ထိရှိပြီး နှမ်းနက် ၁ တန် ယွမ် ၁ဝ၂၈ဝ မှ ၁၁၂၈ဝ မှာ ဈေးတန့်နေလျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါ တယ် -                                                          မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                   ယခု             ယခင်      ပြောင်းလဲမှု    %        ယခု       ယခင်  ပြောင်းလဲမှု      %နှမ်းနက် (ကောင်း)   ၁၁၉၇၄၃၂     ၁၂၂၁၉၃၂      ၂၄၅ဝဝ     ၂        ၁၃၇ဝ      ၁၃၇ဝ       -                -နှမ်းဖြူ (ကောင်း)      ၁၄၄၃၃၁၇     ၁၄၆၇၈၁၇     ၂၄၅ဝဝ   ၁ .၇     ၁၆၇၄      ၁၆၇၅          ၁          ဝ .ဝ၆MIRT (DOBT)

Sunday, 20 Mar 2011

ပင်လယ်ရေကြောင်းက နှမ်းတန် ၂ဝဝ ကျော်သာတင် ဂျပန်အပို့နည်းပြီး ကိုရီးယားနဲ့ မလေးကိုပို့               ယခုသီတင်းပတ်များအတွင်း နှမ်းတင်ပို့မှုက တစ်ပတ်ထက်တစ်ပတ်လျော့ကျလို့ လာတာတွေ့ရပါတယ်။ ယခင် သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အဓိကတင်ပို့နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဆူနာမီဂယက်ကြောင့် ဂျပန်နိုင်ငံကို တင်ပို့မှု သိသိသာသာ လျော့ကျတာတွေ့ရပြီး ဒီတစ်ပတ်ကိုရီးယားနဲ့ မလေးရှားကို တင်ပို့မှုများတာတွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ်အတွင်း နှမ်းတင်ပို့မှုအနေနဲ့ မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၇၈ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၈၅ဝဝဝ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ မတ်လ ၁၉ ရက်မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅၃၅-၁၅၆၅နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

ကုန်စည်ဈေးနှုန်းကျဆင်းခြင်းနဲ့ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေကြောင့် စားအုန်းဆီကြမ်းဈေး လျော့လာ                    အရှေ့အလယ်ပိုင်းနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်နိုင်ငံရဲ့ ငလျင်လှုပ် ခတ်မှု အခြေအနေတွေအရ ချီကာကို ပဲပုပ်ဆီဈေး ပြန်ကျလာခြင်းနဲ့အတူ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေအရ မတ်လ ၁၆ ရက် မလေးရှားကုန် စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ပဲပုပ်ဆီဈေးနဲ့ စားအုန်းဆီဈေး ကွာခြားမှုဟာ တစ်တန်ကို ကန် ဒေါ်လာ ၄ဝ-၅ဝ ရှိခဲ့ရာက ယခုအခါ ကန်ဒေါ်လာ ၉၆ ထိ ကွာခြားမှုများလာ တာကြောင့် စားအုန်းဆီဝယ်ယူဖို့ ပိုမိုစိတ်ဝင်စားလာနိုင်တယ်လို့ စင်ကာပူရှိ နိုင်ငံ တကာဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။                ဇွန်လအတွက် အခြေခံစာခုျပ်ဈေးအသစ်ဟာ ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျပြီး ရင်းဂစ် ၃၃၄၇ (ကန်ဒေါ်လာ ၁ဝ၃၃) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာမေလ ပဲပုပ်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၄ ဒသမ ၁၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာနဲ့ ဂျပန်နိုင်ငံက နျူကလီးယားပြဿနာကြောင့် အဝယ်အသစ်မရှိတဲ့အတွက် ပဲပုပ်ဈေးနှုန်းကန့် သတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းကြပါတယ်။ ဂျပန်နိုင်ငံက ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအား ကျဆင်းခြင်းက စားအုန်းဆီဈေးကို ကျဆင်းဖို့လည်း ဖိအားဖြစ်စေနိုင်တယ် လို့ ကွာလမ်လာပူ အခြေစိုက် ကုန်စည်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ လစဉ် စားအုန်းဆီ တန်ချိန် ၄ဝဝဝဝ-၅ဝဝဝဝ ဝယ်ယူပါတယ်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ အင်ဒိုနီးရှားရဲ့ စားအုန်းဆီ ထုတ်လုပ်မှုက ၂ဝ၁၁ အတွင်း တန်ချိန် ၂၂ ဒသမ ၅ သန်းကို အနည်းငယ်တိုးတက် နိုင်တယ်လို့ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများအသင်း ဥက္ကဌ Fadhil Hasan  က ပြောကြားကြောင်း သိရပါတယ်။               လက်ငင်းဈေးကွက်မှာ ဧပြီလအတွက် စားအုန်းဆီခဲဈေးဟာ ၅ ဒေါ်လာကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၈ဝ ရှိပြီး ချက်ချင်းတင်ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၁ဝ (ကန်ဒေါ်လာ ၃ ဒသမ ၂၆) ကျဆင်းပြီး ရင်းဂစ် ၃၄၂ဝ (ကန်ဒေါ်လာ ၁၁၁၇) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊ ှSource: palmoilhq.com

Sunday, 13 Mar 2011

စားအုန်းဆီဈေးနှုန်းများ(၇-၃-၂ဝ၁၁ မှ ၁၁-၃-၂ဝ၁၁ နေ့ထိ)                       ရေတွက်ပုံ - ဒေါ်လာစဉ် နေ့စွဲ                     CIF (ရန်ကုန်)(၁) ၇-၃-၂ဝ၁၁                ၁၃၁ဝ(၂) ၈-၃-၂ဝ၁၁                 ၁၃၂၅(၃) ၉-၃-၂ဝ၁၁                 ၁၃ဝဝ(၄) ၁ဝ-၃-၂ဝ၁၁               ၁၂၇၅(၅) ၁၁-၃-၂ဝ၁၁              ၁၂၅ဝSource: ဆီကုန်သည်များအသင်း

Sunday, 13 Mar 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB )ဈေးနှုန်း                                                            ၁၁-၃-၂ဝ၁၁ US$/Ton                      မတ်လပထမပတ်         မတ်လဒုတိယပတ်                နှိုင်းယှဉ်ချက်RBD P.Oil          ၁၂၁၂ .ဝဝ                  ၁၂၄၁ .၅ဝRBD P.Oilen      ၁၂၁၃ .ဝဝ                 ၁၂၄၅ .၅ဝRBD P.Strarin   ၁၁၈၂ .၅ဝ                  ၁၂၁၃ .၅ဝSource: econ.mpob

Sunday, 13 Mar 2011

၂ဝ၁၁- ၂ဝ၁၂ တရုတ် ပဲပုပ်တင်သွင်းမှု မြင့်တက်နေဦးမယ်လို့ ခန့်မှန်း                           တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု လာမယ့် နှစ်မှာ သိပ်များများ မတိုးလာပေမဲ့ ပြည်တွင်းထုတ်လုပ်မှု ကျ ဆင်းခြင်းနဲ့ တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကြီးနေဦးမှာဖြစ်ခြင်းက တင်သွင်းမှုကို မြှင့်တင်လိမ့်မယ်လို့ အမေ ရိကန်စိုက်ပျိုးရေးဌာန အရာရှိများက ပြောကြားပါတယ်။ ကမ္ဘာ့အများဆုံး ပဲပုပ် တင်သွင်းနိုင်ငံအနေနဲ့ လက်ရှိ ရာသီတင်သွင်းမှုထက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး ၂ဝ၁၁-၁၂ ရာသီအတွင်း ပဲပုပ်တန် ၅၈ သန်းခန့် ဝယ်ယူလိမ့်မယ် လို့ ဘေဂျင်းမှာရှိတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန ရုံးခွဲက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂ဝ၁၁-၁၂ အတွင်း ပဲပုပ်စိုက်ပိုျးထုတ်လုပ်မှုကို ခန့်မှန်း ရာမှာ စိုက်ဟက်တာ ၈ ဒသမ ၇ သန်း ကနေ တန်ချိန် ၁၄ ဒသမ ၈ သန်းခန့် ထုတ်လုပ်မှုရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ၇၂ ဒသမ ၅၅ သန်းခန့်နဲ့ ပြည်ပက တန်ချိန် ၅၈ သန်းခန့် တင်သွင်း နိုင်ပြီး နှစ်ကုန်လက်ကျန် တန်ချိန် ၁၄ ဒသမ ၅၃ သန်းရှိမယ်လို့ USDA  က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ပဲပုပ်ဆီစားသုံးမှု တိုးတက်သလို အသားစားသုံးမှု ပိုများလာတာနဲ့အမျှ ပဲပုပ်ဖတ် ဝယ်လိုအား တက်လာတာ ကြောင့် ပဲပုပ်တင်သွင်းမှုက ပုံမှန်ကြီး ထွားနေခြင်းဖြစ်ပါတယ်။                            ဒါပေမဲ့ လယ်သမားတွေအနေနဲ့ အစိုး ရ ထောက်ပံ့မှုပိုရပြီး ဈေးပိုရတဲ့ သီးနံှတွေကို ပိုစိုက်လာကြလို့ ယခု ရာသီ ပဲပုပ်စိုက်ပျိုးမှု နည်းမယ်လို့ ဆိုပါတယ်။ ပဲပုပ်စိုက်ပျိုးမှု အကျိုးအမြတ် အနေနဲ့ တစ်ဟက်တာကို ကန်ဒေါ်လာ ၆ဝဝ ခန့်ရှိပေမဲ့ ပြောင်းတစ်ဟက်တာ ကို ကန်ဒေါ်လာ ၆ဝဝ-၁ဝဝဝ ဝန်းကျင်ရှိတာကြောင့် တရုတ်အရှေ့ပိုင်း ပြည် နယ်များမှာ ပဲပုပ်စိုက်ဧရိယာ ၁ဝ ရာခိုင်နှုန်းခန့်ဟာ ဝါဂွမ်းနဲ့ ပြောင်းကို ပြောင်း လဲစိုက်ပိုျး လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးနံှအလှည့်ကျစိုက်ပျိုးမှု မရှိ တာကြောင့် အထွက်နှုန်းလည်း လျော့ ကျ လာခဲ့ရာ အမေရိကန် အထွက်နှုန်း တစ်ဟက်တာ ၃ တန်ရဲ့ ထက်ဝက် ကျော်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: ogrimony.com  

Pages