Background
ချီကာကိုပဲပုပ်ဆီဈေးကျဆင်းလို့ စားအုန်းဆီကြမ်းဈေးလည်း လျော့လာ ကုန်စည်ဈေးကွက်အများစုမှာ ရင်းနှီးမြှုပ်နံှသူတွေက ၎င်းတို့ရင်းနှီး မြှုပ်နံှထားတဲ့ ကုန်စည်တွေ ရှင်းထုတ်နေခြင်းနဲ့ အတူ ဈေးနှုန်းကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်၊ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေး လည်း အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလစာခုျပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၁၅၅ (ကန်ဒေါ်လာ ၅ဝ ဒသမ ၇၃) ကျဆင်းပြီး တစ်တန် ရင်းဂစ် ၃၅၁၄ (ကန်ဒေါ်လာ ၁၁၅ဝ) ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၃ ဒသမ ၉၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၁၈၉ ဒသမ ၉၃) ဖြစ်ခဲ့တာကြောင့်လည်း စားအုန်းဆီကြမ်းဈေး ပိုမိုကျဆင်း လာတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပါးသွား တာ ကြောင့် ဖေဖော်ဝါရီလ ထုတ်လုပ်မှုဟာ ယခင်လနဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းခန့်မြင့်တက်လာမယ့် အခြေအနေကလည်း စားအုန်းဆီဈေးကို ကျဆင်းဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ဝ၆ သန်းထုတ်လုပ် ခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ စားအုန်းဆီထုတ်လုပ်မှု တဖြည်းဖြည်းမြင့်တက်လာခြင်း ကြောင့် လည်း စားအုန်းဆီဈေး ကျဆင်းလာတာပါလို့ မလေးရှားစားအုန်းဆီထုတ်လုပ်တဲ့ ကွာလမ်လာပူ Kepong Bhd ရဲ့ အမှုဆောင်အရာရှိ Lee Oi Hian က ပြောကြား ပါတယ်။ ရေနံအဓိကထုတ်လုပ်တဲ့ လစ်ဗျားမှာ မငြိမ်မသက်ဆက်ဖြစ်နေဦးမယ် ဆိုရင် ရေနံဈေးနှုန်းပိုမိုမြင့်တက် လာဦးမှာ ဖြစ်သလို ရေနံနဲ့ အပြိုင် ဘိုင်အိုဒီဇယ် အသုံးပြုတဲ့ စားအုန်းဆီဈေးလည်း လိုက်ပါမြင့်တက်ဦးမယ်လို့ စင်ကာပူ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အများသူငါ တွေက သတိထားနေကြလို့ ဈေးကွက်အတွင်း ရောင်းချသူများပြီး နိုင်ငံရေးတည်ငြိမ် ချိန်ထိ ဝယ်ယူမှုတို့ စောင့်ဆိုင်း နေကြတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြား ပါတယ်။ ဧပြီ၊ မေ၊ ဇွန်အတွက် စားအုန်းဆီခဲဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ မှ ၁၂ဝ၅ ရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ကို ရင်းဂစ် ၁၃ဝ ကျဆင်းပြီး ရင်းဂစ် ၃၆၂ဝ (ကန်ဒေါ်လာ ၁၁၈၅) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
စားအုန်းဆီဈေးနှုန်းများ(၁၄-၂-၂ဝ၁၁ မှ ၁၈-၂-၂ဝ၁၁ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၁၄-၂-၂ဝ၁၁ ၁၃၇၅(၂) ၁၆-၂-၂ဝ၁၁ ၁၃၃၅(၃) ၁၇-၂-၂ဝ၁၁ ၁၃၃ဝ(၄) ၁၈-၂-၂ဝ၁၁ ၁၃၃၅Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၈-၂-၂ဝ၁၁ US$/Ton ဖေဖော်ဝါရီဒုတိယပတ် ဖေဖော်ဝါရီတတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂၉ဝ .ဝဝ ၁၃၁ဝ .၅ဝRBD P.Oilen ၁၃ဝဝ .ဝဝ ၁၃၂ဝ .၅ဝRBD P.Strarin ၁၂၆၇ .၅ဝ ၁၂၇၁ .၅ဝ Source: econ.mpob
တရုတ်ပဲပုပ် တင်သွင်းဈေးမြင့်တက် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်း ဈေးက ဇန်နဝါရီလမှာ ယခင်နှစ်ကာလ တူ ထက် ၂ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အဲဒီလိုတင်သွင်းဈေး မြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့အစိုးရအပေါ် ဖိအားဖြစ်စေတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဇန်နဝါရီလအတွင်း ပဲပုပ် တင်သွင်းဈေးဟာ တစ်တန်ကို ကန်ဒေါ် လာ ၅၅၈ ကို မြင့်တက်ခဲ့ပြီး တင်သွင်း ပမာဏကတော့ ယခင်လထက် ၅ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၅ ဒသမ ၁၄ သန်းတင်သွင်း ခဲ့တယ်လို့ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု စာရင်းအရ သိရပါတယ်။ နိုင်ငံတကာဈေးကြီးမြင့်ခြင်းက တရုတ်နိုင်ငံအတွင်း ပြုပြင်ကြိတ်ခွဲထုတ် လုပ်တဲ့ကုမ္ပဏီများကို ပြည်တွင်းပဲပုပ် တွေ ဝယ်ယူဖို့ တွန်းအားဖြစ်စေခဲ့ရာ ပြည်တွင်းပဲပုပ်ဈေးလည်း မြင့်တက် လာခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး ရေး တက္ကသိုလ်မှ သုတေသနပညာရှင် Hu Bingchuan က ပြောကြားပါ တယ်။ ချီကာကိုမှာ ဖေဖော်ဝါရီ ဒုတိယ ပတ် ဂံျုဈေးက ယခင်နှစ်က ၇၈ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဈေးက ယခင်နှစ်ကာလတူထက် ၉၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ပဲပုပ်ဈေးကတော့ တောင်အမေရိကားက ရိတ်သိမ်းနေပြီး အမေရိကန် ပဲပုပ်ကို ဝယ်လိုအားအနည်းငယ်သာ ရှိတာကြောင့် ဈေးပြန်ကျခဲ့တယ်လို့သိရပါတယ်။ ရာသီဥတုဆိုးဝါးမှုကြောင့် အမေရိကန်၊ ဘရာဇီးနဲ့ အာဂျင်တီးနား တို့က ပဲပုပ်တင်ပို့မှုဟာ တန်ချိန် ၉ သန်းခန့် ကျဆင်းနိုင်တယ်လို့ Rabobank ရဲ့ အစီရင်ခံစာအရ သိရ ပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်စည်ဒိုင် ၄ ခုထဲက တစ်ခုဖြစ်တဲ့ Zhengzhou ကုန်စည်ဒိုင်မှာ ဂံျုစိုတ်တဲ့ ဒေသမှာ မိုးခေါင်ခြင်းကြောင့် ဂံျုဈေးစံချိန်သစ် တင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်ခြင်းကြောင့် ဆန်နဲ့ ဂံျုဈေးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မြင့် တက်လာခဲ့ရာ ဖေဖော်ဝါရီလအတွင်း FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း လည်း မြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ယမင်းခင်၊ Source: China Daily
ဆီထွက်သီးနံှ နယ်အဝင်နည်းလို့ မုံရွာမှာ ဈေးမာလာ မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ်ဆီထွက်သီးနံှဈေးကွက်မှာ နယ်စုံက နှမ်းအဝင်လျော့လို့ နှမ်းဈေးအနည်းငယ်မြင့်လာခဲ့ပေမဲ့ မြေပဲဆံဈေး ကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်အတွင်း နှမ်းနဲ့မြေပဲ နယ်အနည်း ငယ်ဆွဲခဲ့ပြီး အဓိကဝယ်လက်ကတော့ စက်မှုလုပ်ငန်းလိုင်းကဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနံှနဲ့ စားဆီပေါက်ဈေးတွေကို လေ့လာတဲ့အခါ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၄၃ဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်၊ အဖြူတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၆၂ဝဝ ကျပ်သို့ ယခုရက်ပတ်အတွင်း အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ကာ မြေပဲ လုံးဆံကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်မှာ ငြိမ်နေခဲ့ပါတယ်။ ဆီဈေးအနေနဲ့ ယခုလအတွင်း တစ်ပိဿာ ၁ဝဝ ကျပ်မှ ၁၅ဝ ကျပ်ထိဈေးမြင့်လာခဲ့ရာ မြေပဲဆီ တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၈၈ဝ ကျပ်အသီးသီး အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပတ်အတွင်း ဆီထွက် သီးနံှစီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို နှမ်းတင်း ၂ဝဝဝ ခန့်နဲ့ မြေပဲတင်း ၃ဝဝ ခန့်၊ ပခုက္ကူကို နှမ်းတင်း ၄၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
တရုတ်အဝယ်လိုက်လာတဲ့ မန်းနှမ်းဈေးကွက် မန်းဈေးကွက်သို့ ရွှေဘို၊ ဝက်လက်၊ ကျောက်တွင်း၊ ရေနံ့သာ၊ မတ္တရာ ဒေသများမှ နှမ်းဖြူများအပြင် အောင်လံ၊ အညာဒေသများမှ နှမ်းနက်များလည်း ဝင်ရောက်မှုရှိနေပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ထက် တရုတ် အဝယ်ရှိလာတဲ့အတွက် ဈေးအနည်းငယ်မြင့်လာတာကိုလည်း တွေ့ရပါတယ်။ ယခု တစ်ပတ် နှမ်းဖြူ တစ်ပိဿာ ၁၇၃၃ ကျပ်၊ တစ်တန် ၁ဝ၆၁၂ဝဝ ကျပ်၊ နှမ်းနက် အညာစမုံက တစ်ပိဿာ ၂၂၈၉ ကျပ်၊ တစ်တန် ၁၄ဝ၁၇ဝဝ ကျပ်၊ နှမ်းနက် (ရိုးရိုး) ထိပ်စတစ်ပိဿာ ၂ဝဝဝ ကျပ်၊ တစ်တန် ၁၂၂၄၇ဝဝ ကျပ်၊ နှမ်းညို ၁၅၁၁ ကျပ်၊ တစ်တန် ၉၂၅၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ နှမ်းဆီ ဈေးက တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၁၅ဝ ကျပ်၊ နှမ်းဖတ်က ၆၄ဝ ကျပ်-၆၆ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး၊ ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူး မတိုင်မီ ထက် ရောင်းဝယ်သွက်လာသလို ရောင်းဝယ်နေကြတဲ့ နှမ်းတွေကလည်း ဆောင်းနှမ်းပဲဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောပါတယ်။ ကျော်ကျော်မိုး
ယခုအပတ် နယ်စပ်က နှမ်းနက်သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့မှုရှိ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းနက် သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာ ဝ ဒသမ ၂၅၈ သန်းတန်ဖိုးရှိ နှမ်းနက် ၁၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂ဝ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၁၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က နှမ်းနက် ၁၅၉ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန်ခန့်စီ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခု အပတ်မှာ တရုတ်ဘက်မှ ဝယ်လိုအားပြန်လည်ရှိလာတာ တွေ့ရပါတယ်။ ပြည်တွင်း နှမ်းဈေးနှုန်းများကတော့ နှမ်းဖြူ (လတ်) တစ်တန် ၉၇၉၈၃၂ မှ ၉၉၃၄၄၁ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန် ၁ဝ၂ဝ၆၅၈ မှ ၁ဝ၇၅ဝ၉၃ ကျပ်ရှိပြီး နှမ်းနက် (ညံ့) တစ်တန် ၁ဝ၄၈ဝ၅၅ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်၊ နှမ်းနက် (ကောင်း) တစ်တန် ၁၂၂၅ဝဝဝ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။တရုတ် နိုင်ငံ ရွှေလီ ဝယ်ယူဈေးတွေကတော့ နှမ်းဖြူ တစ်တန် ၉ဝ၈ဝ မှ ၉၂၈ဝ ယွမ်နဲ့နှမ်းနက် တစ်တန် ၁ဝ၂၈ဝ မှ၁၁၇၈ဝယွမ်ထိရှိနေတယ်လို့ သိရပါတယ်။ နယ်စပ်နှစ်ဖက်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂၃၄၆၅၄ ၁၂ဝ၈၄၆၈ ၂၆၁၈၆ ၂ ၁၄ဝ၉ ၁၄၁၁ ၂ ဝ .၁နှမ်းနက် ၁၄၃၇၂၅၆ ၁၄၃၇၂၅၆ - - ၁၆၇၁ ၁၆၇၂ ၁ ဝ .ဝ၆MIRT (DOBT)
ဖေဖော်ဝါရီ ဒုတိယပတ်မှာ နှမ်းတန် ၃၄ဝ သာအတင်ရှိ ယခုဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန် ၃၄ဝ သာ တင်ပို့မှုရှိလို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၅ဝဝ ခန့်ထက် လျော့ကျ တင်ပို့ခဲ့တာတွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ဆောင်းနှမ်း ဝင်ရောက်မှုရှိသလောက် ပြည်ပတင်ပို့သူရော ဆီစက်သမားများပါ အဆွဲရှိလို့ နှမ်း ဈေးကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ- ၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိ အထွက်လျော့ကျခြင်းနဲ့ နောက် ၂ လအတွက် လက်ကျန်နည်းတဲ့ အခြေ အနေတွေကြောင့် မလေးရှားစားအုန်းဆီ ကြမ်းဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၃) နီးပါးအထိ ဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ သိရပါ တယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ စားအုန်းဆီကြမ်းစာချုပ်ဈေးဟာ တစ်တန် ကို ၂၉ ရင်းဂစ်ပိုလာပြီး ရင်းဂစ် ၃၉၅၅ (ကန်ဒေါ်လာ ၁၂၉၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ ပြော ကြားချက်အရ ဇန်နဝါရီလ စားအုန်းဆီ ကြမ်းထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ဝ၆ သန်းရှိလို့ ၄ နှစ်နီးပါးမှာ အနိမ့်ဆုံးကို ကျဆင်းတယ်လို့ သိရပါတယ်။ စားအုန်း ဆီလက်ကျန်ကလည်း တန်ချိန် ၁ ဒသမ ၄ သန်းသာရှိလို့ ယခင်နှစ် ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ တင်ပို့မှု ကတော့ တန်ချိန် ၁ ဒသမ ၂၁ သန်းပိုမိုလာတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း စားအုန်းဆီကြမ်းဈေးက ၅ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ ပါ တယ်။ ဒါပေမဲ့ လက်ရှိတစ်တန် ရင်းဂစ် ၃၈ဝဝ အထက် မြင့်တက်နေတာကြောင့် အချို့ ဝယ်လက်တွေက ဈေးပိုမို သက်သာတဲ့ အခြားဟင်းသီးဟင်းရွက်ဆီများကို ပြောင်း လဲဝယ်ယူလာကြတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိစားအုန်းဆီကြမ်းဈေးနှုန်းခိုင်မာနေခြင်းမှာ ရာသီဥတုအပြောင်း အလဲကြောင့် စားအုန်းဆီ၊ ပဲပုပ်နဲ့ ပြောင်းရောင်းချမှုနည်းခြင်းနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဒုတိယ နှစ်ဝက်အတွင်းမှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၁) ဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယုဇန၊ှSource: malaysiastar
