Background
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၁-၂-၂ဝ၁၁ US$/Ton ဖေဖော်ဝါရီပထမပတ် ဖေဖော်ဝါရီဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂၄ဝ .ဝဝ ၁၂၉ဝ .ဝဝRBD P.Oilen ၁၂၄၈ .၅ဝ ၁၃ဝဝ .ဝဝRBD P.Strarin ၁၂၁၅ .ဝဝ ၁၂၆၇ .၅ဝ Source: econ.mpob
တရုတ်နိုင်ငံက တင်သွင်းမှုတိုးတက်မယ့် အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း မြင့်တက် ကမ္ဘာမှာ ပဲပုပ်အများဆုံးတင်ပို့တဲ့ အမေရိကန်ပဲပုပ်ကို တရုတ်က ပိုမိုဝယ် ယူမယ့် အလားအလာကြောင့် ပဲပုပ်ကြိုပွိုင့်ဈေးဟာလေးကြိမ်မှာ ပထမအကြိမ် အနေနဲ့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲပုပ်အများဆုံးသုံးစွဲတဲ့ တရုတ် နိုင်ငံက ဇူလိုင်လ ၃၁ ရက်မှာပြီးဆုံး မယ့် ယခုနှစ်အတွင်း တန်ချိန် ၅၄ ဒသမ ၅ သန်း တင်သွင်းနိုင်တဲ့အတွက် ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းမြင့်တက် လိမ့်မယ်လို့ ဟမ်းဘတ်အခြေစိုက် ဆီကမ္ဘာမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရပါတယ်။ ပဲပုပ်မှ တိရစ္ဆာန်အစာနဲ့ ဟင်းချက်ဆီ ထုတ်လုပ်မှုဟာ ၁၃ ရာခိုင်နှုန်း ထိ မြင့်တက်မယ်လို့လည်း သုတေသန ပြုသူများက ဆိုပါတယ်။ အောက်တိုဘာ လလယ်က တရုတ်နိုင်ငံရဲ့ အတိုး နှုန်းကို တတိယအကြိမ် မြင့်တင်လိုက် ပြီး နောက်ပိုင်း ပဲပုပ်ဆီဈေးကျဆင်း လာခဲ့ပါတယ်။ အတိုးနှုန်းတိုးမြင့်လိုက် ခြင်းက ပဲပုပ်ဝယ်လိုအားကို နှေးကွေး စေတော့မှာ မဟုတ်ဘူးလို့ ချီကာကိုရှိ PFG Best Inc မှ ဈေးကွက်လေ့လာ ဆန်းစစ်သူTim Hannagan က ဆို ပါတယ်။ တရုတ်နိုင်ငံက ၎င်းရဲ့ အရန် သိုလှောင်မှုကို ဖြည့်ဆည်းဖို့နဲ့ စားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုကို လျော့ကျ စေဖို့ ပိုမိုတင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ၎င်းကထပ်လောင်းဆိုပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၃၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၁) ရှိခဲ့ပါတယ်။ အစောပိုင်းက တစ်တန်ကို ကန်ဒေါ်လာ ၅၂၃ ထိကျဆင်း ခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၃၇ ရှိခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လကတည်းက အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့လက ချီကာကိုမှာ အမေရိကန်ပဲပုပ်ကို ကန်ဒေါ်လာ ၆ ဒသမ ၆၈ ဘီလီယံ တန်ဖိုးရှိ စာချုပ် ၂၁ စောင်ကို တရုတ်က ဝယ်ယူလက်မှတ် ရေးထိုးခဲ့တယ်လို့ အမေရိကန်ပဲပုပ် တင်ပို့မှု ကောင်စီက ပြောကြားပါ တယ်။ ၂ဝဝ၉ ခုနှစ်မှာ အမေရိကန်က ပဲပုပ်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ ဒသမ ၈ ဘီလီယံ ဒုတိယအနေနဲ့ ဝင်ငွေရရှိပြီး ပြောင်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၈ ဒသမ ၆ ဘီလီယံရရှိခဲ့တယ်လို့ အစိုးရစာရင်းများ အရ သိရပါတယ်။ ယမင်းရွှေစင်၊ Source: bloomberg.net
ပြည်မြေပဲဆံဈေး ဆက်လက်မာ ဆောင်းမြေပဲများကို ပြည်ဈေးကွက်သို့ အောင်လံ၊ ကျော်စွာနဲ့ ပြလို့ဘက်မှ တစ်နေ့လျှင် အိတ် ၅ဝဝ-၆ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံမှာ ဆီစက်သမားများမှ အဝယ်ရှိနေသဖြင့် တစ်ပိဿာလျှင် ၁၈ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ဈေးထိ မြင့်လာတာတွေ့ရပါတယ်။ ဝယ်လက်များမှ အဝယ်ရှိနေသဖြင့် တစ်နေ့လျှင် မြေပဲဆံအိတ် ၆ဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၄ဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆွေဆွေမင်း
လက်ကျန်နည်းလို့ နှမ်းဈေးမာ ပြည်ဈေးကွက်တွင် နှမ်းအဝင်မရှိသလောက် နည်းသွားသဖြင့် လှောင်လက်များမှ နှမ်းများထုတ်ရောင်းနေ တာကြောင့် နှမ်းလက်ကျန်များ နည်း သွားပြီး ဖြစ်ပါတယ်။ နှမ်းလက်ကျန်များ နည်းသွားသဖြင့် ဆီစက်များမှ ဆီကြိတ်ရန် နှမ်းကို လိုချင်သလောက်ဝယ်မရခြင်းကြောင့် ဈေးပေးဝယ်ယူမှုတွေရှိနေလို့ နှမ်းဈေးမှာ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လျက်ရှိသလို ဆီဈေးမှာလည်း ဈေးဆက်မာနေ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဖြင့် ဈေးမြင့်တက်လျက် ရှိပါတယ်။ နှမ်းနက်မှာ လက်ကျန်ပြတ်သဖြင့် ဈေးဖွင့်ထားခြင်းမရှိပါ။ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
နှမ်းနက်တစ်မျိုးပဲ နှစ်ကူးကာလ တရုတ်ကိုသွား မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်မှတဆင့် စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ နှမ်းနက်များကို ကန်ဒေါ်လာ ၂၃၃ဝဝဝ ကျော်တန်ဖိုးရှိ နှမ်းနက် ၁၅၉ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက်တန် ၆ဝ၊ လျော့နည်း တင်ပို့ ခဲ့ပါတယ်။ဝယ်လိုအားရှိသော်လည်း နှစ်သစ်ကူးပွဲတော်ကာလ ဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်မှုနည်းပါးခြင်းကြောင့် နှမ်းတင်ပို့မှုလျော့ကျရတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၁၄၃၇၂၅၆ ၁၅၉၂၅၄၇ ၁၅၅၂၉၁ ၁ .၁ ၁၆၅၆ ၁၇၈၉ ၁၃၃ ၈MIRT (DOBT)
ယခုတစ်ပတ် နှမ်းတင်ပို့မှု အနည်းငယ်လျော့ ဖေဖော်ဝါရီလ ပထမပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၅ဝဝ နီးပါးသာ တင်ပို့မှုရှိလို့ ဇန်နဝါရီလ နောက်ဆုံးတင်ပို့ခဲ့တဲ့ ပမာဏထက် အနည်းငယ် လျော့လာတာ တွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည် များဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် အသီးသီးမှာ နှမ်းကို ဆီစက်လုပ်ငန်းရှင်တွေရော ပြည်ပ တင်ပို့သူတွေပါ အဝယ်ရှိနေလို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဝယ်လိုအား ရောင်းလိုအားနဲ့ ပဲပုပ်ဆီဈေး အခြေအနေတွေကြောင့် သုံးနှစ်အတွင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကိုရောက်ရှိလာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေအနေ၊ ပြင်ပအပြောင်းအလဲများအရ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သုံးနှစ်နီးပါး အတွင်း အမြင့်ဆုံးဈေးကို ရောက်ရှိခဲ့တယ်လို့ ဈေးကွက်မှ ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒ တင်းကြပ်လိုက်ပေမဲ့ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးအပ်နံှနှုန်းထားများကို မြှင့်တင်လိုက်ခြင်းက အနည်းငယ်တော့ ထိခိုက်ဖွယ်ရှိတယ်လို့ ကွာလမ်လာပူမှ ပွဲစားတစ်ဦးကဆိုပါတယ်။ လက်ငင်းစာခုျပ်ဈေးဟာ ဖေဖော်ဝါရီလ ၉ ရက်မှာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၄) ထိမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ စားအုန်းဆီထွက်ရှိမှုဟာ ယခင်လထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖွယ် ရှိတယ်လို့လည်း ဈေးကွက်က ခန့်မှန်းထားပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ဧပြီလစာခုျပ်ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၃၉၃၁ (ကန်ဒေါ်လာ ၁၂၉၁) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် မတ်လမှာ တစ်ခါမှမကြုံဖူးတဲ့ ရင်းဂစ် ၃၉၄၈ (ကန်ဒေါ်လာ ၁၂၉၇) နီးပါးကိုမြင့်တက်လာတယ်လို့ဆိုပါတယ်။ စားအုန်းဆီဈေးကို အထောက်အပံ့ ဖြစ်ခြင်းက ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ဈေးနှုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ မတ်လပဲပုပ်ဆီ ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်လာပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၅) ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံက ပဲပုပ်ဝယ်လိုအား ဆက်လက်ခိုင်မာဖွယ်ရှိခြင်းကလည်း စားအုန်းဆီဈေးကို ပိုမိုမြင့်တက် စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည် တစ်ဦးကဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေနဲ့ ဇွန်လပို့ရမယ့် စားအုန်းဆီခဲ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂၉ဝ-၁၂၉၂ ဒသမ ၅ဝ အတွင်းရှိတယ် လို့လည်းဆိုပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၄၅ (ကန်ဒေါ်လာ ၁၄ ဒသမ ၇၈) တိုးပြီး ရင်းဂစ် ၃၉၆ဝ (ကန်ဒေါ်လာ ၁၃ဝ၁) ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယုဇန၊ Source: Palmoilhq.com
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၄-၂-၂ဝ၁၁ US$/Ton ဇန်နဝါရီစတုထ္ထပတ် ဖေဖော်ဝါရီပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂၄၃ .ဝဝ ၁၂၄ဝ .ဝဝRBD P.Oilen ၁၂၄၇ .ဝဝ ၁၂၄၈ .၅ဝRBD P.Strarin ၁၂၁၄ .၅ဝ ၁၂၁၅ .ဝဝ Source: econ.mpob
အာဂျင်တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်လို့ ပဲပုပ်နဲ့ ပြောင်းဈေးနှုန်းမြင့်တက် ကမ္ဘာ့ ပဲပုပ် အများဆုံး တင်ပို့တဲ့ အမေရိကန်ရဲ့ သီးနံှများကို ဝယ်လို အားတက်ခြင်းနဲ့ အာဂျင်တီးနား ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှု တွေ ကြောင့် ပဲပုပ်ဈေးနှုန်းက လ ၃ဝ အတွင်း အမြင့်ဆုံးကို ဖြစ်လာသလို ပြောင်း ဈေးနှုန်းလည်း မြင့်တက်လာ တယ်လို့ သိရပါတယ်။ အမေရိကန် ပြောင်း တန်ချိန် ၁၂ဝဝဝဝ နဲ့ ပဲပုပ် တန်ချိန် ၁၁ဝဝဝဝ ကို သြဂုတ်လ ၃၁ ရက် မတိုင်မီ တင်ပို့ ရမယ်လို့ စိုက်ပျိုး ရေး ဌာနက ဖေဖော် ဝါရီလ ၁ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။ အာဂျင် တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်နေခြင်းက အမေရိ ကန်မှ တင်ပို့ မှုကို ပိုမိုမြင့်တက်စေတယ် လို့ ဝါရင့် ဈေးကွက် လေ့လာဆန်းစစ်သူ Dale Durchholz က ပြောကြားပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပဲပုပ် ကြိုပွိုင့်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၃၈ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၂) ဖြစ် ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ အမြင့် ဆုံးဖြစ် ခဲ့တဲ့ တစ်ဘူရှယ် ၁၄ ဒသမ ၄ဝ၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၃) နီးပါး ရောက်ရှိလာတယ်လို့သိရပါတယ်။ မတ်လပို့ရမယ့် ပြောင်း ကြိုပွိုင့် ဈေးလည်း ၁ ရာခိုင်နှုန်း မြင့် တက်ပြီး တစ်ဘူရှယ်ကို ကန် ဒေါ်လာ ၆ ဒသမ ၆၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၆ဝ) ဖြစ်ခဲ့လို့ လွန်ခဲ့တဲ ၁၂ လအတွင်း ၈၆ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါ တယ်။ ပြောင်း ဈေးနှုန်းဟာ လွန်ခဲ့တဲ့ နှစ်က ရုရှား၊ ယူကရိန်းနဲ့ ဥရောပ အခြားဒေသများ အတွင်းမိုး ခေါင် ခြောက်သွေ့လို့ သီးနံှ များ အထွက် လျော့ပြီးနောက် အမြင့်မှာပဲ စိုးမိုး နေခဲ့ တာဖြစ်ပါတယ်။ ယခုလိုဈေးနှုန်းမြင့်တက် ရခြင်း ဟာ ပဲပုပ်နဲ့ ပဲပုပ်ဆီအများဆုံး တင်သွင်းတဲ့ တရုတ်နိုင်ငံက ဝယ်လိုအား တက်လာတဲ့ အလားအလာ များ ကြောင့်လည်း ဖြစ်ပါတယ်လို့ နယူးယောက်ရှိ ဝါရင့်ဆီထွက်သီးနံှ လေ့လာ ဆန်းစစ်သူ Anne Frick က ပြော ကြားပါတယ်။ယမင်းခင်၊ Source: Bloonberg .net
အရောင်းအဝယ်မှန် ဈေးငြိမ်နေတဲ့ ဟင်္သာတ ပဲပုပ် ဟင်္သာတ ပဲပုပ်ဈေးကွက် ဟာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၅၄ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဖေဖော်ဝါရီလ ပထမပတ်တွင် တစ်တင်းမှာကျပ် ၁၅၆ဝဝ ဈေး ထိ တက်လာပါတယ်။ ဒေသတွင်း အရောင်း အဝယ်မှာလည်း အိတ် ၃ဝဝ ခန့် နေ့စဉ်ပုံမှန်ရှိနေပြီး၊ ယခင်နှစ်ဈေး နှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးကောင်း ရနေပါတယ်။တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ နေ့စဉ် တစ်တင်းခွဲ ဝင် အိတ် ၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ အေးအေးခိုင်