Main menu

Background

Thursday, 18 Nov 2010

 အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ်        ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။                                                                                                ဆုမွန်ဆွေ

Thursday, 18 Nov 2010

 အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ်        ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။                                                                                                ဆုမွန်ဆွေ

Thursday, 18 Nov 2010

 မန်းဈေးကွက်ကိုဒေသစုံကဝင်တဲ့ မြေပဲဆီဆံ            မန်းဈေးကွက်အတွင်းသို့ ပြည်မကွေး၊ အောင်လံ၊ ရွှေဘို၊ မြင်းမူ၊ ကျောက်ပန်းတောင်းစတဲ့ ဒေသတွေက ယခုတစ်ပတ်အတွင်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ အောက်တိုဘာ တတိယပတ်အတွင်း ဆီဆံ တစ်ပိဿာ ဈေးနှုန်းအနေနဲ့ နွားထိုးကြီးဆီဆံ ၁၆ဝဝ ကျပ်၊ မြင်းမူဆီဆံ ၁၅၇ဝ ကျပ်၊ ပြည်ဆီဆံ ၁၄၅ဝ ကျပ်၊ ကျွန်းဆီဆံ ၁၄၂၅ ကျပ်၊ ဝက်လက်ဆီဆံက ၁၅၁ဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး စတုတ္ထပတ်မှာတော့ နွားထိုးကြီး ဆီဆံ ၁၆၅ဝကျပ်၊ ပြည်ဆီဆံက ၁၅၂၅ ကျပ်၊ မကွေးဆီဆံက ၁၅ဝဝ ကျပ်၊ မြင်းမူဆီဆံက ၁၅၈၅ ကျပ်၊ ရွှေဘိုဆီဆံက ၁၅၅ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် အတွင်း ရာသီဥတုအခြေအနေကြောင့် မြေပဲဆီဆံများ ဝင်ရောက်မှု အားနည်းခဲ့ပြီး ဈေး အနည်းငယ်မြင့်တက်နေတာကို တွေ့ရပါတယ်။ ပဲဆီဈေးက တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၃ဝဝဝ ကျပ်၊ ပဲဖတ်တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးနဲ့ ရောင်းဝယ် နေကြပြီး ပုံမှန်အတိုင်း စီးဆင်းမှု ကောင်းနေရင်တော့ ဈေးနှုန်းက သိပ်မတက်ဘဲ ပုံမှန်အနေအထားနဲ့ ရောင်းဝယ်နေကြမှာပါလို့ သိရပါတယ်။                                                                  တင်ဇာမျိုး

Thursday, 18 Nov 2010

 အိတ်စပို့ နှမ်းဈေးအေးပေမဲ့ ပြည်တွင်းသုံး နှမ်းဈေးကောင်း အရောင်းသွက်နေတဲ့ အောင်လံနှမ်းဈေးကွက်         အောင်လံ စမုံနှမ်းနက်ဟာ အောက်တိုဘာလ တတိယပတ်က ၄၅ ပိဿာ တစ်အိတ်ကို ၁၂၅ဝဝဝ ကျပ် ဖြစ်ပေါ်နေရာက စတုတ္ထပတ်မှ ၁၁၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ရိုးရိုးနှမ်းနက်ကလည်း သိပ္ပံနှမ်းနက်လိုဘဲ ယခင်အပတ် ၁ဝ၃ဝဝဝ ကျပ်က ယခုအပတ်မှာ ၉၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ နှမ်းဖြူ မှာလည်း ပြည်ပငွေလဲနှုန်းဈေးအေးလာခြင်း၊ ပြည်ပသီးနံှဈေးကျဆင်းလာခြင်းပေါ် မူတည်ပြီး၊ တစ်အိတ် ၇၃ဝဝဝ ကျပ်ဖြင့် အဝယ်ရှိသော်လည်း၊ ရောင်းလက်များက ဈေးစောင့်ကြလို့ အရောင်းအေးနေပါတယ်။ ပြည်တွင်းသုံးနှမ်းနီက ကုန်ကြမ်း လိုအပ်မှု မြင့်တက်လာတာနဲ့အမျှ မြို့ခံဆီစက်လုပ်ငန်းရှင်နဲ့ ပြည်မြို့လုပ်ငန်းရှင်တို့ ဝယ်ယူမှုအားကောင်းလာလို့ ယခင်အပတ်က ဈေးမာနေတဲ့ ၇၃၅ဝဝ ကျပ်မှ ယခု အပတ်မှာ ၇၅ဝဝဝ ကျပ်ထိ တရိပ်ရိပ်ဈေးမြင့်လာတာ တွေ့ရသလို နှမ်းဆီဈေးမှာ လည်း တစ်ပတ်အတွင်း တစ်ပိဿာကို ၃ဝဝဝ ကျပ်မှ ၃၃ဝဝ ကျပ်ထိဈေးမြင့်လာတယ်လို့ သိရပါတယ်။ အောင်လံနှမ်းဈေးကွက်ရဲ့ ယခုတစ်ပတ်ရောင်းဝယ်မှုက အိတ်စပို့ နှမ်းများက ဈေးအေး အရောင်းအေးနေပေမဲ့ ပြည်တွင်းသုံး နှမ်းနီကတော့ ယခင်အပတ်ထက် တစ်ဆတိုးပြီး တစ်ပတ်အတွင်း အိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။                                                                    ကျော်မင်း

Thursday, 18 Nov 2010

 ချင်းရွှေဟော်မှလည်း နှမ်းဖြူတင်ပို့            နှမ်းကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာမှ ယခုအပတ်မှာ ချင်းရွှေဟော် နယ်စပ်မှလည်းနှမ်းဖြူအနည်းငယ်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်းရောင်စုံ ၂၉၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉၄၁ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁၈ တန်၊ ကန်ဒေါ်လာ ၂၃၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ နှမ်း ၂၉၇၈ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၉၆၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ၂ဝ၁၈တန် တင်ပို့နိုင် ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၉၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နှမ်းဖြူမှလွဲပြီး နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်များတင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နှမ်းအနိမ့်ဈေးမှာ ယွမ် ၁ဝဝ မှ ၁၅ဝ (၁၅ ဒေါ်လာမှ ၂၃ ဒေါ်လာ) ခန့်ထိ တက်လာသော်လည်း             အမြင့်ဈေးမှာတစ်တန်ကို ယွမ် ၁ဝဝ(၁၅ ဒေါ်လာ)ခန့်ကျဆင်းလျက်ရှိတာ တွေ့ ရပါတယ်။ယခုအပတ်မူဆယ်မှနှမ်းဖြူတင်ပို့မှုမှာ ၆၆၅ တန်၊ နှမ်းနက်တင်ပို့မှုမှာ ၁၉၈၈ တန်နဲ့ နှမ်းအခွံချွတ် ၃ဝ၇ တန် အသီးသီးဖြစ်ပါတယ်။ မကွေးနဲ့မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ နှမ်းဖြူများကို ချင်းရွှေဟော် နယ်စပ်မှ တင်ပို့ခြင်းဖြစ်ပြီး မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၁၅ဝဝဝဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၃၅ဝ ယွမ် ဒေါ်လာ ၁၄ဝဝ ဝန်းကျင်ရှိတယ်လို့ ချင်းရွှေဟော်မှ နှမ်းတင်ပို့သူထံမှ သိရပါတယ်။ တရုတ်ဈေးကွက်သို့ ချင်းရွှေဟော် ဘက်မှ စမ်းသပ်တင်ပို့ကြည့်တာပါလို့ သူက ဆိုပါတယ်။ မူဆယ်နယ်စပ်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                                      မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်           ပြောင်းလဲမှု  %        ယခု         ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ           ၁၂၉၁၃၂ဝ       ၁၁၈ဝ၆ဝ၇       ၁၁ဝ၇၁၃      ၉       ၁၃ဝ၆      ၁၃၁၈         ၁၂           ၁နှမ်းနက်         ၁၃၃၅၂၉၇       ၁၅၁၈ဝ၆၈       ၁၈၂၇၇၁     ၁၄      ၁၄၂၇      ၁၅၃၄       ၁ဝ၇          ၈MIRT (DOBT)

Thursday, 18 Nov 2010

 နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းကတင်ပို့      ယခုတစ်ပတ်အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁ဝဝဝ ဝန်းကျင်မှ တိုးတက်တင်ပို့လာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဂျပန်နိုင်ငံကို တန် ၄ဝဝ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ အဓိကတော့ ဂျပန်ဝယ်လက်က သိပ္ပံနှမ်းနက်အများဆုံး ဝယ်ယူတာ ဖြစ်ပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT

Thursday, 18 Nov 2010

 စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ      စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ ရာသီဥတုအခြေအနေနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ခိုင်မာလာခြင်းနဲ့အတူ အောက်တိုဘာ ၂၈ ရက်နေ့ မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမှာလည်း ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ စားအုန်းဆီ အဓိကစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ မိုးပိုမိုရွာသွန်းနေခြင်းက ရိတ်သိမ်းခူးဆွတ်မှုကို ထိခိုက်နိုင်ခြင်းရှိကာ ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။      မလေးရှား ဘူစာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဇန်နဝါရီလအတွက် အခြေခံ စားအုန်းဆီကြမ်း စာချုပ်ဈေးမှာ တစ်တန်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရင်းဂစ် ၃ဝ၆၄ (ကန်ဒေါ်လာ ၉၈၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်ဇူလိုင်လ ၂၈ ရက်နောက်ပိုင်းမှာအမြင့်ဆုံးပမာဏ ဖြစ်တယ်လို့သိရပါတယ်။ စားဆီနဲ့သီးနံှဈေးကွက်မှာ ရာသီဥတုအခြေအနေနဲ့ ဒေါ်လာ တန်ဖိုး အားပျော့နေခြင်းတို့ကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်မယ့် လက္ခဏာ ရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကြာခင်စားအုန်းဆီ တစ်တန်ကို ရင်းဂစ် ၃၁ဝဝ (ကန်ဒေါ်လာ ၉၉၄ ) ဈေးဖြစ်လာမှာ အနှေးနဲ့ အမြန်ပါပဲလို့လည်း ၎င်းကဆိုပါတယ်။                            ယုဇန၊Source: palmoilhq.com

Monday, 15 Nov 2010

ဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်နေတဲ့ ပဲပုပ်         မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု နိုဝင်ဘာလဆန်းမှာ ပဲပုပ် တစ်ပိဿာ ၈၁၇ ကျပ် ဝန်းကျင်ဈေးနဲ့ အရောင်း အဝယ် ပြုလုပ်နေကြပါတယ်။ ယခင်နှစ် ကာလတူဈေးမှာ ၆၉၄ ကျပ်ဖြစ်ပါတယ်။ ကလေး၊ ဟုမ္မလင်း၊ ရေဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့နယ်များက ပဲပုပ်များ မုံရွာမြို့သို့ ဝင်ရောက်လာပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ အောက်တိုဘာလအတွင်း ပဲပုပ်တင်း ၄ဝဝ ကျော်၊ နိုဝင်ဘာ ပထမပတ်အတွင်း တင်း ၃ဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ တင်း ၇ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                   သန်းသန်းတင် 

Monday, 15 Nov 2010

ဆောင်းရာသီအအေးဓါတ်နှင့်အတူ စားအုန်းဆီစားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှုမြင့်တက်လာ         ဆောင်းရာသီအအေးဓါတ်နဲ့အတူ စားအုန်းဆီအေးခဲခြင်းကြောင့် စားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှု မြင့်တက်လာ ကြောင်း မန္တလေးမြို့ ဆီဈေးကွက် က သိရပါတယ်။      '' ဒီလမှာ ပဲဆီစားသုံးမှုမြင့်တက်လာတဲ့အတွက် ဈေးမာလာတယ်။ အထက်ပိုင်းဒေသတွေက ပဲဆံမခူးဆွတ်ရသေးလို့ ထွက်ရင်အင်နဲ့အားနဲ့ ဝင်လာနိုင်တယ်။ ဒီနှစ် ပဲဆံအထွက်ကောင်းတဲ့အတွက် ဈေးပြန်ကျလာ နိုင်ပါတယ်။ စားအုန်း ဆီက ဒီရက်ပိုင်း အဝင်နည်းပေမယ့် စားသုံးမှုလျော့တဲ့အတွက် သွင်းကုန်လျော့ကျ သင့်တယ်။ နှမ်းဆီဈေးကတက်နိုင်တယ်။ မနှစ်က နှမ်းအထွက်နည်းတဲ့အတွက်ကြောင့် ဈေးတက်နိုင်ပြီး စားသုံးမှုလျော့နိုင်တယ်။ စားအုန်းဆီနဲ့ နှမ်းဆီစားသုံးမှု လျော့ပြီး ပဲဆီ စားသုံးမှုမြင့်လာပေမယ့် ဒီနှစ်ပဲဆံအဝင်များလာနိုင်လို့ ဈေးကျဆင်းနိုင်တယ်'' လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ စားသုံးဆီဈေးနှုန်းများမြင့်တက်လာပြီး ပဲဆီတစ်ပိဿာကို ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်၊ နှမ်းဆီ ၂၉ဝဝ ကျပ်၊ ၂၈၅ဝ ကျပ်၊ စားအုန်းဆီ ၂၄ဝဝ ကျပ်၊ ၂၃၅ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                   ဇူးဇူး 

Pages