Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ နှမ်းဖြူ ၅၇၃ တန်ကျော်၊ နှမ်းနက် ၇၄၂ တန်ခန့်နဲ့ နှမ်းညို ၂၉ တန်ကျော်ကို သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။
ယခင်အပတ်တင်ပို့မှုထက် ၄၉၃ တန်ဝန်းကျင် ယခုအပတ်မှာ အပို့ ပိုခဲ့ပါတယ်။ ယခင်အပတ်က ထက် နှမ်းဖြူရောနှ မ်းနက်ပါ အပို့ပိုတဲ့အပြင် ယခင် အပတ်ကအပို့မရှိတဲ့ နှမ်းညိုကို အခုအပတ်မှာ အပို့ရှိလာတာတွေ့ရပါတယ်။ ယခင် အပတ်ဈေးများနဲ့နှိုင်းယှဉ်လျှင် နှမ်းနက်ဈေး ကျပ် ၃၀၀၀၀ ခန့် ပိုလာတာ တွေ့ရ ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၁၀၈၆၄ ၁၁၀၇၈၃၇ ၃၀၂၇ ၀ .၃ ၁၂၉၃ ၁၂၉၂ ၁ ၀ .၀၇နှမ်းနက် ၁၁၇၈၃၄၀ ၁၁၄၈၂၅၀ ၃၀၀၉၀ ၃ ၁၃၇၂ ၁၃၃၉ ၃၃ ၂ .၄၁ MIRT (DOBT)
ပင်လယ်ရေကြောင်းက နှမ်းဆက်လက်တင်ပို့နေပါတယ်။ တင်ပို့မှုပမာဏမှာ ယခုတစ်ပတ် တန် ၃၁၀ ကိုလျော့ကျလာခဲ့ပါတယ်။ ပြည်တွင်းအချို့ဒေသမှာ မိုးနှမ်းအချို့ထွက်ပေမဲ့ လက်ကျန်နည်းတဲ့အတွက် တင်ပို့မှုဆက်လက်လျော့ကျ နေပါတယ်။ ယခုတစ်ပတ်မှာ တောင်ကိုရီးယား၊ တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့မှု ရှိကြောင်း သိရပါတယ်။ မြေပဲတင်ပို့မှုအနေနဲ့ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၁၀ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်မှ စုစုပေါင်း တင်ပို့မှုမှာ မြေပဲ (အခွံပါ) ၁၆၃ တန်နဲ့ မြေပဲဆန်တန်ချိန် ၃၂၂၁၄ တန်ရှိပြီဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
ယခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုရှိ ဒေသအချို့မှာ နှစ်ငါးဆယ်အတွင်း အဆိုးဆုံး သော မိုးခေါင်ခြောက်သွေ့မှု ကြောင့် ပြောင်း၊ ပဲပုပ်နဲ့ ဂျုံဈေး နှုန်းတွေမြင့်မားလာရာမှာ ပြောင်း ဈေး မြင့်မားမှုနှုန်း အများဆုံးဖြစ် ကြောင်း သိရတယ်။
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်က ဇူလိုင်လမှာ ပြန်လည်များလာတဲ့ ခန့်မှန်းချက်တွေအရ စားအုန်းဆီကြမ်းဈေးက သြဂုတ် ၈ ရက်မှာသီတင်း ၈ ပတ် အတွင်း အနိမ့်ဆုံးနီးပါးကို ကျဆင်းလာတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု နှေး ကွေးပြီး စားအုန်းဆီထုတ်လုပ်မှု မြင့်တက်တဲ့အတွက် ဖေဖော်ဝါရီလနောက်ပိုင်း ဇူလိုင်လ စားအုန်းဆီလက်ကျန်ဟာ မြင့်တက်ဖွယ်ရှိတယ်လို့ ရိုက်တာစစ်တမ်းအရ သိရပါတယ်။
သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ သန်းကျော် ဖိုးရှိ နှမ်းဖြူ ၄၆၇ တန် ခန့်နဲ့ နှမ်းနက် ၃၈၄ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၃၇၆ တန်ကျော် အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ် နှမ်းဈေးများကို နှိုင်းယှဉ်ကြည့်သောအခါ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ နှမ်းဈေးများ ကျ လျက်ရှိပါတယ်-
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု လျော့ကျပေမဲ့ တောင်ကိုရီးယားကို ဆက်လက်တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၈၀ ခန့်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၄၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ တောင်ကိုရီးယားအပြင် ပြင်သစ်၊ ကူဝိတ်၊ ထိုင်းနဲ့ တရုတ်ကိုလည်း အနည်းငယ်စီတင်ပို့မှု ရှိတာတွေ့ရပါ တယ်။ ယခုတစ်ပတ် မြေပဲဆန်တင်ပို့မှုကတော့ ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ၁၄ တန်သာ ရှိတာတွေ့ရပါတယ်။ ဇူလိုင်လ တစ်လလုံးမှာ နှမ်းတန်ချိန် ၁၈၀၀ ကျော်တင်ပို့ခဲ့ပြီး ဇွန်လမှာ တန်ချိန် ၂၂၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့ကြောင်း သိရပါ တယ်။ MIRT - MAPT
အာရှအကြီးဆုံး ဝယ်လက်များ ဟာ ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် ဝယ်လိုအား နှေးကွေးပုံမရှိဘဲ ပဲပုပ်နဲ့ ပဲပုပ်ဖတ် တင်သွင်းမှု မြင့်တက်လာ တယ်လို့ Oil World မှ ဆိုပါတယ်။ ဧပြီလမှ ဇွန်လအထိ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှ ပဲပုပ် တန်ချိန် ၁၇ ဒသမ ၄၀၁ သန်း တင် သွင်းခဲ့လို့ ယခင်နှစ် ကာလတူနဲ့ ယှဉ်ရင် ၂၁ ရာခိုင်နှုန်းပိုမိုတင်သွင်းထားကြောင်း ဟမ်းဘတ်အခြေစိုက် သုတေသနဌာန မှ ပြောကြားပါတယ်။ တိရစ္ဆာန်အစာ အတွက် အသုံးပြုတဲ့ ပဲပုပ်ဖတ်တင် သွင်းမှုဟာ ၃ လတာအတွင်း ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၁ ဒသမ ၆၀၄ သန်းရှိခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပို့ကုန်များက ဇွန်လက တန် ၁ ဒသမ ၁၄ သန်း ရှိခဲ့ရာမှ ဇူလိုင်လမှာ တန် ၁ ဒသမ ၄ သန်းရှိခဲ့ကြောင်း ဘလွန်းဘတ်နယူးစ် က စိုက်ပျိုးရေးအမှုဆောင် ငါးဦးကိုကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။ စားအုန်းဆီအထွက်က ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန် ၂ သန်းရှိလိမ့်မယ်လို့ အမှုဆောင် ၃ ဦး ကခန့်မှန်းပါတယ်။ ဒါပေမဲ့ အမှုဆောင်အရာရှိတွေက လက်ကျန်နဲ့ ပတ်သက်လို့ ပြောကြားခြင်းမရှိပါဘူး။
ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲပြားလုပ်ငန်းရှင်များမှ နေ့စဉ် အဝယ် ရှိနေပေမယ့် ပဲပုပ်ဈေးမှာ ယခုသြဂုတ် လ ပထမပတ်အထိ ပိဿာ ၂၀ တစ် တင်းကို ၁၆၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်လီသမား များလည်း အဝယ်ရှိတာကြောင့် စုစု ပေါင်း ၁၅ အိတ် ဝန်းကျင်ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါတယ်။ဆုမွန်ဆွေ
တောင်ကြီးဈေးကွက်မှာတော့ မြေပဲဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးတက်လာပါတယ်။ မြေပဲမှာ လက် ကျန် နည်းနေသော်လည်း ရှမ်းပဲဖြစ်တဲ့ မိုင်းရှူး၊ ကျေးသီးဘက်မှထွက်တဲ့ မြေပဲ များမှာတော့ နည်းနည်းချင်းအဝင် ရှိနေပါသေးတယ်။ စက်တင်ဘာလမှာ မြေပဲအသစ်များ စထွက်တော့မှာ ဖြစ် ပါတယ်။ ယခင်အပတ်မြေပဲ တစ် ပိဿာ ၁၇၅၀ ကျပ်မှ ယခုတစ်ပတ် မြေပဲ ဈေးမှာတစ်ပိဿာ ၁၈၀၀ ကျပ် ကိုဈေးတက်လာပါတယ်။ မြေပဲဈေး တက်တဲ့ အတွက် ပဲဆီဈေးလည်းတက် လာပါတယ်။ ပဲဆီတစ်ပိဿာ ၃၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေ တယ်လို့ သိရပါတယ်။ SYH