Background
ဥရောပဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုတွေအရ ဝယ်လိုအားနည်းပါးလာလို့ နိုဝင်ဘာ ၂၃ ရက်မှာ မလေးရှားကုန်စည်ဒိုင်စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၃ ရက် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပဲပုပ်ဆီဈေး ကျဆင်းခြင်းကြောင့် လည်း ပိုမိုကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ အခြေခံစံနှုန်းစာချုပ်ဈေးဟာ သုညဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၁၆၁ (ကန်ဒေါ်လာ ၉၉၂)ဖြစ်ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာဥရောပဒေသအတွင်း အတားအဆီး အကျပ်အတည်းများအပေါ် ပိုမိုစိုးရိမ်လာကြတဲ့အတွက်ကုန်စည်ဝယ်လိုအားလည်းလျှော့ချ လာခဲ့ကြတယ်လို့ စင်ကာပူအခြေစိုက် ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးမှ ပြော ကြားပါတယ်။ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ပဲပုပ်ဆီထွက်ရှိမှုမြင့်တက်ဖွယ်ရှိတဲ့တိုင် ပဲပုပ်ဆီဈေးကျဆင်းခြင်းကလည်း စားအုန်းဆီဈေးကို ဖိအားဖြစ်စေပါတယ်။ အောက်တိုဘာလအတွင်း စားအုန်းဆီဈေးဟာ ပဲပုပ်ဆီ ဈေးထက် တစ်တန် ကန် ဒေါ်လာ ၁၈၅ လျှော့ကျပြီး၊ ယခုအခါ ကန်ဒေါ်လာ ၅၁ ဝန်းကျင်ကို လျှော့ကျ ကွာဟခဲ့ပါတယ်။ စားအုန်းဆီကြမ်းလက်ကျန်များ တဖြည်းဖြည်းကျဆင်းလာမှာဖြစ်လို့ မတ်လ လောက်မှာ ယင်းဆီ ၂ မျိုးရဲ့ဈေးဟာတူညီလုနီးပါးဖြစ်လာနိုင်တယ်လို့ ANZ ရဲ့ စိုက်ပျိုးရေးဆိုင်ရာ သုတေသနပညာရှင် Victor Thianpiriya က ပြောကြားပါတယ်။ တောင်အမေရိကမှာ ပဲပုပ်ထွက်ရှိမှု မြင့်တက်ဖွယ်ရှိတဲ့အတွက် ပဲပုပ်ဆီ ရောင်းချမှု နည်းနိုင်မှာ မဟုတ်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ လာနီညာရာသီဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှနိုင်ငံများမှာ ပျမ်းမျှမိုးရေ ချိန် အထက်ရွာသွန်းနိုင်လို့ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ရောင်းချမှု အကန့် အသတ်ဖြစ်ခြင်းကို တောင်အမေရိကား ပဲပုပ်ထွက်ရှိမှု ပိုမို ခြင်းက ဖြည့်ဆည်း နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ယင်းဆီ ၂ မျိုးဟာ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပဈေးကွက်များအတွင်းက ပုံမှန် ဝယ်ယူခြင်းဖြစ်ပြီး၊ ယင်းဈေး ၂ ခုအကြား ဈေးကွာဟမှု ကျဉ်းမြောင်းရင် ဆောင်း ရာသီမှာ ဝယ်လက်များဟာ ပဲပုပ်ဆီကို ပိုမိုဝယ်ယူကြမှာ ဖြစ်ပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လသင်္ဘောတင်အတွက် သန့်စင်ပြီး၊ စားအုန်းဆီ ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၀၆၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန် ရင်းဂစ် ၁၀ လျှော့ကျပြီး၊ ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၀၁)ရှိကြောင်း သိရပါတယ်။ ယုဇန၊Source: Palmoilhq.com
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၉၈ သန်းကျော် တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၆၃ တန် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၇၁၅၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၁၀၇ တန်နဲ့ ကန်ပိုက်တီး မှ တန် ၃၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ပြောင်းမြေပြင်ဈေးများ ကျနေပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲ မှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်ဈေးနဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၁၆၁၉ ၂၂၄၆၈၀ ၃၀၆၁ ၁ .၄ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၀၉၃၈၄ ၂၁၂၄၄၆ ၃၀၆၂ ၁ .၄ ၃၆၄ ၃၆၄ - -MIRT(DOBT)
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ (၁၈ - ၁၁ -၂၀၁၁)နေ့အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိဿာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1130 x 833)/ 612 ၁၅၃၈ .၀၆FDA ထောက်ခံစာ 58 .20/ 612 ၀ .၁၀သွင်းကုန်လိုင်စင်ကြေး 50/ 612 ၀ .၀၈L/C စရိတ် (CIF 1130 x 0.25% x Earning 833/)/612 ၃ .၈၅Bill စရိတ် (CIF 1130 x 0.50% x Earning 833/)/612 ၇ .၆၉စားအုန်းဆီအလျော့ 0.5% x 1655 ၈ .၇၅ဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1130 x ကောင်တာဈေး 450 x 5%) 612 ၄၁ .၅၄ဆိပ်ကမ်းခွန် (50000/ 1000) 612 ၀ .၀၈MITS စစ်ဆေးခ (FDA အပါအဝင်) ၀ .၆၀အမြတ်ခွန် (CIF 1130 x 35/-) 612 ၆၄ .၆၂ဆိပ်ကမ်းကပ်ခ (3x Earning 833) 612 ၄ .၀၈ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး ၁၆၇၄ .၄၀မှတ်ချက်။ ၁။ အထက်ပါတွက်ချက်မှုမှာ(၁၈-၁၁-၂၀၁၁)နေ့ (CIF ဈေး ၁၁၃၀ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈၃၃ ကျပ်)ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။ ၂။ (၁၈-၁၁-၂၀၁၁)နေ့ ဝယ်ယူပြီးနောက် (၁၀) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ ၏ အမြတ်များ မပါဝင်သေးပါ။
ပြည်ပဲပုပ်ဈေးကွက်တွင် ယခုနိုဝင် ဘာလ တတိယပတ်ထိ တစ်တင်းကို ၁၇၅၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ အရောင်း အဝယ် ပုံမှန်ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ အခြားမြို့နယ်များနဲ့ ပြည်မြို့နယ် အတွင်းသာ အရောင်း အဝယ်ဖြစ်ပြီး၊ လက်ကျန်များရှိသော် လည်း အခြားတိုင်းများကို တင်ပို့မှုမရှိခဲ့ ကြောင်း သိရပါတယ်။ ဒေသတွင်းမှာ တော့ လက်လီဝယ်ယူသူများနဲ့ ပုံမှန်၁၄-၁၅ အိတ်အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ရှမ်းပြည်နယ်တောင်ပိုင်းက ထွက် တဲ့ရပ်စောက်အင်တောပဲပုပ်၊ လဲချား ပဲပုပ်က နာမည်ကြီး ပဲပုပ်တွေ ဖြစ်ပါ တယ်။ ထွက်ပေါ်ချိန် ကာလကလည်း တိုပြီး စက်တင်ဘာ၊ အောက်တိုဘာ နှစ်လသာ လှိုင်လှိုင်ပေါ်ပါတယ်။ ဒီနှစ် က မိုးများတာကြောင့် အရင်နှစ်က ထက်အထွက်နည်းပြီး၊ အချို့နေရာတွေ မှာဆိုရင် အခင်းလိုက် ပျက်စီးသွားတာ ကြောင့် အထွက်နှုန်း ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။ ရပ်စောက်မြို့နယ် အင်တောကျေးရွာက ထွက်တဲ့ ပဲပုပ်ကတော့ အကောင်းဆုံး လို့ ဆိုပါတယ်။ဒီနှစ်ပဲပုပ်အထွက်နှုန်းက နည်းပေမယ့်ပစ္စည်းကောင်းလည်း နည်း တာကြောင့် ဈေးက သိပ်မကောင်းခဲ့ပါဘူး။ အောက်တိုဘာလလယ်မှာစပြီး ဈေးက နည်းနည်းစီတက်လာပါတယ်။ အခု လဆန်းပိုင်းမှာတော့ မူဆယ် ဝယ်လက်တွေ ဝယ်ယူလာတာကြောင့် ပြီးခဲ့တဲ့ လကထက်ဈေးပိုကောင်းလာ ပါတယ်။ လက်ကျန်လည်း နည်းပြီး၊ အဝယ်ရှိလာတာကြောင့် ဒီတစ်ပတ်ပဲ ပုပ်ဈေးက ရပ်စောက်ပဲပုပ်(ထိပ်စ)က တစ်ပိဿာ ၉၇၅ ကျပ်၊ (လတ်စ)က ၉၂၅ ကျပ်နဲ့ (ညံ့စ)က ၈၅၀ ကျပ်ဈေး ရှိပါတယ်။ ပဲပုပ်ဆီကြိတ်တဲ့ ဆီကြိတ်ခ ကတော့ ၇၅၀ ကျပ်ဈေးရှိပြီး၊ ပဲပုပ်ဆီ ကတော့ တစ်ပိဿာ ၂၈၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
ပြည်ဈေးကွက်ရှိ ဆီစက်သမားများက ဆီကြိတ်ရန်မြေပဲဆံများကို အဝယ် သွက်လို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ အောင်လံဘက်မှ တစ်နေ့ အိတ် ၇၀၀ လောက်သာအဝင်ရှိပြီး၊ ဝယ်လိုအားမြင့်လာလို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ မြေပဲဆန် (ဆီဆန်) တစ်ပိဿာ ၁၃၅၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ မြေပဲဆန်အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း နှမ်းရောင်စုံ ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး တန်ချိန်အားဖြင့် ၂၂၂၅ တန် နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်း ရောင်စုံ တင်ပို့မှု ၃၇၅ တန် ပိုမိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ တန် ၈၃၀ ခန့်၊ နှမ်းနက် ၁၀၁၅ တန်၊ နှမ်းဖြူ အခွံချွတ် ၁၇၆ တန်ခန့်၊ နှမ်းညို ၅၆ တန် နဲ့ နှမ်းနီ ၄၈ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံနှမ်းဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၀၆၀၂၃ ၈၃၁၅၁၆ ၇၄၅၀၇ ၉ ၁၂၉၇ ၁၂၉၆ ၁ ၀ .၁၈နှမ်းနက် ၁၂၅၀၀၁၀ ၁၂၆၆၆၇၃ ၁၆၆၆၃ ၁ .၃ ၁၅၅၂ ၁၅၃၄ ၁၈ ၁ .၁၇နှမ်းညို ၈၃၂၀၉၅ ၈၂၉၀၆၆ ၃၀၂၉ ၀ .၃၆ ၁၀၇၈ ၁၀၇၅ ၃ ၀ .၃MIRT(DOBT)
နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း ပိတ်ရက်များခြင်းကြောင့် နှမ်းတင်ပို့မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၈၀ ကျော်တင်ပို့ခဲ့ ရာမှ ယခုတစ်ပတ်မှာ တန် ၂၀၀ ခန့် သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ ထိုင်း၊ မလေးရှားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန် ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT(MAPT)
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၈-၁၁-၂၀၁၁ US$/Ton နိုဝင်ဘာလဒုတိယပတ် နိုဝင်ဘာလတတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၉၉၇ .၀၀ ၁၀၂၇ .၅၀RBD P.Olein ၁၀၁၄ .၅၀ ၁၀၄၉ .၅၀RBD P.Strarin ၈၈၆ .၀၀ ၉၂၄ .၀၀Source: econ.mpob
ဥရောပဇုန် ကြွေးမြီပြဿနာ စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ရေနံ ဈေးနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ခြင်းနဲ့အတူ မလေးရှား စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးလည်း နိုဝင်ဘာ ၁၇ ရက်မှာ ကျဆင်းခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံဈေးဟာ သုညဒသမ ၉ ရာခိုင်နှုန်း လျှော့ပြီး၊ တစ်တန် ရင်းဂစ် ၃၂၁၂ (ကန်ဒေါ်လာ ၁၀၁၅)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးက သုညဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၂ ဒသမ ၄၈ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၁၅၇) ရှိခဲ့ပါတယ်။ ဇန်နဝါရီလအထိ ICE Brent ရေနံဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်စည်ကို ကန်ဒေါ်လာ ၁၁၀ ဒသမ ၅၃ ဈေးဖြစ်ခဲ့ပြီးနောက်၊ စားအုန်းဆီကြမ်း ဈေးလည်း ကျဆင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ကွာလမ်လာပူညီလာခံ မှာ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်ပညာရှင် Fry ပြောကြားချက်အရ ရေနံ ရောင်းချမှုမြင့်တက်နေခြင်းက ICE Brent ကြိုပွိုင့်ဈေးကို ဇွန်လမှာ တစ်စည် ကန် ဒေါ်လာ ၇၉ ကို ကျဆင်းနိုင်ပြီး၊ တစ်ဆက်တည်းမှာ စားအုန်းဆီကြမ်းဈေး လည်း တစ်တန်ကန်ဒေါ်လာ ၈၅၀ ကို လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကျဆင်းမယ်လို့ လေ့လာဆန်းစစ်သူအားလုံးက ခန့်မှန်းခဲ့ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ဝယ်လိုအား ဆက်လက်ကောင်းနေခြင်းတို့ကြောင့် စားအုန်းဆီ ကြမ်းဈေးဟာ ဇန်နဝါရီလမှာရင်းဂစ် ၃၃၀၀ (ကန်ဒေါ်လာ ၁၀၄၂)နဲ့ ဇွန်လမှာ ရင်းဂစ် ၄၀၀၀ (ကန်ဒေါ်လာ ၁၂၆၃)ထိရှိလာနိုင်တယ်လို့ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်သူ Dorab Mistry က ပြောကြားပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆီအုန်းအဓိက စိုက်ပျိုးတဲ့ဒေသတွေမှာ နောက်သီတင်း ပတ်အနည်းငယ်အတွင်း လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်နိုင်တဲ့ အတွက် ဆီအုန်းခူးဆွတ်မှု နှောင့်နှေးနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ နိုဝင်ဘာလကုန်မှာမလေးရှား စားအုန်းဆီလက်ကျန်ဟာ တန်ချိန်၁ ဒသမ ၉ သန်း ခန့်ကို ယခင်လထက် ၉ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား ဆက်လက်ခိုင်မာနေတာ ကြောင့် ဒီဇင်ဘာလ လက်ကျန်ဟာတန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင်ကို ပိုမိုလျော့ကျနိုင်တဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်ခြင်းဖြစ်တယ်လို့ ၎င်းင်းက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်များမှ ဘာစာမလေးရှား စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၁၀၀ (ကန်ဒေါ်လာ ၉၇၉)ရှိနိုင်ပြီး၊ လာမယ့်နှစ် ပထမ ၃ လ အတွင်းမှာ ရင်းဂစ် ၃၅၀၀(ကန်ဒေါ်လာ ၁၁၀၅)အထိ မြင့်တက်လာနိုင် တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ ၅ ဒေါ်လာ ကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၀၉၀ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ရင်းဂစ် ၃၀ (ကန်ဒေါ်လာ ၉ ဒသမ ၄၇)လျော့ပြီး၊ ရင်းဂစ် ၃၂၃၀ (ကန်ဒေါ်လာ ၁၀၂၀)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com