Background
ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းပိုမိုစိုက်ပျိုး ယမန်နှစ်က ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၇၆ဝဝဝ ကျော်ရှိခဲ့သော်လည်း ရာသီဥတုအခြေအနေ မပေးသဖြင့် တစ်ဧက အထွက်နှုန်းကျဆင်းခဲ့ပါတယ်။ ယခုနှစ်တွင် မိုးဦးစောတာကြောင့် နှမ်းစောစောကြဲပက်နိုင်ပြီး စိုက်ဧကလည်း ၃ဝဝဝ နီးပါး ပိုမိုလာရာ စုစုပေါင်း စိုက်ဧက ၇၅၆၆၇ ရှိခဲ့ပါတယ်။ မိုးဦးနှမ်းများရိတ်သိမ်းစ ပြုနေပြီး ယမန်နှစ်ကထက် အလားအလာကောင်းကြောင်း၊ နှမ်းတစ်ဧက ၃ တင်းမှ ၅ တင်းအကြား ထွက်ရှိနိုင်ကြောင်း၊ နောက်ကျစိုက်တဲ့ နှမ်းများအတွက်တော့ မိုးအနည်းငယ်လိုအပ်နေကြောင်း သိရပါတယ်။ မြင့်အောင်
နယ်စပ်မှ နှမ်းပိုမိုတင်ပို့ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၇၇၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ တန် ၅၅ဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းဖြူ ၁၃၁ တန်သာ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုအပတ်မှာ နှမ်းဖြူ ၅ဝ၅ တန်ကျော်နဲ့နှမ်းနက် ၄၇ တန် ကျော် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မိမိဘက်မြေပြင်နှမ်းနက်ဈေးပြောင်းလဲမှု မရှိ သော်လည်း နှမ်းဖြူဈေးမှာ ကျပ် ၁၁ဝဝဝဝ ကျော်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ် မိမိဘက်( ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၇၉၁၂၈၁ ၉ဝ၁၇၆၅ ၁၁ဝ၄၈၄ ၁၄ ၁၃၁၅ ၁၃၆၁ ၄၆ ၃နှမ်းနက် ၁၁၂၅၇၉၃ ၁၁၂၅၇၉၃ - - ၁၄၇ဝ ၁၄၆၉ ၁ ဝ .၁MIRT (DOBT)
စားအုန်းဆီကြမ်းဈေး အကျဘက်ဆင်းနေ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှု မြင့်တက်ခြင်းနဲ့ သိုလှောင်မှုကလည်း ၁၈ လအတွင်း အမြင့်ဆုံးဖြစ်နေတာကြောင့် အကျဘက်ဆင်းနေတဲ့ စားအုန်းဆီ ကြမ်းဈေးဟာ ဇူလိုင်လ ၁၂ ရက်မှာလည်း ဆက်လက်ဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက်ကို လျော့ကျနိုင်တယ်လို့ ဈေးကွက် ခန့်မှန်းကြပါတယ်။ မလေးရှားစားအုန်းဆီအဖွဲ့( MPOB ) က ဇွန်လ အတွက် စာရင်းဇယားကို ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ စားအုန်းဆီ ကြမ်း ထုတ်လုပ်မှုဟာတန်ချိန် ၁ ဒသမ ၇၅ သန်းကိုတိုးတက်ခဲ့တာကြောင့် ပြည်ပ တင်ပို့မှု တန်ချိန် ၁ ဒသမ ၅၈ သန်းအထိမြင့်တက်ခဲ့ပေမဲ့ လကုန်လက်ကျန်ဟာ တန်ချိန် ၂ ဒသမ ဝ၅ ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးတွေ အားလုံးဟာလည်း ကျဆင်းခဲ့ရာ စက်တင် ဘာလစာချုပ်အတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး တစ်တန် ရင်းဂစ် ၃၉ လျော့ကျ ပြီး ရင်းဂစ် ၃ဝ၃၄ (ကန်ဒေါ်လာ ၁ဝဝ၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ံHwang DBS Vickers သုတေသနဌာနမှ ခန့်မှန်းချက်အရ ဥပုသ်လအတွင်း ဝယ်လို အားမြင့်တက်မယ့် အလားအလာနဲ့ အခြားပဲပုပ်ဆီအစား စားအုန်းဆီသိုလှောင်မှုကို မြှင့်တင်ဖွယ်ရှိတာကြောင့် လာမယ့်လများမှာ စားအုန်းဆီတင်ပို့မှု မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားအုန်းဆီကြမ်းအထွက်နှုန်းမြင့်တက်ခြင်းကြောင့် ထုတ်လုပ်မှုဟာ မနှစ်ကထက်ပိုမိုတဲ့အတွက် သြဂုတ်လကုန်ကစပြီး ယခုနှစ်ကုန် တိုင်အေင် လစဉ် လက်ကျန်ပမာဏဟာ တန်ချိန် ၂ သန်းအထက်မှာ ရှိနေနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒါကြောင့် ယခုနှစ် စတုတ္တ ၄ လအတွင်း စားအုန်းဆီကြမ်းဈေး အကျဘက်ကို ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပဲပုပ်ထွက်ရှိမှု ၂ ရာခိုင်နှုန်း ခန့်ကျဆင်းဖွယ်ရှိခြင်းကြောင့် ကာလတိုအတွင်း ပဲပုပ်ဆီရောင်းချမှုနည်းနိုင်ပြီး ပဲပုပ်ကြိတ်ခွဲသူများရဲ့ အမြတ်အစွန်း လျော့နည်းမှုတွေအပေါ် မူတည်ပြီး စားအုန်း ဆီဈေး အပြောင်း အလဲရှိနိုင်တယ်လို့ ဆိုပါတယ်။ မလေးရှား မြေပိုင်ရှင်များအသင်း ဥက္ကဌ Boon Weng Siew ပြောကြားရာ မှာ ၂ဝဝ၈ ခုနှစ် စတုတ္ထ ၄ လအတွင်း စားအုန်းဆီလက်ကျန်သိုလှောင်မှု တန်ချိန် ၂ သန်းအထိ မြင့်တက်ခဲ့စဉ်က စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၁၅ဝဝ (ကန်ဒေါ်လာ ၄၉၈)ထိ ကျဆင်းခဲ့ဘူးတဲ့အတွက် လက်ရှိသိုလှောင်မှုအခြေအနေ အပေါ် စိုးရိမ်မှု ဖြစ်ရပါတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ B5 (ဇီဝလောင်စာ ၅ ရာခိုင်နှုန်းနဲ့ ရေနံ ၉၅ ရာခိုင်နှုန်း) အစီအစဉ်က ပြည်တွင်းစားအုန်းဆီ လက်ကျန် ပမာဏလျှော့ကျဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။ အလယ်ပိုင်းဒေသ B5 စီမံကိန်းမှာ ဇီဝလောင်စာ တန်ချိန် ၁၇ဝဝဝဝ မှ ၂ဝဝဝဝဝ အထိ အသုံးပြုဖွယ်ရှိတယ်လို့လည်း မလေးရှားဇီဝလောင်စာဆီအသင်း ဒုတိယ ဥက္ကဌ့ .U . R Unnithan ကဆိုပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းစား အုန်းဆီ သိုလှောင်မှုထဲက တန်ချိန် ၅ဝဝဝဝဝ ကိုလည်း အဲဒီစီမံကိန်းတစ်ခုလုံးမှာ အသုံးပြုဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ယုဇန၊Source: malaysia star
စားအုန်းဆီဈေးနှုန်းများ(၄-၇-၂ဝ၁၁ မှ ၈-၇-၂ဝ၁၁ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်)(၁) ၄-၇-၂ဝ၁၁ ၁၁၅ဝ(၂) ၅-၇-၂ဝ၁၁ ၁၁၅ဝ(၃) ၆-၇-၂ဝ၁၁ ၁၁၄၅(၄) ၇-၇-၂ဝ၁၁ ၁၁၄ဝ(၅) ၈-၇-၂ဝ၁၁ ၁၁၆ဝSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၈-၇-၂ဝ၁၁ US$/Ton ဇွန်လစတုတ္ထပတ် ဇူလိုင်လပထမပတ် နှိုင်းယှဉ်ချက် RBD P.Oil ၁၁၁၂ .၅ဝ ၁ဝ၉၇ .၅ဝRBD P.Olein ၁၁၂ဝ .၅ဝ ၁၁၁၃ .ဝဝRBD P.Strarin ၁ဝဝ၄ .၅ဝ ၉၆၃ .ဝဝSource: econ.mpob
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာ အရင်းဈေး တွက်ချက်ပုံ (၈-၇ -၂ဝ၁၁)နေ့ အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိဿသာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1160 x 808)/ 612 ၁၅၃၁ .၅ဝFDA ထောက်ခံစာ 58 .20/ 612 ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး 50/ 612 ဝ .ဝ၈L/C စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၃ .၈၃Bill စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၇ .၆၆စားအုန်းဆီအလျော့ 0.5% x 2000 ၁ဝ .ဝဝဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1160 x ကောင်တာဈေး ၄၅ဝ 450 x 5%) ၄၂ .၆၅ဆိပ်ကမ်းခွန် (50000/ 1000) 612 ဝ .ဝ၈MITS စစ်ဆေးခ (FDA အပါအဝင်) ဝ .၆ဝအမြတ်ခွန် (CIF 1160 x 35/-) 612 ၆၆ .၃၄ဆိပ်ကမ်းကပ်ခ (3x Earning 808) 612 ၃ .၉၆ ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး ၁၆၇၁ .၇၅မှတ်ချက။် ၁။ အထက်ပါတွက်ချက်မှုမှာ (၈-၇-၂ဝ၁၁)နေ့ (CIF ဈေး ၁၁၆ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝ၈) ကျပ်ဖြင့်တွက်ချက်ထား ခြင်း ဖြစ်ပါသည်။ ၂။ (၈-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့်ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ၏ အမြတ်များ မပါဝင်သေးပါ။
ရပ်စောက် ရေသွင်းပဲပုပ်တွေ ဈေးကွက်ဝင်နေ ဒီတစ်ပတ်ဈေးကွက်ကို ရေသွင်း ပဲပုပ်တွေ ဝင်နေပါသေးတယ်။ အဓိက ဝင်နေတာကတော့ ရေသွင်းစိုက်တဲ့ ရပ်စောက်အနောက်ဖက် ဖောင်းတော တိုက်နယ်က ဝင်နေတာဖြစ်ပြီး အဲဒီ နယ်က တစ်ရာသီကို ပိဿာချိန်နှစ် သိန်းခွဲခန့်ထွက်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်နှစ်က မိုးအဆက်မပြတ် ရွာတာ ကြောင့်ပဲပုပ်တချို့မိုးမိလို့အရည်အသွေး အနည်းငယ်ညံ့တယ်လို့လည်း သိရပါတယ်။ တောင်ကြီး တောင် ဖက်ခြမ်းဖြစ် တဲ့ မိုးနဲ၊ မိုင်းပွန်၊ တောင်ကြားစတဲ့ နယ် တွေကလည်းဝင်နေပါသေးတယ်။ တောင်ခြမ်းကထွက်တဲ့ ပဲပုပ်တွေက တော့ ရပ်စောက်ပဲပုပ်ထက် အစိုဓာတ်ပို တယ်လို့လည်း သိရပါတယ်။ ရေသွင်း ပဲပုပ်တွေကတော့ ဒီလလယ်ပိုင်း လောက်မှာ ပစ္စည်းပြတ်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပဲပုပ်ဈေးက လည်း အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေတာကြောင့် ပဲပုပ် (ထိပ်စ) တစ်ပိဿာ ၇၅ဝ ကျပ်၊ (လတ်စ) ၇ဝဝ ကျပ်၊ (ညံ့စ) က ၆၅ဝ ကျပ်ဈေးရှိပါတယ်။ ပဲပုပ်ထိပ်စတွေကိုတော့ ရန်ကုန် ဝယ်လက်တွေက ပဲပြား၊ ပဲငါးပိ၊ ပဲနို့ ရည်လုပ်ဖို့ ဝယ်ယူနေကြပါတယ်။ (လတ်စ) တွေကိုတော့ ဒေသတွင်း တိရစ္ဆာန် အစာစပ်သမားတွေက ဝယ်ယူနေကြပြီး တစ်ပတ်ကို ပိဿာ ၂ဝဝဝ -၃ဝဝဝ ခန့်ဝယ်ယူကြပါတယ်။ အညံ့စ တွေကိုတော့ ဆီကြိတ်သမားတွေက ဝယ်ယူနေတယ်လို့ သိရှိပါတယ်။ ဧဧခိုင်
ဘရာဇီးပဲပုပ် တင်ပို့မှု ကျဆင်းနိုင် အမေရိကန်ပြီးရင် ကမ္ဘာမှာ ပဲပုပ် ဒုတိယအများဆုံးထုတ်လုပ်တဲ့ ဘရာဇီး ရဲ့ ပဲပုပ်ထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့မှု ဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃ဝ ရာခိုင်နှုန်း နီးပါးရှိပါတယ်။ လူတစ်ဦးအသားစား နှုန်းနဲ့ ဇီဝလောင်စာထုတ်လုပ်မှု မြင့် တက်လာတာကြောင့် လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကျော်အတွင်း ပဲပုပ်ထုတ်ကုန်ပြည်တွင်းစားသုံးမှုဟာ ခိုင်မာအား ကောင်းလာခဲ့ပါတယ်။ ၂ဝ၁ဝ အတွင်း ဇီဝလောင်စာထုတ်လုပ်မှုရဲ့ ၄ ပုံ ၃ ပုံကို ပဲပုပ်ဆီမှ ထုတ်လုပ်ကြောင်း သိရပါတယ်။ ဇီဝလောင်စာ ထုတ်လုပ်မှု တိုး တက်နေခြင်းနဲ့အတူ ပဲပုပ်ဖတ်နဲ့ ပဲပုပ် ဆီဝယ်လိုအားကလည်း ၂ဝ၂ဝ ခုနှစ် လောက်မှာ စံချိန်တင်မြင့်တက်နိုင်တယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ပဲပုပ် ထုတ်လုပ် မှုကတော့ လိုအပ်ချက် ကြီး ွားမှုနှုန်းနဲ့ အညီ ထုတ်လုပ်ဖို့ ရုန်းကန်ရလိမ့်မယ် လို့ဆိုပါတယ်။ ကာလလတ်အတွင်းမှာ ဘရာဇီးပဲပုပ်အထွက် တိုးတက်မှု နှေး ကွေးသွားနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မှုတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ကြီးမြင့်မှုတွေကြောင့် ပဲပုပ်စိုက်ပျိုးဖို့ ဧရိယာထပ်မံ တိုးခဲျ့လို့ရနိုင်ဖွယ်မရှိဘူး လို့ သိရပါတယ်။ ယမင်းခင်၊ Source: Barclays
မြေပဲဆံဈေးနှင့်အတူ ဆီဈေးပါအေးတဲ့ ပြည်စားဆီဈေးကွက် ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်နေသော်လည်း ယခုအပတ်တွင် စတင်လှုပ်ရှားလာပြီး ဈေးကျလာတာ တွေ့ရပါတယ်။ ကံမဘက်မှ တစ်နေ့ကို အိတ် ၅ဝဝ ခန့်သာ အဝင်ရှိပြီး ဆီစက်သမားများမှ အဝယ်ရှိပေမဲ့ မြေပဲဆံဈေးမှာ ယခင်အပတ်ထက်ဈေးကျလာတာတွေ့ရပါတယ်။ မြေပဲဆီဆံတစ်ပိဿာကို ၁၆၈၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာပြီး မြေပဲဆီဈေး မှာလည်း တစ်ပိဿာ ၃၉ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာတာတွေ့ရပါတယ်။ ဝေဝေမင်း