Main menu

Background

Monday, 14 May 2012

နယ်စပ်မှ ဒီဇယ် ငါးသောင်းနီးပါး အသွင်းပိုဧပြီ ၁၈ ရက်မှ ၂၄ ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၆၇၉၆၀ ဂါလန်ကို တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှ ၅၃၈၃၅ ဂါလန်နဲ့ ကော့သောင်းမှ ၁၄၁၂၅ ဂါလန် အသွင်းရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ ယခုအပတ်မှာ တာချီလိတ် နယ်စပ်တစ်ခုမှသာ အသွင်းရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၉၃၇ ဂါလန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၄၅၆၄၇ ဂါလန်အသွင်းပိုခဲ့ပြီး ဓာတ်ဆီတင်သွင်းမှုမှာတော့ ၂၀၈၉ ဂါလန် ပိုမိုခဲ့ပါတယ်။                                          MIRT (DOBT)

Monday, 9 Apr 2012

ပြည်တွင်း လက်လီအရောင်းဈေး                ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဧပြီလ ၂၀၁၂        ဓာတ်ဆီ(ကျပ်)             ဒီဇယ်(ကျပ်)    ရက်    နေပြည်တော်    ရန်ကုန်    မန္တလေး    နေပြည်တော်    ရန်ကုန်    မန္တလေး    ၂            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀    ၃            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀         ၃၉၀၀        ၄၀၀၀     ၄           ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀    ၅            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀

Monday, 2 Apr 2012

နယ်စပ်မှ ဓာတ်ဆီနဲ့ ဒီဇယ် အသွင်းလျော့မတ် ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၀၇၉၀၆ ဂါလန်ကို တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းမှုနဲ့ နှိုင်းယှဉ်လျှင် ၁၀၁၄၄၁ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှ ၉၄၇၈၁ ဂါလန်နဲ့ ကော့သောင်းမှ ၁၃၁၂၅ ဂါလန်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ဆီတင်သွင်းမှုမှာ တာချီလိတ်မှ ၁၂၃၂ ဂါလန်၊ ကန်ဒေါ်လာ သုည ဒသမ  ၀၀၄၃ သန်းဖိုးသာ အသွင်းရှိပြီး ယခင်အပတ်ကထက် ဂါလန် ၄၈၉၀၀ ကျော် လျော့နည်းတင်သွင်း ခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်အပြင် ကော့သောင်းနဲ့ ချင်းရွှေဟော် နယ် စပ်များကပါ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။             MIRT (DOBT)

Friday, 23 Mar 2012

မတ် ၁၂ ရက်မှာ ကမ္ဘာ့ရွှေဈေးတွေ အနည်းငယ်ပြန်လည် အား ကောင်းလာတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး Comex မှာ ဧပြီလ အရောက်ပို့ရမယ့်ရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်မားကာ ၁၇၁၇ ဒသမ ၄၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီးနောက် ၁၇၁၆ ဒသမ ၉၀ ဒေါ်လာနဲ့ စင်ကာပူစံတော်ချိန် နံနက် ၆း၀၅ နာရီမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။

Friday, 23 Mar 2012

တာချီလိတ်မှ ဒီဇယ်၊ ဓာတ်ဆီ အသွင်းရှိမတ် ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၇၀၆၀ ဂါလန်တင်သွင်းပြီး ဓာတ်ဆီ အသွင်းမရှိခဲ့ပါဘူး။ မူဆယ်ကတော့ ကန်ဒေါ်လာ သုည ဒသမ ၁၅၂ သန်း တန်ဖိုးရှိ အောက်တိန်း ၉၂ ၄၁၁၁၈ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် လျှင် ဒီဇယ်ဆီရော ဓာတ်ဆီပါ အသွင်းလျော့ခဲ့ပါတယ်။ MIRT (DOBT)

Monday, 12 Mar 2012

ချင်းရွှေဟော်နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှု ထူးထူးခြားခြားရှိလာမတ်လပထမပတ်အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၈၀၀၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၁၀ ဂါလန် တင်သွင်းမှုကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။ ကျန်နယ်စပ်စခန်းများမှ  ဓာတ်ဆီတင်သွင်းမှု ယခုအပတ်မှာ မရှိပါဘူး။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၃၁၂၉ ဂါလန်နဲ့ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၃၁၂၅ ဂါလန်၊ ကန်ပိုက်တီး နယ်စပ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၂၃၀ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၅၇၇၅၀ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၈၁၆၀၀ ကျော် တင်သွင်း မှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်မှ ဖေဖော်ဝါရီလထိ ၁၁ လတာကာလမှာ ဓာတ်ဆီ ၁၁၅၆၇၇၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၈၇၉၅၈၀၄ ဂါလန် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။  MIRT (DOBT)

Monday, 5 Mar 2012

ယခုအပတ်နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းလျော့ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလအတွင်း ထိုင်းနယ်စပ်နဲ့ တရုတ်နယ် စပ်စခန်းများမှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၁၇၈၆၉ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၇၁၃၂၂ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၇၀၄၇၅ ဂါလန်နဲ့ ဓာတ်ဆီ ၂၈၄၇၀ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။                                                 MIRT (DOBT)

Monday, 27 Feb 2012

ယခုတစ်ပတ် နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းပိုတရုတ်နယ်စပ်ရှိ ကန်ပိုက်တီး၊ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  ကန်ဒေါ်လာ သုည ဒသမ ၇၉၁ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၈၈၃၃၄ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ တာချီလိတ်မှ ၁၀၉၀၆၉ ဂါလန်၊ ကန်ပိုက်တီးမှ ၆၆၁၅၀ ဂါလန်နှင့် ကော့ သောင်းနယ်စပ်မှ ၁၃၁၂၅ ဂါလန် အသီးသီးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက် အတွင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၉၁၄၈၂ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။

Monday, 20 Feb 2012

ဓာတ်ဆီ၊ ဒီဇယ် အသွင်းလျော့ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်များမှ ယခုအပတ်မှ ဓာတ်ဆီနဲ့ ဒီဇယ် အသွင်းရှိခဲ့ပါတယ်။ ဒီဇယ်ဆီကို တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၇ သန်း တန်ဖိုးရှိတဲ့ ၉၆၈၆၃ ဂါလန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၀၁၇၈ ဂါလန်ကို တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီရော ဒီဇယ်ပါနယ်စပ်စခန်း များမှ အသွင်းလျော့ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ဓါတ်ဆီ ၅၂၅၀ ဂါလန်၊ တာချီလိတ်မှ ဓာတ်ဆီ ၄၉၂၈ ဂါလန်နဲ့ ဒီဇယ်ဆီ ၉၆၈၆၃ ဂါလန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။   MIRT (DOBT)

Sunday, 12 Feb 2012

ဓာတ်ဆီရော ဒီဇယ်ပါအသွင်းရှိတာချီလိတ်နဲ့ မူဆယ်နယ်စပ်များက ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၆၈၃၇၆ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၇၆၇၉၃ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ဒီဇယ်အသွင်းမရှိဘဲ ဓါတ်ဆီ ၃၇၅၃၈ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ဇန်နဝါရီလမှာ နယ်စပ်မှ ဓါတ်ဆီ ၅၇၂၈၈ ဂါလန်၊ ဒီဇယ်ဆီ ၆၄၆၉၉ ဂါလန်အသွင်းရှိပြီး ဧပြီလမှ ဇန်နဝါရီလထိ ၁၀ လတာ ကာလမှာတော့ ဓာတ်ဆီ ၉၀၇၁၀၀ ဂါလန်နဲ့ ဒီဇယ်ဆီ ၈၂၁၅၉၃၅ ဂါလန် တင် သွင်းထားပြီးဖြစ်ပါတယ်။                              MIRT (DOBT)

Pages