Background
ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် ၂၆၀၀၀ ကျော်ဝင် ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အတွင်း ဓာတ်ဆီတန်ချိန် ၃၅၀၀၊ ဒီဇယ် ၂၂၆၁၇ တန်၊ စုစုပေါင်း၂၆၁၁၇ တန်ကို ကုမ္ပဏီ ၁၄ ခုမှ တင်သွင်းခွင့်လိုင်စင်လျှောက်ထား ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ၊ ဒီဇယ်အဝင်မှာ တန်ချိန် ငါး သောင်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ် ဈေးများသည် ရန်ကုန်၊ တောင်ကြီး ၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေသော်လည်း မော်လမြိုင်မြို့တွင် ဓာတ်ဆီနှင့် အောက် တိန်းဈေးများ အနည်းငယ်မြင့်လာတယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဓာတ်ဆ၊ီ ဒီဇယ်ဈေးများ ဇန်နဝါရီ ၁၄၊ ၁၅ ရက်များတွင် အနည်းငယ်ကျလာပေမဲ့ နောက်ရက်များတွင် ဈေးပြန်မြင့် လာပါတယ်။ ယခုလိုဈေးကျလာတာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်သာ ကျ လာပြီး ကျန်မြို့များတွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များရဲ့ ရောင်းချနေတဲ့ဈေးက ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်ဖြင့်ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဈေးက ဝယ်ဈေးတစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး၄၅၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ကျပ်ဖြင့်ဝယ်ပြီး ၃၅၀၀-၃၆၀၀ ကျပ်ဖြင့် ပုံမှန်လေးပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးမှ ပြောပြခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါ လန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဝယ်ဈေးကငြိမ်နေပြီး ရောင်းဈေးကအနည်းငယ်ကျလာပါတယ်။ ဒီဇယ်ဈေး က အရောင်းရောအဝယ်ပါ ဈေးကျလာတယ်လို့ သိရပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအ ဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ကျပ် ဝယ်ပြီး ၄၃၀၀-၄၄၀၀ ကျပ်ရောင်းပါတယ်။ ဒီဇယ်က ဝယ်ဈေး ၃၅၀၀ ကျပ်ရောင်းဈေး ၃၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီဒီဇယ် ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်လေးပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီနဲ့အောက်တိန်းက အနည်းငယ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါ တယ်။ ပြင်ပလက်လီဆိုင်မှာတော့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေပြီး အောက်တိန်းက ယခင်ဈေးထက် တစ်ရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရ ပါတယ်။ တောင်ကြီးဈေးကွက်မှာ ပြင်ပလက်လီဆိုင်ရော ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ စက်သုံးဆီ ရောင်းဝယ်သူတစ်ဦးမှ ပြောပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT
ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် ငါးသောင်းကျော်ဝင်ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ဓာတ်ဆီ ၇၀၆၃ တန်၊ ဒီဇယ် ၄၅၉၇၁ တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်းမှာ ကုမ္ပဏီ သုံးခုမှ ဓာတ်ဆီတန်ချိန် ၄၇၀ နဲ့ ဒီဇယ် ၆၁၃၅ ဒသမ ၈၄၈ တန်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ပင်လယ် ရေကြောင်းလမ်းမှ ဓါတ်ဆီ၊ ဒီဇယ်အဝင်က တန်ချိန် လေးသောင်းခြောက်ထောင်ကျော် အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ပြောင်းလဲမှု မရှိပေမဲ့ ပြင်ပဆိုင်များရဲ့ ဓာတ်ဆီဈေး ကမြင့်နေဆဲဖြစ်ပါတယ်။ မြင့်တယ်ဆိုပေမဲ့ ယခင်တစ်ပတ်ဈေးထက် နှစ်ရာဝန်းကျင် ဈေးကျလာပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၄၉၀၀-၅၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘူးလို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာတော့ ဓာတ်ဆီဈေးက ယခင်တစ် ပတ်ဈေးထက် အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်း ချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၂၀၀-၄၄၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀- ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာနောက်ဆုံးပတ်မှာတော့ ဓာတ်ဆီ ၄၅၀၀ တန်၊ ဒီဇယ် ၃၂၄၄၂ ဒသမ ၄၃၃ တန်ကို တင်သွင်းရန ်အတွက် ကုမ္ပဏီငါးခုမှ သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ရဲ့ ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း တင်သွင်းရန် လျှောက်ထားတန်ချိန်မှာ တစ်သိန်းငါး သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့လိုင်စင်လျှောက်ထား တန်ချိန်မှာ ရှစ်သောင်း ကျော်သာ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ ဓာတ်ဆီ၊ ဒီဇယ်လျှောက်ထားတန်ချိန်မှာ တန်ချိန် ခုနစ်သောင်းနီးပါး လျော့နည်းခဲ့ပါတယ်။
ပြည်တွင်းကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၁၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၂၄၃၅၄ ကို ပင်လယ်ရေကြောင်းလမ်းမှ တင် သွင်းရန် သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၁၄၃၉၂ ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းရန် သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် ဓာတ်ဆီ ဒီဇယ်လျှောက်ထားလိုင်စင်အရ တန်ချိန် ခြောက်ထောင့်နှစ်ရာကျော်သာ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ လိုင်စင်လျှောက်ထားတန်ချိန် ရှစ်ထောင်ကျော်ပိုပြီး လျှောက် ထားလာတယ်လို့ သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခြောက်ထောင်ကျော်သာ လိုင်စင်လျှောက်
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက် သီတင်းပတ်တစ်ပတ်မှာ ကုမ္ပဏီငါးခုမှ ဓာတ်ဆီ တန်ချိန် ၁၀၀၀ နဲ့ ဒီဇယ်တန်ချိန် ၅၈၆၀ အတွက် တင်သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် လျှောက်ထား လိုင်စင် တန်ချိန်နဲ့ ယှဉ်ရင်တော့ ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ထောင်နီး ပါးလျော့ နည်းပြီး လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ပင်လယ်ေ ရကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်ဆီ၊ ဒီဇယ်သွင်းရန်အတွက် ကုမ္ပဏီ ၁၄ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပါတယ်။ လိုင်စင်လျှောက်ထားတန်ချိန်မှာ ဒီဇယ် ၅၇၈၉၉ တန်နဲ့ ဓာတ်ဆီမှာ ၈၂၅၀ တန်ရှိခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ေ တွမှာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ် က ဈေးမပြောင်းပေမဲ့ အောက်တိန်းက ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ပြင်ပဆိုင်မှာ ဒီဇယ်ဈေးအနည်းငယ်ကျဆင်းလာပေမဲ့ ဓာတ်ဆီက ဈေး အနည်းငယ်မြင့်လာပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ တစ်ပီပါ ဈေးနှုန်းမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ် တို့နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်ကို ၃၇၀၀-၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်း လဲသလို ပြင်ပဆိုင်ဈေးကလည်း မပြောင်းလဲဘူးလို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈးက ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀-၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းလဲ သလို ပြင်ပဆိုင်ရဲ့ ဈေးတွေ ကလည်း ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ်နဲ့ အောက်တိန်းက ၃၉၅၀ ကျပ်ဈေးနဲ့ ရှိနေပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်ထက်ပိုပြီး အရောင်းအ ဝယ်ရှိတယ်လို့ သိရပါတယ်။ တောင်ကြီးမှာ ပွဲတော်ရှိနေတာကြောင့် ဓာတ်ဆီ၊ ဒီဇယ်က ရောင်းအားနည်းနည်း ရှိလာတယ်။ ရောင်းအားရှိပေမဲ့ ဈေးကမပြောင်းလဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်၊ ဒီဇယ်ဈေးက တစ်ဂါလန် ၃၉၅၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပဆိုင်များရဲ့ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT-DOT ဓာတ်ဆီရော ဒီဇယ်ပါ ယခုအပတ် နယ်စပ်မှ တင်သွင်းမှုပိုမိုမူဆယ်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ ဓာတ် ဆီ ၇၄၇၅၂ ဂါလန်ခန့်ကို အောက်တို ဘာ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလ အတွင်းမှာအသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၆၈၄၇ ဂါလန်ကျော်၊ တာချီ လိတ်မှ ၃၃၂၆၄ ဂါလန်နဲ့ မြိတ်မှ ၂၄၆၄၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှု အပိုင်းမှာလည်း ထိုင်းနယ်စပ်စခန်းများဖြစ်တဲ့ တာချီ လိတ်၊ ကော့သောင်းနဲ့ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၀၈၁၁၉ ဂါလန်ကျော်ကို တင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှု တွေကတော့ တာချီလိတ်မှ ၆၈၉၄၄ ဂါလန်၊ မြိတ်မှ ၂၁၉၁၈၇ ဂါလန်ကျော်နဲ့ ကော့သောင်းမှ ၁၉၆၈၈ ဂါလန်ခန့် ဖြစ်ပါတယ်။ MIRT(DOBT)
ရန်ကုန်မှာ ပုဂ္ဂလိကဆီဆိုင်များ လီတာနှုန်းနဲ့ စတင်ရောင်းချ အောက်တိုဘာ တတိယပတ်အတွင်းမှာ ပင်လယ်ရေကြောင်းလမ်းမှ ဓာတ် ဆီ၊ ဒီဇယ်တင်သွင်းရန်အတွက်ကုမ္ပဏီ ၁၀ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပါ တယ်။ လိုင်စင်လျှောက်ထား တန်ချိန်မှာ ဓာတ်ဆီတန်ချိန် ကိုးထောင့်ရှစ်ရာရှိခဲ့ပြီး ဒီဇယ်က တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။