Main menu

Background

Sunday, 15 Jul 2012

   အမေရိကန်ပြည်ထောင်စုရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အနောက်ပိုင်း တက္ကဆပ်ရေနံစိမ်းဈေးနှုန်းတွေကို အမေရိကန် စွမ်းအင်သတင်းပြန်ကြားရေး အုပ်ချုပ်မှုဌာန (EIA)  ကနောက်ဆုံးထုတ်ပြန်တဲ့ Short Term  Energy Outlook  အလားအလာ ခန့်မှန်းချက်အစီရင်ခံစာမှာ လျှော့ချခန့်မှန်းထားပါတယ်။

Monday, 9 Jul 2012

ဒီဇယ်ဆီ အသွင်းပို၊ ဓာတ်ဆီ အသွင်းလျော့မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း တန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၁၈၃၄၅၂ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် ၁၂၀၆၈၆ ဂါလန် အသွင်းပိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လအထိ နယ်စပ်မှ ကန်ဒေါ်လာ ၆ ဒသမ ၄၀၈ သန်းတန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၅၃၅၀၇ ဂါလန် တင်သွင်းထားပြီးဖြစ်ပါတယ်။ ဓာတ်ဆီ ကိုတော့ ယခုအပတ်မှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှသာ အသွင်းရှိခဲ့ ပြီး ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၃၈၆၀ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၇၁၁၈ ဂါလန် အသွင်းလျော့ ခဲ့ပါတယ်။ ဧပြီလမှဇွန်လအထိနယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၂၄၁၅၉ ဂါလန်တင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်စခန်း အလိုက် ဒီဇယ်ဆီတင်သွင်းမှုမှာ မြဝတီမှ ၁၀၄၈၄၂ ဂါလန်၊ တာချီလိတ်မှ ၅၂၃၆၀ ဂါလန်နဲ့ ကော့သောင်းမှ ၂၆၂၅၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ စခန်းအားလုံးမှ တင်သွင်းမှုဟာ ယခင်အပတ်ကထက် ပိုမိုခဲ့တာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ် စခန်းမှ မဲခေါင်မြစ်ရေတိုးလာလျှင် ဇူလိုင်လလယ်လောက်ကစပြီး သစ်လုံးများ တင်ပို့နိုင်ပြီဖြစ်ရာ လုပ်ငန်းသုံးစက်သုံးဆီများ ပိုမိုတင်သွင်းလာနိုင်တယ်လို့ ခန့်မှန်း လျက်ရှိပါတယ်။                                  MIRT(DOBT)

Sunday, 8 Jul 2012

၂ .၇ .၂၀၁၂ ရက်နေ့ထုတ် ကောမတ်စ် ဂျာနယ် အတွဲ ၁၂ ၊ အမှတ် ၂၅  တွင် ဖော်ပြခဲ့သော မြန်မာ့စက် သုံးဆီ တင်သွင်းမှု သတင်းတွင် တင်သွင်း မှု အခြေအနေဖော်ပြသည့် ဇယား၌ ဒီဇယ်/ ဓာတ်ဆီ တင်သွင်းမှုပမာဏ ဖော်ပြရာတွင် ကီလို အစား တန်ချိန် ဟု ပြင်ဆင်ဖတ်ရှု ပါရန် မေတ္တာရပ်ခံအပ်ပါသည်။အယ်ဒီတာ

Sunday, 1 Jul 2012

နယ်စပ်မှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ အသွင်းလျော့နယ်စပ်စခန်းများမှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ နယ်စပ်မှ ဓာတ်ဆီနှင့် ဒီဇယ်ဆီ တင်သွင်းမှုမှာ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၀၉၇၈ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၁ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၆၂၇၆၇ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ဓာတ်ဆီ ၂၃၉၄၇ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၉၁၀၈ ဂါလန် အသွင်းလျော့ခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီတင် သွင်းမှုကတော့ တာချီလိတ်မှ ၁၃၈၆၀ ဂါလန်၊ မြဝတီမှ ၉၂၄၀ ဂါလန်နဲ့ ချင်းရွှေ ဟော်မှ ၇၈၇၅ ဂါလန်၊ ဒီဇယ်ဆီတင်သွင်းမှုကတော့ တာချီလိတ်မှ ၃၆၅၁၇ ဂါလန် နဲ့ မြဝတီမှ ၂၆၂၅၀ ဂါလန် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)

Monday, 4 Jun 2012

ဒီဇယ်ဆီ အသွင်းပို ဓာတ်ဆီ အသွင်းလျော့ကန်ဒေါ်လာ သုည ဒသမ ၈၁၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၁၄၀၈၁ ဂါလန် ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၂၀၄ ဂါလန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။  မေလမှာ ဒီဇယ်ဆီ ၃၄၉၀၈၉ ဂါလန်နဲ့ ဓါတ်ဆီ ၄၁၅၈၀ ဂါလန် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ တာချီ လိတ်နယ်စပ်မှ ယခုအပတ်မှာ ဓာတ်ဆီ ၄၆၂၀ ဂါလန် အသွင်းရှိခဲ့ပါတယ်။MIRT(DOBT)

Monday, 28 May 2012

မြဝတီမှလောင်စာဆီအသွင်းရှိလို့ နယ်စပ်မှ ဓာတ်ဆီဒီဇယ်ဆီအသွင်းပိုမိုလာမေ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ မြဝတီနယ်စပ်မှ ဓါတ်ဆီဂါလန် ၂၃၁၀၀ နဲ့ ဒီဇယ်ဆီ ဂါလန် ၅၉၁၀၀ အသွင်းရှိခဲ့တာကြောင့် ယခင်အပတ်ကထက် သိသိသာသာတင်သွင်းမှု ပိုမိုလာခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက်တင်သွင်း မှုတွေကို ကြည့်မယ်ဆိုလျင် ဒီဇယ်ဆီကို မြဝတီမှကန်ဒေါ်လာ သုည ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ ၅၉၁၀၇ဂါလန်၊  တာချီလိတ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၉ သန်းတန်ဖိုးရှိ ၄၁၆၄၄ ဂါလန်နှင့် ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ၁၃၁၂၅ ဂါလန် အသီးသီး အသွင်းရှိခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုကိုကြည့်လျှင် တာချီလိတ်မှ ယခင်ရှေ့အပတ်နှစ်ပတ်နည်းတူ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ဂါလန် ၄၆၂၀ နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်း တန်ဖိုးရှိ ၂၃၁၀၀ ဂါလန်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၂၃၁၀၀ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၆၈၂၀ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။                                            MIRT (DOBT)

Monday, 21 May 2012

နယ်စပ် ဒီဇယ်အသွင်းပို၊ ဓာတ်ဆီ အသွင်းပုံမှန်ရှိမေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ တာချီလိတ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၃၅၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၈၃၉၃၁ ဂါလန်နဲ့ ကော့သောင်းမှ ၁၃၁၂၅ ဂါလန် သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၇၂၉၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှာ ၇၂၄၉၈ ဂါလန်နဲ့ ကော့သောင်းမှ ၄၈၅ ဂါလန် အသွင်းပိုခဲ့တာဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ သာ အသွင်းရှိခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၄၆၂၀ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်အတိုင်း ပုံမှန် အသွင်းရှိနေတာ တွေ့ရပါ တယ်။                            MIRT (DOBT)

Wednesday, 16 May 2012

ယခုအပတ် နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ တင်သွင်းမှုလျော့နည်းမေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၂၄၀၇၃ ဂါလန်ကျော်ကို မြန်မာ-ထိုင်း နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ ၁၁၄၃၃ ဂါလန်ကျော်နဲ့ ကော့သောင်းမှ ၁၂၆၄၀ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်ကနယ်စပ်မှ ဒီဇယ်ဆီ ၄၀၁၆၂ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ် မှာ ၁၆၀၈၉ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကတင်သွင်းမှု ထက် ထက်ဝက်တိတိ လျော့နည်းခဲ့ပါတယ်။               MIRT (DOBT)

Monday, 14 May 2012

ဓာတ်ဆီအသွင်းပို ဒီဇယ် အသွင်းလျော့မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၅၆ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၄၀၁၆၂ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၉၂၄၀ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်လ ထက် ဒီဇယ်ဆီ ၅၆၄၇၅ ဂါလန် အသွင်းလျှော့ခဲ့ပြီး ဓာတ်ဆီတင်သွင်းမှုကတော့ ၇၃၉၂ ဂါလန် အသွင်းပိုခဲ့တယ်လို့ သိရပါတယ်။ ဧပြီလမှာ ဓာတ်ဆီ ၁၅၀၂၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၂၇၀၇၂ ဂါလန် အသွင်းရှိခဲ့ပါတယ်။  MIRT (DOBT)

Monday, 14 May 2012

မန္တလေးဈေးကွက်မှာ သြင်္ကန်ပွဲ တော်ကာလမတိုင်မီ ဓာတ်ဆီကြိုတင် ဝယ်ယူထားပြီး  ရောင်းချလျက်ရှိခြင်း ကြောင့် သြင်္ကန်ကာလအပြီး ဓာတ်ဆီ သိုလှောင်မှုမှာ ဈေးကွက်မှာ လက်ကျန် နည်းနေပြီး ဈေးအနည်းငယ် မြင့်တက် လာကြောင်း သိရပါတယ်။

Pages