Main menu

Background

Wednesday, 30 Mar 2011

နယ်စပ်မှ ဒီဇယ် တင်သွင်းမှု ဂါလန် ၇ သိန်းကျော်                 တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၅၃ သန်းကျော်တန်ဖိုးရှိ ဒီဇယ်ဆီဂါလန် ၇၂၄၄၂ဝ နဲ့ တာချီ လိတ်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၇၈၂၅ ဂါလန်ခန့် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၇ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့သော် လည်း ဒီဇယ်ဆီမှာမူ ဂါလန် ၄၅၈ဝဝဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး               ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁      ဝယ်ဈေးဓာတ်ဆီ(ကျပ်)               ဝယ်ဈေးဒီဇယ်(ကျပ်)ရက်    ရန်ကုန်  မန္တလေး                 ရန်ကုန်     မန္တလေး၂၁       ၄၅ဝဝ   ၄၈ဝဝ                     ၄ဝဝဝ     ၄၅ဝဝ၂၂       ၄၄ဝဝ   ၄၈ဝဝ                     ၄ဝဝဝ    ၄၅ဝဝ၂၃      ၄၇ဝဝ    ၄၈ဝဝ                    ၄ဝဝဝ     ၄၅ဝဝ၂၄      ၄၇ဝဝ    ၄၈ဝဝ                    ၄ဝဝဝ     ၄၅ဝဝ၂၅     ၄၈ဝဝ    ၅၂ဝဝ                     ၄ဝဝဝ     ၄၅ဝဝMIRT-DOT

Sunday, 20 Mar 2011

ဒီဇယ်တန်ချိန် ငါးသောင်းကျော်တင်သွင်းခဲ့           ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ဒုတိယပတ်အတွင်း ဒီဇယ်ပီပါ သုံးသိန်းခုနစ်သောင်းခုနစ် ထောင်ကျော်၊ တန်ချိန်အားဖြင့် ငါးသောင်းကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ဒီဇယ်ဆီ အဝင်မှာ တန်ချိန် နှစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်ဒီဇယ်ဆီအ ဝင်မှာ တန်ချိန်ငါးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာအဝင် တစ်ဆကျော် လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို ဒီဇယ်တင်သွင်းမှုလျော့             မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၁၃ သန်းတန်ဖိုးရှိ ဒီဇယ် ၂၆၆၃၆၈ ဂါလန်ကို ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်များမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၂၉၅၁၄၂ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၈၅၇၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၉၆၈ ဂါလန် တင်သွင်းခဲ့ပါတယ်။ယခင်အပတ်က ထက် ဂါလန် ၅၂ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်        မန္တလေး       ရန်ကုန်       မန္တလေး၁၄        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၅        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၆        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ      ၄၅ဝဝ၁၇        ၄၈ဝဝ       ၄၈ဝဝ            ၄ဝဝဝ      ၄၅ဝဝ၁၈       ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝMIRT_DOT

Sunday, 13 Mar 2011

ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်ဝင်ခဲ့                  ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ၁ ရက်မှ ၇ ရက်တာ ကာလ အတွင်း ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်၊ တန်ချိန်အားဖြင့် နှစ်သောင်းငါးထောင်လေးရာရှစ်ဆယ့်သုံးတန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ နှစ်သောင်းကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်ငါးထောင်ကျော်လောက် ပိုမိုတင် သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။    MIRT-DOT နယ်စပ်မှ ဓာတ်ဆီထက် ဒီဇယ်တင်သွင်းမှုပို                    မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၅၆၁၅၁ဝ ဂါလန်နဲ့ ကော့သောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၉၇၅ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၁၈၁၉၇၁ တင်သွင်းမှုပိုမိုခဲ့ပြီး ဓာတ်ဆီ ဂါလန် ၃၁၁ဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်မှ ဓာတ်ဆီတင်သွင်းမှု ရှိသော် လည်း ယခုအပတ်မှ တင်သွင်းနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁               ဝယ်ဈေးဓာတ်ဆီ(ကျပ်)           ဝယ်ဈေးဒီဇယ်(ကျပ်)ရက်      ရန်ကုန်        မန္တလေး               ရန်ကုန်      မန္တလေး၇           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၈           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၉           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၁ဝ         ၄ဝဝဝ      ၄၈ဝဝ                      ၃၉ဝဝ      ၄၄ဝဝ၁၁        ၄၅ဝဝ       ၄၈ဝဝ                      ၃၉ဝဝ      ၄၄ဝဝMIRT-DOT 

Sunday, 6 Mar 2011

ဖေဖော်ဝါရီလ ဒီဇယ်ဆီအဝင် တန်ချိန် တစ်သိန်းကျော်ရှိခဲ့                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ၂ဝ ရက်မှ ၂၈ ရက် တာကာလအတွင်း ဒီဇယ်ပီပါ တစ်သိန်းငါးသောင်းခြောက်ထောင်၊ တန်ချိန်အားဖြင့် ၂ဝ၈၁ဝ တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် နှစ်သောင်းလေးထောင်ကျော် ရှိခဲ့တာကြောင့် ယခုသီတင်းပတ်ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်လေးထောင်နီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။                လချုပ်အနေနဲ့ကြည့်ရင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒီဇယ်ဆီအဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ ဒီဇယ်ဆီအဝင် စုစုပေါင်းမှာ တန်ချိန်တစ်သိန်းခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ယခုလအတွက် ဒီဇယ် ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT နယ်စပ်မှ ယခုအပတ် ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်သွင်းမှုပို               ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ဓာတ်ဆီဂါလန် ၆ဝ၈၈၁ နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၃၇၉၅၃၉ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၁၈၂၂၄၆ ဂါလန်နဲ့ ဓာတ်ဆီဂါလန် ၁ဝ၅၅၆ ပိုမိုတင်သွင်း ခဲ့ပါတယ်။MPPE မှ တင်သွင်းမှုပိုမိုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ တာချီလိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်    ရန်ကုန်     မန္တလေး      ရန်ကုန်     မန္တလေး၂၈      ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၁        ၄ဝဝဝ      ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၂       ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၃       ၄ဝဝဝ       ၄၈ဝဝ        ၄ဝဝဝ      ၅ဝဝဝ၄       ၄ဝဝဝ      ၄၈ဝဝ         ၄ဝဝဝ      ၅ဝဝဝMIRT-DOT

Sunday, 27 Feb 2011

ဒီဇယ်တန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့             ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက် တာကာလအတွင်း ဒီဇယ်ပီပါ တစ်သိန်းရှစ်သောင်းငါးထောင်ငါးရာကျော်၊ တန်ချိန် အားဖြင့် နှစ်သောင်းလေးထောင်ခုနှစ်ရာကျော်ကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန် သုံးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်ခြောက်ထောင်ကျော် အဝင် လျော့ခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုယခင်အပတ်ကထက်ပိုမို               ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၂၄ သန်းဖိုးရှိ ဓာတ်ဆီ ၅ဝ၃၂၅ ဂါလန်တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်က ထက် ၂၄၆၂၅ ဂါလန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။                ဒီဇယ်ဆီကိုတော့ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၆၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၉၇၂၉၃ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် ဒီဇယ်ဆီဂါလန် ၄၅ဝဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါ တယ်။ တာချီလိတ်နယ်စပ်စခန်းအနေနဲ့ MPPE မှ တင်သွင်းမှုပိုမိုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး          ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁              ဝယ်ဈေးဓာတ်ဆီ(ကျပ်)        ဝယ်ဈေးဒီဇယ်(ကျပ်)ရက်        ရန်ကုန်       မန္တလေး             ရန်ကုန်         မန္တလေး၂၁            ၃၄ဝဝ      ၃၄ဝဝ               ၃၄ဝဝ           ၃၇ဝဝ၂၂            ၃၄ဝဝ      ၃၄ဝဝ               ၃၄ဝဝ           ၃၇ဝဝ၂၃            ၃၆ဝဝ      ၃၄ဝဝ               ၃၅ဝဝ           ၃၇ဝဝ၂၄            ၃၇ဝဝ      ၃၇ဝဝ               ၃၆ဝဝ            ၃၉ဝဝ၂၅            ၃၇ဝဝ      ၃၇ဝဝ               ၃၆ဝဝ             ၄ဝဝဝMIRT-DOT 

Sunday, 20 Feb 2011

ယခုအပတ် နယ်စပ်မှ ဒီဇယ်ဆီတင်သွင်းမှု ဂါလံ ၆ သိန်းကျော်              ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်သွင်းမှုများ ယခင်အပတ်ကထက် ပိုမိုခဲ့ပါတယ်။ ဒီဇယ်ဆီကို ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ်တို့မှ ၆၄၈ဝ၆ဝ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခဲ့ပါတယ်။              ယခင်အပတ်က ကော့သောင်းနဲ့ တာချီလိတ်နယ်စပ် ၂ ခုမှ ၃၅၂၃ဝ ဂါလန် သာတင်သွင်းနိုင်ခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၆၁၂၈၃ဝ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုက ကန်ဒေါ်လာ ဝ ဒသမ ၁၁ သန်း တန်ဖိုးရှိ ၃၅၇ဝဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၁၂၉၅ဝ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး          ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁                   ဝယ်ဈေးဓာတ်ဆီ(ကျပ်)         ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်     မန္တလေး                ရန်ကုန်         မန္တလေး၁၄         ၃၂ဝဝ      ၃၄ဝဝ                     ၃ဝဝဝ          ၃၂ဝဝ၁၅         ၃၂ဝဝ      ၃၄ဝဝ                     ၃၁ဝဝ          ၃၂ဝဝ၁၆         ၃၃ဝဝ      ၃၄ဝဝ                     ၃၂ဝဝ          ၃၃ဝဝ၁၇         ၃၄ဝဝ      ၃၄ဝဝ                     ၃၄ဝဝ           ၃၅ဝဝ၁၈         ၃၄ဝဝ      ၃၄ဝဝ                     ၃၄ဝဝ            ၃၅ဝဝMIRT-DOT 

Tuesday, 15 Feb 2011

ဒီဇယ်တန်ချိန် သုံးသောင်းကျော်တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဒီဇယ် ပီပါနှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းတစ်ထောင် ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တစ်ပတ်ကို ပျမ်းမျှ ဒီဇယ်တန်ချိန် သုံးသောင်းကျော် တင်သွင်းနေကြအတိုင်း ဒီတစ်ပတ်မှာလည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန်လေး သောင်းရှစ်ထောင် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ MIRT-DOT ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့နည်း              ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၂၇၅ဝ ဂါလန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၅၂၃ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီရော ဒီဇယ်ဆီပါတင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOBTပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁             ဝယ်ဈေးဓာတ်ဆီ(ကျပ်)           ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်      မန္တလေး              ရန်ကုန်        မန္တလေး၇           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၈           ၃၂ဝဝ       ၃၄ဝဝ                 ၃ဝဝဝ        ၃၂ဝဝ၉           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁ဝ        ၃၂ဝဝ        ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁၁        ၃၂ဝဝ      ၃၄ဝဝ                  ၃၁ဝဝ         ၃၂ဝဝMIRT-DOT

Sunday, 12 Dec 2010

ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့          ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီများကို ပင်လယ်ရေကြောင်းလမ်း ကနေ နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ ၂၁၅၄၃၅ ဒသမ ၂၅ပီပါ၊ တန်ချိန်အားဖြင့် နှစ်သောင်းရှစ်ထောင်ကျော်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ် အဝင်တန်ချိန်မှာ ၁၁၈ဝဝဝ ကျော်ဖြစ်ပြီး နိုဝင်ဘာလရဲ့အဝင်မှာ တန်ချိန် ၁၁၆ဝဝဝ ကျော်ဖြစ်တာကြောင့် နိုဝင်ဘာလမှာ တန်ချိန်၂၃၈ဝ လျော့နည်းတင်သွင်းလာတာ တွေ့ရပါတယ်။MIRT-DOT ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့              ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း တာချီလိတ်၊ ကန်ပိုက်တီးနဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဒီဇယ်ဆီံ ၂၁၄၃၇၈ ဂါလန်နဲ့ ဓာတ်ဆီ ၅၃၈ဝဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီကို တာချီလိတ်မှ ၁၄၂၁၈၉ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၇၂၁၈၈ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၇ သန်းဖိုး တင်သွင်းခဲ့ပြီး ဓာတ်ဆီကိုတော့ တာချီလိတ် နယ်စပ်မှ ဓာတ်ဆီ ၃၄၅၅ဝ ဂါလန်နဲ့ ကော့သောင်းမှ ၅၃၈ဝဝ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၂ သန်းဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းမှုများလျော့နည်းခဲ့ သော်လည်း ယခင်အပတ်က တင်သွင်းခဲ့ခြင်းမရှိတဲ့ ကော့သောင်းနယ်စပ်က ယခု အပတ်မှ ဂါလန် ၁၉၂၅ဝ တင်သွင်းမှုတော့ရှိခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီအပြင် စက်ဆီ၊ ချောဆီဖြစ်တဲ့ Hydraulic ဆီနဲ့ Lubricant   ၁၃ တန်ကျော် တင်သွင်းမှုလည်း ရှိပါတယ်။ MIRT(DOBT)  လက်လီအရောင်းအဝယ်ဈေး         ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဒီဇင်ဘာ ၂ဝ၁ဝ                 ဝယ်ဈေးဓာတ်ဆီ(ကျပ်)    ဝယ်ဈေးဒီဇယ်(ကျပ်) ရက်        ရန်ကုန်        မန္တလေး       ရန်ကုန်       မန္တလေး၆            ၃၃ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၇            ၃၃ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၈            ၃၂ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၉            ၃၂ဝဝ         ၃၄ဝဝ         ၂၈ဝဝ         ၃ဝဝဝ၁ဝ          ၃၁ဝဝ         ၃၄ဝဝ         ၂၈ဝဝ          ၃ဝဝဝMIRT-DOT

Monday, 6 Dec 2010

ဒီဇယ်ဆီတင်သွင်းမှု ယခင်အပတ်ကထက် ဂါလန် ၄၈ဝဝဝ ကျော်ပိုမို           နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း ကန်ပိုက်တီးမှ ဒီဇယ်ဆီ ဂါလန် ၅၉၅၈၇ ဒသမ ၅ ဂါလန်နဲ့ တာချီလိတ်မှ ၂၅၆ဝ၄ဝ ဒသမ ၃၅ ဂါလန် တင်သွင်းခဲ့တဲ့အတွက် စုစုပေါင်းဒီဇယ်ဆီ ၃၁၅၆၂၈ ဂါလန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂၈ဝ၁၈၉ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ ယခုအပတ်မှာ တာချီလိတ် နယ်စပ်မှ ဂါလန် ၅၅၁ဝဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁ဝ၃၈၄၂ ဖိုး တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင် ဒီဇယ်ဆီဂါလန် ၄၈ဝဝဝ ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ဓာတ်ဆီတင်သွင်းမှုမှာ ဂါလန် ၁၁ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ တာချီလိတ်-ကျိုင်းတုံသို့ ပို့သွင်းယာဉ်စီးဆင်းမှုများခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုများလည်း ပိုမိုခဲ့တယ်လို့ တာချီလိတ်နယ်စပ်ကုန်သည်အသင်းမှ သိရပါတယ်။MIRT(DOBT) လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                                                                     နိုဝင်ဘာ ၂ဝ၁ဝ        ဝယ်ဈေးဓာတ်ဆီ(ကျပ်)        ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်         မန္တလေး     ရန်ကုန်           မန္တလေး၂၈        ၃၄ဝဝ          ၃၄ဝဝ        ၂၈ဝဝ             ၃ဝဝဝ၂၉        ၃၄ဝဝ          ၃၄ဝဝ        ၂၈ဝဝ              ၃ဝဝဝ၃ဝ        ၃၃ဝဝ          ၃၄ဝဝ        ၂၈ဝဝ              ၃ဝဝဝ၁          ၃၂ဝဝ          ၃၄ဝဝ        ၂၈ဝဝ              ၃ဝဝဝ၂          ၃၂ဝဝ          ၃၄ဝဝ        ၂၈ဝဝ               ၃ဝဝဝMIRT-DOT  

Monday, 29 Nov 2010

ရေကြောင်းမှ ဒီဇယ်အဝင်မရှိ           ဒီသီတင်းပတ်မှာ ရေကြောင်းလမ်းနဲ့ ဒီဇယ်ဆီ အသွင်းမရှိတာ တွေ့ရပါတယ်။ အောက်တိုဘာလအတွင်းက ဒီဇယ်ဆီရက်သတ္တပတ်ကို ပျမ်းမျှ တန်ချိန် နှစ်သောင်း သုံးထောင်ကျော်ဝင်ခဲ့ပြီး နိုဝင်ဘာလမှာတော့တစ်ပတ်ကိုပျမ်းမျှတန်ချိန် သုံးသောင်း ခန့် အဝင်ရှိခဲ့ပါတယ်။                                                                                           MIRT-DOT ယခုအပတ် ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထိုင်းနဲ့ တရုတ်နယ်စပ်မှသွင်း      ယခုအပတ်မှာ ဒီဇယ်ဆီကို ကန်ပိုက်တီးနယ်စပ်မှ ၅၃ဝ၂၅ ဂါလန်နဲ့ တာချီ လိတ်နယ်စပ်မှ ၁၅၅ဝ၆၈ ဂါလန် တင်သွင်းခဲ့တာတွေ့ရပြီး ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ ၆၆၁ဝဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်ဒီဇယ်ဆီ ဂါလန် ၅၆ဝဝဝခန့်နဲ့ ဓာတ်ဆီ ဂါလန် ၉၁ဝဝ ကျော် တင်သွင်းမှုကျဆင်း ခဲ့ပါတယ်။        တာချီလိတ်နယ်စပ်မှာ ဓာတ်ဆီ ၁ ဂါလန်ကို ၂၃ဝဝ ကျပ်နဲ့ ဒီဇယ် ၁ ဂါလန်ကို ၂၃၅၂ ကျပ်ဈေးပေါက်လျက်ရှိပြီး တစ်ဖက်နိုင်ငံ ဈေး တွေက ၃ ဒေါ်လာ နီးပါးနဲ့ ၃ ဒေါ်လာကျော် ဈေးပေါက်လျက်ရှိတယ်လို့ သိရပါ တယ်။                                                                                                                              MIRT(DOBT)   လက်လီအရောင်းအဝယ်ဈေး              ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                        နိုဝင်ဘာ ၂ဝ၁ဝ             ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်      မန္တလေး          ရန်ကုန်      မန္တလေး၂၂         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ          ၂၈ဝဝ၂၃         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ         ၂၈ဝဝ၂၄         ၃၄ဝဝ       ၃၄ဝဝ            ၂၇ဝဝ         ၂၈ဝဝ၂၅         ၃၄ဝဝ       ၃၄ဝဝ           ၂၇ဝဝ          ၂၈ဝဝ၂၆         ၃၄ဝဝ       ၃၄ဝဝ           ၂၇ဝဝ         ၂၈ဝဝMIRT-DOT

Pages