Background
ရန်ကုန်စတော့အိတ်ချိန်းတွင်ပါဝင် ဆောင်ရွက်ကြမည့်ကုမ္ပဏီများအား ယခု လအတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
''စတော့အိတ်ချိန်းမှာ ပါဝင်ဆောင်ရွက်ကြမယ့်ကုမ္ပဏီတွေရဲ့ အမည်စာရင်း ကို ဒီလထဲမှာ ကြေညာသွားမှာပါ။ အရင်တုန်းက ဇွန်လထဲမှာ ကြေညာမယ်လို့ ပြောခဲ့ပေမယ့် စတော့အိတ်ချိန်းမှာ ပါဝင်ကြမယ့်ကုမ္ပဏီတွေရဲ့ အရည်အချင်းက အရေးကြီးပါတယ်။ စတော့အိတ်ချိန်းကို စတင်နိုင်ဖို့အတွက် လုပ်ဆောင်နေတာ မှာ ခုချိန်မှာ အဆင်သင့်ဖြစ်နေပါပြီ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် နှစ်ရှည်စာချုပ် ချုပ်ဆို၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဗီယက်နမ်အခြေ စိုက် MNC အိမ်ခြံမြေဈေးကွက်ဆိုင်ရာ လုပ်ငန်းစုတစ်ခုဖြစ်သည့် Hoang Anh Gia Lai(HAGL) မြန်မာ စင်တာမှLake Suites အိမ်ခန်းများကို နှစ် ၇၀ အငှားစာချုပ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါHAGL မြန်မာ၏ တစ် ပေပတ်လည်ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၃၀ခန့်ရှိကြောင်း သိရသည်။ ယင်းစင်တာမှ Lake Suites အိမ်ခန်း များကို B.O.T.ွှ စနစ်ဖြင့် ရောင်းချပေး မည်ဖြစ်သည်။
ဇွန်လဒုတိယပတ်အတွင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ ယခင်ရက်သတ္တပတ်များနည်းတူ ယာဉ်ဟောင်းအပ်နှံစလစ်ဈေးတန်း မာ နေပြီး အရောင်းအဝယ်များလည်း အေးနေကြောင်း သိရသည်။
ကားဈေးကွက်တစ်ခုလုံးတွင် အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက် ပြီး အက္ခရာအနိမ့်ကားလေးများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း၊ စလစ်ကပ်များထဲတွင်လည်း နံပါတ်ထွက်ပြီးကားများကိုသာ ရွေးချယ်ဝယ်ယူမှု ရှိလာကြောင်း သိရသည်။
အတွဲ(၁၅)အမှတ်(၁၇)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)