Background
ကုန်စည်ဒိုင် သုံးသပ်ချက် မတ်ပဲ (ကုန်ကြမ်း) ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာမှုအပေါ် ဈေးပေးပြီးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့်လ် ာကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီ ကို ပြည်ပ အဝယ်များလာတဲ့ အပေါ် အိတ်စပို့ဝယ် လက်တွေက လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီး အဝယ်ရှိလာ တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မကွေး၊ အောင်လံ၊ ပခုက္ကူနဲ့ ပြည်မှာ ဈေးမြင့်ေ် နတာ တွေ့ရပါတယ်။ ပဲတီစိမ်းကြီး(ခရမ်းရွှေဝါ) ဈေးကွက် အဝင်များတဲ့အပေါ် တရုတ်က ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်နဲ့ မန္တလေးမှာ ဈေးကျနေတာတွေ့ရပါတယ်။ ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန် ဝယ်လက်အပြင် မြို့တွင်းလှောင်လက်ကုန်သည်များကပါ အဝယ် သွက်နေတာကြောင့် မန္တလေး၊ မုံရွာ ၊ပခုက္ကူ နှင့် မြင်းခြံမှာ ဈေးမြင့့််နေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ပြောင်း ကိုတရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များက အဝယ်နည်းသွားတာကြောင့် မူဆယ်၊ အောင်ပန်းနဲ့ တောင်ကြီးတွင် ဈေးကျနေပြီး လားရှိုးမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။
တောင်ကြီးကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ(သေး) ၁ ပိဿာ ၉၅ဝ ၈၈ဝ၂ ပြောင်း ၁ ပိဿာ ၂၂ဝ ၂၁ဝ၃ ပန်းနှမ်း ၁ ပိဿာ ၁၃၁ဝ ၁၃ဝဝ၄ ပဲစင်းငုံနီ(ကြီး) ၁ ပိဿာ ၇၆ဝ ၇၂ဝဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅တောင်ကြီးမှာ ပြောင်းနဲ့ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ပြောင်းကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များက တစ်ပိဿာကို ၂၁ဝ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာ ချနိ ် ၁၃၄၅ဝဝ ခန့် အဝယ်ရှိခဲ့ပြီး ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီအီ ရည်အသွေးမျိုးစုံ ကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်ကျလာတယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီသေးတစ်ပိဿာ ၈၈ဝ ကျပ်(တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)၊ ပဲစင်းငုံအဖြူလုံးကြီး တစ်ပိဿာ ၆၇ဝ ကျပ်(တစ်တန်ကို ၄၁ဝ၃ဝ၁ ကျပ်)၊ ပဲစင်းငုံနီလုံးကြီးတစ်ပိဿာ ၇၂ဝ ကျပ်(တစ်တန်ကို ၄၄ဝ၉၂ဝ ကျပ်)နဲ့ တစ်ပတ်အတွင်းပိဿာ ချိန် ၉ဝဝဝဝ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
လားရှိုးကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပြောင်း ၁ ပိဿာ ၂၇ဝ ၂၇ဝ၂ ပန်းနှမ်း ၁ ပိဿာ ၁၂ဝဝ ၁၁၅ဝလားရှိုးမှာ ပြောင်းဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် ပြောင်းက လားရှိုးဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၄၅၇၄၇ဝ ခန့် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘူးလို့ဒေသခံပြောင်းကုန်သည်များကဆိုပါတယ်။
အောင်လံကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ် ၁ ကုလားပဲ ၁ ပိဿာ ၈၇၅ ၉၅၀၂ စမုံနက်နှမ်း ၁ ပိဿာ ၂၄၄၄ ၂၄၄၄၃ ပဲစင်းငုံနီ ၁ ပိဿာ ၁ဝ၃၅ ၁ဝ၆ဝဆက်သွယ်ရန် ဖုန်း-ဝ၆၉-၂၁၇၇၈အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းဈေးငြိမ်ပြီး ပဲစင်းငုံနီဈေးမြင့်လာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က အဝယ်နှေးသွားသလို အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၄၄ ကျပ် (တစ်တန်ကို ၁၄၉၆၆၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဆွဲပြန်သွက်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁ဝ၆ဝ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု များလာတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။
မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ပဲစင်းငုံနီ ၁ ပိဿာ ၁ဝ၁၅ ၁ဝ၆ဝ၂ ထောပတ် ၁ ပိဿာ ၉၅ဝ ၉၃ဝ၃ ပဲစင်းငုံကြား ၁ ပိဿာ ၉ဝဝ ၈၃ဝ၄ ကုလားပဲဖြူလုံးကြီး ၁ ပိဿာ ၈၇၅ ၉၅ဝမြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာပြီး အရောင်းအဝယ်ဖြစ် ပဲစင်းငုံနီ က မြင်းခြံဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁ဝ၆ဝ ကျပ်(တစ်တန်ကို ၆၄၉၁၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်ပဲမျိုးစုံက ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ် လို့မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ပခုက္ကူကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ် ၁ ပဲစင်းငုံနီ ၁ ပိဿာ ၁ဝ၄၅ ၁ဝ၇ဝ ၂ ကုလားပဲဖြူလုံးကြီး ၁ ပိဿာ ၉၃ဝ ၁ဝဝ၅ ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးမာလာ ဒီတစ်ပတ်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဝယ်ပြန်သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၇ဝ ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူ လုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များသာမက ရန်ကုန်ဝယ်လက်က ပါ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝဝ၅ ကျပ် (တစ်တန်ကို ၆၁၅၄၅၁ ကျပ်)နဲ့အရောင်း အဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။
အောင်ပန်းကုန်စည်ဒိုင် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ အာလူး ၁ ပိဿာ ၈ဝဝ ၆ဝဝ၂ ချင်း ၁ ပိဿာ ၆၅ဝ ၆၅ဝ၃ နနွင်း ၁ ပိဿာ ၂၃ဝဝ ၂၄ဝဝ၄ ပြောင်း ၁ ပိဿာ ၂၁ဝ ၂ဝဝ၅ ကြက်သွန်ဖြူ ၁ ပိဿာ ၃ဝဝဝ ၃ဝဝဝဆက်သွယ်ရန် ဖုန်း-ဝ၈၁-၆ဝဝ၁၁အောင်ပန်းမှာ ချင်းအရောင်းအဝယ်ပုံမှန်ဖြစ် ချင်းကို ရန်ကုန်ဝယ်လက်နဲ့ နယ်စုံဝယ်လက်က တစ်ပိဿာ ၆၅ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၂၉ဝဝ ခန့်အဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒေသထွက် ကြက်သွန်ဖြူကဈေးကွက်သို့ စတင်ဝင်လာပြီး တစ်ပိဿာကို အနိမ့်ဆုံး ၂၅ဝဝ ကျပ်မှ အမြင့်ဆုံး ၃ဝဝဝ ကျပ်အတွင်းဈေးဖွင့် အရောင်းရှိပေမယ့် အရောင်းအဝယ်ဖြစ် မှုအနည်းငယ်သာရှိခဲ့ကြောင်း သိရပါတယ်။
မကွေးကုန်စည်ဒိုင်စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ ကုလားပဲ(တိုင်ပေ) ၁ ပိဿာ ၈၉ဝ ၉၁ဝ၂ ပဲတီစိမ်းကြီး ၁ ပိဿာ ၁၂၆၅ ၁၂၆၅၃ နှမ်းဖြူ ၁ ပိဿာ ၁၇၅၅ ၁၇၅၅၄ ပဲစင်းငုံနီ ၁ ပိဿာ ၁ဝ၃၅ ၁ဝ၅ဝဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅ မကွေးမှာ ပဲစင်းငုံနီနဲ့ ကုလားပဲဈေးမြင့်လာ ပဲစင်းငုံနီက မကွေးဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဈေးပေးအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါတယ။် အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲ (တိုင်ပေ) ကိုတော့ ပဲခွဲစက်သမားများက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၉၁ဝကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုများလာတယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ မတ်ပဲ ၁ ပိဿာ ၁ဝ၆၅ ၁ဝ၈၅၂ ကုလားပဲ ၁ ပိဿာ ၉ဝဝ ၉၃ဝ၃ ပဲစင်းငုံနီ ၁ ပိဿာ ၁ဝ၅၅ ၁ဝ၆ဝပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ကုလားပဲဈေးမြင့်လာ မတ်ပဲ က ပြည်ဈေးကွက်သို့ အဝင်များလာသလို ရန်ကုန်လက်နဲ့ ပဲခွဲစက်သမားများအပြင် မြို့ခံလှောင်လက်ကုန်သည်တွေပါဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့တစ်ပတ် အတွင်း အိတ် ၁၇ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ (တိုင်ပေ)ကို မြို့ခံပဲခွဲစက်သမားများက ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လု့ိ သိရပါတယ။်
ဟင်္သာတကုန်စည်ဒိုင်
စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု
ယခင်အပတ် ယခုအပတ်
၁ မတ်ပဲ ၁ ပိဿာ ၁ဝ၉၅ ၁၁၉ဝ
၂ ပဲလွန်းဖြူ ၁ ပိဿာ ၉၇၅ ၉၅ဝ
၃ ပဲပုပ် ၁ ပိဿာ ၈၁၅ ၈၃၅
ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁
ဟင်္သာတမတ်ပဲ ရန်ကုန်အဆွဲသွက်လို့ ဈေးမာလာ
မတ်ပဲက ဟင်္သာတဈေးကွက်သို့ အဝင်လှိုင်နေသလို ရန်ကုန် ဝယ်လက်ကလည်း ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး မြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးမြင့်လာပြီး တစပ် ဿိ ာ ၁၁၉ဝ ကျပ်(တစ်တန်ကို ၇၂၈၇၄၄ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။