Main menu

Background

Tuesday, 5 Apr 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်       ရေတွက်ပုံ           (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)        ပြောင်းလဲမှု                                                          ယခင်   ယခု             ယခင်      ယခု ၁ မတ်ပဲ(RC)               ၁ တန်              ၇၃၃ဝဝဝ-၇ဝ၂ဝဝဝ        -           -၂ မတ်ပဲ(SQRC)           ၁ တန်              ၈၂ဝဝဝဝ-၈၁ဝဝဝဝ        -           -၃ မတ်ပဲ(ကုန်ကြမ်း)      ၁ ပိဿာ                        -                    ၁၁၉ဝ-၁၁၆ဝ၄ ကုလားပဲဖြူလုံးကြီး    ၁ပိဿာ                         -                      ၉၉ဝ-၉ဝဝ၅ ပဲစင်းငုံနီ (RC)          ၁ တန်                           -                   ၆၃၅ဝဝဝ-၆၁ဝဝဝဝ၆ ပဲတီစိမ်း (ခရမ်း)       ၁ ပိဿာ                        -                       ၁၉ဝဝ-၁၇၁၆ဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ဈေးကျ                         ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)က ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(RC) နဲ့ ပဲတီစိမ်း(ခရမ်း)က ကျဈေးန ဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ(RC) ကို ဝယ်ယူနေတဲ့ အိတ်စပို့ဝယ်လက်တွေက အစပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိတာကြောင့် မတ် ၂၈ရက်က တစ်တန်ကို ၇၄ဝဝဝဝ ကျပ်ရှိရာက ၂၉ရက်မှာ တစ်တန်ကို ၇၄၅ဝဝဝ ကျပ်သို့ဈေးမြင့်ခဲ့ပြီး နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျလာမှုအပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် မတ် ၃ဝရက်မှာ တစ်တန်ကို ၇၂၈ဝဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး ၃၁ရက်မှာ ၇၁၅ဝဝဝ ကျပ်သို့ ထပ်မံဈေးကျ ဆင်းခဲ့ကာ ဧပြီ ၁ရက်မှာတော့ တစ်တန်ကို ၇ဝ၂ဝဝဝ ကျပ်သာ ရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး တန် ၃၁ဝ၅ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ပဲစင်းငုံနီကို ပြည်ပတင်ပို့ရန် ဝယ်ယူ နေတဲ့ ကုန်သည်ကြီးများက ပြည်ပအဝယ် အေးသွားတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆၁၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း တန် ၆၄၄ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း (ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက တစ်ပိဿာကို ၁၇၁၆ ကျပ်(တစ်တန်ကို ၁ဝ၅ဝ၈၆ဝ ကျပ်) နဲ့ နေ့စဉ် တန် ၁၅ဝခန့် အဝယ်ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၁၈ဝ ကျပ်ခန့် ဈေးကျသွားခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 31 Mar 2011

 ကုန်စည်ဒိုင် သုံးသပ်ချက်               မတ်ပဲ (ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးအေးနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ နဲ့ ဟင်္သာတမှာ ဈေးကျနေပြီး ပြည်တွင် ဈေးတန့်နေပါတယ်။ ပဲစင်းငုံနီကီ ို ပြည်ပအဝယ်အေးသွားတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက ဈေးလျှော့အဝယ်ရှိတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ တောင်ကြီးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                   ပဲတီစိမ်းကြီး(ခရမ်းရွှေဝါ) ကို အိတ်စပို့ဝယ်လက်တွေက တရုတ်ဝယ်လိုအား အခြေအနေပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် ဘုရင့်နောင်မှာ ဈေးမြင့်နေပြီး မန္တလးမှာ ဈေးမဆိုသိသလောက်က်ကျ နေတာ တွေ့ ရပါတယ။် ကုလုလားဖြူလုံံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်သမား များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များနေတာကြောင့် မန္တလေး၊ ပခုက္ကူနဲ့ မုံရွာမှာ ဈေးကျနေပြီး ဘုရင့်နောင်မှာ  ဈေးအနည်းငယ်မြင့်နေကြောင်းတွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်မှာ ဈေးမြင့်နေပြီး အောင်ပန်းတွေ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။

Thursday, 31 Mar 2011

တောင်ကြီးကုန်စည်ဒိုင်

စဉ် အမျိုးအမည်      ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု
                                             ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ(သေး)    ၁ ပိဿာ             ၉၆ဝ          ၉ဝဝ
၂ ပြောင်း              ၁ ပိဿာ             ၂၁၈         ၂၂၅
၃ ပန်းနှမ်း             ၁ ပိဿာ             ၁၂၇ဝ      ၁၁၈ဝ
၄ ပဲစင်းငုံနီ(ကြီး)     ၁ ပိဿာ              ၇၇ဝ         ၇၅ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅
တောင်ကြီးမှာ ပြောင်းဈေးမြင့်ပြီး ပဲစင်းငုံနီဈေးဆင်းလာ

               ပြောင်းး ကဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်ကလည်း ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို ၂၂၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁ဝဝဝဝဝ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့သလို ပဲစင်းငုံအရည်အသွေးမျိုးစုံကိုလည်း ရန်ကုန်ဝယ်လက် ကဈေးချအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီသေးတစ်ပိဿာ ၉ဝဝ ကျပ်၊ ပဲစင်းငုံနီကြီး တစ်ပိဿာကို ၇၅ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၂၅ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 31 Mar 2011

ပခုက္ကူကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)        ပြောင်းလဲမှု
                                             ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ                  ၁ ပိဿာ         ၁ဝ၂ဝ    ၉၉ဝ
၂ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ           ၉၅ဝ   ၈၉၄
ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆

ပခုက္ကူမှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

                  ပဲစင်းငုံနီကို ရန်ကုန်ဝယ်က ပြည်ပအဝယ်အေးသွားတာ ကိုအကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၉ဝ ကျပ်(တစ်တန်ကို ၆ဝ၆၂၆၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် မြို့ခံပဲခွဲစက်သမားများက ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 31 Mar 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                           ယခင်အပတ် ယခုအပတ် -၁ ကုလားပဲ              ၁ ပိဿာ             ၉ဝ၅     ၈၇၅၂ စမုံနက်နှမ်း           ၁ ပိဿာ           ၂၄၄၄   ၂၄၄၄၃ ပဲစင်းငုံနီ              ၁ ပိဿာ            ၁ဝ၁၅    ၉၈ဝအောင်လံမှာ ကုလားပဲနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှုနည်း                   ကုလားပဲ (တိုင်ပေ)ကို မြို့ခံပဲခွဲစက်သမားများက အဝယ်ပါးသွားတာကြောင့်ယခင်သတင်းပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ အိတ်အနည်းငယ်သာဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံဈေးကျနေတာကို အကြောင်း ပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းနေကြောင်းသိရပါတယ်။

Thursday, 31 Mar 2011

မြင်းခြံကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                      ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ                  ၁ ပိဿာ             ၁ဝ၁ဝ        ၉၆ဝ
၂ ထောပတ်                ၁ ပိဿာ               ၉၃ဝ         ၉၂၅
၃ ပဲစင်းငုံကြား             ၁ ပိဿာ             ၈၁ဝ          ၇၆ဝ
၄ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ              ၉၃ဝ        ၉၂၅

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ ပုံမှန်အရောင်းအဝယ်ဖြစ်

                     ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်အေးနေတာ ကိုအကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၉၆ဝ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ထောပတ်ပဲကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ  ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆ဝ ကျပ်)နဲ့ အဝယ်ခပ်ပါးပါးရှိခဲ့တယ် လို့သိရပါတယ်။

Thursday, 31 Mar 2011

လားရှိုးကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ       ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                 ယခင်အပတ် ယခုအပတ် ၁ ပြောင်း                    ၁ ပိဿာ         ၂၇၅      ၂၈၅ ၂ ပန်းနှမ်း                   ၁ ပိဿာ       ၁၁၅ဝ      ၁၂ဝဝ ၃ ပဲပုပ်                       ၁ ပိဿာ         ၈၅ဝ     ၁ဝဝဝ ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၂၄ဝ၇၇လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိ            ပြောင်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက် ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၅၅၈ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။ 

Thursday, 31 Mar 2011

အောင်ပန်းကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု
                                              ယခင်အပတ် ယခုအပတ်
၁ အာလူး               ၁ ပိဿာ                ၆ဝဝ       ၆ဝဝ
၂ ချင်း                  ၁ ပိဿာ                 ၆၅ဝ      ၇၅ဝ
၃ နနွင်း                 ၁ ပိဿာ               ၂၂ဝဝ     ၂၃ဝဝ
၄ ပြောင်း               ၁ ပိဿာ               ၂၂ဝ       ၂၂ဝ
၅ ကြက်သွန်ဖြူ        ၁ ပိဿာ               ၃၂ဝဝ     ၃၃ဝဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၆ဝဝ၁၁
အောင်ပန်းမှာ ချင်းနဲ့ ကြက်သွန်ဖြူ ပုံမှန်အရောင်းအဝယ်ဖြစ်

                 ချင်းက အောင်ပန်းဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန် ဝယ်လက်နဲ့ နယ်အစုံဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၇၅ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဒါ့အပြင် ရန်ကုန်နဲ့ နယ်အစုံဝယ်လက်က ကြက်သွန်ဖြူ ကိုတစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၅ဝဝဝဝ ခန့်အဝယ်ရှိခဲ့ပြီး ယခင်သတင်းပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Thursday, 31 Mar 2011

မူဆယ်ကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                       ယခင်အပတ်   ယခုအပတ်
၁ ပြောင်း                     ၁ တန်               ၂၄၄၉၄၃    ၂၅၄၅၂ဝ
၂ ရော်ဘာ RSS-5         ၁ တန်            ၄၁၆၉၇၈၅      ၃၅၇ဝဝဝဝ
၃ ရော်ဘာ RSS-3        ၁ တန်             ၄၄၁၉၂၆ဝ      ၃၇ဝဝဝဝဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၅၅ဝ၉၃

မူဆယ်မှာ ပြောင်းဈေးမြင့်ပြီး ရော်ဘာဈေးဆင်းလာ

                   ပြောင်းက မူဆယ်ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ။် ရော်ဘ်ဘာကတော့ ဒီတစ်ပတ်မှာ တရုတ်အဆွဲအေးသွားတာကြောင့် ယခင်သတင်းပတ်နဲ့စာရင် ဈေး က ကျရိပ်သန်းနေသလို အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ်လို့  ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Pages