Main menu

Background

Monday, 25 Apr 2011

အောင်ပန်းကုန်စည်ဒိုင်

စဉ် အမျိုးအမည်    ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု
                                                ယခင်အပတ် ယခုအပတ်
၁ အာလူး             ၁ ပိဿာ               ၆ဝဝ           ၆ဝဝ
၂ ချင်း                 ၁ ပိဿာ                ၈ဝဝ          ၈ဝဝ
၃ နနွင်း               ၁ ပိဿာ               ၂၂ဝဝ       ၂၂ဝဝ
၄ ပြောင်း             ၁ ပိဿာ              ၂၁ဝ          ၂၂ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၆ဝဝ၁၁

 အောင်ပန်းမှာ ချင်းနဲ့ အာလူးဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် 

                     ချင်းကို ရန်ကုန်ဝယ်လက်နဲ့နယ်စုံဝယ်လက်က ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈ဝဝ ကျပ်နဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၈ဝဝဝဝ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်ဝယ်လက်နဲ့ နယ်စုံဝယ်လက်က အာလူးကို ဈေးကွက် အဝင်ရှိသလောက် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁ဝဝဝဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)      ပြောင်းလဲမှု
                                                   ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ          ၉၂၁       ၉၆၈
၂ ပဲစင်းငုံနီ                     ၁ ပိဿာ          ၉၃ဝ        ၉၁၅
၃ မတ်ပဲ                        ၁ ပိဿာ          ၁ဝ၉၅      ၁ဝ၇၅

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄

 မုံရွာမှာ ပဲစင်းငုံနီဈေးကျပြီး ကုလားပဲဖြူလုံးကြီးဈေးစွာလာ

                  ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေနဲ့မြို့ခံလှောင်လက်ကုန်သည်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိသာကို ၉၁၅ကျပ်(တစ်တန်ကို  ၅၆ဝ၃၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၃ဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်းစက်သမားများနဲ့ လှောင်လက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၉၆၈ ကျပ်(တစ်တန်ကို ၅၉၂၇၉၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

ဟင်္သာတကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု
                                                      ယခင်အပတ် ယခုအပတ်
၁ မတ်ပဲ                         ၁ ပိဿာ            ၁၁၅ဝ      ၁ဝ၅ဝ
၂ ပဲလွန်းဖြူ                    ၁ ပိဿာ             ၉၄ဝ         ၉ဝဝ
၃ ပဲပုပ်                          ၁ ပိဿာ             ၈၂၅         ၈၂ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁

ဟင်္သာတမှာ မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း

                 မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်းလှောင်လက်ကုန်သည်များက တစ်ပိဿာကို ၁ဝ၅ဝ ကျပ် (တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးလည်းကျလာသလို အရောင်းအဝယ်ဖြစ်မှုလည်းနည်း သွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

မန္တလေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်         ရေတွက်ပုံ       (ပြည်ပရောင်း)       (ပြည်တွင်းရောင်း)        ပြောင်းလဲမှု

                                                       ယခင်   ယခု           ယခင်         ယခု

၁ ပဲတီစိမ်းကြီး(အညာ)     ၁ တန်       ၈၁၆၃၁၅-၁ဝ၃၄၃၂၆
၂ ပဲတီစိမ်း(ခရမ်း)           ၁ ပိဿာ    ၁၁၁ဝ၂၆၃-၁၁၂၁၂၈၆
၃ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ             -                           ၉၂၆-၉၆၉
၄ ပဲစင်းငုံနီ                     ၁ ပိဿာ             -                            ၉၅ဝ-၉၃၃
၅ မတ်ပဲ                         ၁ ပိဿာ        ၁၁၁၇-၁ဝ၆၇
ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃

မန္တလးမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်း(ခရမ်း)ဈေးမြင့်လာပြီး ပဲစင်းငုံနီဈေးကျ

                 ကုလားပဲဖြူလုံးကြီးကို ဒေသတွင်း ပဲခွဲစက်သမားများက သြင်္ကန်ပွဲတော်အပြီးမှာ ဝယ်အားကောင်းလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့််လာပြီး တစ်ပိဿာကို  ၉၆၉ ကျပ ် (တစ်တန် ကို ၅၉၃၄ဝ၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကီ မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူး၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်နဲ့ နောင်ချိုစတဲ့ဒေသများက အဝင် ပုံမှန်ရှိနေပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၃၃ ကျပ် (တစ်တန်ကို ၅၇၁၃၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ မြိဲု့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ မန်းဈေးကွက်သို့ ရန်ကုန်ပဲတီစိမ်း(ခရမ်း) နဲ့ပဲတီစိမ်း(ပဲခူး)စများ အဝင်အနည်းငယ်သာရှိပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း(ခရမ်း)ကိုသာ ဈေးပေး အဝယ် ရှိပြီး အရည်အသွေးညံ့တဲ့ ပဲတီစိမ်း(အညာ)စကို ဒေသတွင်း ပဲခွဲစက်သမားများသာ အဝယ်အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်း(ခရမ်း) တစ်ပိဿာကို ၁၈၃၁ ကျပ် (တစ်တန်ကို ၁၁၂၁၂၈၆ ကျပ်)၊ ပဲတီစိမ်း(အညာ)က တစ် ပိဿာ ၁၆၈၉ ကျပ်(တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နှင့်အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

မကွေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                   ယခင်အပတ် ယခုအပတ်
၁ ကုလားပဲ                       ၁ ပိဿာ          ၈၃၂       ၈၆ဝ
၂ ပဲတီစိမ်းကြီး                   ၁ ပိဿာ         ၁၂၁၁       ၁၂၁၁
၃ နှမ်းဖြူ                          ၁ ပိဿာ         ၁၇၃၄        ၁၇၃၄
၄ ပဲစင်းငုံနီ                       ၁ ပိဿာ           ၉၅ဝ        ၉၄ဝ
ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅

 မကွေးမှာ ပဲစင်းငုံနီဈေးကျပြီး နှမ်းဖြူဈေးငြိမ်

           ပဲစင်းငုံနီကို မကွေးဈေးကွက်သို့ အဝင်နည်းလာသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄ဝ ကျပ် (တစ်တန်ကို ၅၇၅၆၄၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အဝယ် ရှိခဲ့ကြောင်း သိရပါတယ်။ နှမ်းဖြူကို ရန်ကုန်-မန္တလေးဝယ်လက် ကဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်ေ့ နတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၇၃၄ ကျပ်(တစ်တန်ကို ၁ဝ၆၁၈၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦး ကဆိုပါတယ်။

Monday, 25 Apr 2011

ဘုရင့်နောင်ကုန်စည်ဒိုင်

စဉ် အမျိုးအမည်        ရေတွက်ပုံ          (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)             ပြောင်းလဲမှု

                                                     ယခင်     ယခု              ယခင်    ယခု

၁ မတ်ပဲ(RC)                ၁ တန်       ၇ဝ၂ဝဝဝ- ၆၆၃ဝဝဝ           -           -
၂ မတ်ပဲ(SQRC)            ၁ တန်         ၈၁ဝဝဝဝ-၇၉ဝဝဝဝ          -          -
၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ               -                        ၁၁၆ဝ-၁ဝ၈၅
၄ ကုလားပဲဖြူလုံးကြီး       ၁ပိဿာ                -                         ၉ဝဝ-၁ဝဝဝ
၅ ပဲစင်းငုံနီ(သစ်)(RC)     ၁တန်                   -                    ၆၁ဝဝဝဝ-၆ဝ၅ဝဝဝ
၆ ပဲတီစိမ်း(ခရမ်း)          ၁တန်                    -                        ၁၇၁၆-၁၆၈၃

 ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီ ခပ်ပါးပါးသာ အရောင်းအဝယ်ဖြစ်

                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲနှင့် ပဲစင်းငုံနီက အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်နေပြီး ပဲတီစိမ်း(ခရမ်း) ကတော့ အရောင်းအဝယ်အေးသွားတာတွေ့ရပါတယ်။မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၆၆၃ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်သို့ အဝင် ပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆ဝ၅ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၁ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲတီစိမ်း(ခရမ်း) ကို အိတ်စပို့ဝယ်လက်တွေက အဝယ် အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၈၃ ကျပ် (တစ်တန်ကို ၁ဝ၃၂၃၃၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်

Monday, 25 Apr 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်       ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                        ယခင်အပတ် ယခုအပတ်၁ မတ်ပဲ                 ၁ ပိဿာ        ၁၁၃၅       ၁၁၃၅၂ ကုလားပဲ             ၁ ပိဿာ          ၈၆၅         ၈၉၅၄ ပဲစင်းငုံနီ             ၁ ပိဿာ          ၉၇၅           ၉၃ဝပြည်မှာ မတ်ပဲဈေးငြိမ်နေပြီး ပဲစင်းငုံနီဈေးဆင်းလာ                  မတ်ပဲ က ဈေးကွက်သို့ အဝင်များလာသလို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သမားများကလည်း တစ်ပိဿာကို ၁၁၃၅ ကျပ် (တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဝယ်အားပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့ အပြင် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ဈေးကျနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၃ဝ ကျပ် (တစ်တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Tuesday, 5 Apr 2011

 ကုန်စည်ဒိုင် သုံးသပ်ချက်               မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်း ဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးကွက်အခြေအနေရယ်၊ ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ် အပေါ်မူတည်ပြီးတွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင် မှာ ဈေးအနည်းငယ်ကျနေပြီး မန္တလေး၊ မုံရွာ၊ ဟင်္သာတနဲ့ ပြည်တွင် ဈေးအနည်းငယ်မြင့့််နေတာ တွေ့ရပါတယ်။                   ပဲစင်းငုံနီကီ ို ပြည်ပအဝယ်အေးသွားတဲ့အပေါ် မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ မကွေး၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ တောင်ကြီးမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်းကြီး(ခရမ်းရွှေဝါ) ကို အိတ်စပို့ ဝယ်လက်တွေက တရုတ်ဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် ဘုရင့်နောင်နဲ့ မန္တလေးမှာ ဈေးအနည်းးငယ်က်ကျ နေတာ တွေ့ရပါတယ်။                  ကုလားဖြူလုံံံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက်သမားများက သြင်္ကန်အခါနီးလို့ အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးကျနေပြီး ပခုက္ကူမှာ ဈေးအနည်းငယ် မြင့်နေကြောင်း တွေ့ရပါတယ်။                   ပြောင်းကို တရုတ်ဝယ်လက် နဲ့ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက ဈေးကွက်အခြေအနေအရ တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် တောြင်ကီး မှာ ဈေးမြင့်နေပြီး အောင်ပန်း၊ လားရှိုးနဲ့ မူဆယ်မှာ ဈေးအနည်းးငယ်ဆ်ဆင်းးနေတာ တွေ့ရပါတယ်။ 

Tuesday, 5 Apr 2011

တောင်ကြီးကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု
                                                    ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ(သေး)          ၁ ပိဿာ           ၉ဝဝ          ၈၆ဝ
၂ ပြောင်း                      ၁ ပိဿာ         ၂၂၅           ၂၄ဝ
၃ ပန်းနှမ်း                     ၁ ပိဿာ        ၁၁၈ဝ            ၁၂၂၅
၄ ပဲစင်းငုံနီ(ကြီး)            ၁ ပိဿာ          ၇၅ဝ              ၇၃ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅

တောင်ကြီးမှာ ပြောင်းနဲ့ ပဲစင်းငုံနီပုံမှန်အရောင်းအဝယ်ဖြစ်

                       ဒေသထွက်ပြောင်း ကို မန္တလေးဝယ်လက်၊ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၄ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၅ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ဒါ့အပြင် ပဲစင်းငုံနီလုံးသေးနဲ့ လုံးကြီးကို လည်း ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာ ဈေးကျသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီသေးတစ်ပိဿာ ၈၆ဝ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)၊ ပဲစင်းငုံနီလုံးကြီးတစ်ပိဿာ ၇၃ဝ ကျပ်(တစ်တန်ကို ၄၄၇ဝ၄၄ ကျပ်)နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၃ဝဝဝဝ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Tuesday, 5 Apr 2011

ပခုက္ကူကုန်စည်ဒိုင်

စဉ် အမျိုးအမည်             ရေတွက်ပုံ                   ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                          ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ                  ၁ ပိဿာ                   ၉၉ဝ           ၉၃ဝ
၂ ကုလားပဲဖြူလုံးကြီး    ၁ ပိဿာ                  ၈၉၄            ၉၁ဝ
ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆

ပခုက္ကူမှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိ

                   ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်အေးသွားတဲ့ အပေါ် ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၃ဝ ကျပ်(တစ်တန်ကို ၅၆၉၅၂၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာအရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများ က သြင်္ကန်အခါနီးလာလို့ အဝယ်လည်းအေးလာကြောင်း မြို့ခံပဲခွဲ စက်သမားတစ်ဦးက ဆိုပါတယ်။

Pages