Main menu

Background

Thursday, 2 Jul 2009

ကုလားပဲဖြူလုံးကြီးကို ရန်ကုန် အတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများ ပုံမှန်အဝယ်ရှိသော်လည်း ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံကတော့ ပစ္စည်းလက်ကျန် နည်းပါးပေမယ့် မြို့ပေါ်ဝယ်လက် တချို့ အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ ခန့် သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 2 Jul 2009

ပြောင်းတော့ မန္တလေးတင်ပို့ရန် ကုန်သည်ကြီးများ အဝယ်အားကောင်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၁၀ိ/-နဲ့ ပိသာချိန် ၃၀၀၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်ကြီးများက ပြောပါတယ်။

Thursday, 2 Jul 2009

ရန်ကုန်အတွက်တင်ပို့မည့်ကုန်သည် များမတ်ပဲ ကို အဝယ်အားကောင်းလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး နေ့စဉ်အိတ် ၂၀၀၀ နဲ့ ၂၅၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်များက ပြောပါတယ်။

Thursday, 2 Jul 2009

ဈေးကွက်မှာ နှမ်းမျိုးစုံအဝင်နည်းပေမဲ့ မြို့ပေါ်ဆီစက်လုပ်ငန်းရှင်များနဲ့ မန္တလေးဝယ်လက် များအဝယ်ပုံမှန်ရှိတာကြောင့် နေ့စဉ်အိတ် ၅၀၀ နဲ့ ၆၀၀ ကြား အရောင်းအဝယ ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 2 Jul 2009

သိုလှောင့်မည့်ကုန်သည်များနှင့် ဝယ်ရောင်းကုန်သည်များ အဝယ်သွက်လာတာကြောင့် မတ်ပဲရိုးရိုးမှာ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပတ်အတွင်း ၁၁၂၆ တန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Thursday, 2 Jul 2009
  • မတ်ပဲ ကတော့ သိုလှောင်မည့်ကုန်သည်များနဲ့ Export အတွက် ဝယ်ယူနေတဲ့ကုန်သည်များ အဝယ်ရှိတာကြောင့် ဘုရင့်နောင်နဲ့ ဟင်္သာတတွင် ဈေးဆက်မြင့်နေပြီး မန္တေးတွင် ဈေးငြိမ်နေ တာတွေ့ရပါတယ်။
  • ကုလားပဲဖြူလုံးကြီးက Export အတွက် ဝယ်ယူနေတဲ့ကုန်သည်ကြီးများ အဝယ်နည်းသွားတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျပြီး မြင်းခြံတွင် ဈေးအနည်းငယ်မြင့် နေကြောင်း သိရပါတယ်။
  • ပဲစင်းငုံ ကတော့ Export အတွက်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများအဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းပါးတာကြောင့် ဘုရင့်နောင်၊ ပခုက္ကူ၊ မုံရွာနဲ့မကွေးတွင် ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။
  • ပြောင်း က ဝယ်လက်ကုန်သည်ကြီးများ အဝယ်ပုံမှန်ရှိတာကြောင့် လားရှိုးနဲ့ တောင်ကြီးနှင့် ပေါ်ဆန်းတွင် ဈေးအနည်းငယ်မြင့် ပြီး အောင်ပန်းတွင် ဈေးငြိမ် နေကြောင်း သိရပါတယ်။

Pages