Main menu

Background

Thursday, 31 Mar 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်          ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                    ယခင်အပတ် ယခုအပတ်၁ မတ်ပဲ                   ၁ ပိဿာ             ၁ဝ၇၅       ၁ဝ၇၅၂ ကုလားပဲ               ၁ ပိဿာ              ၉၂၅         ၉ဝဝ၃ ပဲစင်းငုံနီ               ၁ ပိဿာ             ၁ဝ၂၅         ၉၈၅ပြည်မှာ မတ်ပဲဈေးငြိမ်ပြီး ပဲစင်းငုံဈေးဆင်း                  မတ်ပဲ (ကုန်ကြမ်း) ကိုရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်များက တစ်ပိဿာ ၁ဝ၇၅ ကျပ်(တစ်တန်ကို ၆၅၈၃၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅ဝ ခန့် အဝယ်ပုံမှန်ရှိပေမယ့် ယခင်သီတင်း ပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ပဲစင်းငုံနီ ကတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၉၈၅ ကျပ်(တစ်တန်ကို ၆ဝ၃၂ဝ၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 31 Mar 2011

ဟင်္သာတကုန်စည်ဒိုင်

စဉ် အမျိုးအမည်      ရေတွက်ပုံ      ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု

                                           ယခင်အပတ် ယခုအပတ်
၁ မတ်ပဲ              ၁ ပိဿာ           ၁၁ဝဝ       ၁ဝ၇ဝ
၂ ပဲလွန်းဖြူ         ၁ ပိဿာ           ၁ဝ၂၅       ၁ဝ၁ဝ
၃ ပဲပုပ်                ၁ ပိဿာ           ၈၅ဝ         ၈၉ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁

ဟင်္သာတဈေးကွက်မှာ မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်နေ

                 မတ်ပဲ ကုန်ကြမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၁၀၇၀  ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ် လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 31 Mar 2011

မန္တလေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ      (ပြည်ပရောင်း)    (ပြည်တွင်းရောင်း)              ပြောင်းလဲမှု

                                                   ယခင်     ယခု         ယခင်    ယခု

၁ ပဲတီစိမ်းကြီး(အညာ)    ၁တန်          ၉၂၅၃၂၁-၈၇ဝ၈၁၈      -         -
၂ ပဲတီစိမ်း(ခရမ်း)          ၁ တန်       ၁၁၅၆၈ဝ၄-၁၁၅၃၇၄၂
၃ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ                -                    ၉၄ဝ-၉၃၄
၄ ပဲစင်းငုံနီ                  ၁ ပိဿာ                 -                 ၁ဝဝ၈-၉၅၈
၅ မတ်ပဲ                      ၁ ပိဿာ                 -                 ၁ဝ၈ဝ-၁ဝ၇ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း) ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်

                ပဲတီစိမ်း(အညာ) ထက်စာရင် ပဲတီစိမ်း(ခရမ်း)ကို တရုတ် ဝယ်လက်က တစ်ပိဿာကို ၁၈၈၄ ကျပ် (တစ်တန်ကို ၁၁၅၃၇၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျနေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲ စက်သမားများက တစ်ပိဿာကို ၉၃၄ ကျပ်(တစ်တန်ကို ၅၁၇၉၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအဝယ်ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီက မန္တလေးဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမဲ့ ရန်ကုန်ဝယ်လက်က အဆွဲပြန်အေးတာကြောင့် ယခင်သီတင်းပတ်နဲ့ စာရင် ဈေးအကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။အရောင်း အဝယ် ဖြစ်မှုက တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မတ်ပဲကို မြို့ခံ ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာ ၁ဝ၇ဝ ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)နဲ့နေ့စဉ်အိတ် ၇ဝဝ ခန့်သာ အဝယ်ရှိခဲ့ပြီး ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ ပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

Thursday, 31 Mar 2011

မကွေးကုန်စည်ဒိုင် စဉ် အမျိုးအမည်           ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                                       ယခင်အပတ် ယခုအပတ် ၁ ကုလားပဲ(တိုင်ပေ)    ၁ ပိဿာ                  ၉၂ဝ       ၈၇၉ ၂ ပဲတီစိမ်းကြီး             ၁ ပိဿာ                ၁၂၆၃      ၁၂၆၃ ၃ နှမ်းဖြူ                    ၁ ပိဿာ                 ၁၆၉ဝ      ၁၆၇ဝ ၄ ပဲစင်းငုံနီ                 ၁ ပိဿာ                ၁ဝ၁၅       ၉၇၅ ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅ မကွေးမှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိ                 ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေးကျနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၅ ကျပ်(တစ်တန်ကို ၅၉၇ဝ၈ဝ ကျပ်) နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(တိုင်ပေ)ကိုတော့ ပဲခွဲစက်သမားများက တစ်ပိဿာကို ၈၇၉ ကျပ်(တစ်တန်ကို ၅၃၈၂၉ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြားအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ 

Thursday, 31 Mar 2011

မုံရွာကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု
                                                  ယခင်အပတ် ယခုအပတ်
၁ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ         ၉၆၈        ၉၄၇
၂ ပဲစင်းငုံနီ                     ၁ ပိဿာ        ၁ဝ၂ဝ       ၉၈ဝ
၃ မတ်ပဲ(သစ်)                 ၁ ပိဿာ        ၁၁ဝဝ      ၁ဝ၉ဝ
၄ ပဲတီစိမ်းသေး              ၁ ပိဿာ         ၁၂၁၁        ၁၂၁၁

ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄
မုံရွာဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်းလာ

                ပဲစင်းငုံနီကီ ို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းခဲ့ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈ဝ ကျပ်(တစ်တန်ကို ၆ဝဝ၁၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်သာဖြစ် ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ။် ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်လုပ် ငန်းရှင်များကလည်း တစ်ပိဿာ ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင ် ဈေးအနည်းငယ်ကျနေသေးတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။

Thursday, 31 Mar 2011

ဘုရင့်နောင်ကုန်စည်ဒိုင် စဉ် အမျိုးအမည်     ရေတွက်ပုံ       (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)                          ပြောင်းလဲမှု                                                 ယခင်    ယခု            ယခင်        ယခု ၁ မတ်ပဲ(RC)                ၁ တန်    ၇၃၅ဝဝဝ-၇၃၃ဝဝဝ         -         -၂ မတ်ပဲ(SQRC)            ၁ တန်   ၈၃၅ဝဝဝ-၈၂ဝဝဝဝ          -        -၃ မတ်ပဲ(ကုန်ကြမ်း)       ၁ ပိဿာ           -                     ၁၂ဝဝ-၁၁၉ဝ၄ ကုလားပဲဖြူလုံးကြီး     ၁ပိဿာ            -                         ၉၅ဝ-၉၉ဝ၅ ပဲစင်းငုံနီ (RC)           ၁ တန်              -                   ၆၆၆ဝဝဝ-၆၃၅ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)        ၁ ပိဿာ            -                    ၁၈၇ဝ-၁၉ဝဝဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း) ဈေးစွာလာ                      ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) က ဈေးကျသွားပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက် တွေက အိန္ဒိယမွန်ဘိုင်းမှာ မြန်မာ့မတ်ပဲဈေးကျနေတာရယ်၊ ရန်ကုန် ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု ရှိနေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၇၃၃ဝဝဝ ကျပ်နဲ့ တစ် ပတ်အတွင်း တန် ၂၈၇၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် ပဲစင်းငုံနီ(RC)ကတော့ ပြည်ပဝယ်လက်က ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်တန်ကို ၆၃၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်းတန် ၅၃ဝ ခန့် သာဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်သတင်းပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၉ဝဝ ကျပ်(တစ်တန်ကို ၁၁၆၃၅၄၁ ကျပ်)နဲ့ တစ်ပတ်အတွင်း တန် ၇ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 21 Mar 2011

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ           (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)     ပြောင်းလဲမှု                                                      ယခင်    ယခု                  ယခင်     ယခု၁ ပဲတီစိမ်းကြီး(အညာ)    ၁တန်             ၉၅၇၇၇၇-၉၂၅၃၂၁            -            -၂ ပဲတီစိမ်း(ခရမ်း)           ၁ တန်           ၁၁၉၇၈၃၄-၁၁၅၆၈ဝ၄၃ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ                  -                           ၉၇၈-၉၄ဝ၄ ပဲစင်းငုံနီ                     ၁ ပိဿာ                -                          ၁ဝ၅ဝ-၁ဝဝ၈၅ မတ်ပဲ                       ၁ ပိဿာ                  -                        ၁၁ဝဝ-၁ဝ၈ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန္တလေးမှာ ပဲတီစိမ်း(ခရမ်း)၊ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်း လာ                     မန္တလေးဈေးကွက်ထဲသို့ ပဲတီစိမ်း(ခရမ်း)အပြင် ပဲခူး၊ ဒိုက်ဦး၊ မုံရွာနဲ့ ရွှေဘိုမြို့များမှ ပဲတီစိမ်းတွေလည်း အနည်းငယ်အဝင်ရှိနေပြီး တရုတ်ဝယ်လက်က ပဲတီစိမ်း(ခရမ်း)ကိုဘဲ အကြိုက်တွေ့လို့ တစ်ပိဿာ ၁၈၈၉ ကျပ်(တစ်တန်ကို ၁၁၅၆၈ဝ၄ ကျပ်)နဲ့နေ့စဉ်အိတ် ၁၆ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပဲစင်းငုံနီကို  ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်ပါးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝဝ၈ ကျပ်(တစ်တန်ကို ၆၁၇၂၈၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၅ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄ဝ ကျပ် (တစ်တန်ကို ၅၇၅၆၄၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ(ရွှေဘို) ကိုလည်း ရန်ကုန်ဝယ်လက်ကတစ်ပိဿာ ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 21 Mar 2011

မကွေးကုန်စည်ဒိုင် စဉ် အမျိုးအမည်             ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                                      ယခင်အပတ် ယခုအပတ် ၁ ကုလားပဲ(တိုင်ပေ)       ၁ ပိဿာ              ၉၁ဝ            ၉၂ဝ ၂ ပဲတီစိမ်းကြီး                ၁ ပိဿာ            ၁၂၆၅            ၁၂၆၃ ၃ နှမ်းဖြူ                       ၁ ပိဿာ             ၁၇၅၅           ၁၆၉ဝ ၄ ပဲစင်းငုံနီ                    ၁ ပိဿာ             ၁ဝ၅ဝ           ၁ဝ၁၅ ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅ မကွေးမှာ ကုလားပဲဈေးမြင့်ပြီး ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးဆင်းလာ                 ကုလားပဲ(တိုင်ပေ)ကို ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာ ပြီး တစ်ပိဿာ ၉၂ဝ ကျပ် (တစ်တန် ၅၆၃၃၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင ် ဈေးကျလာကြောင်းသိရပါတယ။် အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝ၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲတီစိမ်းကြီးက ရောင်း သူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း အဝယ်ပါးနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ 

Monday, 21 Mar 2011

 ပခုက္ကူ ကုန်စည်ဒိုင်စဉ် အမျိုးအမည်          ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု                                                    ယခင်အပတ် ယခုအပတ် ၁ ပဲစင်းငုံနီ                   ၁ ပိဿာ            ၁ဝ၇ဝ         ၁ဝ၂ဝ ၂ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ             ၁ဝဝ၅            ၉၅ဝ ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ ပခုက္ကူမှာ ပဲစင်းငုံနီဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်နေ                    ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်က ပြည်ပအဆွဲ အေးသွားတာကို အကြောင်းပြပြီး ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ  ကို ၁ဝ၂ဝ ကျပ်(တစ်တန်ကို ၆၂၄၆၃၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ကုလားပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာ ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ မြို့ခံ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦး ကဆိုပါတယ်။ 

Monday, 21 Mar 2011

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်          ရေတွက်ပုံ      (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)              ပြောင်းလဲမှု                                                   ယခင်    ယခု           ယခင်        ယခု ၁ မတ်ပဲ(RC)                ၁ တန်        ၇၄၂ဝဝဝ-၇၃၅ဝဝဝ        -             -၂ မတ်ပဲ(SQRC)            ၁ တန်         ၈၁ဝဝဝဝ-၈၃၅ဝဝဝ       -            -၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ               -                      ၁၂၅ဝ-၁၂ဝဝ၄ ကုလားပဲဖြူလုံးကြီး       ၁ပိဿာ               -                        ၁ဝဝဝ-၉၅ဝ၅ ပဲစင်းငုံနီ (RC))          ၁ တန်                  -                 ၆၈၉ဝဝဝ-၆၆၆ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)         ၁ ပိဿာ              -                      ၁၉၄၂-၁၈၇ဝဘုရင့်နောင်မှာ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်          ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)၊ ပဲစင်းငုံနီ (RC) နဲ့ ပဲတီစိမ်း(ခရမ်း)က ဈေးကျသွားပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (RC) ကို အိတ်စပို့ ဝယ်လက် တွေက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျနေတာ ရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်အပေါ် မူတည်ပြီး ချိန်ဆဝယ်ယူမှုများ ရှိနေတာကြောင့် ၁၄-၃-၂ဝ၁၁နေ့က တစ်တန်ကို ၇၆၅ဝဝဝ ကျပ် ရှိရာ က ၁၅-၃-၂ဝ၁၁နေ့မှာ ၇၅၇ဝဝဝ ကျပ်သို့ဈေးကျခဲ့ပြီး ၁၆-၃-၂ဝ၁၁ နေ့မှာ ၇၅၅ဝဝဝ ကျပ်သို့ ထပ်မံဈေးကျခဲ့ကာ ၁၈-၃-၂ဝ၁၁ နေ့မှာ တော့ ၇၃၅ဝဝဝ ကျပ်အထိသာ ရှိတော့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်း တန် ၃၄၅ဝ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီ (RC) ကို ပြည်ပ ဝယ်လက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၆၆၆ဝဝဝ ကျပ်မှ ၆၈ဝဝဝဝ ကျပ်အတွင်း တန် ၇၃ဝ ခန့်ဖြစ်ခဲ့ကြောင်း ပဲကုန်သည်တစ်ဦးကဆို ပါတယ်။ပဲတီစိမ်း(ခရမ်း) ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူသူများ ကဈေးလျော့ပြီး အဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ဝယ်ယူနေတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းနည်းသွားတယ် လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၈၇ဝ ကျပ် (တစ်တန်ကို ၁၁၄၅၁၆၉ ကျပ်)နဲ့ တန် ၃ဝဝ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။

Pages