Main menu

Background

Tuesday, 22 Feb 2011

မကွေးကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)        ပြောင်းလဲမှု                                              ယခင်အပတ်     ယခုအပတ်၁ ကုလားပဲ(တိုင်ပေ)      ၁ ပိဿာ          ၁ဝ၇၉          ၁ဝဝဝ၂ ပဲတီစိမ်းကြီး              ၁ ပိဿာ         ၁၃၁ဝ           ၁၂၉ဝ၃ နှမ်းဖြူ                     ၁ ပိဿာ        ၁၇၁၁            ၁၇၇ဝ၄ ပဲစင်းငုံနီ                  ၁ ပိဿာ         ၁၁၁၅            ၁၁၁၅ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅ မကွေးမှာ ပဲစင်းငုံနီနဲ့ ကုလားပဲ ပုံမှန်အရောင်းအဝယ်ဖြစ်                ပဲစင်းငုံနီကီ မကွေးဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန် ဝယ်လက်ကလည်း တစ်ပိဿာကို ၁၁၁၅ ကျပ်(တစ်တန်ကို ၆၈၂၈၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားပုံမှန်အဝယ်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ကုလားပဲ(တိုင်ပေ)ကိုပဲခွဲစက်သမားများက တစ်ပိဿာကို ၁ဝဝဝ ကျပ်(တစ်တန် ကို ၆၁၂၃၉ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်ပုံမှန်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအနည်းငယ်ဆင်းနေတယ်လို့ သိရပါ တယ်။

Thursday, 17 Feb 2011

ကုန်စည်ဒိုင် သုံးသပ်ချက်များ               မတ်ပဲ(ကုန်ကြမ်း    ) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်တွေနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျနေတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ပြည်၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယဘက်မှ အဆွဲပြန်နည်းသွားတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ပြည်၊မုံရွာ၊မြင်းခြံနဲ့ ပခုက္ကူမှာဈေးကျနေပြီး အောင်လံမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က တရုတ်နှစ်ကူးပွဲတော်အပြီး အဆွဲပြန်ရှိလာပေမယ့် ပုံမှန်ထက်စာရင် အဆွဲနည်းနေသေးတာကြောင့် မန္တလေး၊ ပြည်နဲ့ မုံရွာမှာ ဈေးကျ နေပြီး အောင်လံမှာ ဈေးတန့်ေ့ နကြောင်း သိရပါတယ်။ ကုလားဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အဝယ်အေးနေပြီး ပဲခွဲစက်သမား တချို့လောက်သာ အဝယ် အထိုက်အလျောက်ရှိ တာကြောင့် ဘုရင့်နောင်၊ မန္တလေးနဲ့ မုံရွာမှာ ဈေးကအကျဘက် မှာ ရှိနေကြောင်း တွေ့ရပါတယ်။                     ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက ဝယ်အားပုံမှန်ရှိတာကြောင့် မူဆယ်၊ တောင်ကြီးနဲ့ လားရှိုး တွင် ဈေးအနည်းငယ်မြင့်နေပြီး အောင်ပန်းမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။

Thursday, 17 Feb 2011

လားရှိုးကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ                   ဈေးနှုန်း(ကျပ်)                  ပြောင်းလဲမှု                                                    ယခင်အပတ်            ယခုအပတ်၁ ပြောင်း                    ၁ ပိဿာ           ၂၆ဝ                    ၂၆၅၂ ပဲပုပ်                       ၁ ပိဿာ           ၈ဝဝ                      ၈ဝဝ၃ ပန်းနှမ်း                   ၁ ပိဿာ          ၁ဝ၅ဝ                    ၁ဝ၅ဝ ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၂၄ဝ၇၇လားရှိုးမှာ ပြောင်းအရောင်းအဝယ် ပုံမှန်ရှိနေ                တရုတ်နှစ်ကူးပွဲတော်အပြီး လားရှိုးဈေးကွက်မှာ ပြောင်းကုန်သည်တွေလာရောက်မှုက ပုံမှန်ထက်စာရင် နည်းနေပေမယ့် တရုတ် ဝယ်လက်က ပြောင်းကို တစ်ပိဿာ ၂၆၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၆၇၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ 

Thursday, 17 Feb 2011

ပခုက္ကူကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ               ဈေးနှုန်း(ကျပ်)                ပြောင်းလဲမှု                                                        ယခင်အပတ်        ယခုအပတ်၁ ပဲစင်းငုံနီ                      ၁ ပိဿာ             ၁၁၆၈           ၁၁၂ဝ၂ ပြောင်း                        ၁ ပိဿာ              ၂၁ဝ             ၂၂ဝ၃ ပဲတီစိမ်းလုံးသေး           ၁ ပိဿာ               ၁၂ဝဝ         ၁၂၅၅ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုနည်း                     ပဲစင်းငုံနီ(အဟောင်း) နဲ့ စာရင် ပဲစင်းငုံနီ(သစ်)ကို ရန်ကုန်ဝယ်လက်က ဝယ်အားများခဲ့ပေမယ့် ရောင်းသူကုန်သည်များက ကြိုက် ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂ဝ ကျပ်(တစ်တန်ကို ၆၈၅၈၇၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာရှိခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ပဲတီစိမ်းလုံးသေးကို ရန်ကုန်ဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အား ပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၁၂၅၅ ကျပ်(တစ်တန်ကို ၇၆၈၅၄၉ ကျပ်)နဲ့အရောင်းအဝယ် ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။

Thursday, 17 Feb 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ                ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                                       ယခင်အပတ် ယခုအပတ်               -၁ ကုလားပဲ                ၁ ပိဿာ                  ၁၃ဝဝ     ၁၂၂၅၂ ပဲတီစိမ်း                 ၁ ပိဿာ                  ၁၆ဝဝ     ၁၆ဝဝ၃ စမုံနက်နှမ်း             ၁ ပိဿာ                  ၂၄၉ဝ     ၂၄၄၄၄ ပဲစင်းငုံနီ                ၁ ပိဿာ                   ၁၁၅ဝ     ၁၁၅ဝအောင်လံမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးတန့်                ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေး ပေါ်မူုတည်ပြီး ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်် နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆ဝဝ ကျပ်(တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန် ဝယ်လက်က တစ်ပိဿာ ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်) နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲ မရှိဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 17 Feb 2011

တောင်ကြီးကုန်စည်ဒိုင် စဉ် အမျိုးအမည်           ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                    ယခင်အပတ်        ယခုအပတ်၁ ပဲစင်းငုံနီ(သေး)        ၁ ပိဿာ           -                       ၁ဝဝဝ          -၂ ပြောင်း                    ၁ ပိဿာ         ၂၂၅                     ၂၃၅၃ ပန်းနှမ်း                   ၁ ပိဿာ        ၁၃၂ဝ                    ၁၃၅ဝ၄ ပဲစင်းငုံနီ(ကြီး)          ၁ ပိဿာ            -                         ၈ဝဝ         -ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅တောင်ကြီးမှာ ပြောင်းဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်               ပြောင်း က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန ္တလေး  ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များကလည်း ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၈၅ဝဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီအရည်အသွေး မျိုးစုံဈေးကွက်သို့ စတင်ဝင်ရောက်နေပြီး ပဲစင်းငုံနီသေးက တစ်ပိဿာ ၁ဝဝဝ ကျပ်၊ ပဲစင်းငုံနီလုံးကြီးက တစ်ပိဿာ ၈ဝဝ ကျပ်နဲ့ ရန်ကုန် ဝယ်လက်က ဈေးဖွင့်အဝယ်ရှိခဲ့ကြောင်း ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 17 Feb 2011

မြင်းခြံကုန်စည်ဒိုင်စဉ် အမျိုးအမည်    ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)         ပြောင်းလဲမှု                                        ယခင်အပတ်    ယခုအပတ်၁ ပဲစင်းငုံနီ         ၁ ပိဿာ          ၁၁၄ဝ          ၁၁ဝဝ၂ ထောပတ်       ၁ ပိဿာ           ၁ဝဝဝ           ၉၇ဝ၃ ပဲစင်းငုံကြား    ၁ ပိဿာ             ၉ဝဝ            ၉ဝဝမြင်းခြံမှာ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်             ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်များလာတဲ့အပေါ် ရန်ကုန်ဝယ်လက်က ဈေးနိမ်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၈ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပဲစင်းငုံကြားကတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၉ဝဝကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ်၁ဝဝခန့်အဝယ် ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ။်

Tuesday, 15 Feb 2011

အောင်ပန်းကုန်စည်ဒိုင် စဉ် အမျိုးအမည်    ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)        ပြောင်းလဲမှု                                           ယခင်အပတ်     ယခုအပတ်၁ အာလူး             ၁ ပိဿာ          ၈ဝဝ               ၉ဝဝ၂ ချင်း                 ၁ ပိဿာ           ၆၅ဝ               ၈ဝဝ၃ နနွင်း                ၁ ပိဿာ       ၂၅ဝဝ              ၂၅ဝဝ၄ ပြောင်း              ၁ ပိဿာ         ၂၁ဝ               ၂၁ဝဆက်သွယ်ရန် ဖုန်း-ဝ၈၁-၆ဝဝ၁၁အောင်ပန်း မှာ အာလူးနဲ့ ချင်းဈေးစွာလာ               ဒေသထွက်အာလူးကို ရန်ကုန်ဝယ်လက်နဲ့ နယ်အစုံဝယ်လက် က ပုံမှန်အဝယ်ရှိပေမယ့် အာလူးဈေးကွက်သို့အဝင်နည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးစွာလာတယ်လို့ ဆိုပါတယ်။ ချင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ နယ်စုံ ဝယ်လက်က ပုံမှန်အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာ ၈ဝဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁ဝဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 15 Feb 2011

မကွေးကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                        ယခင်အပတ်     ယခုအပတ်၁ ကုလားပဲ(တိုင်ပေ)   ၁ ပိဿာ        ၁၃၁၅          ၁ဝ၇၉၂ ပဲတီစိမ်းကြီး           ၁ ပိဿာ       ၁၃၁၅           ၁၃၁ဝ၃ နှမ်းဖြူ                 ၁ ပိဿာ       ၁၇ဝဝ           ၁၇၁၁၄ ပဲစင်းငုံနီ               ၁ ပိဿာ       ၁၁၇၅            ၁၁၁၅ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅မကွေးမှာ ကုလားပဲနဲ့ ပဲစင်းငုံနီဈေးဆင်းလာ                  ဒီတစ်ပတ်မကွေးဈေးကွက်မှာ ကုလားပဲ(တိုင်ပေ)က အစိုဓါတ်အနည်းငယ်ရှိနေသေးတဲ့အပေါ် ဝယ်လက်ကုန်သည်တွေက ဈေးချအဝယ်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစပ် ဿိ ာ ကို ၁ဝ၇၉ ကျပ်(တစ်တန်ကို ၆၆ဝ၇၆၈ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့ ဆိုပါတယ။် ပဲစင်းငုံနီကို မြို့ပေါ်ဝယ်ရောင်းကုန် သည်တွေက ရောင်းချတဲ့ ပဲစင်းငုံနီရဲ့ အရည်အသွေးကို မကြိုက်နှစ် သက်လို့ ဈေးနှိမ်ပြီး အဝယ်ရှိသလို ဝယ်အားပါနည်းခဲ့တယ်လို့ သိရ ပါတယ်။

Tuesday, 15 Feb 2011

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်        ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                           ယခင်အပတ်        ယခုအပတ်၁ မတ်ပဲ                   ၁ ပိဿာ         ၁၁၃၅              ၁၁၂၅၂ ပဲတီစိမ်း                 ၁ ပိဿာ        ၁၄၂၅              ၁၄ဝဝ၃ ကုလားပဲ                ၁ ပိဿာ        ၁၃၇၅              ၁၂၅ဝ၄ ပဲစင်းငုံနီ(သစ်)         ၁ ပိဿာ        ၁၁၅ဝ               ၁၁၂၅ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျလာ                   မတ်ပဲ (ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးနေပြီး မြို့တွင်းအရောင်းအနေနဲ့သာ အနည်းငယ် ရှိတဲ့အတွက် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၁၂၅ ကျပ်(တစ်တန်ကို ၆၈၈၉၃၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေး  ကျလာပြီး တစ်ပိဿာ ၁၁၂၅ကျပ်(တစ်တန်ကို ၆၆၈၉၃၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိ ရပါတယ်။

Pages